PK Portfolio

Category: ရောက်တက်ရာရာ

ယောက်ယက်ခတ်နေသော ပုံရိပ်များ

ကျနော်တို့ တစ်ခါတစ်လေမှာ ဘယ်ရယ်မှန်းမသိ စိတ်လှုပ်ရှား နေတတ်ပါတယ်။ ဒေါသ ထွက်လို့ပဲ ဖြစ်ဖြစ်၊ နှစ်လိုဖွယ် တစ်ခုခုကို စိတ်ကူးနေလို့ပဲ ဖြစ်ဖြစ်၊ ကြည်နူးနေလို့ပဲ ဖြစ်ဖြစ်၊ ကြောက်ရွံ့နေလို့ပဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့ စိတ်တွေက ယောက်ယက်ခတ်နေပါတယ်။ တည်ငြိမ်နိုင်စွမ်း မရှိတဲ့ ဒီစိတ်ကလည်း ထိန်းရ အတော်ခက်တယ်မလား။ တစ်ခါတစ်လေတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီးလည်း တချို့ လွှတ်ထားတတ်ကြတယ်လေ။ ခဲစင်တဲ့ ရေပြင်လို ပြာယာခတ်နေတဲ့ စိတ်ရဲ့ လှုပ်ရှားမှု အတိုင်းအတာကို ဘယ်လို တိုင်းတာမလဲ ဆိုတာဟာ သိပ္ပံပညာ အနေနဲ့ အတော်လေး စိတ်ခေါ်နေတဲ့ ခေါင်းစဉ်တစ်ခုပါ။ ဒါပေမယ့် အခု အောက်မှာ ပြထားတဲ့ ပုံတွေဟာ ကိုယ့်ရဲ့စိတ် ဘယ်လောက် ပြာယာခတ်နေသလဲ ဆိုတာကို ပြနိုင်တယ် ဆိုရင် ယုံကြပါ့မလားဗျာ။ဒီပုံတွေကို […]

ဆက်ဖတ်ရန် →

မှန်ကိုကြည့် သတိရှိစေ။

အခုခေတ်ကာလမှာ နည်းပညာ တိုးတက်မှုနဲ့ ကုန်စည်စီးဆင်းတဲ့ အင်အားကြောင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ အတော် များများမှာ နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းတွေကို သုံးစွဲခွင့် ရလာကြတယ်။ ဒါဟာ ခေတ်တစ်ခုရဲ့ ကောင်းတဲ့ လက္ခဏာလို့ သက်မှတ်ကြပါတယ်။ အကောင်းရဲ့ အနောက်မှာ အဆိုးဆိုတာလေး အမြဲ ဖွားဖက်တော်လို လိုက်လာကြစမြဲပဲ မဟုတ်လား။ အခုခေတ်မှာ လုံခြုံရေး ဆိုတဲ့ စကားလုံးကို နိုင်ငံတိုင်း လိုလိုက ဖက်လဲ တကင်း သုံးလာကြတာ အားလုံးမှာ လုံခြုံရေးအတွက် စိုးထိတ် နေရလို့ပေါ့။ Public Area လို့ခေါ်တဲ့ လူအများ သွားလာတတ်တဲ့ နေရာတွေမှာ နိုင်ငံ အတော်များများက Security Camera ခေါ်တဲ့ လုံခြုံရေး ကင်မရာတွေ တပ်ဆင်လာကြတယ်။ အဲဒီ […]

ဆက်ဖတ်ရန် →

ဒါတွေတော့ စားချင်တယ်

`ဟေ့ ကောင်တွေ၊ မင်းတို့ ဗိုက်မဆာဘူးလားကွာ။ ငါတော့ အတော် ပျော့နေပြီကွ။´ လို့ ပြောလိုက်တဲ့ အချိန်က ည ၂နာရီခွဲပါ။ ဟိုးးးး ၁၉၉၈ ခုနစ်က။ အခုဆို ၉ နှစ်တောင် ရှိပြီ။ သူငယ်ချင်း တစ်သိုက် ကျနော့် ဦးလေးရဲ့ အခန်းလွတ် တစ်ခန်းမှာ စုနေကြပြီး ကွန်ပြူတာ ကိစ္စလေးတွေ လုပ်ကြတဲ့ အချိန်ပါ။ ညဉ့်လည်း နက်နေပြီ။ အားလုံး ဗိုက်တွေလည်း ဆာလို့ လှိမ့်ပိန့်နေကြတယ်။ ဒီအချိန်ကြီး ဘယ်မှာ သွားစားရမလဲ ဆိုတာနဲ့ ခေါင်းခြောက်နေကြတယ်။ ကျနော်တို့ နေကြတာက လွစ် (စ) လမ်းခေါ် ဆိပ်ကမ်းသာလမ်း အောက်ဘလောက်ပါ။ အချိန်မတော် ဗိုက်တွေ ဆာကြတော့ ဒုက္ခ ရောက်ပြီပေါ့။ ဒါနဲ့ အကုန်လုံး […]

