လိမ်တယ် ညာတယ်
ပြီးခဲ့တဲ့ ပို့စ်ထဲမှာ ညာတာနဲ့ လိမ်တာ ပြောရင်းနဲ့ ဒီ ပို့စ်လေးကို ရေးမယ်လို့ မနေ့ကတည်းက ကျိန်းထားတာ။ လိမ်တယ်၊ ညာတယ်၊ ပွေလိမ်ရှုပ်တယ် ဆိုတာကို စဉ်းစားမိတော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ် နှစ်အုပ်ကို သွားသတိရတယ်။ ဒါနဲ့ မနက်က အဲဒီ စာအုပ်တွေ ပြန်မွှေရှာလိုက်ပြီး ပြန်ဖတ်လိုက်တယ်။ စာအုပ်က စိတ်ပညာအကြောင်း ရေးထားတာ။ သာမန် အသိပညာ ရှိတဲ့လူတွေ ဖတ်နိုင်အောင် ရေးထားတယ်။ အဲဒီ အထဲမှာ လိမ်တာ ညာတာနဲ့ ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးထားတယ်။ အဲဒီ ဆောင်းပါးကို ကျနော် ပြန် ကိုးကားပြီး နည်းနည်းလေး တင်ပြချင်လို့ပါ။ကျနော် ငယ်ငယ်ကတည်းက ကိုယ့်ကို လာညာရင် သိပ်မုန်းပါတယ်။ ဒါပေမယ့် လူ့ဘ၀ […]