စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နိုင်ငံရေး မတည်ငြိမ်မှု
တိုင်းပြည်တွေအတွက် စီးပွားရေး တိုးတက်ဖို့ အဟန့်အတားတွေက ဘာတွေ ဖြစ်မလဲ။ ဘောဂဗေဒ ပညာရှင်တွေ အနေနဲ့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ဖြတ်လမ်းနည်း၊ ဂါထာ မန္တန်တွေ ရှာမတွေ့သေးပါဘူး။ ဒီ အဆင့် ၁၊ ၂၊ ၃ ကို အစီအစဉ်တိုင်း လိုက်လုပ်ရင် ကြီးပွားတိုးတက်မယ်၊ မလုပ်ရင် မဖွံ့ဖြိုးဘူးလို့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အဟန့်အတားပါ။ အဲဒါတွေက သီးခြားစီ လေ့လာလို့ မရနိုင်အောင်ကို တစ်ခုနဲ့တစ်ခု ယှက်တင်ပြီး ဆက်စပ်နေပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုမှာ အစိုးရအဖွဲ့အစည်းတွေဟာ နေ့ချင်းညချင်းဆိုသလိုပဲ နောက်အစိုးရအသစ်ရဲ့ အစားထိုးခြင်းကို ခံနေကြရတယ်။ အာဏာသိမ်းခံလိုက်ရရင် ချက်ချင်းဆိုသလိုပဲ အစိုးရအသစ်ပြောင်းသွားပြီး […]