ဆက်ဖတ်ရန် →

ဘာကြောက်သလဲ တဲ့။

အခုတစ်လော ဘလော့ဂ်တွေမှာ ကြောက်နေလိုက်ကြတာ အကောင်တွေ။ ထူးထူးဆန်းဆန်း မေပျိုကတော့ လူကြောက်သတဲ့။ အင်း ညီမရယ် လူဆိုတာ ဝါးမစားတတ်ပါဘူးကွယ်၊ ဝါးပဲ ချတတ်တာပါ။ သူတို့ ကြောက်တာကြည့်ပြီး ကိုယ်တောင် ဘာကြောက်လို ကြောက်ရမှန်း မသိတော့ဘူး။ ငယ်ငယ်ကနေ စပြောမယ်။ ငယ်ငယ်က သက်ရှိထဲမှာ အကြောက်ဆုံးကတော့ အမေပဲ။ ကလေးအတော် များများကတော့ ဒုတ်ကြောက်တယ်ဗျ။ ကျနော်ကတော့ မကြောက်ပေါင်။ အမေက ကျနော်တို့ကို ဒုတ်နဲ့ သိပ်မရိုက်ဘူး။ သူ့သားသမီးတွေ အနာတရ ဖြစ်သွားမှာ စိုးရိမ်ရှာ သပေါ့ဗျာ။ အဲ ဒါပေမယ့် ကျနော်က အမေ့ကိုတော့ ကြောက်ရတယ်ဗျ။ ကျနော်က ကန်လန်ကဆန် သိပ်လုပ်တတ်တာ ဆိုတော့ အမေက သူ့နားဘေးကနေ ကျနော့်ကို တစ်ဖဝါးမှ မခွာစေရဘူးလေ။ အဲဒီလို ချစ်တာ။ […]

ဆက်ဖတ်ရန် →

Everything Good Reminds Me Of You

ကျနော် မန်းပြန်သွားတော့ အိမ်မှာ လျှောက်မွှေရင်းနဲ့ ၂၀၀၂ ခုနစ်က ကျနော် ရေးခဲ့တဲ့ ဒိုင်ယာရီ အဟောင်းလေး တွေ့လို့ ပြန်ဖတ်ရအောင် ရန်ကုန်ကို သယ်လာခဲ့တယ်။ အဲဒီ ဒိုင်ယာရီထဲမှာ ဖတ်ခဲ့တဲ့ စာအုပ်တွေက မှတ်သားစရာ ကောင်းတဲ့ စာသားတွေကို ပြန်ဖတ်ရတော့ ကျေနပ်သွားတယ်။ ကျနော် ဖတ်ခဲ့သမျှ မှတ်ထားမိတော့ အလဟသတ် မဖြစ်တော့ဘူးပေါ့။ ဒါနဲ့ ဖတ်ရင်း ဖတ်ရင်း ၂၈ ရက် အောက်တိုဘာလမှာ ရေးထားတဲ့ စာတွေကို ရောက်တော့ ဘာကို ခံစားရမှန်း မသိ ခံစားလိုက်ရတယ်။ အဲဒီ ခံစားချက်ကို အဓိပ္ပါယ် မဖွင့်တတ်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အခု ပို့စ်တစ်ခုအနေနဲ့ တင်ပြပြီး ဖတ်သွားတဲ့ သူတွေကို ဘယ်လို ခံစားလိုက်ရလဲလို့ မေးချင်တာပါ။ […]

ဆက်ဖတ်ရန် →

အီးကျူ စစ်တမ်း

ဒီ EQ စစ်တဲ့ ဆိုက်ကို နှင်းဆီနီနီ ဆီမှာ တွေ့တာပါ။နည်းနည်းတော့ လျှာရှည်ပါရစေ။ အီးကျူဆိုတာ ခံစားမှုပိုင်းဆိုင်ရာ အရည်အချင်းပေါ့။ အဖြစ်အပျက်တွေမှာ လူတွေက ဘယ်လို တုန့်ပြန်သလဲ ဆိုတာပေါ် မူတည်ပြီး အဲဒီလူရဲ့ အနာဂတ်က ပြောင်းလဲသွားပါတယ်။ စိတ်ဆိုးလို့ ဓါးနဲ့ ထထိုးတဲ့လူ ရှိသလို ငိုတဲ့သူတွေလည်း ရှိပါတယ်။ လူတစ်ယောက်ချင်းဆီမှာ တုန့်ပြန်ပုံတွေ မတူကြပါဘူး။ ပြသနာကြီးငယ်ကို ဖြေရှင်းတဲ့နေရာမှာ အတတ်ပညာတချို့ လိုသလိုပဲ အသိတရားကလည်း လိုသဗျ။ လူတစ်ယောက်မှာ IQ မြင့်ဖို့ လိုသလိုပဲ EQ မြင့်ဖို့က အရေးကြီးတယ်။ နှစ်ခုစလုံးက ရေချိန်မျှနေရင် အကောင်းဆုံးပါ။ အဆိပ်တွေ ဓါတုလက်နက်တွေ ထွင်ကြတဲ့လူတွေရဲ့ IQ ကို ကျနော်တို့ မမှီပါဘူး။ ဒါပေမယ့် သူတို့မှာ EQ […]

