PK Portfolio

Category: ဘာသာပြန်

ပြည့်ဝနိုင်သော အချစ်

–Select Language–MyanmarEnglish သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ဝမ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။မ – မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။က […]

ဆက်ဖတ်ရန် →

နှုတ်ဆိတ်နေသော အချစ်

–Select Language–MyanmarEnglish ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံး၀ သဘောမတူတာပါ။ မိဘအသိုင်းအဝိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက အကြောင်းပြကြတယ်။မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား ဆိုပြီးတော့လည်း တခါတခါ သံသယ ဝင်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့ ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း […]

ဆက်ဖတ်ရန် →

ကြွက်ထောင်ချောက်

–Select Language– Myanmar English ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊ အထုပ်တစ်ထုပ် ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ ဘာမုန့်များ ပါလေမလဲ လို့ စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။ ဒါပေမယ့် သူ စိတ်ပျက်စွာ မြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက် တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထားလိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ ကြွက်ဟာ အားရပါးရ အော်ပြီး လယ်ကွင်းထဲ ပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့ အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့ ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက […]

ဆက်ဖတ်ရန် →

ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး

–Select Language–MyanmarEnglish ဟိုး ရှေးရှေးတုန်းက ယုန် နဲ့ လိပ်ဟာ ဘယ်သူ အပြေးပိုသန်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြသတဲ့။ အဲဒီ ငြင်းခုန်မှုကို ပြိုင်ပွဲတစ်ပွဲနဲ့ အဖြေရှာဖို့ နှစ်ဦးလုံး သဘောတူလိုက်ကြတယ်။ အပြေးပြိုင်ဖို့ လမ်းကြောင်းတစ်ကြောင်းကို နှစ်ဦးသဘောတူ ရွေးချယ်ပြီး ပြိုင်ပွဲကို စတင်လိုက်တယ်။ စလိုက်တယ် ဆိုရင်ပဲ ယုန်ဟာ အားကုန် ရှိသမျှ ခွန်အားနဲ့ တဟုန်ထိုး ပြေးတော့တယ်။ လှုပ်ပဲ့လှုပ်ပဲ့ ရွေ့လာနေတဲ့ ကိုရွှေလိပ်နဲ့ အပြတ်အသတ် ကွာနေတော့ ကိုယုန်က သစ်ပင်တစ်ပင်အောက်မှာ အေးဆေး အနားယူတော့တာပေါ့။ မကြာခင်မှာပဲ အိပ်ပျော်သွားလေရဲ့။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး လာနေတဲ့ ကိုရွှေလိပ်က ပန်းတိုင်ကို ရောက်မှ ကိုယုန်ခမျာ နိုးလာတော့ ဘာတတ်နိုင်ဦးမှာလဲ။ ရှုံးရောပေါ့။ အနှစ်သာရ – […]

ဆက်ဖတ်ရန် →

တုန့်ပြန်ဖို့တော့ အချိန်ပေးပါ

ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှေ၀ ပေးလိုက်ပါတယ်။ အတွေးပွားနိုင်ကြပါစေ။ ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့ လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့ တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။ ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူလိုက်မိတော့ဘူး။ အကောင်းဆုံး သူငယ်ချင်း ဆိုတာ … ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ […]

ဆက်ဖတ်ရန် →

သစ္သားဇလံုေလး

–Select Language– Myanmar English မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့ အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီ အဘိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး၊ သူ့ရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒယိုင်နဲ့ပေါ့။ သူတို့ မိသားစု လေးယောက်ဟာ အစာစားပြီဆိုရင်ဖြင့် စားပွဲတစ်လုံးမှာ အတူတူ ထိုင်ပြီး စားလေ့ရှိတယ်။ ဒါပေမယ့် အဘိုးအိုကြီးဟာ လက်က အရမ်းတုန်၊ မျက်စိက ဝါးတားတားဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ ခပ်ပြီ ဆိုရင်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ် တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီ ဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေ ဖိတ်ကျကုန်တယ်။ […]

