PK Portfolio

Posts

Thoughts, notes, and things to share.

ယောက်ယက်ခတ်နေသော ပုံရိပ်များ

ကျနော်တို့ တစ်ခါတစ်လေမှာ ဘယ်ရယ်မှန်းမသိ စိတ်လှုပ်ရှား နေတတ်ပါတယ်။ ဒေါသ ထွက်လို့ပဲ ဖြစ်ဖြစ်၊ နှစ်လိုဖွယ် တစ်ခုခုကို စိတ်ကူးနေလို့ပဲ ဖြစ်ဖြစ်၊ ကြည်နူးနေလို့ပဲ ဖြစ်ဖြစ်၊ ကြောက်ရွံ့နေလို့ပဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့ စိတ်တွေက ယောက်ယက်ခတ်နေပါတယ်။ တည်ငြိမ်နိုင်စွမ်း မရှိတဲ့ ဒီစိတ်ကလည်း ထိန်းရ အတော်ခက်တယ်မလား။ တစ်ခါတစ်လေတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီးလည်း တချို့ လွှတ်ထားတတ်ကြတယ်လေ။ ခဲစင်တဲ့ ရေပြင်လို ပြာယာခတ်နေတဲ့ စိတ်ရဲ့ လှုပ်ရှားမှု အတိုင်းအတာကို ဘယ်လို တိုင်းတာမလဲ ဆိုတာဟာ သိပ္ပံပညာ အနေနဲ့ အတော်လေး စိတ်ခေါ်နေတဲ့ ခေါင်းစဉ်တစ်ခုပါ။ ဒါပေမယ့် အခု အောက်မှာ ပြထားတဲ့ ပုံတွေဟာ ကိုယ့်ရဲ့စိတ် ဘယ်လောက် ပြာယာခတ်နေသလဲ ဆိုတာကို ပြနိုင်တယ် ဆိုရင် ယုံကြပါ့မလားဗျာ။ဒီပုံတွေကို […]

Continue reading →

အသတ်များအား အသံထွက်၍ ရွတ်သော် …

မြန်မာစာကို ဖတ်တဲ့နေရာမှာ ပါဌ်ဆင့်နဲ့ အသတ်တွေကို အသံထွက်တဲ့ အခါမှာ အတော်ကလေး မှားကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ဖူးထားတဲ့ ဗဟုသုတလေး တချို့ကို ပြန်လည် ဖြန့်ေ၀ ပေးချင်ပါတယ်။ ဒါကို ဝေါဟာရတ္ထပကာသနီကျမ်း မှာ ဖော်ပြထားတယ် ဆိုပေမယ့် ကျနော်က ဦးထွန်းမြင့်ပြုစုထားတဲ့ ပါဠိသက် ဝေါဟာရ အဘိဓါန် စာအုပ်ထဲက မှတ်သားထားတာပါ။ ချွင်းချက်အနေနဲ့စကြဝဠာ – စက်ကြာဝဠာ လို့ ဖတ်တယ်။တိရစ္ဆာန် – တိရစ်ဆန်လို့ ဖတ်ရမှာပါ။ ဒါပေမယ့် တရိတ်ဆန်လို့ ဖတ်ကြတယ်။ပဋိသန္ဓေ – ပဋိတ်သဓေ လို့ ဖတ်ကြတယ်။ပရိသတ် – ပရိတ်သတ် လို့ ဖတ်တယ်။ပြာသာဒ် – ပြတ်သာဒ် လို့ ဖတ်တယ်။ဗိမာန် – ဗိတ်မှန် လို့ […]

Continue reading →

ငြိုးမာန်ဖွဲ့ ဒေါသ

လောကမှာ ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့ အမျှ ပိုင်ဆိုင်ချင်လာတဲ့ လောဘတွေ ဟာလည်း အတော်ကလေးကို တိုးပွားလာကြတယ်။ ပိုင်ဆိုင်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ယုံကြည်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ဒါကလည်း ပိုင်ဆိုင်မှု အတွက်ပဲလေ။ ယုံကြည်မှုဆိုတာ ကိုယ်ပိုင်ဆိုင် ထားတဲ့ အသိတရားလေ။ ကိုယ့်မှာ ရှိနေတာတွေအတွက် စိုးရိမ်တတ်လာတယ်။ ကိုယ့်မှာ မရှိရင်လည်း သောကတွေ ရောက်လာတယ်။ ကိုယ်က လိုချင်တာကိုး။ ကိုယ် မကျေနပ်တဲ့သူမှာ ရှိနေရင် သာ ဆိုးသေး။ ကိုယ် မရှိရင်၊ မရရင် သူများလည်း မရှိစေချင်ဘူး။ မရစေချင်ဘူး။ ဒါနဲ့ပဲ ကုန်းတိုက်တတ်လာကြတယ်။ စိတ်ထဲကနေ မကျေနပ်ရာက လက်တွေ့ဖျက်ဆီးဖို့ ကြိုးစားလာတယ်။ မနောကံ အကုသိုလ်ကနေ ဝစီကံကို ကူးလာတယ်။ မနာလို ဝန်တိုရာကနေ ကုန်းတိုက်လာတယ်။ […]

