PK Portfolio

Posts

Thoughts, notes, and things to share.

ရှိခြင်း၊ မရှိခြင်း နှင့် လူ

မရှိတာကို အရှိလုပ်တာ လူညံ့မရှိတာကို ရှိအောင် အတင်းလုပ်ယူတာ လူမိုက်မရှိတာကို မရှိဘူးလို့ သိတာ ပညာရှိမရှိတာကို ရှိအောင် ကြိုးစားတာ လူတော်မရှိတာကို အရှိမြင်တာ စိတ်ကူးယဉ်သူရှိတာကို မရှိအောင် လုပ်တာ လူဆိုးရှိတာကို မရှိဘူးလို့ ထင်တာ အရူးရှိတာကို မရှိဘူးလို့ တွေးတာ အားနေတဲ့လူရှိတာကို မရှိဘူးလို့ ငြင်းတာ လူညာရှိသလို မရှိသလိုလို မြင်တာ စိတ်မနှံ့သူရှိသလို မရှိသလိုလို ပြောတာ လူလိမ်ရှိလိုက် မရှိလိုက် ဖြစ်စေချင်တာ လူယုတ်မာရှိရှိ မရှိရှိ မြင်နိုင်တာ တွေးခေါ်သူရှိရှိ မရှိရှိ နေတတ်တာ သူတော်ကောင်းရှိခြင်းနဲ့ မရှိခြင်းကို နားလည်တာ စူးစမ်းသူရှိခြင်းနဲ့ မရှိခြင်းကို ခံစားနိုင်တာ အနုပညာသမားရှိခြင်းနဲ့ မရှိခြင်းကို မေ့နိုင်တာ တရားသမားရှိခြင်းနဲ့ မရှိခြင်းကို စဉ်းစားနေတာ ကျနော်ပေါ့ဗျာ။

Continue reading →

ကျွန်တော်နှင့် ဘလော့ဂ်

ကျနော် ရန်ကုန်ကို စရောက်တော့ ကွန်ပြူတာ သင်တန်း စတက်ဖြစ်တယ်။ အဲဒီတုန်းက တွဲတဲ့ သူငယ်ချင်း (၇) ယောက်ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အခုအချိန်မှာ (၅) ယောက်ပဲ တွဲဖြစ်တော့တယ်။ ကျနော်တို့ ငါးယောက်အဖွဲ့က ယောကျ်ားလေးတွေ ချည်းပဲ။ အခုဆိုရင် သူငယ်ချင်း မျက်လုံး ပဲ အနားမှာ ရှိတော့တယ်။ ကျန်တဲ့ သူငယ်ချင်းတွေက နိုင်ချံဂါးမှာလေ။ ဒါပေမယ့် ၁၉၉၈ ခုနစ်မှာ မန်းကနေ သူပုန်တစ်သိုက် ရန်ကုန်ကို ရောက်လာလို့ သူတို့နဲ့ ခင်မင်ပြီး လူဆိုးတစ်ယောက် ကနေ လူမိုက်လုံးလုံး ဖြစ်သွားတယ်။ မန်းကရောက်လာကြတာ မိန်းကလေး (၅) ယောက်ပါ။ ဒါနဲ့ ကျနော်တို့ အဖွဲ့က စုစုပေါင်း (၁၀) ယောက်အဖွဲ့ ဖြစ်သွားတယ်။ ဒါပေမယ့် […]

Continue reading →

ဝါကျ၌ စကားလုံး မြှုပ်ရေးခြင်း

စကားလုံး မြှုပ်ရေးတဲ့ ဝါကျ ဖွဲ့စည်းပုံမျိုးက နေ့စဉ်သုံး ပြောစကားတွေမှာ မရှိမဖြစ်တဲ့ လက္ခဏာတွေ ဖြစ်တယ်။ အဲဒါတွေရဲ့ စည်းမျဉ်းသက်မှတ်ချက်၊ ဆက်နွယ်လေ့လာမှုတွေဟာ နည်းပါးနေသေးတယ်။ စကားလုံးမြှုပ်ရေးခြင်းကို တစ်ခါတစ်ရံမှာ `လျှော့ချခြင်း´၊ `အကျဉ်းချုံးခြင်း´ နှင့် `အစ စကားလုံး ဖွဲ့စည်းခြင်း´ တွေနဲ့လည်း ဆက်စပ် လေ့လာနိုင်တယ်။စကားလုံး လျှော့ချ ဖွဲ့စည်းခြင်း (Reduction) ဆိုတာ `ဥဒေါင်း´ ကို `ဒေါင်း´ လို့ ပြောကြသလို ၊ `သရက်အပင်´ ကို `သရက်ပင်´ လို့ ပြောကြတယ်။အကျဉ်းချုံခြင်း (Contraction) ဆိုတာ ညွှန်ကြားရေးမှူးချုပ်ကို `ညွှန်ချုပ်´ လို့ ပြောကြသလို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို `စီးပွားကူးသန်း´ လို့ ပြောကြသလို၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို `ပြည်ခိုင်ဖြိုး´ […]

