← Back to blog
ပို့စ်အတွင်း၌ မာတိကာ ထည့်ခြင်း
How to
မာတိကာ
1. မာတိကာ ဒီဇိုင်း (CSS) သက်မှတ်ခြင်း
2. မာတိကာ အညွှန်း ထည့်ခြင်း
3. စာကိုယ်တွင် အညွှန်း တပ်ခြင်း
4. အားလုံးကို ချုံငုံ သုံးသပ်ခြင်း
ကျနော်တို့ ပို့စ်ရေးတဲ့ အခါမှာ တချို့ပို့စ်တွေကို ခေါင်းစဉ် ခွဲပြီး ရေးဖို့ လိုအပ်တဲ့ အခါတွေ ရှိပါတယ်။ အကြောင်းအရာ ခပ်များများကို တစ်နေရာတည်း စုရေးမယ်ဆိုရင် တစ်ခုနဲ့တစ်ခု မရောနှောစေချင်တဲ့ ရည်ရွယ်ချက်တဲ့ ခေါင်းစဉ်တွေ ခွဲထားတတ်ပါတယ်။ တခါတလေ စာဖတ်သူဟာ တချို့ ခေါင်းစဉ်ကိုပဲ သီးခြား ရွေးကြည့်ချင်တဲ့ စိတ်ကူးမျိုး ပေါ်လာတတ်ပါတယ်။ ပေါ်လာပေမယ့်လည်း သူ့ခမျာ ပို့စ်တစ်ခုလုံးကို အစကနေ အဲဒီ ခေါင်းစဉ်ရောက်တဲ့ အထိ ဆွဲချပြီး ရှာကြရတယ်။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စာဖတ်သူ လွယ်လင့်တကူ ရှိစေဖို့ ကျနော်တို့ လိုအပ်ရင် ပို့စ်အထဲမှာပဲ မာတိကာ ထည့်ပေးဖို့ လိုအပ်လာပါတယ်။ ကျနော့်ပို့စ်ရဲ့ ညာဘက်ကို ကြည့်ကြည့်ပါ။ ကျနော် မာတိကာလေး တစ်ခု လုပ်ထားတယ်။ အဲဒီမှာ ခေါင်းစဉ်တွေကို စီစဉ်တကျ စီထားပြီး ကိုယ် ရွေးဖတ်ချင်တဲ့ ခေါင်းစဉ်ကို ကလစ်နှိပ်ရုံနဲ့ အဲဒီ ခေါင်းစဉ်ရှိရာကို သူ့အလိုအလျောက် ရွှေ့ပေးသွားပါတယ်။ ဒါပေမယ့် တစ်ခုရှိတာ အကယ်၍ ပို့စ်ကို ချုံ့ထားမယ် ဆိုရင်တော့ အဲဒီ မာတိကာက အလုပ် မလုပ်ပါဘူး။ ဒီအားနည်းချက်လေး ရှိနေပေမယ့် အသုံးတည့်မယ်လို့ ယူဆပါတယ်။ ကျနော်တို့ မာတိကာလေး ဘယ်လို လုပ်မလဲဆိုတာ စပြီး ဆွေးနွေးကြရအောင်။
အဆင့် (၃) ဆင့်ကို တစ်ခုပြီး တစ်ခု လုပ်သွားလိုက်ရင် ကျနော်တို့ လိုချင်တဲ့ မာတိကာလေး တစ်ခု ရနိုင်ပါပြီ။
အဆင့် (၁) မာတိကာ ဒီဇိုင်း (CSS) သက်မှတ်ခြင်း.pullquote {width: 145px; background:gold; color:black; float: right; border:1px solid maroon; font-weight:bold; line-height:140%; padding:5px; margin-top:10px; margin-left:10px; }
အထက်က Code ကို Style Sheet မှာ ထည့်ပေးပါ။ Layout ထဲက Edit HTML မှာ ပါတဲ့ <b:skin><![CDATA[ နဲ့ ]]></b:skin> ကြားကို Style Sheet လို့ ခေါ်ပါတယ်။ Head Section မှာ ရှိပါတယ်။ အကျယ် (width)၊ နောက်ခံရောင် (background)၊ စာလုံးအရောင် (color) နဲ့ ဘောင် (border) ကို ကိုယ် ကြိုက်သလို ပြောင်းလဲ သက်မှတ်နိုင်ပါတယ်။
အဆင့် (၂) မာတိကာ အညွှန်း ထည့်ခြင်း
ဒီအဆင့်မှာ ကျနော်တို့ မာတိကာ တစ်ခု လက်တွေ့ တည်ဆောက်မှာပါ။ အခု ဒီအဆင့်နဲ့ အောက်ပိုင်း အဆင့်တွေက ကိုယ်ရေးမယ့် ပို့စ်ထဲမှာ ထည့်ပေးရမှာပါ။ Create New Post လုပ်ပြီး အဲဒီအထဲမှာ သွားရေးကြမယ်။ ဥပမာလေးနဲ့ ကျနော် ရှင်းပြသွားပါ့မယ်။ ဆိုကြပါစို့။ ကျနော်တို့ ပို့စ်မှာ ခေါင်းစဉ် သုံးခု ရှိမယ် ဆိုရင် ခေါင်းစဉ် (၁) ကို နှိပ်လိုက်ရင် ခေါင်းစဉ် (၁) ကို ကျော်သွားမယ်ပေါ့။ ကျနော်တို့ Code ကို ကြည့်ကြည့်ရအောင်။
မာတိကာ
ေခါင္းစဥ္ (၁) ေခါင္းစဥ္ (၂) ေခါင္းစဥ္ (၃)
