PK Portfolio

Category: Announcement

သရုပ်ပြ မာတိကာကျမ်း မိတ်ဆက်

ကျနော် ကွန်ပျူတာရှေ့ ထိုင်ပြီး အင်တာနက် သုံးတိုင်း မြန်မာနိုင်ငံရဲ့ အင်တာနက်လောကနဲ့ ပတ်သက်ပြီး ဘယ်လိုမှ စိတ်တိုင်းမကျတဲ့ အရာတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံ၊ မြန်မာစာနဲ့ ပတ်သက်တာ ဘာပဲ ရှာရှာ၊ အင်တာနက်မှာ ရှာမတွေ့ဘူး။ ဒါ အရင်တုန်းကတော့။ အခုတော့ အထိုက်အလျောက် ရှာလို့ ရလာပါပြီ။ ဟိုးအရင် ၅ နှစ်၊ ၆ နှစ်ကဆိုရင် မြန်မာသီချင်းကိုတောင် အင်တာနက်မှာ ရှာဖို့ သိပ်မလွယ်ဘူး။ အင်မတန် နာမည်ကြီးတဲ့ သီချင်းလောက်ပဲ ရှိတယ်။ ဂူဂယ်လင်း လုပ်ပြီး ရှာလိုက်တိုင်း မတွေ့တာချည်းပဲ။ သူများနိုင်ငံမှာဆို (အဓိကတော့ အမေရိကားပေါ့) သီချင်းစာသားယူမလား၊ ရုပ်ရှင်ကားထဲက စကားပြော Dialogue ယူမလား။ အကုန် အွန်းလိုင်းမှာ ရှိတယ်။ ဥပမာ […]

ဆက်ဖတ်ရန် →

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအား အဆင့်မြှင့်တင်ခြင်း

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဆိုပြီး ၂၀၀၈ ခုနှစ်မှာ ဘလော့ဂ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သတ်ပုံကျမ်းစာအုပ် အလွယ်တကူ မရနိုင်တဲ့ နိုင်ငံခြားရောက် မြန်မာတွေအတွက် ရည်ရွယ်တာပါ။ Web Programming လည်း ကောင်းကောင်း နားမလည်တော့ ကိုယ် နားလည်တတ်ကျွမ်းတဲ့ Blogging နဲ့ပဲ အဲဒီ သတ်ပုံကျမ်း Website ကို ဖန်တီးခဲ့တာပါ။ အခုအချိန်ထိဆို Page View ပေါင်း တစ်သိန်းကျော် ရှိတာကို တွေ့ရတော့ အများအတွက် အသုံးတည့်နေတယ်လို့ ယူဆမိတယ်။ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ တကယ်တမ်းတော့ ဒီဆိုဒ်လေးဟာ ဘလော့ဂ် မဟုတ်ဘူးဆိုရင် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ အခုအတိုင်းဆိုရင် စာလုံးတစ်လုံး ရှာရတာ နည်းနည်း ခက်နေသလိုပဲ။ ဘလော့ဂ်ဆိုတော့လည်း ဘလော့ဂ်နဲ့ တူအောင် ကန့်သတ်ချက်တွေ ရှိနေတာကိုး။ ၂၀၀၈ ခုနှစ်က ဒီဆိုဒ်လေးကို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဆိုတဲ့ မြန်မာစာဌာနက […]

ဆက်ဖတ်ရန် →

လွမ်းတော့ လွမ်းမိပါတယ်

လွမ်းတယ် ဆိုတဲ့ စကားလုံးကို ကျွန်တော့အနေနဲ့ သုံးဖို့ သိပ်မသင့်လျော်တော့ပါဘူး။ ဒါပေမယ့်လည်း အလွမ်းဓါတ်ခံ ရှိထားတဲ့သူဆိုတော့ လွမ်းတာကို လွမ်းတယ်လို့ပဲ ဝန်ခံရမှာပဲ။ ဘာတွေကို လွမ်းသလဲဆိုတော့ သက်ရှိသက်မဲ့ အစုံပေါ့။ အဲဒါတွေထဲက လွမ်းတာ တစ်ခုကို ထုတ်ပြရရင်တော့ ဟောဒီ ဘလော့ဂ်ကိုပါ။ PK ဘလော့ဂ်ကို ပစ်ထားလိုက်တာလဲ အခုဆို နှစ်နှစ်ကျော်သွားခဲ့ပြီ။ တစ်ခါတလေ ရန်ကုန်၊ မန္တလေးရောက်လို့ အင်တာနက်သုံးဖို့ အဆင်ပြေခဲ့ရင် ကိုယ့်ဘလော့ဂ်ကိုကိုယ် သွားသွားကြည့်မိတယ်။ အလွမ်းပြေပေါ့။ အခုအချိန်ထိ စာလာဖတ်နေတဲ့ သူတွေ တွေ့ရတော့ ကျေနပ်မိတာ အမှန်ပါ။ အဲဒီလို သွားသွားကြည့်နေမိလို့လား မသိဘူး။ သံယောဇဉ် အရှိန်က ပြေမသွားဘူး။ လွမ်းတယ်ဆိုကတည်းက သံယောဇဉ် ထားနေမိလို့ပါ။ သက်ရှိအပေါ်မှာ ရှိတဲ့ သံယောဇဉ်နဲ့ သက်မဲ့အပေါ်မှာ ရှိတဲ့ […]