ဆက်ဖတ်ရန် →

အပြစ်တင်ခြင်း

၂၀၀၈ ခုနစ်၊ ဇူလိုင်လ၊ ၄ ရက် (သောကြာနေ့)အရေးကြီးတဲ့ အလုပ်တစ်ခု လုပ်ဖို့ရှိနေပါတယ်။လူတချို့ လုပ်လိမ့်မယ်လို့ လူတိုင်း က အခိုင်အမာ ယုံကြည်ထားတယ်။တစ်ယောက်ယောက်တော့ လုပ်နိုင်မှာပါ။ဒါပေမယ့် ဘယ်သူမှ မလုပ်ကြဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတချို့ စိတ်ဆိုးတယ်။ဒါ လူတိုင်းရဲ့ တာဝန်ပဲ မဟုတ်လား။တစ်ယောက်ယောက် လုပ်နိုင်မယ်လို့ လူတိုင်း ထင်ထားကြတယ်။ဒါပေမယ့် လူတိုင်းတော့ လုပ်မှာ မဟုတ်ဘူးဆိုတာ ဘယ်သူမှ မတွေးဆမိကြဘူး။နောက်ဆုံးတော့ ……တစ်ယောက်ယောက် လုပ်နိုင်တာကိုဘယ်သူမှ မလုပ်တော့လူတိုင်းကလူတချို့ကို အပြစ် ဝိုင်းတင်လိုက်ကြတယ်။ သူ့ကြောင့်ဆိုပြီး အပြစ်ဝိုင်းဖို့လိုက်ကြတယ်။Everybody Was Sure ဆိုတဲ့ မူရင်းစာကိုလည်း ပြန်လည် တင်ပြလိုက်ပါတယ်။There was an important job to be done,and Everybody was sure Somebody would […]

ဆက်ဖတ်ရန် →

နောက်ငါးမိနစ်လောက်

၂၀၀၈ ခုနစ်၊ ဇူလိုင်လ၊ ၂ ရက် (ဗုဒ္ဓဟူးနေ့) ယနေ့သည် ရာသီဥတု အလွန်သာယာသော နေ့တစ်နေ့ဖြစ်သည်။ ပန်းခြံထဲမှ ကစားကွင်းတွင်လည်း ကလေးအသံများဖြင့် သာယာနာပျော်ဖွယ် ကောင်းလှသည်။ ကလေး၊ လူကြီး အရောင်အသွေး စုံလင်စွာဖြင့် ပန်းခြံလေးမှာ အသက်ဝင်နေသည်။ ခုံတန်းလျားတိုင်းတွင်လည်း ကလေးကို စောင့်ကြပ်နေကြသော လူကြီးမိဘများနှင့် ပြည့်ကြပ်၍ နေသည်။ အမျိုးသားတစ်ဦးသာ ထိုင်နေသော ခုံတန်းဆီသို့ အမျိုးသမီးတစ်ဦး ချဉ်းကပ်လာသည်။ ကစားကွင်းထဲမှ ကလေးတစ်ဦးဦးဆီသို့ ပီတိဖြာဝေနေသော မျက်ဝန်းအစုံဖြင့် ခပ်ပြုံးပြုံးကြည့်နေသော ထိုအမျိုးသား၏နားဘေးရှိ နေရာလွတ်ကလေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် အမျိုးသမီးကပင် အမျိုးသားဘက်သို့ လှည့်၍အမျိုးသမီး > “ဟောဟိုမှာ ဒန်းစီးနေတဲ့ အင်္ကျီအနီနဲ့ ကလေးက ကျွန်မသားလေးပါ”အမျိုးသား > “ ကလေးက အတော်ချစ်စရာ ကောင်းတာပဲဗျ။ […]

ဆက်ဖတ်ရန် →

အမေ့ကိုယ်စား

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး …. ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။မူလတန်း ကျောင်းသား ဘဝတုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း […]

ဆက်ဖတ်ရန် →

ပိုင်ဆိုင်မှု စားရိတ်

ကျနော်တို့ဟာ နေ့တိုင်း အလဲအထပ်လေးတွေ လုပ်နေကြရတာကို ကျနော်တို့ကိုယ်တိုင် သတိမထားမိကြဘူး။ ဆုံးဖြတ်ချက်တစ်ခုကို ချမယ်လုပ်တိုင်းမှာ ရွေးချယ်စရာ နည်းလမ်းတွေထဲက တစ်ခုချင်းစီရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဝေဖန်ပိုင်းခြားတတ်မှ အန္တရာယ် အကင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ရနိုင်မယ်။ ဒါပေမယ့် အခြေအနေ အတော်များများမှာ ဆုံးဖြတ်ချက်တစ်ခုရဲ့ စားရိတ် (Cost) ကို တွက်ထုတ်နိုင်ဖို့ အတော်လေး ခက်ပါတယ်။ဥပမာတစ်ခုနဲ့ စဉ်းစားကြည့်ရအောင်။ ဆယ်တန်းအောင်ထားတဲ့ လူတစ်ယောက်ဟာ တက္ကသိုလ် ဆက်တက်သင့် မသင့် ဆုံးဖြတ်ချက် ချဖို့ ကြိုးစားနေတယ်။ တက္ကသိုလ် ဘွဲ့ရ တစ်ယောက်အတွက် ဘာတွေ ပို အကျိုးရှိလာမလဲ။ သေချာတာတစ်ခုကတော့ ဘွဲ့ရတစ်ယောက်နဲ့ ဆယ်တန်းအောင် တစ်ယောက်မှာ ဘွဲ့ရတစ်ယောက်ဟာ အလုပ်ရဖို့ ပိုသေချာနိုင်တယ်။ ဒါဆို စားရိတ်စားခ က ဘာတွေ ရှိမလဲ။ ဒါကိုတွက်ဖို့ […]

ဆက်ဖတ်ရန် →