PK Portfolio

Category: ဘာသာပြန်အတတ်

The Reader ၏ ဘာသာပြန်စာပိုဒ်တချို့

ဆရာတင်မောင်မြင့်ရဲ့ ကျိန်စာသင့်အတိတ် ချစ်ဆိပ်ရည်ချို (The Reader) ကို ဖတ်ရင်း အပိုင်း (၂)၊ အခန်း (၁၂) အရောက်မှာ တစ်ခေါက်နဲ့ နားမလည်လို့ သုံး၊ လေးခေါက် ပြန်ဖတ်ခဲ့ရတယ်။ နားမလည်ဘူး ဆိုတာက အဖေနဲ့သားရဲ့ စကားပြောတွေမှာ တစ်ကြောင်းနဲ့တစ်ကြောင်း ဆက်စပ်ရ ခက်တာ၊ ပြီးတော့ နားလည်ရခက်တဲ့ စကားလုံးတွေ ပါလာတာကို ဆိုလိုတာပါ။ အပေါ်ယံလျှပ်ဖတ်သွားရင်တော့ ခြုံငုံပြီး နားလည်နိုင်ပါရဲ့။ ဒါပေမယ့် ဆက်စပ်အဓိပ္ပာယ်ကို ဖော်မရဘူး။ ကံကောင်းတာက အဲဒီ The Reader မှာက သူရိန်ဝင်း ဘာသာပြန်ထားတဲ့ နောက်တစ်မူ ရှိသေးတယ်။ ဒါနဲ့ သူရိန်ဝင်းမူကို ထပ်ဖတ်ကြည့်ရတယ်။ ရမ်နဲ့ မမူးလို့ ဝီစကီရောသလို ဖြစ်သွားသလား မသိဘူး။ သူရိန်ဝင်းမူကလည်း သူ့ဟာချည်းသက်သက်ဆို နားလည်ရခက်နေပြန်ရော။ […]

ဆက်ဖတ်ရန် →