PK Portfolio

Category: ရောက်တက်ရာရာ

ဒီလို ….. ဒီလို

မီးလေးက Tag လုပ်ထားလို့ ရေးမယ်လို့ အန်ကျိတ်ပြီး Text editor ကို ဖွင့်လိုက်တယ်။ အတော်ကြာတဲ့အထိ ဘာမှ စဉ်းစားမရ။ ပေါ်လာတာက သူများအကြောင်းချည်း။ ဘာပဲဖြစ်ဖြစ် ရေးပစ်မယ်လို့ ကီးဘုတ်ပေါ်လက်တင်ပြီး ဂျောက်ဂျောက်ဂျက်ဂျက် လျှောက်ရိုက်လိုက်တော့မှ …………ငယ်ငယ်က အသားအတော်ဖြူလို့ ရပ်ကွက်ထဲက ဖိုးဖြူလို့ ခေါ်ကြပါတယ်။ ရပ်ကွက်ထဲမှ အဖိုးကြီးအဖွားကြီးများက ကျနော်ကို ချစ်ကြလို့ အမြဲလာလာခေါ်ပါတယ်။ ညပိုင်းဆို ရပ်ကွက်ထဲကကွတ်ပြစ်မှာ အသက် ၆၀၊ ၇၀ ကျော် အဖိုးကြီး အဖွားကြီး (၁၀) ယောက်လောက်နဲ့ ၃ နှစ်သား ကလေးတစ်ယောက် အမြဲဝိုင်းဖွဲ့နေတတ်ကြပါတယ်။ အညာဓလေ့အတိုင်းပဲ လက်ဖက်သုတ်၊ ထန်းလျက်၊ ရေနွေးကြမ်းနဲ့ ကွမ်းအစ်ချပြီး ဝိုင်းဖွဲ့စကားပြောနေကြတယ်။ သူတို့ပြောသမျှ မုန့်စားပြီး ထိုင်နားပေးနေတာ ပီကေပဲပေါ့။ သူတို့ရဲ့ Listening […]

Continue reading →

ဒါလေးတွေ ဖြေကြည့်ပါ

စဉ်းစားပြီး ဒီမေးခွန်းတွေ ဖြေကြည့်ပါဦးဗျာ။၁။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူ (၅) ယောက်ရဲ့ နာမည်၂။ မယ်စင်္ကြာဝဠာ (၅) ယောက်ရဲ့ နာမည်၃။ နိုဘယ်ဆုရှင် (၁၀) ယောက်ရဲ့ နာမည်၄။ အော်စကာဆုရှင် သရုပ်ဆောင် (၁၀) ယောက်ရဲ့ နာမည်မဖြေနိုင်ဘူးလား။ အခက်တွေ့နေတယ် မဟုတ်လား။စိတ်ပူပါနဲ့။ ဒါတွေ အကုန်လုံးကို ဘယ်သူမှ မဖြေနိုင်ပါဘူး။ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပါ။အောင်နိုင်သူတွေကို ကြာတော့လည်း မေ့သွားကြတာပါပဲ။အခု ဒီမေးခွန်းတွေကို ထပ်ဖြေကြည့်ပါဦးလား။၁။ မင်းရဲ့ ပညာရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးခဲ့တဲ့ ဆရာ/မ (၃) ယောက်ရဲ့ နာမည်၂။ မင်းလိုအပ်တဲ့ အချိန်တိုင်းမှာ မင်းနဲ့ အတူရှိခဲ့ဖူးကြတဲ့ သူငယ်ချင်း (၃) ယောက်ရဲ့ နာမည်၃။ မင်းဘဝအတွက် အရေးပါတယ်လို့ […]

Continue reading →

Lady First တဲ့လား … ။

Lady First ! ဆိုသောစကားကို ကျွန်တော် သိပ်မကြိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယောက်ျားတစ်ယောက်ဖြစ်၍ပင်။ငယ်စဉ်က နယ်မှာနေသည်။ ကျနော့်စက်ဘီးပေါ်တွင် ထမီလာလွှားလျှင် အလွန်မုန်းသည်။ အဲဒီထမီကို တွေ့ကရာ လွှင့်ပစ်သည်။ အမေကဆဲလျှင် `မလွှင့်စေချင်ရင် ကျနော့ စက်ဘီးပေါ်မတင်နဲ့ပေါ့´ဟု ကျနော်ပြန်ပြောသည်။ ကျနော့်ထက် မည်မျှပင်အသက်ကြီးသော မိန်းမပင်ဖြစ်စေ ကျနော့်ခေါင်းကို ကိုင်လျှင်မကြိုက်။ လက်ကို ရိုက်ချသည်။ ထိုအပြုအမူသည် မည်သို့စွဲဝင်နေသည် ကျွန်တော် မမှတ်မိတော့။ မိန်းမမုန်း၍လည်း မဖြစ်နိုင်။ အဟိ .. ကျွန်တော် မိန်းမ မမုန်းတတ်ပါ။ယောက်ျားကြီးဝါဒ စွဲကိုင်ထား၍ ဟုပြောချင်ပြောကြပါမည်။ ကျွန်တော် မငြင်းချင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စမျိုးမှာ ကိုယ့်ကိုယ်ကို မှတ်ချက်ပေးရသော ကိစ္စမျိုးမဟုတ်ပါ။ ပတ်ဝန်းကျင်မှ သင့်လျော်ရာ ကင်မွန်းတပ်ပါလိမ့်မည်။ သို့သော် Lady First ဆိုသော […]

