PK Portfolio

Category: မြန်မာ့သမိုင်း

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် – ကျမြီး

မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် (ဘာသာပြန်သူ ကျမြီး) စာအုပ်က မဂ္ဂဇင်းဆိုဒ် စာမျက်နှာ ၆၀၀ ကျော်ပါတဲ့ စာအုပ်အထူကြီးဆိုတော့ အတော်လေး ဖတ်ယူခဲ့ရတယ်။ စာအုပ်ရဲ့ မူရင်းစာရေးသူက ဆာ ဝီလီယံ ဆလင်း။ သူက ၁၉၄၂ ခု အင်္ဂလိပ်တပ်တွေ မြန်မာပြည်ကနေ အိန္ဒိယပြည်ထဲ ဆုတ်ခွာတော့ သူက ဦးစီးခဲ့ရတယ်။ နောက်ပြီး ၁၉၄၄ ခုကနေ စပြီး မြန်မာပြည်ကို ပြန်သိမ်းတော့လည်း Burma Campaign ရဲ့ စစ်သေနာပတိအနေနဲ့ ဦးဆောင်ပြီး သိမ်းခဲ့တာဆိုတော့ ဒီစာအုပ်က သူရဲ့ မြန်မာပြည်စစ်မှတ်တမ်းလို့ ပြောလို့ရတယ်။ ဒီစာအုပ် မဖတ်ခင်က သိချင်နေခဲ့တဲ့ အချက်တချို့ ရှိခဲ့တယ်။ ၁၉၄၂ ခုနှစ်လောက်မှာ ဗြိတိသျှဟာ ပြိုင်ဘက်မရှိ ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ငံအနေနဲ့ ရပ်တည်နေနိုင်တုန်းပဲ။ (အဲဒီအချိန်မှာ […]

Continue reading →