လောကကြီးကို ပြောင်းလဲကြည့်မလား
သားသားကြီးလာရင် ဘာလုပ်မလဲလို့ မိဘတိုင်းက ကိုယ့်သားသမီးကို မေးဖူးကြမယ်။ စဉ်းစားတတ်လာတဲ့ ၁၀ နှစ်သား လောက်မှာလည်း ကိုယ်ပိုင် အိပ်မက်လေးတွေ ကိုယ်စီ မက်ခဲ့ကြမယ်။ လူတိုင်းလူတိုင်းက ကိုယ်တန်ဖိုးထား ကိုးကွယ်နေတဲ့လူပဲ ဖြစ်ချင်ကြတာ။ ထူးဆန်းတာက ဘယ်ကလေးမှ သားကြီးလာရင် လူဆိုးကြီးလုပ်မယ်၊ လူသတ်သမားကြီး လုပ်မယ်လို့ မပြောခဲ့ကြပါဘူး။ တကယ်တမ်း စဉ်းစားတတ်လာတော့ ဘဝရဲ့ အပြစ်အနာအဆာတွေ မြင်တတ်လာပြီ။ ကောင်းခြင်းနဲ့ မကောင်းခြင်းကို ကိုယ်ပိုင် အဘိဓာန်နဲ့ သက်မှတ် တတ်လာပြီ။ ဒီလို ခွဲတတ်လာတာနဲ့ အမျှ ကလေးတွေဟာ ကယ်တင်ရှင်တွေ ဖြစ်ချင်လာကြတယ်။ ဆင်းရဲတဲ့ ကလေးတွေက “အမေ … သား ကြီးလာရင် အမေ့ကို လုပ်ကျွေးမယ်” ဆိုတဲ့ သူရဲ့ အိပ်မက်ကလည်း အမေကို ကယ်တင်ဖို့ ကြံစည်လိုက်ခြင်း […]