PK Portfolio

Category: ရောက်တက်ရာရာ

(၄) နှစ်ပြည့် ဧရာဝတီအလွမ်း

ကျနော်တို့ ဒုတိယကမ္ဘာစစ်ကို မမီလိုက်ပါ။ ကျနော်တို့ မျိုးဆက်မှာ ကံကောင်းသည်ဟု ပြောရမည်။ ဖက်ဆစ်တော်လှန်ရေး စစ်ကို မမီခဲ့သလို၊ ပြည်တွင်းစစ်နဲ့လည်း မကြုံခဲ့ပါ။ နယ်စပ်မှာ နေတာမဟုတ်တော့ နယ်စပ်မှာ ဖြစ်တဲ့ မဲသဝေါလို၊ အခုနောက်ပိုင်း ဖြစ်တဲ့ နယ်စပ်စစ်ပွဲတွေကိုလည်း မမြင်မတွေ့ဖူးပါ။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်ရတော့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မြင်ဖူးနေတယ်။ စာတွေထဲမှာ လူတွေ ဘယ်လောက် ဒုက္ခရောက်တယ်လို့ သင်ရတော့ စစ်ပွဲဆိုတာကို စက်ဆုပ်ရွံမုန်းမိတယ်။ အဲဒီ စစ်ပွဲတွေကြောင့် မဖြစ်ခင်မှာလည်း လူသားတွေ ကြောက်ရွံ့စိတ်နဲ့ စိတ်ဆင်းရဲရ၊ ဖြစ်နေတုန်းမှာလည်း ပြေးရလွှားရနဲ့ စိတ်ဆင်းရဲရ၊ ဖြစ်ပြီးသွားတဲ့အခါမှာလည်း စစ်ပွဲရဲ့ အကြွင်းအကျန် အနိဋ္ဌာရုံတွေနဲ့ စိတ်ဆင်းရဲရ။ ကိုယ်ရော၊ စိတ်ပါ နလန်ထူဖို့ကို အတော်လေး အချိန်ပေးရလိမ့်မယ်။ အဲဒီလို စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကျနော်တို့ မျိုးဆက်ဟာ မမီလိုက်ရပေမယ့် သဘာဝကြီးက ဆင်နွှဲသွားတဲ့ စစ်ပွဲကြီးတစ်ပွဲကိုတော့ ကျနော်တို့ မြင်လိုက်ရဖူးတယ်။ ကြုံလိုက်ရဖူးတယ်။ ခံစားလိုက်ရဖူးပါတယ်။ အဲဒီ […]

ဆက်ဖတ်ရန် →

ငါ ဘယ်သူလဲ

တချို့ သိတယ်။တချို့ မသိဘူး။တချို့ သိချင် သိမယ်။ တချို့ သိချင်မှလည်း သိမယ်။ တချို့ သိချင်မှ သိချင်မယ်။ တချို့ သိချင်မှလည်း သိချင်မယ်။ တချို့ သိချင်လား မသိဘူး။ တချို့ သိချင်လား သိတယ်။ တချို့ သိချင်လား သိချင်မယ်။ တချို့ သိချင်လား သိချင်မှ သိမယ်။ တချို့ သိချင်လား သိချင်မှလည်း သိမယ်။ တချို့ မသိချင်ဘူးဆိုတာ သိတယ်။ တချို့ မသိချင်ဘူးဆိုတာ သိချင်မှ သိမယ်။ တချို့ မသိချင်ဘူးဆိုတာ သိချင်မှလည်း သိမယ်။ တချို့ သိချင်လား၊ မသိချင်လား ဆိုတာ သိတယ်။ တချို့ သိချင်လား မသိချင်လား ဆိုတာ မသိဘူး။ တချို့ သိချင်လား မသိချင်လား […]

ဆက်ဖတ်ရန် →

ပို့စ် အသစ်ရေးရန် အရှိန်ယူခြင်း …

ဘလော့ဂ်နဲ့ တစ်ဆယ့်ငါးရက်လောက် အဆက်အသွယ် ပြတ်ပြီး တကာလ အခု စာပြန်ရေးမယ်ဆိုတော့ ဘယ်ကဘယ်လို စရေးရမလဲ စဉ်းစားရ ခက်နေတယ်။ ဇန္နဝါရီလ (၂၁) ရက်နေ့ စထွက်လိုက်တဲ့ ခရီးက မနေ့ မနက်မှ ရန်ကုန် ပြန်ရောက်တော့တယ်။ ဒီ ခရီးစဉ် (၁၅) ရက် ကာလအတွင်းမှာ စာ မရေးဖြစ်ပေမယ့် စာရေးဖို့ အတွက် ကုန်ကြမ်းတွေ အတော်များများ စုဆောင်းမိပါတယ်။ ဘလော့ဂ် မရေးဖြစ်ပေမယ့် သုံးရက်ခြား တစ်ခါလောက်တော့ ဘလော့ဂ်ကို သွားကြည့်မိတယ်၊ အီးမေးလ် စစ်ဖြစ်ပါတယ်။ ကျနော် စာ လုံးဝ မရေးဖြစ်တဲ့ (၁၅) ရက်တာ ကာလအတွင်းမှာ လာရောက် လည်ပတ်သူ မပြတ် တွေ့ရတော့ အတော်လေး ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ […]

