PK Portfolio

Category: ကမ္ဘာ့သမိုင်း

တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) – Michael Lynch

အခုချိန်မှာ မြို့သိမ်းတိုက်ပွဲတွေ တစ်ခုပြီးတစ်ခု ကြားလာရတော့ မြန်မာပြည် ပြည်တွင်းစစ်သဘောက ထင်ရှားသထက် ထင်ရှားလာတယ်။ ကျနော်က နိုင်ငံရေး သုခမိန်လည်း မဟုတ်လေတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ဘာညာသာရကာ စာအရှည်ကြီး မရေးချင်ပါဘူး။ ဒါပေမယ့် စာဖတ်ဝါသနာပါသူ တစ်ယောက်ပီပီ ကမ္ဘာ့သမိုင်း လည်စောင်းပြီး ငဲ့ကြည့်လိုက်မိတယ်။ ဖြစ်ပြီးပျက်ပြီးတဲ့ ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက်မှာ လက်ရှိ ဖြစ်စဉ်နဲ့ အနီးစပ်ဆုံး ဒါမှမဟုတ် ဆင်ဆင်တူတဲ့ သမိုင်းဖြစ်စဉ် ဘာများ ရှိမလဲပေါ့။ ဒါနဲ့ တရုတ်ပြည်တွင်းစစ်ကို သတိရမိသွားတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မြို့သိမ်းတိုက်ပွဲတွေ၊ ဒါမှမဟုတ် ပြည်တွင်းစစ် ပုံစံနဲ့ တရုတ်ပြည်တွင်းစစ်နဲ့ တူများ တူလေမလားလို့ စာအုပ်တွေ ရှာဖတ်ကြည့်မိတယ်။ အောက်မှာ ပုံပြထားတဲ့ စာအုပ်ကတော့ တရုတ်ပြည်တွင်းစစ် (၁၉၄၅-၁၉၄၉) ကို […]

ဆက်ဖတ်ရန် →

Prisoners of Geography – Tim Marshall

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ စာအုပ်သုံးအုပ်ကတော့ နိုင်ငံရေးနဲ့ စပ်ဆိုင်တဲ့ စာအုပ်တွေပဲ။ အတိအကျ ပြောရရင်တော့ ပထဝီနိုင်ငံရေး ဒါမှမဟုတ် နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါ။ ရေးသူကတော့ တစ်ဦးတည်းပဲ။ Tim Marshall တဲ့။ ပထဝီနိုင်ငံရေးအကြောင်း လေ့လာမယ်ဆိုရင် မဖတ်မဖြစ်တဲ့ စာအုပ်တွေပေါ့။ ပထမစာအုပ်ဖြစ်တဲ့ Prisoners of Geography ကို ၂၀၁၅ ခုနှစ်က ထုတ်ခဲ့တယ်။ ဒုတိယစာအုပ် Power of Geography ကိုတော့ ၂၀၂၁ မှာ ထုတ်ခဲ့တယ်။ တတိယစာအုပ် Future of Geography ကတော့ ထွက်တော့ မကြာသေးဘူး။ ဒီနှစ် (၂၀၂၃) မှာ ထွက်ထားတာပဲ။ နိုင်ငံတကာဆက်ဆံရေးအကြောင်း ပြောရပြီဆိုရင် Geopolitics အကြောင်းကို နားမလည်လို့ မရဘူး။ […]

ဆက်ဖတ်ရန် →