ဆက်ဖတ်ရန် →

ရွှီး

ပြီးခဲ့တဲ့ လကုန်လောက်ကစပြီး ဘလော့ဂါ အတော်များများ စားမေးပွဲ ရှိလို့ဆိုပြီး အရေးအဖတ် နားမယ်ပေါ့။ ဒါလေးတွေ ကျနော်ဖတ်လိုက်ရတော့ စာမေးပွဲဆိုတာကြီးကို မျက်လုံးထဲ ပြန်မြင်ယောင်လာမိတယ်။ ကျနော် စာမေးပွဲနဲ့ လွတ်ခဲ့တာ ၅ နှစ်လောက်ရှိပြီ။ စာမေးပွဲဆိုတဲ့အတိုင်း အခန်းထဲမှာ လူတကာကို စာတွေ လိုက်လိုက်မေးရတာ အမော။ နင့်အဖြေမှန်တယ်၊ ငါ့အဖြေမှန်တယ်နဲ့ ခိုးခိုးပြီး ငြင်းလိုက်ရတာလဲ အမောပဲ။ ဆယ်တန်းဆရာ တစ်ယောက်ပြောဖူးတာ မှတ်မိတယ်။ စာမေးပွဲဆိုတာ နတ်တင်မှရတယ် မှတ်ထားတဲ့။ အဲဒီစကားကို ဘယ်လိုသဘောရလဲ။ ဆရာ၊ အဲဒီနတ်ကို ဘယ်လိုတင်ရမလဲ။ အုန်းပွဲနဲ့လား။ ဆွမ်းပွဲနဲ့လားလို့ မေးတော့၊ ဟဲ့ ငတုံးရ နတ်တင်မှရမယ်ဆိုတာ နင်တတ်မှ ရမယ်လို့ပြောတာကွ။ အော် မှတ်သားလောက်ပါပေတယ် ဆရာရယ်။စာမေးပွဲဆိုရင် ကြီးကြီးကျယ်ကျယ် ဖြေတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သွားသတိရမိတယ်။ […]

ဆက်ဖတ်ရန် →

အိတ်ထဲမှာ ဒါအကုန်ပဲ

ကဲကဲ၊ သူငယ်ချင်းများက အိတ်မှာရှိတာ ထုတ်ခါပြဖို့ တောင်းဆိုလာတော့ ကဲ … လာရော့ လဟယ်။ကျနော် ဘာရေးလို ရေးရမှန်းမသိ ဖြစ်နေတယ်။ ကျနော် လွယ်အိတ်မလွယ်တတ်ဘူး။ ၁၀ တန်းကျောင်းသားဘဝအထိပဲ ဆရာမရိုက်မှာစိုးလို့ လွယ်အိတ်လွယ်ခဲ့ဖူးတယ်။ တက္ကသိုလ်ရောက်တော့ ဆဲမယ့်လူမရှိဘူးလေ။ အဟေ့ အေးဆေးပဲ။ လွယ်အိတ်မလွယ်တော့ဘူး။ ဒီတော့ ကျောင်းသွားတော့ ဘယ်လိုသွားလဲ မေးချင်ကြမယ်။ ကျနော် စာအုပ်တစ်အုပ်ပဲ ယူသွားပါတယ်။ အင်္ကျီအိတ်ကပ်မှာတော့ ဘောလ်ပင်တစ်ချောင်း ထိုးထားတယ်။ နောက်ပြီး ငွေနှစ်ရာနဲ့။ ကျောင်းမှာ မုန့်ဝယ်ကျွေးရမှာစိုးလို့ ပိုမထည့်တတ်ပါ။ တစ်နေ့ကို လက်ချာ ၅ ချိန်ရှိလည်း ဒီစာအုပ်တစ်အုပ်တည်းပဲ တန်းစီပြီးပေါင်းရေးတယ်။ အဲဒီတော့ ဘာကောင်းလဲဆို ကျောင်းသွားခါနီး ဒီနေ့ဘာအချိန်တွေလဲ၊ ဘယ်စာအုပ်ထည့်ရမှာလဲ ပူစရာမလိုတော့ဘူး။ ကျောင်းတက်ကလည်းမှန်တော့ တတိယနှစ်ရောက်တဲ့အထိ အဲဒီစာအုပ်က မကုန်သေးဘူး။ တတိယနှစ်ထိ […]

