PK Portfolio

Category: မျိုးဗီဇ

ချင်ပန်ဇီတွေကို လူတွေလို တွေးတတ်ခေါ်တတ်၊ စီမံကိန်း ချတတ်အောင် ပြုပြင်ယူလို့ ရနိုင်သလား။

Planet of Apes ရုပ်သံဇာတ်လမ်းတွဲကို တော်တော်များများ ကြည့်ဖူးကြမယ် ထင်ပါတယ်။ အဲဒီဇာတ်ကားတွေထဲမှာ ချင်ပန်ဇီတွေဟာ လူတွေလို တွေးတတ်လာပြီး လူသားမျိုးနွယ်တွေနဲ့ ပဋိပက္ခ ဖြစ်ကြရတဲ့ အကြောင်းကို ရိုက်ထားတယ်။ The Rise of Planet of Apes ဇာတ်ကားထဲမှာတော့ အဲဒီ မျောက်ဝံတွေက ဘယ်လိုကနေ ဘယ်လို လူတွေလို အသိဉာဏ် ရှိလာရတာလဲ ဆိုတဲ့အကြောင်းကို ထည့်ရိုက်ထားတယ်။ ရုပ်ရှင်ထဲမှာ ပါတာကတော့ အယ်ဇိုင်းမားရောဂါကို ကုနိုင်ဖို့ ဆေးထွင်ရင်းနဲ့ မတော်တဆ တွေ့ရှိတာ ဆိုတဲ့ ပုံစံမျိုးနဲ့ ရိုက်ပြထားတယ်။ ဒီတော့ မေးချင်တဲ့ မေးခွန်းက ချင်ပန်ဇီတွေကို လူလို တွေးတတ်လာအောင် တကယ်လက်တွေ့မှာ လက်ရှိသိပ္ပံပညာနဲ့ လုပ်လို့ ရနိုင်မလား။ နောက်တစ်မျိုး ပြောင်းမေးရရင် မျောက်ဝံတွေရဲ့ […]

Continue reading →