PK Portfolio

Category: Love

လက်ထပ်ခွင့် ပြုပါ

ပထမဆုံး အကြိမ် ကျနော် သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တာ ခြောက်နှစ်သား အရွယ်ကပေါ့။“ငါ မင်း ယောကျ်ား လုပ်မယ်။ ဒါဆို နင်က ငါ့ မိန်းမဖြစ်ပြီ။” လို့ ပြောတော့“ဟင့်အင်း” လို့ပဲ ရိုးရိုး ပြန်ငြင်းလိုက်တယ်။“ဟုတ်တယ်”“ဟုတ်ဘူးပဲ” လို့ ပြောပြီး အိမ်ထဲက ပြေးထွက်သွားတယ်။ခဏလေး ကြာတော့ ကျနော်လည်း ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲမှာ တစ်ယောက်တည်း ကစားရတာ အတော် ပျင်းစရာ ကောင်းတာပါကလား။ဒုတိယအကြိမ် လက်ထပ်ခွင့် တောင်းခဲ့တာ ကျနော်တို့ (၁၄) နှစ်သားလောက်ကပေါ့။ နှစ်စဉ် လုပ်နေကျဖြစ်တဲ့ ကျောင်း ကပွဲတစ်ပွဲမှာ ကျနော်တို့ နှစ်ယောက် တွဲ က ရတယ်လေ။ အဝတ်လဲခန်းကနေ သူ ထွက်အလာကို ကျနော် စောင့်နေခဲ့တယ်။ အဝတ်လဲခန်းကနေ ထွက်လာတော့ ပန်းရောင်ဝတ်စုံလေးနဲ့ သူ့ကို […]

Continue reading →

အချစ်ကို နားလည်သော …

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က”ဗျို့ … ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။” လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက”ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ […]

Continue reading →

ပြည့်ဝနိုင်သော အချစ်

–Select Language–MyanmarEnglish သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ဝမ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။မ – မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။က […]

Continue reading →

နှုတ်ဆိတ်နေသော အချစ်

–Select Language–MyanmarEnglish ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံး၀ သဘောမတူတာပါ။ မိဘအသိုင်းအဝိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက အကြောင်းပြကြတယ်။မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား ဆိုပြီးတော့လည်း တခါတခါ သံသယ ဝင်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့ ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း […]

Continue reading →

အချစ် နှင့် အိမ်ထောင်ရေး

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃ ရက် (ကြာသပတေးနေ့)အချစ်ဆိုတာ ဘာလဲ။ ဆရာက ပြောတယ်။ မင်းရဲ့ မေးခွန်းကို ဖြေဖို့အတွက် မင်း စပါးခင်းထဲကို သွားပါ။အကြီးဆုံး စပါးနှံ (စပါးစေ့ ဆိုရင်လည်း ရမှာပါ။ မြင်သာအောင် စပါးနှံလို့ ပြောတာ) ရွေးယူပြီး ပြန်လာခဲ့လို့ မှာလိုက်တယ်။ဒါပေမယ့် စည်းကမ်းက စပါးစိုက်ခင်းတန်းတစ်ခုကို တစ်ခါပဲ ဖြတ်ရမယ်။ ပြန်လှည့်ပြီး ကောက်ခွင့် မရှိဘူးတဲ့။ဒါနဲ့ ကျောင်းသားက လယ်ကွင်းထဲ သွားတယ်။ ပထမတန်းကို ဖြတ်တဲ့အခါ စပါးနှံကြီး တစ်ခုကို မြင်တယ်။ဒါပေမယ့် သူ ထင်တာ နောက်တစ်တန်းမှာ ဒီထက်ကြီးတာ တွေ့နိုင်သေးတယ်ပေါ့။နောက်တော့ စပါးခင်း တစ်ဝက်လောက်မှာ သူ တွေ့သမျှ စပါးနှံတွေက ပထမ သူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလာတဲ့အခါ […]

Continue reading →

ချစ်သူ့လက်ဆောင် (100th Post)