ဆက်ဖတ်ရန် →

လမ်းပေါ်မှ တရားများ

မနက် ၈ နာရီနဲ့ ညနေ ၆ နာရီ ဝန်းကျင် မန္တလေးမြို့ရဲ့ သိပ္ပံလမ်းမပေါ်မှာ ပြုံခဲအောင် သွားလာနေကြတဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေဟာ ကြက်ပျံမကျ များပြားလှတာ မန္တလေး ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ မန္တလေးမြို့ဟာ လမ်းစုံလမ်းခွ များတဲ့ မြို့တစ်မြို့ ဖြစ်ပေမယ့် မီးပွိုင့် အင်မတန် နည်းပါတယ်။ မီးပွိုင့် နည်းရတဲ့အထဲ တကယ် အလုပ်လုပ်တဲ့ မီးပွိုင့်ဆိုတာ မန္တလေးမြို့မှာ ရှာမှရှားပေါ့။ မီးပွိုင့်မရှိတာနဲ့ အသားကျနေတဲ့ မန်းသူမန်းသားတွေကတော့ မီးပွိုင့်ရှိခြင်းကိုတောင် သတိ မထားမိတော့ပါဘူး။ ရပ်ကြည့်သွား ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာတဲ့သူ ရှိသလို သွားကြည့်ရပ်ဆိုတဲ့ ခံယူချက်နဲ့ သွားလာနေတဲ့သူလည်း များသား။ တစ်ခါတုန်းက တာဝန်ကျနေတဲ့ သူငယ်ချင်း လမ်းပြပုလိပ်ကို တွေ့တော့ သူ့ကို လှမ်းနောက်ဖူးတယ်။ […]

ဆက်ဖတ်ရန် →

အသစ်၊ အဟောင်း နှင့် မပြောင်းလဲသော …

မနှစ်က ဒီလို အချိန်လောက်မှာပဲ ကျနော့ဆီ ဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ်။ သူ ကျနော်နဲ့ အတူ အချိန် အတော်လေးကြာကြာ ရှိနေခဲ့တယ်။ သူရောက်လာမယ်ဆိုတော့ ကြိုတင် အသိမပေးရပေမယ့် သိနေနှင့်တယ်လေ။ သူ့တစ်ယောက်စာအတွက် ကျနော့်မှာ ဝန်မပိုပါဘူး။ အခု ပြန်တော့မယ်ဆိုတော့မှ သေချာပြန်ကြည့်လိုက်မိတယ်။ အော် … သူရောက်ခဲ့တာ တစ်နှစ်တောင် ရှိသွားပါ ပကောလား လို့ တွေးမိတယ်။ သူရှိနေတဲ့ အချိန်တွေကို တန်ဖိုး မထားခဲ့တာ မဟုတ်ပေမယ့် ဂရုမပြုမိတာတော့ အမှန်ပဲလေ။ သူ ဘေးနား ရှိနေတဲ့ အတောအတွင်းမှာ ပိုင်ဆိုင်လာခဲ့တာတွေ ရှိသလို ဆုံးရှုံးသွားတာ တချို့လည်း ရှိတယ်။ အခု ပြန်တော့မယ် ဆိုတော့လည်း မျက်ရည်မကျမိတာ အမှန်ပါပဲ။ ကိုယ်နဲ့ တစ်နှစ်လုံးလုံး လက်ပွန်းတတီး ရှိနေခဲ့တဲ့ […]

ဆက်ဖတ်ရန် →

ဘင်္ဂလားပင်လယ်အော် – လေးဖြူ

ကျနော် သိပ်ကြိုက်တဲ့ ကိုလေးဖြူ အခွေအသစ်ထွက်တော့ ကျနော် ဝယ်နားထောင်လိုက်တယ်။ အားလုံးကိုလည်း မျှဝေမယ် ဆိုတဲ့ စိတ်ကူးနဲ့ Upload လုပ်တာ အတော်လေးတာ ပင်ပန်းသွားတယ်။ အဖြေက နိုး။ တင်လို့ကို မရဘူး။ ကိုးနက်ရှင်ရဲ့ ကောင်းမှုပေါ့ဗျာ။ ဒါနဲ့ ကျနော် အင်တာနက်ထဲ တစ်ပတ် ပတ်ပြီး ရှာပုံတော် ဖွင့်လိုက်ပြီး တကာလ Myanmar MP3 Album မှာ လေးဖြူ သီချင်းခွေ အသစ် “ဘင်္ဂလားပင်လယ်အော်” ကို တွေ့တာနဲ့ စာသားပါ ရိုက်ပြီး ဝေမျှပေးလိုက်ပါတယ်။ တကယ်တမ်းတော့ သီချင်း ဒေါင်းချင်တဲ့ သူတွေကို တောင်းဆိုချင်တာ တစ်ခုက တတ်နိုင်ရင်တော့ အော်ခွေပဲ ဝယ်စေချင်ပါတယ်။ ဒီမှာ ကျနော် လင့်ခ်ထည့်ပေးတယ် ဆိုတာကလည်း သူခိုးနည်းပြ […]

