PK Portfolio

Category: ဘာသာပြန်

မချစ်တတ်သေးပါ

အချစ်အကြောင်း ပြောပြဖို့ မေပျို က တက် (TAG) ထားတယ်လေ။ သူ့အကိုရဲ့ ဇာတ်လမ်းတွေ ကြားချင်ပုံ ရတယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး သဲရယ်။ အချစ်အကြောင်း ရေးမယ်လို့ အပီအပြင် အားတင်းပြီး ညစ်ထုတ် ကြိုးစားပေမယ့်လည်း တစ်လုံးမှ ထွက်မလာဘူးလေ။ သူငယ်ချင်း တစ်ယောက်က အကို့ကို “Intellectual Robot” လို့ သမုတ်ဖူးတယ်။ အသိတရား ရှိတဲ့ စက်ရုပ်ပေါ့။ လူလို ကောင်းကောင်း မခံစား တတ်ဘူးတဲ့လေ။ ၅ တန်းကတည်းက ခင်လာတဲ့ သူငယ်ချင်းဆိုတော့ သူပြောတဲ့ စကားကို ငြင်းဖို့ အတော် ခက်နေတယ်။ ဒါပေမယ့် ဟုတ်ပါတယ်လို့ ဝန်မခံခဲ့ဘူး။ ငါ ခံစားတတ်ပါတယ် လို့ပဲ ယုံကြည်ခဲ့တာလေ။ သူပြောတဲ့ စကားကို အတော်ကြာကြာ […]

ဆက်ဖတ်ရန် →

ဘောဂဗေဒ၏ ဥပဒေသ (၁၀)ခု – အပိုင်း (၁)

Economy ဆိုတာ ဂရိဘာသာရဲ့ စကားလုံး တစ်လုံးပါ။ အိမ်ထောင်စု တစ်ခုကို စီမံခန့်ခွဲသူလို့ အဓိပ္ပါယ်ရတယ်။ မြင်မြင်ချင်း ကျနော်တို့ ဒီမူရင်း အဓိပ္ပါယ်ကို နားလည်ရ အတော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ အီကိုနော်မီ (Economy) နဲ့ အိမ်ထောင်စုတွေနဲ့ တူညီတဲ့ အချက်တွေ အများကြီးပါ။အိမ်ထောင်စု တစ်ခုမှာ ဆုံးဖြတ်ချက်တွေ အများကြီး ချရတယ်။ အိမ်ထောင်စုထဲမှာ ပါတဲ့ ဘယ်သူတွေကတော့ဖြင့် ဘာတွေ လုပ်ကြမလဲ။ အဲဒီအလုပ်အတွက် ဘာတွေတော့ ပြန်ပေးမယ် ဆိုတာတွေကို ဆုံးဖြတ်ချက် ချရတယ်။ ဥပမာ အနေနဲ့ ညစာကို ဘယ်သူ ချက်မလဲ။ အဝတ် ဘယ်သူ လျှော်မလဲ။ ဒီည ဘယ်လိုင်းက ရုပ်ရှင်ဇာတ်ကားကို ကြည့်မလဲ။ ဒါကို ဘယ်သူ ရွေးပိုင်ခွင့် ရှိမလဲ။ […]

ဆက်ဖတ်ရန် →

ဘဝမှ သင်ခန်းစာ ယူခြင်း

အလှောင်အပြောင်နဲ့ နေခဲ့ရတဲ့ ကလေးဟာကြောက်ရွံ့ခြင်းကို တတ်မြောက်တယ်။အပြစ်တင်ခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာမဟုတ်တာလုပ်ဖို့ တတ်မြောက်တယ်။ယုံကြည်မှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာမမှန်တာလုပ်ဖို့ တတ်မြောက်တယ်။အစော်ကားခံ ဘဝနဲ့ နေခဲ့ရတဲ့ ကလေးဟာရိုင်းပြခြင်းကို တတ်မြောက်တယ်။မေတ္တာနဲ့ နေခဲ့ရတဲ့ ကလေးဟာချစ်ဖို့ရာ တတ်မြောက်တယ်။အားပေးသူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာယုံကြည်မှုတွေ ထားတတ်လာတယ်။အမှန်တရားနဲ့ နေခဲ့ရတဲ့ ကလေးဟာတရားမျှတခြင်းတွေ တတ်မြောက်လာတယ်။ချီးမွမ်းခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာတန်ဖိုးထား တတ်လာတယ်။မျှဝေခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာညှာတာခြင်းတွေ တတ်မြောက်လာတယ်။သုတပညာနဲ့ နေခဲ့ရတဲ့ ကလေးဟာဉာဏ်ပညာတွေ ရှိလာတယ်။သည်းခံခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာစောင့်ဆိုင်းနိုင်ခြင်းကို တတ်မြောက်လာတယ်။ပျော်ရွှင်ခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာအချစ်နဲ့ အလှကို ဖွေရှာ တွေ့မှာ ဖြစ်တယ်။Lesson From LifeA child that lives with ridicule, learns to be timid.A child that […]

ဆက်ဖတ်ရန် →

မေတ္တာဟူသည် …

မူကြိုကျောင်းတစ်ကျောင်းမှာရှိတဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာ ကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကိုရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ ဆိုတာပေါ်မှာ မူတည်နေတယ်။ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။ တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့် […]

ဆက်ဖတ်ရန် →

When my time comes

I’ve been thinking for a long time about what we do in our life ….ကျွန်တော်တို့ဘဝမှာ ဘာတွေလုပ်နေကြလဲဆိုတာ စဉ်းစားနေတာ တော်တော်ကြာပြီ။ We start by being taught in school how to become good citizens.မြို့ကြီးသား၊ နိုင်ငံ့သားကောင်း ပီသအောင် ဘယ်လိုနေမလဲ ဆိုတာ ကျောင်းမှာသင်ကြားခြင်းဖြင့် ကျွန်တော်တို့စတင်ခဲ့တယ်။ We spend a great part of our childhood studying,ငယ်စဉ်ကလေးဘဝရဲ့ အချိန်တော်တော်များများကို သင်ယူခြင်းနဲ့ပဲ ကုန်လွန်ခဲ့တယ်။ and finally we get the diploma that […]

ဆက်ဖတ်ရန် →

၀ိေရာဓိဘ၀

ဒီနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ်။ ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့။အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။ရယ်တာတော့ အတော်နည်းသွားပြီ။ကားမောင်းတာ အတော်မြန်လာကြတယ်။ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။စာဖတ်တာ အတော်လေးနည်းတယ်။ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘဝအတွက်မဟုတ်ဘူး။ကျွန်တော်တို့ […]

ဆက်ဖတ်ရန် →