ဆက်ဖတ်ရန် →

ဪ … ဆောင်း၊ ဆောင်း

`ဆောင်း´ ဆိုတဲ့ စကားလုံးကိုကြားရင် မအေးတတ်တဲ့ ရန်ကုန်ကို ကျနော်မုန်းပါတယ်။ မန္တလေး မှာ မွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာတော့ အေးတယ်ဆိုတာကို ကောင်းကောင်းသိနေပါတယ်။ ရန်ကုန်ရောက်တော့ ဆောင်းတွင်းဆိုတာကို လိုက်ရှာနေမိတယ်။ ကျနော်ငယ်ငယ်က ဆောင်းတွင်းဆို သိပ်သဘောကျတယ်။ အိပ်ရတဲ့အချိန် ပိုများလာလို့လေ။ ညတာရှည်လာတာကိုး။ နည်းနည်းမှောင်တာနဲ့ မေမေညရောက်ပြီ အိပ်တော့မယ်ဆိုပြီး ဝင်အိပ်တာပဲ။ နောက် ဆောင်းတွင်းမှာ အေးလွန်းလို့ဆိုပြီး အင်္ကျီ (၇)ထပ်ထိ ဝတ်ဖူးတယ်။ အဲဒီလိုဝတ်ရင် အပေါ်ဆုံးအထပ်က အဖေ့အင်္ကျီကို ဝတ်ရတယ်။ အလယ်ထပ်က အကို့အင်္ကျီပေါ့။ ဖြစ်နေမယ့်ပုံစံကို မှန်းကြည့်ပါလား။ အဟိ၊ ရွှေငါးကို လေမှုတ်ထားသလို ဖြစ်နေတာ။ သေးသေးလုံးလုံးလေး။ရန်ကုန်သား၊ ရန်ကုန်သူတွေကို ကျနော် အမှန်သနားမိပါတယ်။ မိမိ ဝယ်ထားတဲ့ စွယ်တာအင်္ကျီတွေ၊ ခေါင်းစွတ်တွေ၊ မာဖလာတွေကို ကျိုက်ထီးရိုးမှာမှ အဲဒီလောက်မအေးပါဘဲ […]

ဆက်ဖတ်ရန် →

ပြန်လည်ဆုံတွေ့ကြပါစို့

မင်္ဂလာပါဗျာ ….ကျွန်တော် မနေ့က (၂၈.၁၀) ပြန်ရောက်ပါတယ်။ ပြန်ရောက်ရောက်ချင်းပဲ ဆီပုံးမှာ ဘာတွေ အော်ထားကြသလဲလို့ အပြေးအလွှား အရင်သွားကြည့်မိပါတယ်။ ပါးထားလိုက်တဲ့ အမှာစာ တွေကလည်း မနည်းပါလားနော်။ အစော့မက်တဲ့ ကလေးတွေက သေနတ်မှာကြသဗျာ။ အစားမက်တဲ့ကလေးတွေက မုန့်မှာကြသဗျာ။ စိတ်မပူပါနဲ့။ အားလုံးအတွက် လုံလုံ လောက်လောက် ဝယ်ခြမ်းလာပါတယ်။ မနေ့ကပြန်ရောက်တော့ မောမော၊ ဆာဆာ၊ ညောင်းညောင်းနဲ့ပဲ သူငယ်ချင်းတချို့ဆီ သွားလည်တော့ Chaos ဆီရောက်တော့ သူက လက်နာနေလို့ မရေးနိုင်လို့ ခဏနားမယ်ဆိုတဲ့အကြောင်း တွေ့ရတယ်။ သူ့အတွက်လည်း ဆေးပါလာသဗျာ။သူက လက်နာလို့ဆိုပြီး ပို့စ်အသစ်တင်ဖို့ ခဏနားတယ်လို့ပြောတော့ ကျနော်ကလည်း တောင်တက်လာရတာ ခြေထောက်တွေညောင်းနေလို့ တစ်ရက်နှစ်ရက်လောက် ခဏနားပါ ရစေလို့ ပြောရင်ကောင်းမလား စဉ်းစားနေတာ။ ကျနော့်မှာ ဘာနဲ့တူနေလဲဆိုတော့ အိမ်စာတွေမပြီးလို့ မျက်နှာငယ်လေးနဲ့ […]

ဆက်ဖတ်ရန် →