PK Portfolio

Category: How to

လက်ကိုင်ဖုန်းနဲ့ ဘလော့ဂ် ဖတ်လို့ရအောင် (Mobile Blogging)

ဘလော့ဂင်းနဲ့ ပတ်သက်ပြီး ပို့စ်တွေ မရေးဖြစ်တာလည်း အတော်လေးကို ကြာသွားပါပြီ။ အဓိက အကြောင်းအရင်းကတော့ ကျနော် စာမဖတ်နိုင်တဲ့ ပြဿနာပါ။ ဒီမနက် နည်းနည်း အားနေတာနဲ့ နိုင်ငံခြား ဘလော့ဂ်တွေ လိုက်ဖတ် လိုက်လေ့လာရင်း လုပ်ချင်တာလေး တစ်ခု သွားတွေ့လို့ စမ်းသပ်ရင်း ပို့စ်တင်မယ်လို့ စိတ်ကူးရသွားပါတယ်။ အဲဒါ ကျနော်တို့ရဲ့ ဘလော့ဂ်ပို့စ်တွေကို လက်ကိုင်ဖုန်းကနေ ဖတ်လို့ ရအောင် လုပ်ခြင်းပါ။ လက်ရှိ ဘလော့ဂ် စာမျက်နှာအတိုင်း ဆိုရင် လက်ကိုင်ဖုန်းကနေ ဖတ်လို့ မရပါဘူး။ ဒါကြောင့် မျက်နှာပြင်ကျဉ်းတဲ့ လက်ကိုင်ဖုန်းကနေ ဖတ်လို့ရအောင် လုပ်ပေးဖို့ လိုပါတယ်။ ဟို အရင်ကတော့ အဲဒီလို လုပ်ဖို့အတွက် သီးသန့် တစ်ခုချင်းစီ ပြန်ပြင်ရမယ်လို့ ထင်ထားခဲ့တာပါ။ ဒီနေ့ Tech Dreams […]

ဆက်ဖတ်ရန် →

Yahoo Pipe ဖြင့် Blog list တစ်ခု ဖန်တီးခြင်း

Acknowledgement : တစ်နေ့က မျက်လုံးနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ကြရင်း ဘလော့ဂ်အကြောင်း ပြောကြရင်းနဲ့က Blog List အကြောင်း ရောက်သွားခဲ့တယ်။ ကျနော် Blogger ရဲ့ Blog List လုပ်ရတာ သိပ်ဘဝင်မကျတဲ့အကြောင်း ပြောပြတော့ မျက်လုံးက Blog List ကို စိတ်တိုင်းကျ လုပ်ချင်သလို လုပ်လို့ရကြောင်း နည်းလမ်း ဖတ်ဖူးကြောင်း ပြောတော့ ကျနော် အရမ်း ဝမ်းသာသွားတယ်။ ဒါနဲ့ သူ့ကို မေးကြည့်တော့ အတိအကျတော့ သူလည်း မေ့နေပြီ။ WeSheMe ရေးထားတာကို DeGoLar က ပြန်ညွှန်းရေးထားတာတော့ မှတ်မိတယ်လို့ ပြောပါတယ်။ WeSheMe ရေးထားတာတော့ ကြာပြီ။ DeGoLar ရေးထားတာတော့ နှစ်လလောက်ပဲ ရှိသေးတယ်တဲ့။ ဒါနဲ့ ကျနော်လည်း […]

