← ဘလော့ဂ်သို့ ပြန်ရန်

တပါးသူအား ကူညီတတ်ခြင်း

တွေးစရာ ဘာသာပြန်

တစ်နေ့မှာ ဘုရားသခင်နဲ့ သူတော်စင်တစ်ပါး စကားလက်စုံ ကျကြရင်း သူတော်စင်က ဘုရားသခင်ကို တစ်ခု တောင်းဆိုလိုက်တယ်။”အရှင်ဘုရား နိဗ္ဗာန်နဲ့ ငရဲပြည် ဘယ်လိုကွာသလဲဆိုတာ သိလို မြင်လိုပါတယ်။ တပည့်တော်ကို ပြတော်မူပါ ဘုရား။”ဒါနဲ့ ဘုရားသခင်ဟာ သူတော်စင်ကို တံခါးနှစ်ပေါက်ဆီ ဦးတည်ပြီး ခေါ်သွားတယ်။ တံခါးတစ်ပေါက်ကို ဖွင့်ပြလိုက်တော့ သူတော်စင်က အထဲကို လှမ်းကြည့်လိုက်တယ်။ အခန်းရဲ့ အလယ်မှာ စားပွဲဝိုင်း အကြီးကြီး တစ်လုံး ချထားတယ်။ စားပွဲရဲ့ အလယ်ခေါင်မှာ ရှိတဲ့ ဟင်းအိုး အကြီးကြီးကနေ ခုန်ထွက်လာတဲ့ အမွှေးနံ့ဟာ သူတော်စင်ကိုတောင် မနေနိုင်အောင် သားရေကျတဲ့အထိ ဆွပေးနေတယ်။ စားပွဲ ပတ်ပတ်လည်မှာ ထိုင်နေတဲ့ လူတွေကို ကြည့်လိုက်တော့ ပိန်လီလို့။ နည်းနည်း လှုပ်လိုက်ရင် အထဲက အရိုးတွေ ကန်ထွက်လာမှာတောင် စိုးရိမ်ရသေး။ သူတို့ကို ကြည့်ရတာ တအားကို ဆာလောင်နေကြပေမယ့် လက်ထဲမှာလည်း ဇွန်းတွေ ကိုယ်စီနဲ့ပါ။ ဇွန်းတွေ အားလုံးကလည်း ရိုးတံ ရှည်တော့ အလယ်ခေါင်က ဟင်းအိုးကို လှမ်းခပ်ဖို့ မီပါတယ်။ ဒါပေမယ့် ခက်နေတာက ဇွန်းတံရှည်တော့ သူတို့ရဲ့ ပါးစပ်ထဲကို ထည့်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ မြင်လျက်နဲ့ မကြင်ရတဲ့ ဘဝကို မြင်ပြီး သူတော်စင်ခမျာ သနားရုံကလွဲပြီး ဘာတတ်နိုင်မှာတဲ့လဲ။ “အခု မြင်နေရတာ ငရဲပဲ” လို့ ပြောပြီး ဘုရားသခင်ဟာ တခြားတံခါးပေါက်ဆီ ဦးတည်ပြီး လျှောက်သွားတယ်။သူတော်စင်ဟာ နောက် တံခါးတစ်ချပ်ကို ဖွင့်ပြီး အထဲကို အသေအချာ လေ့လာကြည့်လိုက်တယ်။ ပထမ ဝင်ခဲ့တဲ့ အခန်းနဲ့ ဘာမှ မထူးပါဘူး။ စားပွဲဝိုင်း အကြီးကြီး၊ အင်မတန်မှ စားချင့်စဖွယ် ဟင်းအိုးတစ်လုံး နဲ့ ရိုးတံရှည်ရှည်နဲ့ ဇွန်းတွေ။ ထူးတာက စားပွဲ ပတ်လည်မှာ ထိုင်နေတဲ့ လူတွေက အရင် အခန်းကလို ပိန်လှီမနေဘဲ ဝလို့ ဖြီးလို့။ တရယ်ရယ် တမောမော နဲ့ စကားတွေ ဝိုင်းဖွဲ့ ပြောနေလိုက်ကြတာ။ဒီအခြင်းအရာကို ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သူတော်စင်က ဘုရားသခင်ကို မေးခွန်းထုတ်ရတော့တယ်။”တပည့်တော် နားမလည်နိုင်ဘူး ဖြစ်နေပါတယ် ဘုရား””အင်မတန်မှ ရိုးရှင်းပါတယ်” လို့ ပြောရင်း ဘုရားသခင် ဆက်လက် မိန့်ကြားလိုက်တာက”အတတ်ပညာ တစ်ခုပဲ လိုတာပါ။ ကြည့်စမ်း … ။ ဒီလူတွေ တစ်ယောက်ကို တစ်ယောက် ခွံ့ကျွေးဖို့ နားလည်ကြပေမယ့် ဟိုဘက်အခန်းက လောဘသားတွေက ကိုယ့်အတွက်ပဲ စဉ်းစားနေကြတာလေ။“

Translated from They have learned to feed each other

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading