PK Portfolio

Category: ဟာသ

တစ်ကလုတ် တစ်ကလုတ်

ခွေးထက်မိုက်တဲ့ကောင် ခွေးထက်မိုက်တဲ့ကောင် ဟု ဆဲဆိုရေရွတ်နေသော ဆရာသမား၏ အနီးသို့ မျက်နှာငယ်လေးနှင့် ချဉ်းကပ်ရင်း “ဆရာ၊ ကျော်ဘာမှားလုပ်မိလို့လဲ ဆရာရယ်” ဟု မပွင့်တပွင့် မေးလိုက်သည်။ ဒေါက်စိုးက ခေါင်းမော့ကြည့်ရင်း”မင့်း ပြောတာ မဟုတ်ပါဘူးကွာ” ဟု နှစ်သိမ့်၏။ “ဒါဆို ဆရာက ဘယ်သူ့ကို မကျေမနပ် ဖြစ်နေရတာလဲ” ဟူသော အမေးကို “ကိုယ့်ကိုယ်ကိုယ်ပါကွာ” ဟု ဖြေရင်း ဒေါက်စိုးတစ်ယောက် စားပွဲပေါ်မှ စာအုပ်များကို စူးစူးရဲရဲ ကြည့်နေလေတော့သည်။ဆေးရုံတစ်ရုံတွင် ဖြစ်သည်။ ဆရာဝန်ကြီး round လှည့်နေ၍ ဆေးရုံထဲ လူများ ရှင်းလင်းနေ၏။ အမှန်ဆိုရသော် ထိုဆေးရုံမျိုးသည် ဆရာဝန်ကြီး round လှည့်သည်ဖြစ်စေ မလှည့်သည် ဖြစ်စေ ပုံမှန်အားဖြင့် ဧည့်သည် မရှိသလောက်ပင်။ ဆရာဝန်ကြီး ရောက်တော့မည် ဖြစ်၍ […]

ဆက်ဖတ်ရန် →

လင်ယောကျ်ား အရောင်းဆိုင်

လင်ယောကျ်ား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောကျ်ားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက “သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်” တဲ့။စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန် ယောကျ်ားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တစ်ထပ်က ယောကျ်ား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့် အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောကျ်ားလေးကို […]

ဆက်ဖတ်ရန် →

Sharing critical information

ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က”ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်”လို့ ကမ်းလှမ်းလိုက်တယ်။ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး […]

ဆက်ဖတ်ရန် →

ကူညီချင်စိတ်

အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အား မရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားစီ စာတစ်စောင် ရေးလိုက်တယ်။ ချစ်သား အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နားကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် […]

ဆက်ဖတ်ရန် →

အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်

တစ်ညနေ ယောကျ်ား အိမ်ပြန်ရောက်တော့ အိမ်ထဲမှာလည်း ပွစလန်းခတ်လို့။ ရှုပ်ပွ ပေတူးနေတယ်။ ဟိုနေရာကြည့်လည်း အမှိုက်တွေ မွစာကြဲ၊ ဒီနေရာကြည့်လည်း ဗြုတ်စဗျင်းနောင်းနဲ့ အိမ်တစ်လုံးလုံး ရစရာကို မရှိဘူး။ သူ့ ကလေးသုံးယောက်ကို ကြည့်ပြန်တော့လည်း အိမ်ရှေ့မှာ။ ညအိပ်ဝတ်စုံတောင် မလဲနိုင်ဘဲ ရွံ့ဗွက်တွေထဲ ပေတူးလန်အောင် ဆော့နေလေရဲ့။ စားထားပြီးသား မုန့်အိတ်အခွံတွေကလည်း မြေကြီးပေါ်မှာ စည်းမဲ့ကမ်းမဲ့နဲ့ ထိုးထိုးထောင်ထောင်။ အိမ်ရှေ့ ဧည့်ခန်းထဲ ဝင်လာတာ အမှိုက်ပုံထဲ ရောက်သွားသလား အောက်မေ့ရတယ်။ မိန်းမကားရဲ့ တံခါးတစ်ဘက်ကလည်း ပွင့်လို့။ ဘာထူးလို့တုန်း အိမ်တံခါးတွေ ပွင့်လျက်သား။ တစ်ရပ်ကွက်လုံး ဥဒဟို ဝင်ထွက် သွားလာနေတောင် သိမှာ မဟုတ်ဘူး။အဲ စာကြည့်ခန်း မီးအိမ်ကလည်း လဲလို့။ ကလေးတွေ ဆော့ထားတဲ့ ဘောလုံးကလည်း မီးအိမ်အောက်မှာ အခန့်သား။ […]