Continue reading →

Zoom In Your Life

အကယ်၍ မမြင်ရဘူး ဆိုရင်ဖြင့် ဒီလင့်ခ်လေးကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။Human beings are such small creatures, aren’t they ?So don’t be too calculative on everything,Treasure every moment, do what you wish to do ….Broaden your view, broaden your mind,Don’t worry on something bothering you,Do treasure your life, live safely and peacefully,Always be happy to welcome the coming of the new […]

Continue reading →

လိမ်တယ် ညာတယ်

ပြီးခဲ့တဲ့ ပို့စ်ထဲမှာ ညာတာနဲ့ လိမ်တာ ပြောရင်းနဲ့ ဒီ ပို့စ်လေးကို ရေးမယ်လို့ မနေ့ကတည်းက ကျိန်းထားတာ။ လိမ်တယ်၊ ညာတယ်၊ ပွေလိမ်ရှုပ်တယ် ဆိုတာကို စဉ်းစားမိတော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ် နှစ်အုပ်ကို သွားသတိရတယ်။ ဒါနဲ့ မနက်က အဲဒီ စာအုပ်တွေ ပြန်မွှေရှာလိုက်ပြီး ပြန်ဖတ်လိုက်တယ်။ စာအုပ်က စိတ်ပညာအကြောင်း ရေးထားတာ။ သာမန် အသိပညာ ရှိတဲ့လူတွေ ဖတ်နိုင်အောင် ရေးထားတယ်။ အဲဒီ အထဲမှာ လိမ်တာ ညာတာနဲ့ ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးထားတယ်။ အဲဒီ ဆောင်းပါးကို ကျနော် ပြန် ကိုးကားပြီး နည်းနည်းလေး တင်ပြချင်လို့ပါ။ကျနော် ငယ်ငယ်ကတည်းက ကိုယ့်ကို လာညာရင် သိပ်မုန်းပါတယ်။ ဒါပေမယ့် လူ့ဘ၀ […]

Continue reading →

မိမိကိုယ်ကို အတင်းတုတ်ခြင်း

ကျနော့်ကို သူများအကြောင်းချည်း ပြောနေတယ် ဆိုပြီး လာအော်တယ်ဗျ။ ကိုယ့်အကြောင်းလည်း ပြောပါဦးပေါ့။ နောက် ညီမလေး မေပျိုကလည်း လာတက်ထားတယ်လေ။ ဒီတော့ ကျနော် သိသလောက်တော့ ပြောပြမယ်။ ကျနော်က တစ်ခါတစ်လေကျ ကိုယ့်ကိုယ်ကိုတောင် ဘာလုပ်လို့ လုပ်နေမှန်း သိပ်မသိချင်ဘူး။ ဒါကြောင့် ကျနော် သိသလောက် ရေးမယ်လို့ ပြောလိုက်တာပါ။ ကိုယ့်အကြောင်းကို ပြောရမယ် ဆိုရင် သေမလောက် ကြောက်ပါတယ်။ ဒါပေမယ့် ရင်းရင်းနှီးနှီး ခင်ရတော့မယ်လို့ ထင်လိုက်မိရင်တော့ အဲဒီလူကို သိထားသင့်သလောက် ကျနော် အမြဲ ပြောပြတတ်ပါတယ်။ ကျနော်က လူတစ်ယောက်ကို ခင်တော့မယ်ဆိုရင် အဲဒီလူကို အရင် အကဲခတ်တတ်ပါတယ်။ အဓိကက သူ့ရဲ့ စိတ်ဓါတ်ပါ။ နောက် အပြုအမူပေါ့။ နောက်ပြီး အကျင့်။ ဒီ သုံးခုကို […]