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၃၁ ရက် (ကြာသပတေးနေ့) ပို့စ်အသစ် မရေးတာလည်း အတော်လေး ကြားသွားပြီ။ အခု ရေးမှာက တစ်ရာမြောက် ပို့စ်ပါ။ ထူးထူးခြားခြားလေး ရေးမလား စိတ်ကူးမိပြန်တော့ အကြောင်းအရာ ရှာရင်းပဲ အချိန်ကြာသွားပြန်တယ်။ ရေးမယ်လို့ စိတ်ကူးလိုက်တော့ ရေးချင်တာက ကဗျာ၊ ထွက်လာတာက ခပ်တောင့်တောင့် စာသားတွေနဲ့ ဗြောင်ကျကျ စကားလုံးတွေပဲ။ ဘယ်လိုမှ နုကြည့်လို့ မရတဲ့ အဆုံးတော့ လက်လျှော့လိုက်ရတယ်။ တင်ချင်တဲ့ ကဗျာကို တင်နိုင်ရမယ်ဆိုတဲ့ ဇွဲနဲ့ တင်ဖြစ်အောင်တော့ တင်မယ်။ ဒါပေမယ့် ကျနော်ရေးထားတဲ့ ကဗျာတော့ မဟုတ်ဘူး။ ကျနော် သိပ်သဘောကျမိတဲ့ ကဗျာလေးတွေပါ။ အင်တာနက် တစ်နေရာကနေ တွေ့လို့ သိမ်းထားတာ။ အဲ့ဒီ ကဗျာလေးတွေ ခံစားကြည့်ပါဦး။ ပထမတော့ […]

Continue reading →

My Other Half

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၁၂ ရက် (စနေနေ့) ဂရိဒဏ္ဍာရီတစ်ပုဒ် ပြောပြမယ်။ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု၊ လက်လေးဘက်၊ ခြေလေးချောင်းရှိတဲ့ သတ္တဝါဖြစ်တယ်တဲ့ဗျ။အဲသည်လူရဲ့ ခန္ဓာကိုယ်က မတ်မတ်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်းဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့ဗျာ။လမ်းလျှောက်တဲ့အခါ လူဟာ မတ်မတ်လျှောက်ပေမယ့် ပြေးတဲ့အခါ လက်လေးဘက်ကို ထောက်ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။အဲသည်လူဟာဗျာ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း ကြီးတယ်။ နတ်တွေနေတဲ့ နေရာတက်ပြီး ထိုးစစ်ဆင်ဖို့လည်း ကြိုးစားတယ်။အဲသည်လိုဆိုတော့ …..နတ်တွေရဲ့ အကြီးအမှူးဖြစ်တဲ့ ဇု (Zeus) နတ်မင်းကြီးနဲ့ တခြားနတ်ဒေဝါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။ ဒါနဲ့ နတ်သဘင် အစည်းအဝေးခေါ်ပြီး `လူ´ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လို အကြံပြုသလဲ ဆိုတော့ […]

Continue reading →

မချစ်တတ်သေးပါ

အချစ်အကြောင်း ပြောပြဖို့ မေပျို က တက် (TAG) ထားတယ်လေ။ သူ့အကိုရဲ့ ဇာတ်လမ်းတွေ ကြားချင်ပုံ ရတယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး သဲရယ်။ အချစ်အကြောင်း ရေးမယ်လို့ အပီအပြင် အားတင်းပြီး ညစ်ထုတ် ကြိုးစားပေမယ့်လည်း တစ်လုံးမှ ထွက်မလာဘူးလေ။ သူငယ်ချင်း တစ်ယောက်က အကို့ကို “Intellectual Robot” လို့ သမုတ်ဖူးတယ်။ အသိတရား ရှိတဲ့ စက်ရုပ်ပေါ့။ လူလို ကောင်းကောင်း မခံစား တတ်ဘူးတဲ့လေ။ ၅ တန်းကတည်းက ခင်လာတဲ့ သူငယ်ချင်းဆိုတော့ သူပြောတဲ့ စကားကို ငြင်းဖို့ အတော် ခက်နေတယ်။ ဒါပေမယ့် ဟုတ်ပါတယ်လို့ ဝန်မခံခဲ့ဘူး။ ငါ ခံစားတတ်ပါတယ် လို့ပဲ ယုံကြည်ခဲ့တာလေ။ သူပြောတဲ့ စကားကို အတော်ကြာကြာ […]