ဆက်ဖတ်ရန် →

မွေးနေ့လက်ဆောင် ”ပီကေကပ်သော အတွေးစုများ” pdf

ဒီနေ့ဟာ ကျနော်ရဲ့ မွေးနေ့ပါ။ သူများတွေ မွေးနေ့ဆိုရင် မှတ်မှတ်ရရလေးတွေ လုပ်တတ်ကြတယ်။ တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အလျောက်ပေါ့။ ပါတီပွဲတွေ လုပ်ပြီး တချို့တော့လည်း ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ ပျော်ကြပါးကြနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တတ်ကြပါတယ်။ ဘလော့ဂ်မှာ ဆိုရင်လည်း ဖွယ်ဖွယ်ရာရာ စားကောင်း သောက်ဖွယ်တွေကို စားချင့်စဖွယ် ပုံနဲ့တကွ တင်ပြီး ဘလော့ဂ် သူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးတတ်တဲ့ အလေ့အကျင့်ကလည်း ရှိနေတယ်။ကျနော်အနေနဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အစီအစဉ်တစ်ခု လုပ်မယ်လို့ စိတ်ကူးပေမယ့် စိတ်သာရှိတယ်။ အချိန်မရတာကြောင့် လုပ်မှ လုပ်နိုင်ပါ့မလားလို့ အတွေးနဲ့ စိုးရိမ်နေမိတယ်။ ဒါပေမယ့် လုပ်ချင်ဇောကြောင့် အတင်းကို မရမက မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး မနေ့ညပိုင်းက စပြီး အကောင်အထည် ဖော်မိတယ်။ […]

ဆက်ဖတ်ရန် →

လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်

၂၀၀၈ ခုနစ် ခရစ္စမတ်နေ့ က ဘလာဂေါက်တို့ ဦးစီးပြီး လုပ်တဲ့ My Web My Style ပွဲလေးမှာ ဦးဇင်း ဦးကောဝိဒကို စပြီး ခင်မင်ခဲ့ရပါတယ်။ စကားလက်စုံ ကျရင်း ဦးဇင်းရဲ့ ပညာဒါန အလှူတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော့အနေနဲ့ လေးစားမိတာက တစ်ကြောင်း၊ အားကျမိတာက တစ်ကြောင်း၊ ကူညီပေးချင်တာက တစ်ကြောင်းကြောင့် ကျနော်ရဲ့ ဘလော့ဂ်မှာ အများအနေနဲ့ မုဒိတာ ပွားနိုင်သလို၊ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးဖို့ ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း […]

ဆက်ဖတ်ရန် →

Template Changed !!!

ဆောင်းဦး ဝင်တယ်ဆိုရင်ပဲ မိုးရာသီက တိုက်စား ခံလိုက်ရတဲ့ ဆေးရောင်တွေကို သစ်လွင်လာအောင် အိမ်တွေ တိုက်တွေ ဆေးအသစ် ပြန်သုတ်ကြတယ်။ အခု ဆောင်းဝင်ပြီ ဆိုတော့ ကျနော်ရဲ့ အိမ်လေးကိုလည်း ပြန်ရွှိုင်းချင်စိတ် ပေါက်လာပါတယ်။ နောက်ပြီး အခုတလော ကိုးနတ်ရှင်ရဲ့ နှိပ်စက်မှုကြောင့် ကျနော်ရဲ့ ဘလော့ဂ်လေးဟာ အတက်နှေးနေပါတယ်။ ကျနော် လျှောက်ကလိထားတဲ့ Widget တွေကလည်း မနည်းတော့ ကော်နက်ရှင် ကောင်းရင်တောင် နည်းနည်း ကြာပါတယ်။ အခုတော့ ပိုဆိုးပြီပေါ့။ နယ်က သယ်ရင်းတွေက တင်မရဘူးချည်း လှမ်းလှမ်း အော်ဆဲနေကြတယ်လေ။ကျနော်ရဲ့ အရင် တန်းပလိတ်လေးကို တင်ခါစက အတော်လေး ရိုးရှင်းတယ်လို့ ထင်ထားပေမယ့် မြင်ပါများလို့လား မသိ။ ကြည့်ရင်းနဲ့ ရှုပ်ရှုပ်လာတယ်။ Sidebar မှာ ထည့်ထားတဲ့ Widget […]