ဆက်ဖတ်ရန် →

ပို့စ်အတွင်း၌ မာတိကာ ထည့်ခြင်း

မာတိကာ ကျနော်တို့ ပို့စ်ရေးတဲ့ အခါမှာ တချို့ပို့စ်တွေကို ခေါင်းစဉ် ခွဲပြီး ရေးဖို့ လိုအပ်တဲ့ အခါတွေ ရှိပါတယ်။ အကြောင်းအရာ ခပ်များများကို တစ်နေရာတည်း စုရေးမယ်ဆိုရင် တစ်ခုနဲ့တစ်ခု မရောနှောစေချင်တဲ့ ရည်ရွယ်ချက်တဲ့ ခေါင်းစဉ်တွေ ခွဲထားတတ်ပါတယ်။ တခါတလေ စာဖတ်သူဟာ တချို့ ခေါင်းစဉ်ကိုပဲ သီးခြား ရွေးကြည့်ချင်တဲ့ စိတ်ကူးမျိုး ပေါ်လာတတ်ပါတယ်။ ပေါ်လာပေမယ့်လည်း သူ့ခမျာ ပို့စ်တစ်ခုလုံးကို အစကနေ အဲဒီ ခေါင်းစဉ်ရောက်တဲ့ အထိ ဆွဲချပြီး ရှာကြရတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စာဖတ်သူ လွယ်လင့်တကူ ရှိစေဖို့ ကျနော်တို့ လိုအပ်ရင် ပို့စ်အထဲမှာပဲ မာတိကာ ထည့်ပေးဖို့ လိုအပ်လာပါတယ်။ ကျနော့်ပို့စ်ရဲ့ ညာဘက်ကို ကြည့်ကြည့်ပါ။ ကျနော် မာတိကာလေး တစ်ခု လုပ်ထားတယ်။ […]

ဆက်ဖတ်ရန် →

Blogger Template အကြောင်း (၂)

ဒီပို့စ်ကို မဖတ်ခင် အရင် ဖတ်စေချင်သော ပို့စ်- Blogger Template အကြောင်း (၁) (၂) Body Section ကဲ ကျနော်တို့ Body Section ကို ဆက်ကြည့်ကြစို့။ ဒီအပိုင်းဟာ တန်းပလိတ်ရဲ့ အနှစ်သာရပိုင်းပါ။ တကယ် လုပ်ဆောင်ချက်တွေ ရေးတဲ့ အပိုင်းလည်း ဖြစ်တယ်။ အပေါ်မှာ ကြေငြာထားတဲ့ အရောင်တွေ၊ အရွယ်အစားတွေ၊ ပုံစံတွေကို ဘယ်လို အသုံးချမယ်၊ ဘယ်လို အခြေအနေမှာ ထုတ်သုံးမယ် ဆိုတာတွေဟာ ဒီအပိုင်းမှာ ရေးရတာပါ။ Head အပိုင်းက သတ်မှတ်ပြီး Body အပိုင်းက အကောင်အထည် ဖော်တာပေါ့။                …        …        …      […]

ဆက်ဖတ်ရန် →

Blogger Template အကြောင်း (၁)

တကယ်တမ်းတော့ ဘလော့ဂါရဲ့ တန်းပလိတ်ကို နားလည်ဖို့ သိပ်မခက်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူက ကျနော်တို့ နားလည်လွယ်တဲ့ စကားလုံးတွေကို သုံးထားလို့ပါ။ ဥပမာ b:if ဆိုရင် အခြေအနေ စစ်ဆေးတဲ့နေရာမှာ သုံးတယ်။ b:loop ဆိုရင် ထပ်ခါ ထပ်ခါ လုပ်ရမယ့် နေရာမျိုးတွေမှာ သုံးတယ်။ ဒါ သာမန် အင်္ဂလိပ် အသုံးအနှုန်းနဲ့ သိပ်မကွာဘူး။ တကယ်လို့ စာဖတ်သူဟာ HTML အကြောင်း တီးမိ ခေါက်မိ ရှိရင်တော့ တန်းပလိတ်တစ်ခုကို ပြင်ဖို့ နားလည်ဖို့ မခက်တော့ပါဘူး။ နောက်ပြီး CSS အကြောင်းနဲ့ Javascript အကြောင်း အနည်းအကျဉ်း နားလည်မယ်ဆိုရင်တော့ ဘလော့ဂ် လုပ်ရတာ အတော်လေး အဆင်ပြေ လွယ်ကူသွားမယ်။ ကျနော် ဒီနေရာကနေ […]

