ပုံပျက်သွားသော ပါဠိသက် ဝေါဟာရများ – ကုဋီ
မြန်မာတွေရဲ့ ပါးစပ်ဖျားမှာ ‘ကုဋီ’ လို့ ပြောလိုက်တာနဲ့ အားလုံးက အိမ်သာ toilet ကို ပြေးမြင်ကြတာပဲ။ ကုဋီ ဆိုတဲ့ စကားလုံးက ပါဠိစကားလုံး ‘ကုဋိ’ ကနေ ဆင်းသက်လာတယ်။ ကုဋိ ဆိုတာ တကယ်တော့ အိမ်သာလို့ အဓိပ္ပာယ် မထွက်ဘူး။ မြန်မာတွေ ပါးစပ်ထဲမှာ ပြောရင်း ပြောရင်းနဲ့ ကုဋီကို အိမ်သာ လို့ပဲ မြင်ကြတော့တယ်။ အတိအကျ ပြောရရင်တော့ သံဃာသုံးအိမ်သာကို ကုဋီလို့ ခေါ်ကြတယ်။ လူဝတ်ကြောင်တွေတင် မကဘဲ ပါဠိစာတတ်တဲ့ ဘုန်းကြီးတွေကအစ ကုဋီ ဆိုရင် သံဃာသုံးအိမ်သာကိုပဲ ရည်ညွှန်းကြတယ်။ ‘ကုဋိ’ အကြောင်းကို မပြောခင် လမ်းကြုံလို့ ဋသန်လျင်းချိတ် (ဋ) ရဲ့ အသံထွက်ကို ပြောပြချင်သေးတယ်။ ဋ နဲ့ […]
