PK Portfolio

Category: မြန်မာစာ

ပုံပျက်သွားသော ပါဠိသက် ဝေါဟာရများ – ကုဋီ

မြန်မာတွေရဲ့ ပါးစပ်ဖျားမှာ ‘ကုဋီ’ လို့ ပြောလိုက်တာနဲ့ အားလုံးက အိမ်သာ toilet ကို ပြေးမြင်ကြတာပဲ။ ကုဋီ ဆိုတဲ့ စကားလုံးက ပါဠိစကားလုံး ‘ကုဋိ’ ကနေ ဆင်းသက်လာတယ်။ ကုဋိ ဆိုတာ တကယ်တော့ အိမ်သာလို့ အဓိပ္ပာယ် မထွက်ဘူး။ မြန်မာတွေ ပါးစပ်ထဲမှာ ပြောရင်း ပြောရင်းနဲ့ ကုဋီကို အိမ်သာ လို့ပဲ မြင်ကြတော့တယ်။ အတိအကျ ပြောရရင်တော့ သံဃာသုံးအိမ်သာကို ကုဋီလို့ ခေါ်ကြတယ်။ လူဝတ်ကြောင်တွေတင် မကဘဲ ပါဠိစာတတ်တဲ့ ဘုန်းကြီးတွေကအစ ကုဋီ ဆိုရင် သံဃာသုံးအိမ်သာကိုပဲ ရည်ညွှန်းကြတယ်။ ‘ကုဋိ’ အကြောင်းကို မပြောခင် လမ်းကြုံလို့ ဋသန်လျင်းချိတ် (ဋ) ရဲ့ အသံထွက်ကို ပြောပြချင်သေးတယ်။ ဋ နဲ့ […]

ဆက်ဖတ်ရန် →

အောက်ကမြစ် (သို့) အောက်မြစ် (သို့) အ-မြစ်

အောက်ကမြစ် (သို့) အောက်မြစ် (့) ကို အများစုက သာမန်ကာလျှံကာပဲ အောက်ကမြင့် (သို့) အောက်မြင့်လို့ ဖတ်ကြတယ်။ မြန်မာစာမှာ အောက်မြစ်ရဲ့ မူလအသုံးက tone လို့ခေါ်တဲ့ အသံအနိမ့်အမြင့်ကို ဖော်ပြတဲ့ သင်္ကေတတစ်ခုပေါ့။ အသံပြောင်းသင်္ကေတ တစ်ခုပေါ့။ အနိမ့်သံကို ဖော်ပြချင်တဲ့ အခါ၊ အသံရှည်ကို တိုအောင်ဖြတ်ချလိုတဲ့အခါမှာ အောက်မြစ်ထည့်သုံးရတာပေါ့။ ဥပမာ အာ့၊ အာ၊ အား ဆိုတာလိုပဲ။ ပါဠိဘာသာမှာက အနိမ့်သံဖြစ်တဲ့ အောက်မြစ် (့) သင်္ကေတလည်း မရှိသလို အမြင့်သံဖြစ်တဲ့ ဝစ္စပေါက် (း) သင်္ကေတလည်း မရှိဘူး။ ပြောရရင် အောက်မြစ် ဆိုတဲ့ သင်္ကေတဟာ မြန်မာတွေ ထွင်ခဲ့တဲ့ သင်္ကေတတစ်ခုလို့ ပြောလို့ရတယ်။ အောက်မြစ်ရဲ့ သမိုင်း မြန်မာအက္ခရာရယ်လို့ ပထမဆုံး […]

ဆက်ဖတ်ရန် →

ပုံပျက်သွားသော ပါဠိသက် ဝေါဟာရများ – ဝေဒနာ

မြန်မာတွေက သုံးကြတယ်။ “ဝေဒနာခံစားနေရတယ်” တို့၊ “ဒီဝေဒနာကို မခံစားချင်တော့ဘူး” တို့ အပြောများ အသုံးများကြတယ်။ မြန်မာ အများစုက ဝေဒနာဆိုတဲ့ စကားလုံးကို ဒုက္ခဆိုတဲ့ စကားလုံးအစား ဖလှယ်ပြီး သုံးကြတယ်။ ဥပမာ “ဒုက္ခခံစားနေရတယ်” အစား “ဝေဒနာခံစားနေရတယ်” လို့ သုံးတယ်။ “ဒီဒုက္ခကို မခံစားချင်တော့ဘူး” အစား “ဒီဝေဒနာကို မခံစားချင်တော့ဘူး” လို့ ရေးကြတယ်။ ဒါကြောင့် မြန်မာစာမှာ ဝေဒနာ လို့ ရေးတာနဲ့ နာကျင်ခံခက်တဲ့ အတွေ့အကြုံပဲ ဆိုတာ တန်းသိနိုင်တယ်။ တစ်ခါတလေကျတော့ ဝေဒနာ ဆိုတာ ရောဂါကို ကိုယ်စားပြုပြန်တယ်။ အနာတရကိုလည်း ဝေဒနာလို့ သုံးပြန်တယ်။ ကင်ဆာဝေဒနာ၊ ခေါင်းကိုက်ဝေဒနာ စသဖြင့်ပေါ့။ ဒါကြောင့် ဝေဒနာ ဆိုတာနဲ့ ဆိုးရွားတဲ့ အခြေအနေကို […]

ဆက်ဖတ်ရန် →