ဆက်ဖတ်ရန် →

ဘန်းမကျော်ဘဲ ကွန်းမန့်ရေးနိုင်အောင်

ကျနော်တို့လို blogspot ကို မသုံးဘဲ သီးခြားဒိုမိန်းနဲ့ သုံးတဲ့ ဘလော့ဂါတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ Access Denied ဆိုတဲ့ ဘန်းကို ကျော်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော် အခုသုံးထားတဲ့ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းကို သုံးပြီးတဲ့ အခါမှာ ဘန်းကျော်ကြည့်ရတဲ့ ဒုက္ခကနေ လွတ်ကင်းသွားပေမယ့် နောက်ထပ် အခက်အခဲ သုံးခုကို ရင်ဆိုင်ရနေပါသေးတယ်။ သီးခြား ဒိုမိန်းယူတဲ့ လူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေပါ။ ဒီအခက်အခဲက ဖြေရှင်းလို့ရတဲ့ ပြဿနာတွေပါ။ အခက်အခဲတွေကတော့(၁) အရင် blogger.com မှာ တင်ထားတဲ့ ပုံတွေဟာ ဘန်းမြဲ ဘန်းခံရလို့ မပေါ်ပါဘူး။ Browse လုပ်ပြီး My Computer ထဲက တင်တဲ့ ပုံတွေ မှန်သမျှ blogger.com […]

ဆက်ဖတ်ရန် →

Gtalk မှာ Smiley လေးတွေ ထည့်ရအောင်

လူအများစု Smiley လေးတွေကို သဘောကျမယ်ထင်တယ်။ ကျနော်ကတော့ အတော် သဘောကျပါတယ်။ ကျောင်းတက်တုန်းက ကျနော်တို့ အုပ်စုရဲ့ နာမည်က Funny Smile တဲ့။ လိုဂိုကတော့ Smiley ပုံလေးပေါ့။ တစ်နေ့က ကျနော်ရဲ့ သူငယ်ချင်း မိတ်ဆွေ အမကြီး မချမ်း (မန်း) က ဂျီတော့ ကို အလှဆင်ဖို့ Smiley လည်းတွေ ထည့်နိုင်တဲ့ ပရိုဂရမ်လေး တစ်ခု လှမ်းပို့ ပေးလိုက်ပါတယ်။ ဒီမှာ Download ဒေါင်းလုတ် လုပ်လို့ ရပါတယ်။ ဒီ Smiley လေးတွေနဲ့ဆို ခံစားချက်ကလေးတွေ ပို အသက်ဝင်မယ် ထင်တယ်။ သူ့ကို ခေါ်ဖို့ ကော်မန်းကတော့ ကျက်ရတော့ မှာပေါ့။ အခု ဒီအောက်မှာ သုံးလို့ […]

ဆက်ဖတ်ရန် →

အားလုံးအတွက် myanmarbloggers.org ဒိုမိန်း

ကျွန်တော် ဒီပို့စ်လေးကို ခရီးမထွက်ခင် အသည်းအသန်ရေးရလို့ အမှားပါရင် ကိုယ့်ဖာသာ ကိုယ် နားလည်မှုနဲ့ ပြင်လိုက်ကြပါဗျာ။ဒီနေ့ပဲ ကုသိုလ်လည်းလုပ်တဲ့အနေနဲ့ အတွေးလေးထဲဝင်လာလို့ ထိရောက်တဲ့အလှူတစ်ခု လုပ်ချင်စိတ်ပေါ်လာပါတယ်။ ကျနော်တို့ ဘလော့ကာတွေအတွက် အနှောက်အယှက်တစ်ခု ဖြစ်တဲ့ ဘန်းကျော်ရတဲ့ဒုက္ခကို ကိုယ်ပိုင်ဒိုမိန်းတစ်ခုဆီကို လွှဲလိုက်ရင် ကြည့်တဲ့သူအားလုံး အတွက် အဆင်ပြေသွားပါတယ်။ ဒီကွက်လပ်ကလေးကို ဖြည့်ပေးချင်လိုက်တာပါ။ ဒါကြောင့် ဒီနေ့ပဲ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းတစ်ခု ဝယ်လိုက်ပါတယ်။ အဲဒီဒိုမိန်းမှာ မည်သည့်ဘလော့ကာကိုမဆို ကိုယ်ပိုင်ဆန္ဒအရ (subdomain) ဒိုမိန်းခွဲတစ်ခုစီ လုပ်ပေးချင် ပါတယ်။ ဒါဆိုလူတိုင်းရဲ့ ဘလော့ကိုကြည့်မယ့် ပရိသတ်တိုင်းဟာ အနှောက်ယှက်ကင်းကင်း ကြည့်နိုင်ကြပါလိမ့်မယ်။ဒါကြောင့် စိတ်ဝင်စားတဲ့သူ မည်သူမဆို [email protected] ကို email ပို့ပြီး ကိုယ်နာမည် (nick name)ရယ်၊ ဘလော့လိပ်စာရယ်၊ လိုချင်တဲ့နာမည်ရယ် ကိုထည့်ရေး […]