အပေါ်က Code တွေကို ကျနော်တို့ မာတိကာ ပေါ်ချင်တဲ့ နေရာမှာ သွားထည့်ရပါ့မယ်။ အကယ်၍ ပို့စ်အပေါ်ဆုံးမှာ ပေါ်ချင်တယ် ဆိုရင်တော့ ပို့စ်တစ်ခု စစရေးတဲ့ နေရာမှာ ထားပေးပါ။ ကျနော့် ပို့စ်မှာ ပါတဲ့ မာတိကာဟာ အပေါ်ဆုံးမှာ ထားထားတာပါ။ ခေါင်းစဉ် ၁၊ ၂၊ ၃ နေရာမှာတော့ ကြိုက်တဲ့ နာမည် ထည့်လို့ရပါတယ်။ #title1 ဆိုတာကလည်း သင့်လျော်တဲ့ နာမည်တစ်ခု ရွေးပေးနိုင်တယ်။ ဒီမှာ လွယ်ကူအောင်လို့ title1 လို့ပဲ ပေးထားတယ်။
အဆင့် (၃) စာကိုယ်တွင် အညွှန်း တပ်ခြင်း
ခေါင်းစဉ် (၁) ကို နှိပ်ရင် ဘယ်ကို ရွေ့ပြီး သွားပေါ်ရမလဲ ဆိုတာ ကျနော်တို့ ဒီအဆင့်မှာ သက်မှတ်ပါမယ်။ ကျနော်တို့ အရင်က Post Editor ထဲမှာ အောက်မှာ ပါတဲ့ စာတွေကို ဒီအတိုင်း ရိုက်ထည့်လိုက်ကြတယ်။ ဒါ အရင်လို ခပ်ရိုးရိုး လုပ်လိုက်တာပါ။
ေခါင္းစဥ္ (၁) ဤေနရာတြင္ ေရးသားထားေသာ စာမ်ားသည္ ေခါင္းစဥ္ (၁) ၏ စာကိုယ္ ျဖစ္ပါသည္။ ေခါင္းစဥ္ (၂) ဤေနရာတြင္ ေရးသားထားေသာ စာမ်ားသည္ ေခါင္းစဥ္ (၂) ၏ စာကိုယ္ ျဖစ္ပါသည္။ ေခါင္းစဥ္ (၃) ဤေနရာတြင္ ေရးသားထားေသာ စာမ်ားသည္ ေခါင္းစဥ္ (၃) ၏ စာကိုယ္ ျဖစ္ပါသည္။
အခု ကျနော်တို့က မာတိကာထည့်မယ် ဆိုတော့ မာတိကာမှာ ပါတဲ့ အညွှန်းကို ကျနော်တို့ ညွှန်ပေးရတော့မယ်။ ခေါင်းစဉ် (၁) ကို နှိပ်ရင် ခေါင်းစဉ် (၁) ရှိတဲ့ နေရာကို ညွှန်ပေးရမယ်။ အဲလို ညွှန်နိုင်ဖို့ ကျနော်တို့ရဲ့ ခေါင်းစဉ်ကို ဒီလိုလေး နည်းနည်း ပြင်ပေးရလိမ့်မယ်။
အထက်က Code ကို Style Sheet ထဲ ထည့်ပေးပါ။ တစ်ကြိမ်ပဲ ထည့်ပေးဖို့ လိုပါတယ်။ နောက်ပို့စ်တွေ အတွက် ထပ်ထည့်စရာ မလိုပါဘူး။
Create New Post လုပ်လိုက်ပါ။ ပြီး Post Editor မှာ အောက်ပါ အတိုင်း ကူးထည့်ပေးပါ။ ပြီးရင် Publish လုပ်ကြည့်ပါ။
မာတိကာ
ေခါင္းစဥ္ (၁) ေခါင္းစဥ္ (၂) ေခါင္းစဥ္ (၃)
နိဒါန်း နိဒါန်း နိဒါန်း နိဒါန်း နိဒါန်း နိဒါန်း နိဒါန်း ေခါင္းစဥ္ (၁) ဤေနရာတြင္ ေရးသားထားေသာ စာမ်ားသည္ ေခါင္းစဥ္ (၁) ၏ စာကိုယ္ ျဖစ္ပါသည္။ အပိုင်း (၁) အပိုင်း (၁) အပိုင်း (၁) အပိုင်း (၁) အပိုင်း (၁) အပိုင်း (၁) ေခါင္းစဥ္ (၂) ဤေနရာတြင္ ေရးသားထားေသာ စာမ်ားသည္ ေခါင္းစဥ္ (၂) ၏ စာကိုယ္ ျဖစ္ပါသည္။ အပိုင်း (၂) အပိုင်း (၂) အပိုင်း (၂) အပိုင်း (၂) အပိုင်း (၂) အပိုင်း (၂) ေခါင္းစဥ္ (၃) ဤေနရာတြင္ ေရးသားထားေသာ စာမ်ားသည္ ေခါင္းစဥ္ (၃) ၏ စာကိုယ္ ျဖစ္ပါသည္။ အပိုင်း (၃) အပိုင်း (၃) အပိုင်း (၃) အပိုင်း (၃) အပိုင်း (၃) အပိုင်း (၃)
xxxxxxxxxxxxxxxxxx
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ မရှင်းတာ ရှိရင်လည်း အားမနာတမ်း လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ပါတယ်။
Leave a comment
Your email address will not be published. Required fields are marked *
Discover more from ဖြိုးကျော်နှင့် သူ၏စာများ
Subscribe now to keep reading and get access to the full archive.
Continue reading