PK Portfolio

Posts

Thoughts, notes, and things to share.

ရောင်စဉ်ခြယ် ဝေါဟာရ

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၂၈ ရက် (တနင်္လာနေ့)အရောင်တွေကို လူတွေက ဘယ်လို သတ်မှတ်ကြသလဲ။လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကော အရောင် သတ်မှတ်ပုံချင်း တူနိုင်ပါ့မလား။လူတစ်ယောက် မြင်နေတဲ့ အရောင်ကို နောက်တစ်ယောက်ကကော အဲဒီ အရောင်ပါလို့ သဘောတူနိုင်ပါ့မလား။ ဥပမာ လူတစ်ယောက်က အစိမ်းရောင်လို့ မြင်နေတဲ့ အရာကို တခြား လူတစ်ယောက်က အမည်းရောင်ပါဗျာလို့ ပြောလာခဲ့ရင်ကော၊ ဒီလူ အမြင်အာရုံ ချွတ်ယွင်းနေတယ်လို့ သတ်မှတ်မလား။ကာလာဘလိုင်း (Color Blind) ဆိုတာ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရောင်တွေကို သဲသဲကွဲကွဲ မသတ်မှတ်နိုင်တာ။ ကာလာဘလိုင်း မဟုတ်ပါဘဲနဲ့ လောကကြီးမှာ အရောင်နှစ်ရောင်တည်း ရှိတာပါလို့ ပြောလာရင်ကော သူ့ကို ဘယ်လို မြင်မလဲ။လူမျိုးတစ်မျိုးချင်းစီရဲ့ ဘာသာစကား တစ်ခုစီမှာ အရောင်ရဲ့ ဝေါဟာရ သတ်မှတ်ပုံချင်း […]

Continue reading →

စည်းကမ်းမှသည် … ဥပဒေဆီသို့

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၂၂ ရက် (အင်္ဂါနေ့)ခေါင်းစဉ်က နည်းနည်းများ ကြီးကျယ်နေသလား မသိဘူးနော်။ တကယ်ဆိုရင် အဲဒီလောက် အမြင့်ကြီး ဆွေးနွေးဖို့ မရည်ရွယ်ပါဘူး။ ဘာလို့လည်း ဆိုတော့ ဥပဒေဆိုတဲ့ စကားလုံးက ကျနော်နဲ့ အတော်လေး မရင်းနှီးခဲ့ပါဘူး။ ငယ်ငယ်က ဥပဒေဆိုတာကို မြန်မာ့ရုပ်မြင်သံကြားမှာက လွဲလို့ ဘယ်မှာမှ မမြင်ဖူးဘူးလေ။ စည်းကမ်းဆိုတာကမှ မူလတန်း ကျောင်းသား ဘဝကတည်းက သိလာခဲ့တာ။ “စည်းကမ်းရှိမှ တိုးတက်မည်”၊ “စည်းကမ်းသည် လူ၏ တန်ဖိုး” စသဖြင့်ပေါ့။ ကြားဖူးနား၀ ရှိနေတော့ စည်းကမ်းဆိုတာနဲ့ လက်ပွန်သတီး ရှိနေတယ်။ နောက်တော့ စာစီစာကုံးတွေ ရေးရတော့ စည်းကမ်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေက လွတ်ကို မလွတ်ဘူး။ ဥပဒေ ဆိုတာကတော့ ခပ်ဝေးဝေးပဲ။ အသက်ကြီးလာပြီး […]

Continue reading →

သူ နဲ့ သူမ

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၈ ရက် (အင်္ဂါနေ့) တစ်စုံတစ်ယောက်ကို နာမ်စားအဖြစ်နဲ့ ရည်ညွှန်းသုံးရာမှာ ယောက်ျားကို “သူ”၊ မိန်းမကို “သူမ” လို့ ခွဲသုံးတာမျိုးကို စာအုပ်စာတမ်းတွေမှာ မကြာခဏ တွေ့ရပါတယ်။ ဝတ္ထုတွေထဲ မိန်းကလေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ရာမှာ “သူမ၏ အမည်မှာ လှလှချော ဖြစ်သည်။ သူမသည် အမည်နှင့်လိုက်အောင် လှလည်း လှ၊ ချောလည်း ချောသူ ဖြစ်သည်” ဆိုတဲ့ ရေးဖွဲ့ပုံမျိုးကို တွေ့ရတတ်ပါတယ်။ စင်စစ် “သူမ” ဟာ မြန်မာသုံး မဟုတ်ပါဘူး။ မြန်မာစကားမှာ “သူမ” ဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ မြန်မာစကားမှာ ယောက်ျားကိုဖြစ်ဖြစ်၊ မိန်းမကိုဖြစ်ဖြစ် နာမ်စားသုံးရင် “သူ” လို့ပဲ သုံးပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောပုံကို […]

