စာလုံးပေါင်းတွေ မှန်စေချင် (၁)
မြန်မာတွေ မြန်မာလို ရေးနေကြတာ ဆိုပေမယ့် မြန်မာစာကို အလေးမထားတာ တွေ့ရတော့ အတော်လေး ဝမ်းနည်းမိပါတယ်။ ကိုယ့်ရဲ့ မိခင်ဘာသာကို အသုံးပြုပြီး အတွေ့အကြုံ၊ အတွေးအကြံတွေ ဖြန့်ဝေနေကြတဲ့ လူတွေ ဖြစ်နေပေမယ့် ကိုယ့်ရဲ့ မိခင်ဘာသာကို ဂရုမစိုက် အလေးမထားဘဲ ရေးနေကြတာ တွေ့နေရတယ်။ အဆိုးဝါးဆုံး မြင်နေရတာတော့ စာလုံးပေါင်းမှားခြင်း ပါ။ မြန်မာလို ရေးမယ်ဆိုရင်တော့ အရေးအကြီးဆုံးနဲ့ အနိမ့်ဆုံး အဆင့်အနေနဲ့ စာလုံးပေါင်းတွေ မှန်စေချင်ပါတယ်။ မြန်မာအချင်းချင်း ဖတ်နေတာပဲ၊ မြန်မာတွေ နားလည်ရင် ပြီးရောပေါ့ ဆိုတဲ့ ပြီးစလွယ် အဖြေမျိုး မပေးစေချင်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ်ကိုယ်တိုင် သားသမီးရလာလို့ ကိုယ့်သားသမီးက ကိုယ့်ရဲ့ (ဖခင်ရဲ့) နာမည်ကို မှားခေါ်ရင် ဘယ်လို ခံစားရမလဲ။ တွေးကြည့်ပါ။ […]