PK Portfolio

Posts

Thoughts, notes, and things to share.

ပို့စ် အသစ်ရေးရန် အရှိန်ယူခြင်း …

ဘလော့ဂ်နဲ့ တစ်ဆယ့်ငါးရက်လောက် အဆက်အသွယ် ပြတ်ပြီး တကာလ အခု စာပြန်ရေးမယ်ဆိုတော့ ဘယ်ကဘယ်လို စရေးရမလဲ စဉ်းစားရ ခက်နေတယ်။ ဇန္နဝါရီလ (၂၁) ရက်နေ့ စထွက်လိုက်တဲ့ ခရီးက မနေ့ မနက်မှ ရန်ကုန် ပြန်ရောက်တော့တယ်။ ဒီ ခရီးစဉ် (၁၅) ရက် ကာလအတွင်းမှာ စာ မရေးဖြစ်ပေမယ့် စာရေးဖို့ အတွက် ကုန်ကြမ်းတွေ အတော်များများ စုဆောင်းမိပါတယ်။ ဘလော့ဂ် မရေးဖြစ်ပေမယ့် သုံးရက်ခြား တစ်ခါလောက်တော့ ဘလော့ဂ်ကို သွားကြည့်မိတယ်၊ အီးမေးလ် စစ်ဖြစ်ပါတယ်။ ကျနော် စာ လုံးဝ မရေးဖြစ်တဲ့ (၁၅) ရက်တာ ကာလအတွင်းမှာ လာရောက် လည်ပတ်သူ မပြတ် တွေ့ရတော့ အတော်လေး ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ […]

Continue reading →

Sharing critical information

ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က”ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်”လို့ ကမ်းလှမ်းလိုက်တယ်။ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး […]

Continue reading →

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နိုင်ငံရေး မတည်ငြိမ်မှု

တိုင်းပြည်တွေအတွက် စီးပွားရေး တိုးတက်ဖို့ အဟန့်အတားတွေက ဘာတွေ ဖြစ်မလဲ။ ဘောဂဗေဒ ပညာရှင်တွေ အနေနဲ့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ဖြတ်လမ်းနည်း၊ ဂါထာ မန္တန်တွေ ရှာမတွေ့သေးပါဘူး။ ဒီ အဆင့် ၁၊ ၂၊ ၃ ကို အစီအစဉ်တိုင်း လိုက်လုပ်ရင် ကြီးပွားတိုးတက်မယ်၊ မလုပ်ရင် မဖွံ့ဖြိုးဘူးလို့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အဟန့်အတားပါ။ အဲဒါတွေက သီးခြားစီ လေ့လာလို့ မရနိုင်အောင်ကို တစ်ခုနဲ့တစ်ခု ယှက်တင်ပြီး ဆက်စပ်နေပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုမှာ အစိုးရအဖွဲ့အစည်းတွေဟာ နေ့ချင်းညချင်းဆိုသလိုပဲ နောက်အစိုးရအသစ်ရဲ့ အစားထိုးခြင်းကို ခံနေကြရတယ်။ အာဏာသိမ်းခံလိုက်ရရင် ချက်ချင်းဆိုသလိုပဲ အစိုးရအသစ်ပြောင်းသွားပြီး […]

Continue reading →

လမ်းပေါ်မှ တရားများ

မနက် ၈ နာရီနဲ့ ညနေ ၆ နာရီ ဝန်းကျင် မန္တလေးမြို့ရဲ့ သိပ္ပံလမ်းမပေါ်မှာ ပြုံခဲအောင် သွားလာနေကြတဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေဟာ ကြက်ပျံမကျ များပြားလှတာ မန္တလေး ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ မန္တလေးမြို့ဟာ လမ်းစုံလမ်းခွ များတဲ့ မြို့တစ်မြို့ ဖြစ်ပေမယ့် မီးပွိုင့် အင်မတန် နည်းပါတယ်။ မီးပွိုင့် နည်းရတဲ့အထဲ တကယ် အလုပ်လုပ်တဲ့ မီးပွိုင့်ဆိုတာ မန္တလေးမြို့မှာ ရှာမှရှားပေါ့။ မီးပွိုင့်မရှိတာနဲ့ အသားကျနေတဲ့ မန်းသူမန်းသားတွေကတော့ မီးပွိုင့်ရှိခြင်းကိုတောင် သတိ မထားမိတော့ပါဘူး။ ရပ်ကြည့်သွား ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာတဲ့သူ ရှိသလို သွားကြည့်ရပ်ဆိုတဲ့ ခံယူချက်နဲ့ သွားလာနေတဲ့သူလည်း များသား။ တစ်ခါတုန်းက တာဝန်ကျနေတဲ့ သူငယ်ချင်း လမ်းပြပုလိပ်ကို တွေ့တော့ သူ့ကို လှမ်းနောက်ဖူးတယ်။ […]

