မြန်မာအစ ???
၂၀၀၈ ခုနစ်၊ ဇန္နဝါရီလ၊ ၁ ရက် (အင်္ဂါနေ့) ပုဂံသမိုင်းကို ပြောရင် တုတ်ထမ်းပြီး ပြောရမယ်တဲ့။ ဒါပေမယ့် တကယ်တမ်းတော့ မြန်မာ့သမိုင်းကို တုတ်ထမ်းပြီး ပြောရမယ်ဆိုရင် ပိုမှန်လိမ့်မယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက သင်ရိုးညွှန်းတန်းနဲ့ သင်ထားခဲ့တဲ့ မြန်မာရဲ့ အစ သမိုင်းက ဘယ်လောက် မှန်ကန်မှု ရှိနေမလဲ။ ကျနော်တို့ အားလုံး ကြားဖူးကြမယ်။ `မြန်မာအစ တကောင်းက´ တဲ့။ ဒါကို မြန်မာသမိုင်းသုတေသန လောကမှာ ထိတ်ထိတ်ကြဲ ကျော်ကြားခဲ့တဲ့ ဆရာကြီးတွေက လက်မခံကြဘူး။ အခုခေတ် ကျနော်တို့နဲ့ လက်လှမ်းမီခဲ့တဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင်ကလည်း ဒါကို လုံး၀ လက်မခံဘူး။ သူရဲ့ စကားလေးကို ကျနော် နားလည်သလို ပြန်ပြောပြပါ့မယ်။ […]