Continue reading →

အချစ် နှင့် အိမ်ထောင်ရေး

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃ ရက် (ကြာသပတေးနေ့)အချစ်ဆိုတာ ဘာလဲ။ ဆရာက ပြောတယ်။ မင်းရဲ့ မေးခွန်းကို ဖြေဖို့အတွက် မင်း စပါးခင်းထဲကို သွားပါ။အကြီးဆုံး စပါးနှံ (စပါးစေ့ ဆိုရင်လည်း ရမှာပါ။ မြင်သာအောင် စပါးနှံလို့ ပြောတာ) ရွေးယူပြီး ပြန်လာခဲ့လို့ မှာလိုက်တယ်။ဒါပေမယ့် စည်းကမ်းက စပါးစိုက်ခင်းတန်းတစ်ခုကို တစ်ခါပဲ ဖြတ်ရမယ်။ ပြန်လှည့်ပြီး ကောက်ခွင့် မရှိဘူးတဲ့။ဒါနဲ့ ကျောင်းသားက လယ်ကွင်းထဲ သွားတယ်။ ပထမတန်းကို ဖြတ်တဲ့အခါ စပါးနှံကြီး တစ်ခုကို မြင်တယ်။ဒါပေမယ့် သူ ထင်တာ နောက်တစ်တန်းမှာ ဒီထက်ကြီးတာ တွေ့နိုင်သေးတယ်ပေါ့။နောက်တော့ စပါးခင်း တစ်ဝက်လောက်မှာ သူ တွေ့သမျှ စပါးနှံတွေက ပထမ သူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလာတဲ့အခါ […]

Continue reading →

နောင်တကို စမြုံ့ပြန်ခြင်း

၂၀၀၈ ခုနစ်၊ မတ်လ၊ ၃၁ ရက် (တနင်္လာနေ့) ပထမတော့ ပြဿနာတစ်ခုခု ဖြစ်လာရင် သူတပါးကို အပြစ်တင်တယ်။နောက်ပိုင်းကျတော့ ကိုယ့်ဖာသာကိုယ်ပဲ အပြစ်တင်မိတော့တယ်။အခုတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တော့ဘူး။မနေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတွက် နောင်တရမိတယ်။ “ဒီလိုမှန်း သိရင်” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဒေါသထွက်တယ်။ လောကဓံက ငါ့ကို မျက်နှာသာ မပေးဘူး။ ပတ်ဝန်းကျင်က ငါ့ကို မကြည်ဖြူဘူး။ လူတွေက အကောင်းမမြင်ဘူး။ သူတို့က ငါ့စေတနာကို နားမလည်ဘူး။ ငါ့မျှော်လင့်ချက်ကို သဘောမပေါက်ဘူး။ ငါ့ရဲ့ ရည်မှန်းချက်ကို အားမပေးဘူး။ ငါ့ရဲ့ ဆန္ဒကို မလိုက်လျောနိုင်ကြဘူး။ ငါ့ဆို မကောင်းချည်း ပြောနေကြတယ်။ ဒီလို ဝမ်းနည်းကြေကွဲမှုတွေရဲ့ အဆုံးသတ်မှာ ငါတွေနဲ့ ဝန်းရံနေတဲ့ အတွေးတွေဟာ အတ္တရဲ့ ပုံဆောင်ခဲတွေလို့ နားလည်သဘောပေါက်လာတယ်။ […]

