PK Portfolio

Category: ဟာသ

You’ve Got Mail.

လူတစ်ယောက်ဟာ ဟိုတယ်တစ်ခုမှာ အခန်းယူပြီး သူ့အခန်းထဲကို ဝင်တော့ အခန်းထဲမှာ ကွန်ပြူတာတစ်လုံးတွေ့တာနဲ့ သူအတော်ဝမ်းသာသွားတယ်။ ဒီတော့ သူ့မိန်းမဆီကို လှမ်းပြီး သတင်းပို့မှပဲဆိုပြီး အီးမေးလ်တစ်စောင်ပို့လိုက်တယ်။ ဒါပေမယ့် သူ အီးမေးလ်လိပ်စာ မှားရေးလိုက်တာကို သူကိုယ်တိုင်တောင်မသိလိုက်ဘူး။ အဲဒီအီးမေးကို ပို့လိုက်ပြီလေ။အဲဒီအချိန် …. ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ မုဆိုးမတစ်ယောက်ဟာ သူ့ယောကျ်ားရဲ့အသုဘ ပို့ရာကနေ ပြန်ရောက်လာပြီး သူ့ကွန်ပြူတာမှာ အီးမေးလ်စစ်ဖို့ ပြင်ဆင်နေတယ်။ နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေရဲ့ အားပေးစကားလေးတွေ ကြားရမလားလို့ အီးမေးလ်ကို စစ်လိုက်တယ်။ ခဏအကြာမှာ အောင်မလေး လို့အော်တဲ့အသံကြားရလို့ သူ့သားက အပြေးလေးဝင်လာတော့ အမေလုပ်တဲ့လူက ကြမ်းပြင်မှာ ပက်လက်လန်ပြီး မေ့နေပြီ။ ဒါနဲ့ ကွန်ပြူတာကို ကြည့်လိုက်တော့ မော်နီတာ စကရင်မှာ ပေါ်နေတာကသို့ … ချစ်ဇနီးအကြောင်းအရာ ။ […]

ဆက်ဖတ်ရန် →

အောင်နိုင်သူသို့ ….

ကဝေမှတ်စု – မင်းခိုက်စိုးစန် စာမျက်နှာ (၁၀၂-၁၁၁) မှ ကောက်နှုတ်ထားသည်။ (ကြိုက်လွန်းလို့ မျှဝေခံစားခြင်းသက်သက်ပါ)အောင်နိုင်သူသည် သူ့စိတ်ကူးအတိုင်း ဖြစ်စေနိုင်သော အခွင့်အရေးကို ရသည်။Conqueror gets a chance to realize his idea.အောင်နိုင်သူဆိုတာဘာလဲ။ ဂျူးလိယက်ဆီဇာတစ်ယောက် အောင်နိုင်သူဖြစ်ဖို့ လူသန်းပေါင်းမည်မျှ သေပေးခဲ့ရ ပါသလဲ။ (ကျွန်တော် မအောင်နိုင်ချင်သော အရာနှစ်ခုရှိပါသည်။ ပထမတစ်ခုမှာ အချစ်ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ စစ်ပွဲဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ခုကို အောင်နိုင်ပြီးလျှင် နောက်ဆက်တွဲလိုက်၍ ပံ့ပိုးရသော ကုန်ကျ စရိတ်မှာ မဆုံးနိုင်အောင် ကုန်ရလွန်းသောကြောင့် ဖြစ်ပါသည်။နောက် … ထပ်မံစဉ်းစားရမည့် အချက်တစ်ချက်မှာ မိမိစိတ်ကူးများ ရုပ်လုံးပေါ်လာဖို့အတွက် ကိုယ်က အောင်နိုင်သူကြီးဖြစ်နေဖို့ အမှန်တကယ် လိုအပ်ပါသလား … ဟူသည့် မေးခွန်းပင်ဖြစ်သည်။ သင်ကော […]

