PK Portfolio

Category: Anniversary

တို့စိတ်တွေ လေနေတဲ့ မေ (၃၁)

မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် […]

ဆက်ဖတ်ရန် →

(၄) နှစ်ပြည့် ဧရာဝတီအလွမ်း

ကျနော်တို့ ဒုတိယကမ္ဘာစစ်ကို မမီလိုက်ပါ။ ကျနော်တို့ မျိုးဆက်မှာ ကံကောင်းသည်ဟု ပြောရမည်။ ဖက်ဆစ်တော်လှန်ရေး စစ်ကို မမီခဲ့သလို၊ ပြည်တွင်းစစ်နဲ့လည်း မကြုံခဲ့ပါ။ နယ်စပ်မှာ နေတာမဟုတ်တော့ နယ်စပ်မှာ ဖြစ်တဲ့ မဲသဝေါလို၊ အခုနောက်ပိုင်း ဖြစ်တဲ့ နယ်စပ်စစ်ပွဲတွေကိုလည်း မမြင်မတွေ့ဖူးပါ။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်ရတော့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မြင်ဖူးနေတယ်။ စာတွေထဲမှာ လူတွေ ဘယ်လောက် ဒုက္ခရောက်တယ်လို့ သင်ရတော့ စစ်ပွဲဆိုတာကို စက်ဆုပ်ရွံမုန်းမိတယ်။ အဲဒီ စစ်ပွဲတွေကြောင့် မဖြစ်ခင်မှာလည်း လူသားတွေ ကြောက်ရွံ့စိတ်နဲ့ စိတ်ဆင်းရဲရ၊ ဖြစ်နေတုန်းမှာလည်း ပြေးရလွှားရနဲ့ စိတ်ဆင်းရဲရ၊ ဖြစ်ပြီးသွားတဲ့အခါမှာလည်း စစ်ပွဲရဲ့ အကြွင်းအကျန် အနိဋ္ဌာရုံတွေနဲ့ စိတ်ဆင်းရဲရ။ ကိုယ်ရော၊ စိတ်ပါ နလန်ထူဖို့ကို အတော်လေး အချိန်ပေးရလိမ့်မယ်။ အဲဒီလို စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကျနော်တို့ မျိုးဆက်ဟာ မမီလိုက်ရပေမယ့် သဘာဝကြီးက ဆင်နွှဲသွားတဲ့ စစ်ပွဲကြီးတစ်ပွဲကိုတော့ ကျနော်တို့ မြင်လိုက်ရဖူးတယ်။ ကြုံလိုက်ရဖူးတယ်။ ခံစားလိုက်ရဖူးပါတယ်။ အဲဒီ […]

ဆက်ဖတ်ရန် →