Continue reading →

အျပံဳးခြန္အား ေပးသနားပါ

၂၀၀၈ ခုနစ်၊ မတ်လ၊ ၇ရက် (သောကြာနေ့) လူအတော်များများ ပြုံးဖို့ ခဲယဉ်းကြတယ်။ တစ်နေ့တာရဲ့ အချိန်တွေကို ရှုံ့မဲ့စွာနဲ့ ဖြုန်းတီးပစ်ကြတယ်။ ပြုံးဖို့ မေ့နေကြပုံပဲ။ လူတွေဟာ သောကရဲ့ ဖိစီးမှုအောက်မှာ ပြားပြားဝပ်နေကြသလို သောကကို တွန်းလှန်ဖို့ မေ့နေကြတယ်။ သောကဟာ လူတိုင်းမှာ ရှိနေတဲ့ အားလုံးရဲ့ ပိုင်ဆိုင်မှု တစ်ခုပါ။ သောကကင်းတဲ့ လူဆိုတာ မရှိပါဘူး။ အလိုမကျရင် သောကဆိုတာ ဖြစ်လာတာပါပဲ။ လောကမှာ အလိုမကျစရာ တစ်ပုံကြီးပါ။ အဲဒါကြောင့် သောကတွေ တစ်ပုံတစ်ပင်ကြီး ထမ်းထားရတယ်။ ပိုးထားရတယ်။ဒါပေမယ့် တချို့လူတွေမှာ သောက မရှိဘူးလို့ ထင်ရတယ်။ အဲဒီလူတွေဟာ ဘယ်သူတွေလဲ။ ဘယ်လို လူမျိုးတွေလဲ။ ငွေကြေး၊ အာဏာ ပိုင်ဆိုင်ထားကြသူတွေလား။ မဟုတ်ဘူး၊ သူတို့တွေရဲ့ ပိုင်ဆိုင်မှုကို […]

Continue reading →

အားပေးစကား ပြောကြားကြသော သူငယ်ချင်းများ အားလုံး ကျေးဇူးပါ

၂၀၀၈ ခုနစ်၊ မတ်လ၊ ၄ ရက် (အင်္ဂါနေ့)အားလုံး မင်္ဂလာပါဗျာ။ ကျနော် ၁၈ ရက် ဖေဖော်ဝါရီလမှာ ပို့စ်တစ်ခုတင်ပြီး ကတည်းက ပျောက်ခြင်းမလှ ပျောက်နေလို့ လာအော် လာခေါ် နေကြတဲ့ သူငယ်ချင်းတွေ ရှိကြသလိုပဲ ပျောက်နေရတဲ့ အကြောင်းသိကြလို့ လာရောက် အားပေးကြတဲ့ သူငယ်ချင်းများလည်း ရှိကြပါတယ်။ လာရောက် အားပေးနှစ်သိမ့်စကား ပြောကြားပေးကြတဲ့ သူငယ်ချင်းရောင်းရင်းတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ၁၉ ရက်နေ့ မနက်ကို အဖေ ဆေးရုံတင်ရလို့ ရရာနဲ့ မန်းကို လစ်လိုက်ရတာ သူငယ်ချင်းတွေကိုတောင် အကြောင်းမကြားလိုက်ရဘဲ အမြန် ပြန်လိုက်ရတယ်။ အဖေ ဆုံးတဲ့ ၂၅ရက် နေ့က မှတ်လို့ သားလို့ ကောင်းအောင် မန်းက ရတနာပုံဈေးကလည်း မီးအကြီးအကျယ် လောင်လိုက်တယ်လေ။ အဖေဆုံးတာ […]

Continue reading →

ဒီစကားလုံးတွေ ဘယ်ကရ?

