နောက်ကျသွားသော အပြုံး (၅)
<- အပိုင်း (၄) သို့နေ့တိုင်းလိုလိုပါပဲ။ သူ ကလေးအတွက် ဆိုပြီး ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုး ၀ယ်၀ယ်လာတယ်။ ကလေးအ၀တ်အစားတွေ၊ ကလေးအသုံးအဆောင်တွေ၊ ကစားစရာတွေနဲ့ ကလေးတွေ ကြိုက်မယ့် စာအုပ်တွေက အစပေါ့။ သူ့အခန်း ပြည့်မတက် နေ့တိုင်း အထုပ်ကြီး အထုပ်ငယ်နဲ့ ၀ယ်၀ယ်လာတတ်တယ်။ နှင်းကတော့ နည်းနည်းလေးမှကို ဂရုစိုက်မနေပါဘူး။ မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ သူရဲ့ မျော့ကွင်းထဲ အမိခံလို့ ဘယ်ဖြစ်မလဲ။ နှင်းက နည်းနည်းလေးမှ မျက်နှာသာ မပေးတော့ အချိန်ရှိတိုင်း အခန်းထဲမှာပဲ အောင်းနေတော့တယ်။ သူ့အခန်းထဲက ကီးဘုတ်နှိပ်တဲ့အသံ တစ်ဂျောက်ဂျောက် တစ်ဂျက်ဂျက် ကြားနေရတယ်။ အော် သူ ချက်တင်ထိုင်ပြီး အင်တာနက် စွဲနေပြီ ထင်တယ်လို့ တွေးမိရုံက အပ နှင်းအပူ တစ်ပြားသားမှ မပါတော့ဘူးလေ။ […]