PK Portfolio

Category: ပါဠိဝေါဟာရ

ပါဠိတော်လာ ဓုတ၊ ဓုတဝါဒ (ဓုတင်)

ဓုတင်ကို မြန်မာတွေက ဓူတင်လို့ အသံထွက်ကြတယ်။ မြန်မာအများစုက မိရိုးဖလာ ဗုဒ္ဓဘာသာတွေ ဖြစ်ကြပေမယ့် (မိရိုးဖလာ ဗုဒ္ဓဘာသာ ဖြစ်နေတာကြောင့်လည်း ဖြစ်မယ်) ဓုတင်အကြောင်းကို ကြားတောင် မကြားဖူးတဲ့ လူက အတော်များများ ရှိတယ်။ ဓုတင် (၁၃) ပါး ရှိတယ် ဆိုတာကို သိဖို့ ဝေးလို့။ ကျနော်တို့ မြန်မာတွေ နားလည်ထားကြတာက ဓုတင်ဆိုတာ လုပ်နိုင်ခဲတဲ့ အကျင့်၊ ခက်ခဲပင်ပန်းတဲ့ အကျင့်၊ ကျင့်စဉ်တွေလို့ပဲ​ ယေဘုယျ နားလည်ထားကြတယ်။ အဲဒီဓုတင်တွေကို ရဟန်းတွေကပဲ ကျင့်တာ များလေတော့ လူဝတ်ကြောင်တွေက မသိကြဘူး။ နောက်ပြီး အမှန်တကယ် ကျင့်ကြံကြတဲ့ ဆရာတော် သံဃာတော်တွေကလည်း သိုသိုသိပ်သိပ်ပဲ​ ကျင့်ကြံကြတယ်။ ဆိုလိုတာက သူတို့ ကျင့်ကြံနေပါတယ် ဆိုတာကို လူသိမခံကြဘူး။ လူမသိအောင်ကို […]

ဆက်ဖတ်ရန် →

ပါဠိစာပေလာ သဗ္ဗညုတဉာဏ်

ကျနော်တို့ ဗုဒ္ဓစာပေတွေကို လေ့လာသင်ယူတဲ့ အခါမှာ၊ ဖတ်ရှုမှတ်သားတဲ့ အခါမှာ ဆရာသမားတွေက ပါဠိကျမ်းစာတွေအပေါ် သံသယ မဖြစ်ဖို့၊ ကိုယ့်ဉာဏ် တစ်ထွာတစ်မိုက်လောက်နဲ့ ခြေရာမတိုင်းဖို့ ဆုံးမတတ်ကြတယ်။ ဘာဖြစ်လို့လဲ ဆိုတာ့ အဲဒီ ပါဠိကျမ်းစာတွေ အားလုံးက ဘုရားဟောတွေ မို့လို့ပါတဲ့။ ဘုရားဟော ဖြစ်တာနဲ့ပဲ ဘာဖြစ်လို့ သံသယ မရှိထိုက်တာလဲ၊ ဘာဖြစ်လို့ အကုန်လုံး အမှန်ချည်း ဖြစ်နေတာလဲ ဆိုတော့ ဘုရားရှင်က အလုံးစုံ၊ အရာခပ်သိမ်းသိတဲ့ (သဗ္ဗညူ) ပုဂ္ဂိုလ်မို့လို့ပါတဲ့။ ဒီတော့ အားလုံးကို မျက်စိမှိတ်လို့သာ ယုံပစ်လိုက် ဆိုတဲ့ သဘောပေါ့။ အထက်ပါ အဆိုမှာ ပေးထားချက် နှစ်ခု ပါနေတယ်။ ပထမ ပေးထားချက်နဲ့ ပတ်သက်ပြီး ပြောရရင် ပါဠိကျမ်းစာတွေထဲမှာ ဘုရားကိုယ်တော်တိုင် ဟောကြားတဲ့ မုခပါဌ်တော်တွေ […]