Continue reading →

ဖြုန်းတီးခြင်း

အသိပညာ – အသုံးမချခြင်းဖြင့် ဖြုန်းတီးပစ်နေသည်။ကျနော်တို့ တစ်သက်လုံး ပညာတွေ သင်ပြီးရင်း သင်နေကြတယ်။ တချို့လည်း သင်ရင်းနဲ့ သေတော့မယ်၊ ထုတ်မသုံးဖြစ်သေးဘူး။ သူတို့ရဲ့ အဖြစ်က ဦးကပ်စေးနဲ့ တူနေတယ်။ ပိုက်ဆံတော့ ရှာတယ်။ မသုံးရက်ဘူး။ မသုံးဘဲ ရှာခြင်းက အချည်းနှီးပါ။ တစ်သက်လုံးပဲ ကျောင်းတက်စားတော့မလား ဆိုတာ မေးစရာ ဖြစ်နေတယ်။လုပ်အား – သတိလက်လွတ် နေခြင်းဖြင့် ဖြုန်းတီးပစ်နေသည်။တစ်နေ့တာ တစ်နေ့တာ လုပ်ခဲ့သမျှကို ပြန်ဆန်းစစ်ကြည့်ပါ။ ကိုယ် စိတ်ပါလို့ လုပ်လိုက်တဲ့ အလုပ် ဘယ်နှခု ရှိသလဲ။ မစိတ်ပါဘဲ လုပ်လိုက်မိတဲ့ အလုပ်တွေ ဘယ်နှခု ရှိလဲ။ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ စိတ်ခွန်အားတွေ ဖြုန်းတီးချင်တိုင်း ဖြုန်းတီးပြီး သတိလက်လွတ် လုပ်နေမိတဲ့ အလုပ်တွေ […]

Continue reading →

သံပေါက်ကဗျာ စပ်နည်း

တီးခြင်းအစ၊ လက်ခုပ်ကကခြင်းအစ၊ လက်မြှောက်ကသီချင်းအစ၊ သံပေါက်က ဆိုတဲ့အတိုင်း သီချင်း၊ ကဗျာကို လေ့လာချင်သူတွေအတွက် ပထမဆုံးအနေနဲ့ သံပေါက်ကဗျာစပ်နည်းကို စပြီး နားလည်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ သီချင်းနဲ့ ကဗျာကို တစ်တွဲတည်း တွဲပြီး ဖော်ပြထားလို့ နည်းနည်းလေး ကြောင်အမ်းအမ်း ဖြစ်နေမယ် ထင်တယ်။ ကဗျာလင်္ကာ စပ်နည်းကို အခြေခံအားဖြင့် နှစ်မျိုး ခွဲထားပါတယ်။ သံပေါက်စပ်နည်း(၁)အမည်ခေါ်တွင်ပုံ(၂) အမျိုးအစား(၃) အပိုဒ်အရေအတွက်(၄) အက္ခရာ အလုံးအရေအတွက်(၅) အစပ် ကာရန် ယူပုံ(၆) လေပြင်း – လေလျှော့ (ဂရု – လဟု) ထည့်ပုံ(၇) သတိထားသင့်သော အပြစ်များ(၈) လေ့လာစရာ ဥပမာ သံပေါက်များ (၁)အမည်ခေါ်တွင်ပုံသံပေါက်လို့ ခေါ်ရတဲ့ အကြောင်းက အသံကို ပေါက်အောင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား […]

Continue reading →

လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်

၂၀၀၈ ခုနစ် ခရစ္စမတ်နေ့ က ဘလာဂေါက်တို့ ဦးစီးပြီး လုပ်တဲ့ My Web My Style ပွဲလေးမှာ ဦးဇင်း ဦးကောဝိဒကို စပြီး ခင်မင်ခဲ့ရပါတယ်။ စကားလက်စုံ ကျရင်း ဦးဇင်းရဲ့ ပညာဒါန အလှူတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော့အနေနဲ့ လေးစားမိတာက တစ်ကြောင်း၊ အားကျမိတာက တစ်ကြောင်း၊ ကူညီပေးချင်တာက တစ်ကြောင်းကြောင့် ကျနော်ရဲ့ ဘလော့ဂ်မှာ အများအနေနဲ့ မုဒိတာ ပွားနိုင်သလို၊ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးဖို့ ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း […]