ဆက်ဖတ်ရန် →

ဘုရားသခင်သို့ ပေးစာ

–Select Language–MyanmarEnglish စာတိုက်မှာ အလုပ်လုပ်ပြီး အင်မတန်မှ သနားတတ်၊ ကြင်နာတတ်တဲ့ လူတစ်ယောက်ရှိတယ်။ သူ့အလုပ်က တစ်နေ့တစ်နေ့ ပို့ထားတဲ့ စာတွေရဲ့ လိပ်စာကို သေချာစစ်ဆေးပြီး လိပ်စာ အမှားတွေ၊ မပြည့်စုံတာတွေကို မူလ စာရှင်ဆီ ပြန်ပို့ပေးရတယ်။ တစ်နေ့ သူ စစ်ဆေးနေတုန်း တုန်ချိနေတဲ့ လက်ရေးနဲ့ လိပ်စာ ရေးထားတဲ့ စာတစ်စောင် သွားတွေ့တယ်။ လိပ်မူထားတာက ဘုရားသခင်ဆီသို့ တဲ့။ ဒီစာကို သူ ဖောက်ဖတ်ကြည့်မှ ဖြစ်မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ ဖောက်ဖတ်လိုက်တော့ အထဲမှာ ရေးထားတာကလေးစားကြည်ညို အားကိုးရပါသော ဘုရားသခင်ရှင့်ကျမဟာ အခုဆိုရင် အသက် (၈၃) နှစ် ရှိတဲ့ မုဆိုးမကြီး တစ်ယောက်ပါ။ အင်မတန် နည်းလှတဲ့ ပင်စင်လစာနဲ့ တစ်လတစ်လ […]

ဆက်ဖတ်ရန် →

ဘတ်စ် စီး မှတ်တမ်း

ကျနော် ရေးတဲ့ ပို့စ်တွေ အတော်များများ ဖတ်ထားရင် ကျနော် မန်းက လာတယ်ဆိုတာ သိနှင့်ပြီး ဖြစ်မှာပါ။ ဆယ်တန်းဖြေပြီးတော့ အဖေက ရန်ကုန်မှာ ကွန်ပူတာ သွားတတ်ချေ လို့ အမိန့်တော် ချတာနဲ့ ကျွန်တော်မျိုး ကျေးတော်မျိုး သားတော်မောင်လေးခမျာ မျက်လုံးကလည် နားသူငယ်နဲ့ ဘာမှန်း မသိတဲ့ ကွန်ပူတာကြီးကို တွေးကြောက်ရင်း အမျက်မာန် ရှမှာလည်း စိုးလှတာမို့ ရန်ကုန်ရွှေမြို့တော်သို့ အပြေးလေး ရောက်လာခဲ့ရတယ်။ အဖေကို မေးမိတယ်။ “အဖေ ကွန်ပူတာက ဘာလို့ ဖို့တုန်း၊ ဘာကြီးတုန်း” လို့ မေးလိုက်မိတယ်။ မေးရမယ်လေ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မန်းမှာ ကွန်ပူတာဆိုလို့ ဓါတ်ပုံတောင် မရှိဘူး။ အဖေက ဖြေတယ်။ ကွန်ပူတာနဲ့ အိမ်သာတက် (အင်တာနက်တက်) […]

ဆက်ဖတ်ရန် →

ဉာဏ်ကြီးရှင်ရဲ့ ပဲကြီးလှော်တစ်ဆုပ်

ကျနော် မန်းကို ပြန်တဲ့ တစ်ခေါက်ကပေါ့။ အောင်မင်္ဂလာကားကွင်းကို ညီက ကားနဲ့ လိုက်ပို့ပေးတယ်။ အချိန်စောနေသေးလို့ နှစ်ယောက်သား အအေးဆိုင် တစ်ဆိုင်မှာ ထိုင်ရင်း စကားပြောနေဖြစ်ကြတယ်။ သူနဲ့ စကားပြောနေရင်း ကျနော် စိတ်ဝင်စားနေတာ သူ့ရဲ့ တော်ကီ မဟုတ်ဘဲ သူ့ နောက်ကျော၊ ကျနော့် မျက်နှာချင်းဆိုင်က အဖြစ်အပျက်ကလေး ဖြစ်နေတယ်။ အထူးအဆန်းတော့ မဟုတ်ပေမယ့် သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဦးမလဲ၊ ဘယ်လိုများ လုပ်မလဲလို့ စိတ်ဝင်စားနေမိတယ်။ လေးဘီးကားလေး တစ်စီးပေါ်ကို လက်တွန်းလှည်း ဝိုင်းတင်နေကြတယ်။ တင်ဖို့ ကြိုးစားနေကြတာ လူသုံးယောက်။ အဆင်မပြေတော့ သူတို့ ခေါင်းခြောက်နေကြတယ်။ သိတဲ့ အတိုင်းပဲလေ။ လေးဘီးကားက အမိုးနဲ့ဆိုတော့ ခပ်ပုပု၊ အနံက ခပ်ကျဉ်းကျဉ်း။ တကယ်တန်း အရွယ်အစား တိုင်းကြည့်ရင်တော့ […]