Continue reading →

Everything Good Reminds Me Of You

ကျနော် မန်းပြန်သွားတော့ အိမ်မှာ လျှောက်မွှေရင်းနဲ့ ၂၀၀၂ ခုနစ်က ကျနော် ရေးခဲ့တဲ့ ဒိုင်ယာရီ အဟောင်းလေး တွေ့လို့ ပြန်ဖတ်ရအောင် ရန်ကုန်ကို သယ်လာခဲ့တယ်။ အဲဒီ ဒိုင်ယာရီထဲမှာ ဖတ်ခဲ့တဲ့ စာအုပ်တွေက မှတ်သားစရာ ကောင်းတဲ့ စာသားတွေကို ပြန်ဖတ်ရတော့ ကျေနပ်သွားတယ်။ ကျနော် ဖတ်ခဲ့သမျှ မှတ်ထားမိတော့ အလဟသတ် မဖြစ်တော့ဘူးပေါ့။ ဒါနဲ့ ဖတ်ရင်း ဖတ်ရင်း ၂၈ ရက် အောက်တိုဘာလမှာ ရေးထားတဲ့ စာတွေကို ရောက်တော့ ဘာကို ခံစားရမှန်း မသိ ခံစားလိုက်ရတယ်။ အဲဒီ ခံစားချက်ကို အဓိပ္ပါယ် မဖွင့်တတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အခု ပို့စ်တစ်ခုအနေနဲ့ တင်ပြပြီး ဖတ်သွားတဲ့ သူတွေကို ဘယ်လို ခံစားလိုက်ရလဲလို့ မေးချင်တာပါ။ […]

Continue reading →

အကြည့်

ရွှေရောင်လင်းလဲ့နေသော လမင်း၏အလင်းရောင် …..ကျောက်တောင်တွေပေါ်သို့ လှိုင်းများပုတ်ပုတ်တင်နေသော သက်ရှိပင်လယ် …..အုန်းလက်အရိပ်များ …..သူခပ်တိုးတိုးပြောလိုက်သည်။`ကိုယ့်ရင်ထဲမှာ စကားလုံးတွေ အများကြီးရှိပါတယ်။ ယမင်းကို ပြောချင်ပါတယ်။ ဒါပေမယ့် … ကိုယ်ကြောက်နေတယ် သိလား။ ကိုယ့်ရင်ထဲက စကားလုံးတွေ အားလုံးကို ပြောလို့ပြီးသွားတဲ့အချိန်မှာ အမြင်နိုင်တဲ့တစ်နေရာက တစ်စုံတစ်ယောက်က “Cut” လို့ လှမ်းအော်ပြီး အားလုံးပြီးဆုံးသွားလေမလားလို့ ကိုယ်ကြောက်နေတယ်။ တကယ့်ဘဝထဲအထိ ရုပ်ရှင်ကဝင်လာပြီး ရိုက်နေမှာကို စိုးတာပါ။´သူ ကောင်းကင်ကို ဖြည်းဖြည်းချင်းမော့ကြည့်ရင်း ဆက်ပြောသည်။`ဘဝကိုအစစ်လို့ အကြီးအကျယ် ယုံစားထားပြီးကာမှ တို့အားလုံးကို ဖန်ဆင်းနေတဲ့ ဒါရိုက်တာက “Cut” လို့ လှမ်းအော်လိုက်တာနဲ့ တပြိုင်နက် လမင်းရဲ့အလင်းရောင်မှိန်သွားမှာ၊ ပင်လယ်ကြီးပျောက်သွားမှာကို ကိုယ် … မခံစားရဲဘူး။ ဘဝဆိုတဲ့ရှင်သန်မှုတွေ ခံစားချက်တွေအားလုံးဟာ နောက်ဆုံးကျရင် အဲဒီလို ပြီးဆုံးသွားပစ်လိုက်ရမှာလား။ ကိုယ့်ကို ရူးအောင်မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး […]

Continue reading →