ဆက်ဖတ်ရန် →

ဘတ်စ် စီး မှတ်တမ်း

ကျနော် ရေးတဲ့ ပို့စ်တွေ အတော်များများ ဖတ်ထားရင် ကျနော် မန်းက လာတယ်ဆိုတာ သိနှင့်ပြီး ဖြစ်မှာပါ။ ဆယ်တန်းဖြေပြီးတော့ အဖေက ရန်ကုန်မှာ ကွန်ပူတာ သွားတတ်ချေ လို့ အမိန့်တော် ချတာနဲ့ ကျွန်တော်မျိုး ကျေးတော်မျိုး သားတော်မောင်လေးခမျာ မျက်လုံးကလည် နားသူငယ်နဲ့ ဘာမှန်း မသိတဲ့ ကွန်ပူတာကြီးကို တွေးကြောက်ရင်း အမျက်မာန် ရှမှာလည်း စိုးလှတာမို့ ရန်ကုန်ရွှေမြို့တော်သို့ အပြေးလေး ရောက်လာခဲ့ရတယ်။ အဖေကို မေးမိတယ်။ “အဖေ ကွန်ပူတာက ဘာလို့ ဖို့တုန်း၊ ဘာကြီးတုန်း” လို့ မေးလိုက်မိတယ်။ မေးရမယ်လေ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မန်းမှာ ကွန်ပူတာဆိုလို့ ဓါတ်ပုံတောင် မရှိဘူး။ အဖေက ဖြေတယ်။ ကွန်ပူတာနဲ့ အိမ်သာတက် (အင်တာနက်တက်) […]

ဆက်ဖတ်ရန် →

ရောင်စဉ်ခြယ် ဝေါဟာရ

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၂၈ ရက် (တနင်္လာနေ့)အရောင်တွေကို လူတွေက ဘယ်လို သတ်မှတ်ကြသလဲ။လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကော အရောင် သတ်မှတ်ပုံချင်း တူနိုင်ပါ့မလား။လူတစ်ယောက် မြင်နေတဲ့ အရောင်ကို နောက်တစ်ယောက်ကကော အဲဒီ အရောင်ပါလို့ သဘောတူနိုင်ပါ့မလား။ ဥပမာ လူတစ်ယောက်က အစိမ်းရောင်လို့ မြင်နေတဲ့ အရာကို တခြား လူတစ်ယောက်က အမည်းရောင်ပါဗျာလို့ ပြောလာခဲ့ရင်ကော၊ ဒီလူ အမြင်အာရုံ ချွတ်ယွင်းနေတယ်လို့ သတ်မှတ်မလား။ကာလာဘလိုင်း (Color Blind) ဆိုတာ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရောင်တွေကို သဲသဲကွဲကွဲ မသတ်မှတ်နိုင်တာ။ ကာလာဘလိုင်း မဟုတ်ပါဘဲနဲ့ လောကကြီးမှာ အရောင်နှစ်ရောင်တည်း ရှိတာပါလို့ ပြောလာရင်ကော သူ့ကို ဘယ်လို မြင်မလဲ။လူမျိုးတစ်မျိုးချင်းစီရဲ့ ဘာသာစကား တစ်ခုစီမှာ အရောင်ရဲ့ ဝေါဟာရ သတ်မှတ်ပုံချင်း […]

ဆက်ဖတ်ရန် →

အိန္ဒိယ နှင့် တရုတ်တို့၏ ပညာရေး တူရှုချက်

၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၈ ရက် (အင်္ဂါနေ့) ဒီပို့စ်ကို ဖတ်ပြီးရင်တော့ အာရှ အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်လာတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပညာရေး အခြေအနေတချို့နဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ပညာရေးရည်မှန်းချက်တွေကို သိလာပါလိမ့်မယ်။ ဒီပို့စ်ကို ဖတ်ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ အစိုးရရဲ့ ပညာရေး ရည်မှန်းချက်က ဘာလဲ။ ဘာတွေကို ရည်ရွယ်ပြီးတော့ကော လုပ်နေတာလဲ ဆိုတာကို ချိန်ထိုးစဉ်းစားနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ စာသားအတော်များများဟာ ကျနော် နားလည်သလို ပြန်ရေးထားတာ ဖြစ်ပြီး အချက်အလက်တွေကိုတော့ မဇ္ဈိမ၊ ဂန္ဓာလနှင့် ကမ္ဘာတစ်ခွင် – ကျော်ဝင်း စာအုပ်ကနေ ထုတ်နုတ် ဖော်ပြတာ ဖြစ်ပါတယ်။ ဖတ်ရှုပြီး ဆက်လက် အတွေးပွားနိုင်ကြပါစေ ….. ။အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုမှာ […]

ဆက်ဖတ်ရန် →