ဆက်ဖတ်ရန် →

ပါဠိတော်ရဲ့ စကြဝဠာ vs အဋ္ဌကထာရဲ့ စကြဝဠာ

စကြဝဠာလို့ ပြောလိုက်တာနဲ့ လူတိုင်းလူတိုင်းက အင်္ဂလိပ်လို Universe ကို တန်းမြင်မိကြမှာပဲ။ Universe ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မြန်မာလိုဆိုရင် ‘စကြဝဠာ’ ဆိုတဲ့ စကားလုံးနဲ့ အနက်ဖွင့်တယ်။ အတိအကျပြောရရင် စကားလုံး ဖလှယ်တယ်လို့ သုံးရမယ် ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှေးမြန်မာတွေ လက်ခံထားတဲ့ (အတိအကျ ပြောရရင် ဗုဒ္ဓစာပေရဲ့ ဩဇာလွှမ်းမိုးမှုကို ခံထားရတဲ့ လူတွေ လက်ခံထားတဲ့) ‘စကြဝဠာ’ ဆိုတာက သိပ္ပံက ပြောတဲ့ Universe နဲ့ အတော်ကြီးကို ကွဲပြားနေလို့ပါပဲ။ ကျနော်တို့ မြန်မာတွေ လက်ခံထားတဲ့ စကြဝဠာက အဋ္ဌကထာက ပြောတဲ့ စကြဝဠာပါ။ ဒီနေရာမှာ ကျနော် “အဋ္ဌကထာ” ဆိုတဲ့ စကားလုံးကို အထူးပြု သုံးထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ […]

ဆက်ဖတ်ရန် →

ပုံပျက်သွားသော ပါဠိသက် ဝေါဟာရများ – ကုဋီ

မြန်မာတွေရဲ့ ပါးစပ်ဖျားမှာ ‘ကုဋီ’ လို့ ပြောလိုက်တာနဲ့ အားလုံးက အိမ်သာ toilet ကို ပြေးမြင်ကြတာပဲ။ ကုဋီ ဆိုတဲ့ စကားလုံးက ပါဠိစကားလုံး ‘ကုဋိ’ ကနေ ဆင်းသက်လာတယ်။ ကုဋိ ဆိုတာ တကယ်တော့ အိမ်သာလို့ အဓိပ္ပာယ် မထွက်ဘူး။ မြန်မာတွေ ပါးစပ်ထဲမှာ ပြောရင်း ပြောရင်းနဲ့ ကုဋီကို အိမ်သာ လို့ပဲ မြင်ကြတော့တယ်။ အတိအကျ ပြောရရင်တော့ သံဃာသုံးအိမ်သာကို ကုဋီလို့ ခေါ်ကြတယ်။ လူဝတ်ကြောင်တွေတင် မကဘဲ ပါဠိစာတတ်တဲ့ ဘုန်းကြီးတွေကအစ ကုဋီ ဆိုရင် သံဃာသုံးအိမ်သာကိုပဲ ရည်ညွှန်းကြတယ်။ ‘ကုဋိ’ အကြောင်းကို မပြောခင် လမ်းကြုံလို့ ဋသန်လျင်းချိတ် (ဋ) ရဲ့ အသံထွက်ကို ပြောပြချင်သေးတယ်။ ဋ နဲ့ […]

ဆက်ဖတ်ရန် →

ပုံပျက်သွားသော ပါဠိသက် ဝေါဟာရများ – ဝေဒနာ

မြန်မာတွေက သုံးကြတယ်။ “ဝေဒနာခံစားနေရတယ်” တို့၊ “ဒီဝေဒနာကို မခံစားချင်တော့ဘူး” တို့ အပြောများ အသုံးများကြတယ်။ မြန်မာ အများစုက ဝေဒနာဆိုတဲ့ စကားလုံးကို ဒုက္ခဆိုတဲ့ စကားလုံးအစား ဖလှယ်ပြီး သုံးကြတယ်။ ဥပမာ “ဒုက္ခခံစားနေရတယ်” အစား “ဝေဒနာခံစားနေရတယ်” လို့ သုံးတယ်။ “ဒီဒုက္ခကို မခံစားချင်တော့ဘူး” အစား “ဒီဝေဒနာကို မခံစားချင်တော့ဘူး” လို့ ရေးကြတယ်။ ဒါကြောင့် မြန်မာစာမှာ ဝေဒနာ လို့ ရေးတာနဲ့ နာကျင်ခံခက်တဲ့ အတွေ့အကြုံပဲ ဆိုတာ တန်းသိနိုင်တယ်။ တစ်ခါတလေကျတော့ ဝေဒနာ ဆိုတာ ရောဂါကို ကိုယ်စားပြုပြန်တယ်။ အနာတရကိုလည်း ဝေဒနာလို့ သုံးပြန်တယ်။ ကင်ဆာဝေဒနာ၊ ခေါင်းကိုက်ဝေဒနာ စသဖြင့်ပေါ့။ ဒါကြောင့် ဝေဒနာ ဆိုတာနဲ့ ဆိုးရွားတဲ့ အခြေအနေကို […]

ဆက်ဖတ်ရန် →