Continue reading →

စက္ကန့်ပေါင်း (၃၁၆) သိန်းအတွက် ကျေးဇူးနော်

လွန်ခဲ့တဲ့ ၃၆၆ ရက်က ကျနော် သူ့ကို အဲဒါလေး ပေးလိုက်တယ်။ (မှတ်ချက် ။ ။ ၂၀၀၈ ခုနစ်သည် ရက်ထပ်နှစ် ဖြစ်သည်) ဒီအတောအတွင်း တစ်ခါတစ်လေတော့လည်း အငြင်းအခုန်တော့ ဖြစ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ကုန်လွန်ခဲ့တဲ့ စက္ကန့်ပေါင်း (၃၁၆) သိန်း လိုလိုမှာ ကျနော်တို့ရဲ့ ဘဝဟာ ဒီလိုလေးပါ။ ဒါကြောင့် အဲဒီလို ဖန်တီးပေးတဲ့ သူ့အတွက် ကဗျာလေးတစ်ပုဒ်နဲ့ တင်စားလိုက်ပါတယ်။ ကျနော်တို့အတွက်ကတော့ ပါဗျာ။ This Post is dedicated to HER.

Continue reading →

အေမေန႔ အမွတ္တရ

ဒီနေ့ဟာ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ အမေနေ့ ဖြစ်ပါတယ်။ ဒီတော့ ဒီလိုနေ့မျိုးမှာ အမေနဲ့ ပတ်သက်တဲ့ ပို့စ်လေး တစ်ပုဒ်လောက် အမှတ်တရ ရေးမလား စိတ်ကူးမိပေမယ့် ခေါင်းထဲက ထွက်မလာဘူး။ ကျနော် ဟိုးအရင်ကတော့ အမေမေတ္တာနဲ့ ပတ်သက်တဲ့ ပို့စ် (၂)ပုဒ် ရေးဖူးပါတယ်။ Mom’s Love ခေါင်းစဉ်နဲ့ နိုင်ငံခြား ကဗျာ တစ်ပုဒ်ကို ပြန်ဝေမျှ ဖူးသလို အမေ့ကိုယ်စား ဆိုတဲ့ ဘာသာပြန် ပို့စ်တစ်ပုဒ်လည်း တင်ခဲ့ဖူးပါတယ်။ ကျနော် အခု အမေနေ့ အမှတ်တရ ပို့စ်တစ်ပုဒ် တင်မယ်ဆိုတော့ ဟိုး လွန်ခဲ့တဲ့ ငါးနှစ်လောက်က အမေနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို သွားသတိရတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာက အမေ ဆိုတဲ့ […]

Continue reading →

မြန်မာစာပေ ကောက်ကြောင်းများ (၂)

ကျနော် လွန်ခဲ့တဲ့ ၂၀၀၈ စက်တင်ဘာလတုန်းက မြန်မာစာပေ ကောက်ကြောင်းများ ဆိုတဲ့ နာမည်နဲ့ အပိုင်း (၁) ဆိုပြီး ရေးဖူးပါတယ်။ အပိုင်း (၁) လို့ စပြီး နာမည်တပ်လိုက်တာက ရေးစရာ အများကြီး ရှိမယ်ဆိုတာ သေချာနေတာကို။ အခုတော့ ဗဟုသုတ ရစရာ အနေနဲ့ ကျနော် အပိုင်း (၂) အဖြစ် ထပ်ပြီး မျှဝေ ပေးချင်ပါတယ်။ အခု တင်ပြမယ့် စာတွေက ဆရာ အောင်သင်းရဲ့ တိုလီမိုလီစာပေ ဆိုတဲ့ စာအုပ်ထဲက ထုတ်နုတ် ကိုးကားသွားမှာပါ။ဒီတစ်ပတ် ပြောချင်တာကတော့ “စာရင်း” ဆိုတဲ့ စကားလုံးပါ။ စာရင်းဆိုတဲ့ စကားလုံးကို ကျနော်တို့ နားလည်ထားတာက အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အစီအစဉ်တကျ မှတ်သားထားတဲ့ […]

Continue reading →