PK Portfolio

Category: ဗဟုသုတ

ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင်က ဘယ်တောင်လဲ။

ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင်က ဘယ်တောင်လဲလို့ မေးရင် ကလေးကအစ ဧဝရတ်တောင်လို့ ဖြေကြမှာပဲ။ တစ်နေ့က (တစ်နေ့က ဆိုပေမယ့် ဖတ်ထားဖူးတာ ၅ နှစ်လောက်တောင် ရှိပြီ) Quora မှာ အဲဒီ မေးခွန်းကို မေးထားတာ တွေ့တော့ စိတ်ဝင်စားလို့ ဝင်ဖတ်ကြည့်လိုက်တယ်။ စိတ်ဝင်စားလို့ ဆိုတာထက် ထူးဆန်းလို့လို့ ပြောရင် ပိုမှန်မယ်။ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်က ဧဝရတ်တောင်လေ။ ဘာထူးဆန်းလို့လဲ။ မေးစရာ လိုသေးလို့လား။ ဖတ်စာအုပ်တွေထဲမှာတောင် ပါတာပဲဟာ။ ဒါပေမယ့် Quora ထဲမှာ မေးထားလို့ ဝင်ဖတ်ကြည့်လိုက်တော့မှ ကိုယ်လည်း သေတ္တာထဲက ထွက်နိုင်တော့တယ်။ အများလက်ခံထားတဲ့အတိုင်း ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်က ဧဝရတ်တောင် မဟုတ်ဘူးလား။ သံသယဝင်စရာ ရှိသေးလို့လား သံသယ ဝင်စရာတော့ မရှိပါဘူး။ ဧဝရတ်တောင်ရဲ့ […]

Continue reading →

လူက လေကို မမြင်ရတော့ ရေသတ္တဝါတွေကရော ရေကို မြင်ရသလား

စိတ္တဇဂရုတစ်ခုမှာ အဲဒီလို မေးထားတာတွေ့လို့ ဟိုးအရင်တစ်ချိန်က ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးအတိုလေးကို ပြန်သတိရသွားတာနဲ့ ပြန်ရှာပြီး မြန်မာလို ပြန်ပေးလိုက်ပါတယ်။ ဦးနှောက်က အမြင်အာရုံအတွက် အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို အလိုအလျောက် ဖယ်ထုတ်ပေးတယ်။ အနံ့ခံအာရုံမှာလည်း အဲဒီသဘောပဲ။ ကျနော်တို့ လေရဲ့ အနံ့ကို မရကြဘူး။ အဲဒီလိုပဲ မျက်စိကလည်း လေကို မြင်ရမှာ မဟုတ်ဘူး။ ဦးနှောက်က ကျနော်တို့ အမြဲဆက်ဆံထိတွေ့နေရတဲ့ လေရဲ့အဆင်းကို အမြင်အာရုံကနေ အလိုအလျောက် ဖယ်ထုတ်ပေးထားတယ်။ တကယ်လို့သာ ဖယ်ထုတ်မထားရင် ကျနော်တို့ရဲ့ အမြင်မှာ ကန့်လန့်ကာတစ်ခု ကာထားသလို ဖြစ်နေတော့မှာပေါ့။ ဒါကြောင့် လေအပြင် လေနဲ့ သဘောဆင်တူတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်က အလိုအလျောက် filter လုပ်ပေးထားတယ်။ ဒါမှလည်း ကုန်းနေသတ္တဝါတွေ အနေနဲ့ ပြင်ပလောကကို […]

Continue reading →

ဗျိုင်းမှာ အထီးမရှိဘူးတဲ့လား

ဗျိုင်းမှာ အထီးမရှိဘူး ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ခေါင်းစဉ်တစ်ခု ခေါင်းထဲဝင်လာတာနဲ့ အင်တာနက်မှာ ဟိုခေါက်ဒီခေါက် လျှောက်ရှာကြည့်မိတယ်။ သတ္တလောကမှာ လိင်တစ်မျိုးတည်း ရှိတဲ့ သတ္တဝါ ရှိပါ့မလားပေါ့။ တကယ်တော့ ဒါက မဖြစ်နိုင်တဲ့ မေးခွန်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သတ္တဝါမျိုးစိတ်တစ်ခု ရှင်သန်ပွားများဖို့ဆိုရင် သတ္တဝါတိုင်းမှာ မျိုးပွားအင်္ဂါ ပါကိုပါရမယ်။ မျိုးပွားအင်္ဂါ ပါလာပြီဆိုရင် Gender ဆိုတဲ့ လိင်ကွဲပြားမှုက ရှိကို ရှိရတော့မှာပေါ့။ ထူးခြားတာတွေ ဘာတွေ တွေ့ရမလဲဆိုပြီး အင်တာနက်မှာ လျှောက်ရှာဖတ်ကြည့်တော့ ဗဟုသုတ ရစရာတွေ အများကြီး သိလာရတယ်။ ဥပမာ – Virgin birth (ပညာရပ်ဝေါဟာရ – Parthenogenesis) လို့ခေါ်တဲ့ အပျိုမီးဖွားတာမျိုး။ အမှန်က အထီးအမ လိင်ဆက်ဆံ မပြုဘဲ အမတိရစ္ဆာန်က […]

Continue reading →

လောဟန့် (ရဟန္တာ) ၁၈ ပါး

ဟိုးအရင် သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်။ “ဘာကြောင့် တရုတ်ဘုံကျောင်းက နတ်ရုပ်ဆိုတာတွေက ပြူးပြူးပြဲပြဲ၊ ရှုံ့တွဖုထစ်ပြီး ကြောက်စရာ ကောင်းအောင် ထုထွင်းထားကြတာလဲ” တဲ့။ “တကယ်တမ်း ဘုရားကျောင်းတွေထဲ ဝင်သွားရင် ရင်ထဲ အေးချမ်းနေရမယ်၊ တည်ငြိမ်နေရမယ်၊ ကြည်လင်နေရမယ်။ အခုတော့ သူတို့ မြင်တာနဲ့ လိပ်ပြာတောင် လွင့်မတတ်ဘဲ” လို့ ဆက်ပြောတယ်။ “အမှန်ကတော့ မကောင်းဆိုးဝါးတွေကို နှင်ဖို့ ရုပ်ဆိုးပန်းဆိုး ထုလုပ်ထားကြတာ ဖြစ်မှာပါ” လို့ပဲ ပေါ့ပေါ့လေး ဖြေခဲ့မိတယ်။ တကယ်လည်း အဲ့လို ရည်ရွယ်တာ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပုထုဇဉ် နတ်ရုပ်တွေကို ရုပ်ဆိုးဆိုး ကြောက်စရာကောင်းအောင် ဆွဲတာ ထုတာတော့ ဘာမှ မပြောလိုပေမယ့် ရဟန္တာအရှင်မြတ်တွေကို ရုပ်ဆိုးပန်းဆိုး ဆွဲထားထုထားတာမြင်ရင် စိတ်ထဲ သိပ် မကျေနပ်ချင်ဘူး။ ဒါပေမယ့် […]

Continue reading →