၂၀၀၈ ခုနစ်၊ ဖေဖော်ဝါရီလ၊ ၁၈ ရက် (တနင်္လာနေ့) ဘာသာစကား တစ်ခုရယ်လို့ ဖြစ်လာပြီ ဆိုရင် ဝေါဟာရ ပြည့်စုံဖို့အတွက် စကားလုံး အသစ်တွေ တီထွင်ရသလို နီးစပ်ရာ အင်အားကြီး ဘာသာစကား တစ်ခုခုကနေ ရှိနှင့်ပြီးသား သူတို့ရဲ့ စကားလုံးကို ကောက်ယူမွေးစား ကြတာလည်း ရှိပါတယ်။ မြန်မာစာပေရယ်လို့ ဖြစ်လာတာ တကယ်တမ်း ပြန်တွက်ကြည့်ရင် နှစ်ပေါင်း (၁၀၀၀) တစ်ထောင် မပြည့်သေးပါဘူး။ ဒါ မြန်မာစာဟဲ့ ဆိုပြီး လက်ညိုးထိုး ပြနိုင်တဲ့ ကျောက်စာက အေဒီ ၁၁၁၃ မှာ ရေးထိုးတဲ့ မြစေတီကျောက်စာမှာ အစောဆုံး တွေ့ရတာပါ။ ပြန်တွက်ကြည့်ပါ။ နှစ်ပေါင်း (၈၉၅) နှစ်ပဲ ရှိပါသေးတယ်။ ပညာရှင်တွေရဲ့ ယူဆချက်ကတော့ ကျန်စစ်မင်းလက်ထက်မှာမှ မြန်မာစာ […]

Continue reading →

မွေးနေ့ ဧည့်ခံပွဲလေး

၂၀၀၈ ခုနစ်၊ ဖေဖော်ဝါရီလ၊ ၁၆ ရက် (စနေနေ့) မတွေ့ဖြစ်ကြတာလည်း ကြာပြီနော်။ ပျောက်ဆို ခရီးထွက်နေတယ်လေ။ မန်းကိုရောက်နေတာ ဒီနေ့ မနက်မှပဲ ပြန်ရောက်တယ်။ မန်းမှာက နက်မကောင်းတော့ မဝင်ဖြစ်ဘူး။ ကိုယ့်ရဲ့ ဘလော့ဂ် သယ်ရင်းတွေကို မုန့်ကျွေးဖို့ ဒီနေ့ အမှီ ပြန်မယ်ဆိုပြီး အသည်းအသန် ပြေးလာတာ။ ဒီနေ့ ကျနော်ရဲ့ မွေးနေ့ ဆိုတော့ မုန့်တွေ တဝကြီး ကျွေးချင်ပေမယ့် ဒီနေ့ မနက်မှ အပြေးအလွှား စီစဉ်ရတာဆိုတော့ မုန့်တွေ နည်းသွားရင် လျှော့သွားရင် မလောက်မင ဖြစ်နေရင် စိတ်မဆိုးကြေးနော်။ ဒါတောင် သူ စီစဉ်ပေးထားလို့ အားလုံးကို ကျွေးနိုင်တာ။ နို့မို့ဆို ခရီးပန်းနေတာနဲ့ ဘာမှ မလုပ်နိုင်ဘူးလေ။ စားကြပါ အားရပါးရ။ဘာလဲ ….။ […]

Continue reading →

ချစ်သူ့လက်ဆောင် (100th Post)

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၃၁ ရက် (ကြာသပတေးနေ့) ပို့စ်အသစ် မရေးတာလည်း အတော်လေး ကြားသွားပြီ။ အခု ရေးမှာက တစ်ရာမြောက် ပို့စ်ပါ။ ထူးထူးခြားခြားလေး ရေးမလား စိတ်ကူးမိပြန်တော့ အကြောင်းအရာ ရှာရင်းပဲ အချိန်ကြာသွားပြန်တယ်။ ရေးမယ်လို့ စိတ်ကူးလိုက်တော့ ရေးချင်တာက ကဗျာ၊ ထွက်လာတာက ခပ်တောင့်တောင့် စာသားတွေနဲ့ ဗြောင်ကျကျ စကားလုံးတွေပဲ။ ဘယ်လိုမှ နုကြည့်လို့ မရတဲ့ အဆုံးတော့ လက်လျှော့လိုက်ရတယ်။ တင်ချင်တဲ့ ကဗျာကို တင်နိုင်ရမယ်ဆိုတဲ့ ဇွဲနဲ့ တင်ဖြစ်အောင်တော့ တင်မယ်။ ဒါပေမယ့် ကျနော်ရေးထားတဲ့ ကဗျာတော့ မဟုတ်ဘူး။ ကျနော် သိပ်သဘောကျမိတဲ့ ကဗျာလေးတွေပါ။ အင်တာနက် တစ်နေရာကနေ တွေ့လို့ သိမ်းထားတာ။ အဲ့ဒီ ကဗျာလေးတွေ ခံစားကြည့်ပါဦး။ ပထမတော့ […]

Continue reading →