Continue reading →

မှန်ကိုကြည့် သတိရှိစေ။

အခုခေတ်ကာလမှာ နည်းပညာ တိုးတက်မှုနဲ့ ကုန်စည်စီးဆင်းတဲ့ အင်အားကြောင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ အတော် များများမှာ နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းတွေကို သုံးစွဲခွင့် ရလာကြတယ်။ ဒါဟာ ခေတ်တစ်ခုရဲ့ ကောင်းတဲ့ လက္ခဏာလို့ သက်မှတ်ကြပါတယ်။ အကောင်းရဲ့ အနောက်မှာ အဆိုးဆိုတာလေး အမြဲ ဖွားဖက်တော်လို လိုက်လာကြစမြဲပဲ မဟုတ်လား။ အခုခေတ်မှာ လုံခြုံရေး ဆိုတဲ့ စကားလုံးကို နိုင်ငံတိုင်း လိုလိုက ဖက်လဲ တကင်း သုံးလာကြတာ အားလုံးမှာ လုံခြုံရေးအတွက် စိုးထိတ် နေရလို့ပေါ့။ Public Area လို့ခေါ်တဲ့ လူအများ သွားလာတတ်တဲ့ နေရာတွေမှာ နိုင်ငံ အတော်များများက Security Camera ခေါ်တဲ့ လုံခြုံရေး ကင်မရာတွေ တပ်ဆင်လာကြတယ်။ အဲဒီ […]

Continue reading →

ဒါတွေတော့ စားချင်တယ်

`ဟေ့ ကောင်တွေ၊ မင်းတို့ ဗိုက်မဆာဘူးလားကွာ။ ငါတော့ အတော် ပျော့နေပြီကွ။´ လို့ ပြောလိုက်တဲ့ အချိန်က ည ၂နာရီခွဲပါ။ ဟိုးးးး ၁၉၉၈ ခုနစ်က။ အခုဆို ၉ နှစ်တောင် ရှိပြီ။ သူငယ်ချင်း တစ်သိုက် ကျနော့် ဦးလေးရဲ့ အခန်းလွတ် တစ်ခန်းမှာ စုနေကြပြီး ကွန်ပြူတာ ကိစ္စလေးတွေ လုပ်ကြတဲ့ အချိန်ပါ။ ညဉ့်လည်း နက်နေပြီ။ အားလုံး ဗိုက်တွေလည်း ဆာလို့ လှိမ့်ပိန့်နေကြတယ်။ ဒီအချိန်ကြီး ဘယ်မှာ သွားစားရမလဲ ဆိုတာနဲ့ ခေါင်းခြောက်နေကြတယ်။ ကျနော်တို့ နေကြတာက လွစ် (စ) လမ်းခေါ် ဆိပ်ကမ်းသာလမ်း အောက်ဘလောက်ပါ။ အချိန်မတော် ဗိုက်တွေ ဆာကြတော့ ဒုက္ခ ရောက်ပြီပေါ့။ ဒါနဲ့ အကုန်လုံး […]

Continue reading →

ပုဒ်ဖြတ် ပုဒ်ရပ် နှင့် အလွဲများ

ကျနော် အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် သိပ်မသိပါဘူး။ ဟိုအရင်လက အင်္ဂလိပ်လစဉ် မဂ္ဂဇင်း တစ်အုပ်ဖတ်ရင်း ရယ်လည်းရယ်ရ ဗဟုသုတလည်း ရလို့ မှတ်ထားပြီး အခု အားလုံးကို ပြန်ဖြန့်ေ၀ ပေးချင်တာပါ။ အဓိက အင်္ဂလိပ်စာမှာ ရှိတဲ့ ပုဒ်ဖြတ် ပုဒ်ရပ် Punctuation ကို သတိမထားဘဲ ဖြတ်ချင်တဲ့နေရာမှာ ဖြတ်လို့ ဖြစ်ခဲ့ရတဲ့ ကမောက်ကမလေးတွေပါ။အင်္ဂလိပ်စာ ပါမောက္ခ တစ်ယောက်က သင်ပုန်းမှာ ဒီလို ရေးလိုက်ပါတယ်။ woman without her man is nothing တဲ့။ဒါကို ကျောင်းသားတစ်ယောက်က ဒီလို ပုဒ်ဖြတ်လိုက်တယ်။Woman, without her man, is nothing.အဓိပ္ပါယ်က ယောက်ျားမရှိတဲ့ မိန်းမဟာ အလက္ကားပဲ တဲ့။ဒါပေမယ့် ကျောင်းသူတစ်ယောက်က ဒီလို ပြန်ပြီး […]

Continue reading →

အက္ခရာ နှစ်လုံး ဆင့်ခြင်း

မြန်မာစာပေ အရေးအသားပိုင်းကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာတော့ မကြာသေးပါဘူး။ ဒါပေမယ့် အပြောအဆိုပိုင်းတော့ ငယ်ငယ်ကတည်းက အတော်လေး စိတ်ဝင်စားလို့ စကားကြွယ်နည်း စာအုပ်တွေ တွေ့တိုင်း ဝယ်ဖတ်ဖြစ်တယ်။ သူငယ်ချင်းတွေ ကြားမှာ အမြဲ ငြင်းနေရတော့ ကိုယ်က တော်ကီကောင်းမှ သူတို့ထက် နှာတစ်ဖျား သာမယ်လေ။ ဥပမာ ဥပမေယျ တွေက ချည်ပြီး တုတ်ပြီး ပြောမှ သူငယ်ချင်းတွေက လက်ခံကြတာ ဆိုတော့ သူတို့ကို ငြင်းဖို့ဆို အချက်အလက် အတော် ရှာရတယ်။ သူတို့နဲ့ နှစ်ပေါင်း နှစ်ဆယ်နီးပါး ငြင်းလာကြတာ ဆိုတော့ တဖြည်းဖြည်းနဲ့ လက်ရည်တက်လာတာ ပေါ့ဗျာ။ ကျနော် မြန်မာစာနဲ့ ပတ်သက်ပြီး သိချင်ပေမယ့် စာအကိုးအကားနဲ့ မတွေ့လို့ လိုက်ရှာနေတဲ့ အကြောင်းအရာ တချို့ ရှိတယ်ဗျ။ […]

Continue reading →