ဆက်ဖတ်ရန် →

ဒါတို့တိုင်းတို့ပြည်

အမေရိကန်သမ္မတကြီး ဘုရှ် နှင့် ကျွန်တော်တို့၏ ဘဝရှင်မင်းတရားကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်မရဖြစ်နေကြရာမှ တစ်နေ့သ၌ ကောင်းဘွိုင်များကဲ့သို့ သေနတ်ချင်းယှဉ်ပစ်ကြဖို့ ဖြစ်လာ၏။နှစ်ယောက်စလုံး တစ်ယောက်ခေါင်းကိုတစ်ယောက် အသေအချာချိန်ပြီး ပစ်လိုက်နိုင်သည်။သို့သော် လဲကျပြီးသေအံ့မူးမူးဖြစ်နေသူက ဘုရ်ှ ….။ ဘဝရှင်မင်းတရားကြီးလည်း ဦးကျောက်လုံးရယ်သံဖြင့် တဟဲဟဲ ရယ်ပြီး ဘုရှ် အနားကပ်သွားသည်။အမေရိကန်သမ္မတကြီးလည်း အံ့သြစွာဖြင့် မေးသည်။`ဟေ့ကောင် ငါမင်းခေါင်းကို သေချာချိန်ပြီးပစ်တာပါ၊ မှန်သွားပါတယ်။ မင်းဘာမှ မဖြစ်ပါလား။´`ဟား .. ဟား .. ဟား .. မင်းက တုံး တာကိုး လဒရဲ့။ ငါက အစကတည်းက ခေါင်းမှမရှိတာ။ မှတ်ထား။´xxxxxxxxxxတစ်နေ့သ၌ ရုရှသတင်းစာတစ်စောင်တွင် အောက်ပါအတိုင်း သတင်းတစ်ပုဒ် ပါလာ၏။`ရုရှသိပ္ပံပညာရှင်များ သည် မြေကြီးကို တူးဆွကြရင်း ပေ ၁၀၀ အရောက်တွင် ကြေးနန်းကြိုးမျှင်တစ်ချောင်း တွေ့ရသည်ဟူသတတ် […]

ဆက်ဖတ်ရန် →

ဒါလေးနဲ့များဗျာ

မနေ့က ကျွန်တော်တို့ ကုမ္ပဏီမှာ ဝန်ထမ်းမိတ်ဆုံစားပွဲလုပ်တယ်လေ။ ကုမ္ပဏီသူဌေးက ပိုက်ဆံချွေတာတဲ့အနေနဲ့ ဝန်ထမ်းတစ်ယောက်ကို ဘီယာတစ်ခွက်တည်း သောက်ရမယ်လို့ ကန့်သတ်ထားတယ်။ ကျွန်တော်က အဲဒီ ဘီယာခွက်ကို စီစဉ်ရတဲ့သူပါ။ ဒီနေ့မနက် သူဌေးက ခေါ်ပြီး ကျွန်တော့်ကို အလုပ်ဖြုတ်လိုက်ပြီလို့ ပြောတယ်။ ကျွန်တော့်မှာ ဘာအပြစ်ရှိလို့လဲဗျာ။ ဒီခွက်ကလေးတွေ ဝယ်မိတာကို ………. Thanks to my friend, NNW, for sharing this photo

ဆက်ဖတ်ရန် →

ပြောပါများ စကားရ

ခွေးရှေ့လျှောက်ရင် လက်မ ဖွက်ထားတပည့် – ဆရာ၊ ခွေးတွေအရှေ့ ဖြတ်လျှောက်ရင် ခွေးကိုက်မခံရအောင် လူကြီးတွေက လက်မဖွက်လျှောက်ခိုင်းတယ်လေ။ အဲဒီလို ဖွက်လိုက်တော့ ခွေးကမကိုက်ရဲတော့ဘူးလား ဆရာ။ဆရာ – အေးပေါ့ကွ၊ အနည်းဆုံးလက်မတော့ အကိုက်မခံရဘူးပေါ့။ ခွေးက လက်မမှရှာမတွေ့ဘဲ။အိပ်ချင်မှ အိပ်မှာတပည့် – စာမေးပွဲကလည်း နီးနေပြီ။ စာကျက်စရာတွေလည်း အများကြီးကျန်သေးတယ်ဆိုတော့ ကျွန်တော်ဒီနေ့ အိပ်ချင်မှ အိပ်မှာ ဆရာ။ဆရာ – ဟေ၊ ဘာလုပ်မလို့လဲ။တပည့် – စာကျက်မလို့ပေါ့ဆရာရယ်။ အကြွေးတွေလည်းများတော့ ဒီည အိပ်ချင်မှအိပ်မယ်။ဆရာ – မလုပ်ပါနဲ့ငါတပည့်ရယ်။ ကျန်းမာရေးလည်းဂရုစိုက်ဦး။နောက်တစ်နေ့ …ဆရာ – ဘယ်လိုလည်း စာတွေအတော်ရနေပြီလား။တပည့် – မနေ့ညက (၈) နာရီလောက် အိပ်ချင်လာတော့ အိပ်လိုက်တယ်ဆရာ။ဆရာ – မင်းပြောတော့ အိပ်ချင်မှ အိပ်မှာဆို။တပည့် […]

ဆက်ဖတ်ရန် →