ဆက်ဖတ်ရန် →

ကလစ်နှိပ်နိုင်သော ပုံတစ်ပုံ ထည့်သွင်းခြင်း

မိမိပေါ်လိုသော ပုံကို အရင် Upload လုပ်ပါ။ ထိုနောက် မိမိ ပုံပေါ်လိုသော နေရာတွင်<a href=”ပေါ်လိုသော လိပ်စာ”><img src=”ပေါ်လိုသောပုံ ရှိရာလိပ်စာ”></a> ဥပမာအားဖြင့် target=”_blank” မှာ ကလစ်နှိပ်လျှင် စာမျက်နှာ အသစ်ဖြင့် ပေါ်ရန် ဖြစ်သည်။ height=”80″ နှင့် width=”40″ မှာ ပုံ၏ အရွယ်အစားကို သက်မှတ်ခြင်းဖြစ်သည်။ အရွယ်အစားသက်မှတ်ပေးခြင်းဖြင့် တင်ရမည့် ပုံကို ကန့်သတ်လိုက်သောကြောင့် တင်ရသော ကြာချိန် ပိုတိုတောင်းသွားနိုင်ပါသည်။

ဆက်ဖတ်ရန် →

Peekaboo ပို့စ် ခေါက်ခြင်း

မိမိ ဘလော့ဂ်တွင် တင်ထားသော ပို့စ်များ အလွန်တရာ ရှည်နေသောအခါ နောက်ပို့စ်တစ်ခုကို ကျော်ကြည့်သူများ အဖို့ အခက်အခဲ ကြုံတွေ့ကြရသည်။ ထို့ကြောင့် ပို့စ်ကို မိမိလိုအပ်သော ပမာဏသာ ဖော်ပြပြီး ဆက်လက် ဖတ်ရှုလိုသူများ ကလစ်နှိပ်၍ ဆက်လက်ဖတ်ရှုစေရန် ပြုလုပ်ထားနိုင်သည်။ ပို့စ်ခေါက်နည်းမှာ နှစ်မျိုးနှစ်စားရှိ၍ မိမိသက်မှတ်ထားသော စာလုံးကို ကလစ်နှိပ်လိုက်လျှင်(၁) သီးခြား တစ်ပို့စ်တည်းသာ ဖော်ပြခြင်း နှင့်(၂) လက်ရှိ စာမျက်နှာတွင် ချဲ့၍ ဖော်ပြခြင်း တို့ဖြစ်သည်။ ပထမ အမျိုးအစားမှာ ဘလော့ဂ်ကို (Refresh) ပြန်တင်သည်။ ထိုအမျိုးအစား၏ အားနည်းချက်မှာ ကော်နက်ရှင် နှေးသော ကျွန်တော်တို့လို နိုင်ငံအတွက် စာတစ်မျက်နှာ ပြန်တင်မည်ဆိုလျှင် အတော်လေး စောင့်ဆိုင်းရသောကြောင့် ပြန်ပြန်တင်နေလျှင် စောင့်နေရသည်နှင့်ပင် အချိန်ကုန်သွားမည်။ နောက်တစ်မျိုးမှာ ဘလော့ဂ်စတက်ကတည်းက […]

ဆက်ဖတ်ရန် →