Continue reading →

ရှေးခေတ် ဓာတုဗေဒ ပညာရပ်

မြန်မာနိုင်ငံမှာ ဓာတုဗေဒ ဓာတ်ဆေး (Chemicals) တွေကို ပုဂံခေတ် ကတည်းက စပြီး သုံးတတ်တဲ့ အလေ့အဓ ရှိနေပြီလို့ ကျောက်စာ အထောက်အထား အရ သိရပါတယ်။ ပုဂံမြို့ဟောင်း စောလှဝန်းဘုရား အနီး အမတ် အသဝတ် ဓမ္မာမယား ကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျမ်းကိုး ကျမ်းကားနဲ့ စပြီး တွေ့ရတာကတော့ ၁၇၅၉ ခုနစ်က သင်္ဘောဆေးစာ အမည်ရှိတဲ့ ပေစာမူအရ သိရတယ်။ ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား လက်ထက်မှာ ရေးမှတ်ထားခဲ့တဲ့ သင်္ဘောဆေးစာ ဆိုတဲ့ ပေမူဟာ ဓာတုဗေဒကျမ်း တစ်ဆူပါပဲ။ အထဲမှာ ပါတဲ့ စာသားတချို့အရ အဲဒီကျမ်းဟာ မြန်မာနိုင်ငံနဲ့ အဲဒီအချိန်က အဆက်အသွယ် ရှိနေတဲ့ ပေါ်တူဂီတွေ ဆီကနေ ကူးယူထားတယ်လို့ သိရတယ်။မူရင်းကျမ်းမှာ ထုတ်လုပ်နည်းပေါင်း […]

Continue reading →

ကျနော်၏ ကျေးဇူးရှင်ကြီးများ (စာပေ)

ရေးမယ် ရေးမယ်နဲ့ ချိန်ရင်းနဲ့ပဲ အကြွေးကလည်း တစ်နေ့တစ်ခြား ပုံလအော် တိုက်လာပြီ။ တစ်ခုချင်းဆီ အမြန်ဆပ်မှ ဖြစ်မယ်လေ။ တော်ကြာ နောင်ဘဝကျ ဆပ်နေရမယ်။ ကျနော် အရင်ဆုံးနဲ့ အပြောချင်ဆုံး ကတော့ စာအုပ်တွေ နဲ့ သူတို့ရဲ့ စာရေးသူတွေ အကြောင်းပါ။ ကျနော့်ကို တက် (TAG) ထားတာကတော့ အကြိုက်ဆုံး စာရေးဆရာတွေကို ပြောဖို့ပါပဲ။ ဒါပေမယ့် သူတို့တွေ ရေးတဲ့ စာအုပ်ထဲက အကြိုက်ဆုံး စာအုပ်တချို့ကိုလည်း ထုတ်ပြချင်သေးတယ်။ အခု ကောင်းတယ်ဆိုတဲ့ အမြင်တွေက ကျနော် အမြင်ပဲ ဖြစ်လို့ မှားကောင်းမှားပါမယ်။ အနည်းဆုံး ကျနော် ဘာကို ကြိုက်သလဲ ဆိုတာတော့ စာဖတ်သူတွေ ရိပ်စားမိသွားမှာပါ။ကျနော် စာဖတ်လာတဲ့ သက်တမ်းက အတော် နုပါသေးတယ်။ လွန်ခဲ့တဲ့ […]

Continue reading →

ဂျစ် ဂျစ် ဘူ

လမင်းလေးက မသာတသာနဲ့ ဆိုတော့ ညအမှောင်က သိပ်မပီပြင်ဘူး ဖြစ်နေတယ်လေ။ ခပ်မှုန်မှုန်လေးမှာ အလင်းလေး ဖျဖျနဲ့ လမ်းလျှောက်ရတာ အတော်ကောင်းပဲ။ ဒီအချိန်မှာပဲ ရွာက ကာလသားတွေ လူပျိုလှည့်ကြတယ်လေ။ ခေတ်အခေါ် စော်ထွက် ဝိုက်တယ်ပေါ့ဗျာ။ ဒီလို ညမျိုးလေးကျတော့ သိပ်ကို Romantic ဆန်တယ်လေ။ ဒါကြောင့် လူပျိုတွေက ဒီလို အချိန်မျိုး ရွေးပြီး ရွာထဲက ကွမ်းတောင်ကိုင် မချောတွေဆီ အလည်သွားပြီ ပလီပလာ သွားလုပ်ကြတာပေါ့။ ခေတ်အခေါ် အီတယ်ပေါ့ဗျာ။ ကျနော်တို့ ရွာက လူပျိုကြီး ထွန်းဇော်က ရွာထိပ်က ကွမ်းတောင်ကိုင် အုန်းမြိုင်ဆီကို သွားဖို့ ပြင်ဆင်နေလေရဲ့။ ထွန်းဇော်က ရွာမှာ ရှက်တတ်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူးလေ။ အုန်းမြိုင်ဆီကိုတောင် ငယ်သူငယ်ချင်းတွေမို့ သွားရဲတာ။ ဟိုတစ်ယောက်ကလည်း […]

Continue reading →