← Back to blog

မြန်မာတို့၏ အချိန်ဝေါဟာရများ

ပီကေ့မှတ်စု မြန်မာ့အကြောင်း အရှေးအဟောင်းများ

ယနေ့ခေတ်လို နာရီတွေ တွင်တွင်ကြီး မသုံးခင်ကတည်းက မြန်မာလူမျိုးတွေမှာ အချိန်နဲ့ ပတ်သက်ပြီး ဝေါဟာရတွေ ရှိနေခဲ့ပြီးသားပါ။ စက်နာရီတွေ သုံးလာတဲ့ ဒီဘက်ခေတ် ရောက်တဲ့အထိကိုပဲ ဝေါဟာရတချို့ဟာ ဆက်လက် ရှင်သန်နေဆဲပဲ။ ဥပမာ – အရုဏ်တက်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ ညနေစောင်း၊ ညချမ်း၊ သန်းခေါင်။ ဒီဝေါဟာရတွေကို ဒေသအသီးသီးမှာ သုံးစွဲနေကြတုန်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို သုံးသာ သုံးနေကြတယ်။ အဓိပ္ပါယ်သက်မှတ်ချက်ကို အတိအကျ သိလားဆိုတော့ မသိတဲ့သူက အများသား။ ဥပမာဗျာ၊ မွန်းတည့်ဆိုတာ နေ့ ၁၂ နာရီလို့ လူသိများပေမယ့် ညနေစောင်း လို့ ပြောရင် ဇဝေဇဝါ ဖြစ်ကြရတယ်။ ညနေ ၄ နာရီလား၊ ၅ နာရီလား မသိသူက ခက်များများ။ ဒါကြောင့် အများသူငါ ဗဟုသုတရအောင်၊ မှတ်တမ်းအနေနဲ့ ထိန်းသိမ်းပြီးသား ဖြစ်အောင် စက်နာရီအချိန်နဲ့ မြန်မာဝေါဟာရ တွဲပြီး တင်ပြပေးလိုက်ပါတယ်။

သတိထားရမှာ တစ်ခုက အရုဏ်တက်ချိန်ဟာ နေ့စဉ်နဲ့အမျှ အပြောင်းအလွဲ ရှိပါတယ်။ အခု တင်ပြမယ့် ဥပမာမှာ အရုဏ်တက်ချိန် နံနက် ၅ နာရီ ကို မူတည်ပြီး တွက်ချက်သွားမှာပါ။ အရုဏ်တက်ချိန်ဟာ အကြမ်းဖျင်းအားဖြင့် ၃ ရက်ကို တစ်မိနစ် အတိုးအလျော့ ရှိပါတယ်။ ဒါကြောင့် အရုဏ်အချိန်ပေါ်မူတည်ပြီး တခြားအချိန်တွေလည်း အပြောင်းအလဲ ရှိပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ စက်နာရီ မပေါ်ခင် နေနာရီကို သုံးကတည်းက ရှိနေခဲ့တဲ့ ဝေါဟာရတွေ ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် စက်နာရီနဲ့ ယှဉ်တွဲဖော်ပြတဲ့အခါမှာ အတိအကျ ရဖို့ကတော့ မလွယ်ဘူး။ အနီးစပ်ဆုံး အကြမ်းဖျင်း မှတ်သားထားရုံသက်သက်သာ တင်ပြလိုက်ပါတယ်။

 နံနက် ၀၄:၃၀ – ရောင်နီပေါ်ချိန်

နံနက် ၀၅:၂၀ – ဝေလီဝေလင်း၊ ကျီးမနိုးတနိုး

နံနက် ၀၅:၂၄ – နေထွက်ချိန် နံနက် ၀၅:၃၀ – လင်းအားကြီး နံနက် ၀၅:၄၀ – နေထွက်တပြူ နံနက် ၀၆:၀၀ – မိုးစင်စင်လင်း နံနက် ၀၉:၀၀ – နေထန်းတစ်ဖျား နံနက် ၀၉:၃၀ – ဆွမ်းခံပြန် နံနက် ၁၀:၃၀ – ဆွမ်းစားချိန် နံနက် ၁၁:၀၀ – နေမွန်းလပ် နေ့ ၁၂:၀၀ – နေမွန်းတည့် နေ့ ၀၁:၀၀ – နေမွန်းတိမ်း နေ့ ဝ၁:၃၀ – နေမွန်းလွဲ ညနေ ၀၃:၃၀ – ညနေစောင်း ညနေ ၀၄:၃၀ – ညနေအေး ညနေ ၀၅:၀၀ – နေဝင်ဆည်းဆာ ညနေ ၀၅:၂၀ – နေဝင်ဖြိုးဖျ ညနေ ၀၅:၃၀ – နေဝင်ရီတရော ညနေ ၀၅:၄၀ – နွားရိုင်းသွင်းချိန် ညနေ ၀၅:၅၀ – ညီအကို မသိတသိ ညနေ ၀၆:၀၀ – နေဝင်မိုးချုပ် ညနေ ၀၆:၃၀ – ညချမ်း ည ၀၇:၃၀ – သူငယ်အိပ်စက် ည ၀၉:၀၀ – သက်ကြီးခေါင်းချ ည ၁၀:၃၀ – ညဉ့်ဦးတွန်ချိန် ည ၁၁:၀၀ – လုလင်ပြန် ည ၁၂:၀၀ – သန်းခေါင်ယံ၊ သန်းခေါင်ကြက်တွန် ည ၁၂:၃၀ – ကြယ်မြီးတောင် ည ၀၃:၀၀ – ကြက်ဦးတွန် နံနက် ၀၄:၀၀ – လင်းကြက်ဆော်ချိန် နံနက် ၀၅:၀၀ – အရုဏ်တက်

Leave a comment

Your email address will not be published. Required fields are marked *