ဆက်ဖတ်ရန် →

ဂျစ် ဂျစ် ဘူ

လမင်းလေးက မသာတသာနဲ့ ဆိုတော့ ညအမှောင်က သိပ်မပီပြင်ဘူး ဖြစ်နေတယ်လေ။ ခပ်မှုန်မှုန်လေးမှာ အလင်းလေး ဖျဖျနဲ့ လမ်းလျှောက်ရတာ အတော်ကောင်းပဲ။ ဒီအချိန်မှာပဲ ရွာက ကာလသားတွေ လူပျိုလှည့်ကြတယ်လေ။ ခေတ်အခေါ် စော်ထွက် ဝိုက်တယ်ပေါ့ဗျာ။ ဒီလို ညမျိုးလေးကျတော့ သိပ်ကို Romantic ဆန်တယ်လေ။ ဒါကြောင့် လူပျိုတွေက ဒီလို အချိန်မျိုး ရွေးပြီး ရွာထဲက ကွမ်းတောင်ကိုင် မချောတွေဆီ အလည်သွားပြီ ပလီပလာ သွားလုပ်ကြတာပေါ့။ ခေတ်အခေါ် အီတယ်ပေါ့ဗျာ။ ကျနော်တို့ ရွာက လူပျိုကြီး ထွန်းဇော်က ရွာထိပ်က ကွမ်းတောင်ကိုင် အုန်းမြိုင်ဆီကို သွားဖို့ ပြင်ဆင်နေလေရဲ့။ ထွန်းဇော်က ရွာမှာ ရှက်တတ်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူးလေ။ အုန်းမြိုင်ဆီကိုတောင် ငယ်သူငယ်ချင်းတွေမို့ သွားရဲတာ။ ဟိုတစ်ယောက်ကလည်း […]

ဆက်ဖတ်ရန် →

ဘာကြောက်သလဲ တဲ့။

အခုတစ်လော ဘလော့ဂ်တွေမှာ ကြောက်နေလိုက်ကြတာ အကောင်တွေ။ ထူးထူးဆန်းဆန်း မေပျိုကတော့ လူကြောက်သတဲ့။ အင်း ညီမရယ် လူဆိုတာ ဝါးမစားတတ်ပါဘူးကွယ်၊ ဝါးပဲ ချတတ်တာပါ။ သူတို့ ကြောက်တာကြည့်ပြီး ကိုယ်တောင် ဘာကြောက်လို ကြောက်ရမှန်း မသိတော့ဘူး။ ငယ်ငယ်ကနေ စပြောမယ်။ ငယ်ငယ်က သက်ရှိထဲမှာ အကြောက်ဆုံးကတော့ အမေပဲ။ ကလေးအတော် များများကတော့ ဒုတ်ကြောက်တယ်ဗျ။ ကျနော်ကတော့ မကြောက်ပေါင်။ အမေက ကျနော်တို့ကို ဒုတ်နဲ့ သိပ်မရိုက်ဘူး။ သူ့သားသမီးတွေ အနာတရ ဖြစ်သွားမှာ စိုးရိမ်ရှာ သပေါ့ဗျာ။ အဲ ဒါပေမယ့် ကျနော်က အမေ့ကိုတော့ ကြောက်ရတယ်ဗျ။ ကျနော်က ကန်လန်ကဆန် သိပ်လုပ်တတ်တာ ဆိုတော့ အမေက သူ့နားဘေးကနေ ကျနော့်ကို တစ်ဖဝါးမှ မခွာစေရဘူးလေ။ အဲဒီလို ချစ်တာ။ […]

ဆက်ဖတ်ရန် →