ဆက်ဖတ်ရန် →

ကျနော် ပီကေ ခရီးမှ ပြန်ရောက်နေပြီ ဖြစ်ကြောင်း

ကျနော် ခရီးထွက်နေတာနဲ့ ဘလော့နဲ့ ကင်းကွာနေတာ ဒီနေ့ဆို တစ်လတင်းတင်း ပြည့်တာပါပဲ။ ဒီရက်ပိုင်းတွေမှာ ပို့စ်အသစ် ရှိမလား ဆိုပြီး လာလာချောင်းကြတဲ့ ဘော်ဘော်တွေကို အားလည်း နာပါတယ်။ စ မသွားခင်ကတည်း ခရီးထွက်နေတုန်း လာလည်တဲ့ လူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်ရောက်ရင် သူတို့အတွက် အနှစ်သာရ ရှိတဲ့ ပို့စ်တွေ ပိုပိုပြီး ဖတ်ရအောင် ကုန်ကြမ်းရှာမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။အခု တရုတ်ပြည် ခရီးစဉ်က စုစုပေါင်း ၂၃ ရက် ကြာပါတယ်။ ခရီးစဉ်အတွင်းမှာ သိခဲ့ မြင်ခဲ့ တွေးမိခဲ့တဲ့ အရာတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်လည်ပြီး ဖောက်သည်ချမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခရီးသွား မှတ်တမ်းလေး တစ်ခုပေါ့။ နောက်ပြီး လမ်းတလျှောက် အားတဲ့ အချိန်တွေမှာ ပို့စ် […]

ဆက်ဖတ်ရန် →

Announcement for Seminar

၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော “Socialization on Net” နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် […]

ဆက်ဖတ်ရန် →

“How to BLOG” was launched !!!

ကျနော်ရဲ့ “ကပ်ပါပေ့ ပီကေရယ်” ဆိုတဲ့ ဘလော့ဂ်လေးကို ဖန်တီးခဲ့တာ အခုဆိုရင် တစ်နှစ်နဲ့ တစ်လ ရှိသွားပါပြီ။ ဒါပေမယ့် တကယ်တမ်း ပို့စ်စတင်ပြီး ရေးဖြစ်တာ စက်တင်ဘာမှပါ။ သူငယ်ချင်း မျက်လုံးနဲ့ မယ်လိုဒီမောင် တို့က လုပ်ပါလား လုပ်ပါလားနဲ့ အားပေးအားမြောက် ပြုခဲ့ကြလို့ ဒီဘလော့ဂ်ကို စပြီး ဖန်တီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ ရေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ တကယ့်ကို ဘာမှ မရေးဘူးလို့ ရည်ရွယ်တာပါ။ ဒါဆို ဘာလို့ ဘလော့ဂ်လုပ်လဲ လို့ မေးချင်ကြမယ် ထင်တယ်။ ကျနော် ကွန်ပြူတာ ဆိုတာကို စ နားလည်သိကျွမ်း ကတည်းက Programming ကို စိတ်ဝင်စားခဲ့လို့ Program တွေ ရေးဖို့ပဲ အားသန်ခဲ့ပါတယ်။ Low Level […]

ဆက်ဖတ်ရန် →

ခေတ္တ နားခွင့်ပြုပါ

နာဂစ်မုန်တိုင်း၏ နှိပ်စက်မှုကြောင့် အကျွနု်ပ်၏ ကိုးနတ်ရှင်ကြီး ပြိုလဲသွားခဲ့ရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားထားသော်ငြားလည်း သက်ဆိုင်ရာမှ မသက်ဆိုင်သလို နေနေပါသဖြင့် တစ်လကျော် ကြာလာသော်လည်း အခြေအနေ မထူးခြားဘဲ ဖြစ်နေရပါသည်။ ထို့ကြောင့် အကျွနု်ပ်၏ သူငယ်ချင်းဘော်ဒါ၊ စာဖတ်ပရိသတ်များအား အားနာသမှုဖြင့် ရှေ့မျက်နှာ နောက်ထားပြီး ပြောလိုသည်မှာ “ခေတ္တနားခွင့်ပြုပါ” လို့ ….. ။

ဆက်ဖတ်ရန် →