Continue reading →

ရှင်းပြပေးကြပါဦး

မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သိပ်နားမလည်ပါ။ ကျွန်တော် ဘယ်လိုမှ နားလည်လို့မရသော ဥပဒေဆိုင်ရာ ကို့ယို့ကားယား အဖြစ်အပျက်တစ်ခုကို တင်ပြချင်ပါတယ်။ ဘာလို့ အဲဒီလို ဖြစ်နေသလဲဆိုတာကို စာဖတ်သူက နာလည်မယ်ဆိုရင် တစ်စိတ်လောက် ရှင်းပြပေးခဲ့စေချင်ပါတယ်။ ဒီဇာတ်လမ်းက ကျွန်တော့ ဦးလေးရဲ့အဖြစ်အပျက်ပါ။တစ်နေ့ ကျွန်တော့ဦးလေးက ကျွန်တော့အိမ်ရောက်လာပြီး အမှုတစ်ခုမှာ သက်သေအနေနဲ့ ကျွန်တော်နာ မည်ကို ထည့်ချင်တယ်လို့လာပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘာအတွက်လဲ၊ ဘာကြောင့်လဲ မေးရတော့ တာပေါ့။`ကျွန်တော်က ဘာသက်သေလိုက်ပေးရမှာလဲ။´`တရားရုံးမှာ အုပ်ထိန်းခွင့် လျှောက်ချင်လို့လေ။ အဲဒါ သက်သေနှစ်ယောက်လိုလို့ မင်းကို တစ်ယောက်အနေနဲ့ လုပ်ပေးဖို့ လာပြောတာ။´`ရပါတယ်၊ ဦးလေးရယ်။ ဒါနဲ့နေပါဦး။ ဘယ်သူ့ကို အုပ်ထိန်းဖို့ လျှောက်တာလဲ´`အဖြစ်ကတော့ ပြောရမှာတောင် စိတ်ကုန်တယ်။ ငါ့သမီးကိုလေ။´`ဟေ ……….၊ ကိုယ့်သမီးကို […]

Continue reading →

တတ်သည့်ပညာ မနေသာ (၁)

ကျွန်တော်သင်ခဲ့ဖူးတဲ့ မျက်လှည့်ပညာကို အသုံးချပြီး အနည်းငယ် တင်ပြချင်ပါတယ်။ အောက်မှာ ဖဲချပ်ခြောက်ချပ်မြင်ရမှာပေါ့။ အဲဒီထဲမှာ ရှိတဲ့ ဖဲတစ်ချပ်ချပ်ကို စိတ်ထဲမှာမှတ်ထားပေါ့ဗျာ။ ပြီးရင် ကျွန်တော့ဆရာ ဒေးဗစ်ကော်ပါဖီး ရဲ့ မျက်လုံးကို သေချာကြည့်နေလိုက်ပါ။ စိတ်ထဲကတော့ အဲဒီဖဲချပ်ကို စဉ်းစားနေဦး။ ဒါမှ ခင်ဗျားဘာစဉ်းစားနေလဲ ဆိုတာကို ဆရာ့ မျက်လုံးကနေ လှမ်းကြည့်လို့ရမှာ။ (၅) စက္ကန့်လောက်ကြည့်ပြီးရင် အောက်က Magic ဆိုတဲ့ ခလုတ်ကလေးကို နှိပ်လိုက်ဗျ။ ခုန ဖဲချပ်တွေထဲက ခင်ဗျား မှတ်ထားတဲ့ ဖဲချပ်ကို ကျွန်တော် ဖျောက်ပြမယ်။ မယုံရင် စမ်းကြည့်ပါလား။မှတ်ချက်။ ။တစ်ချပ်တည်းပဲ မှတ်ပါ။ ကျွန်တော့ပညာက တစ်ချပ်တည်းပဲ ဖျောက်ပေးနိုင်မှာ။ အဲဒီတော့ တစ်ချပ်ကျော်ရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။

Continue reading →

သား ဂျောင်းတက်ချင်ဘူး မေမေ

ကျောင်းတက်ရမှာ ပျင်းတဲ့သူတွေ ရှိမယ်။ အဲဒီလိုလူတွေက စသဖြင့်ပေါ့ …..။အော .. ကျောင်းတက်ချင်ပါပေ့ ဆိုတဲ့လူတွေလည်း ရှိသေးတယ်။ ရှားရှားပါးပါးပါ။သူတို့တွေကျတော့ စသဖြင့်ပေါ့ဗျာ။ဒါပေမယ့် ဘယ်မိဘမဆို သူတို့သားသမီးတွေကို ကျောင်းမှန်မှန်တက်စေချင်ကြတယ်ဗျ။ တစ်နေ့တော့ အမေနဲ့ ပြဿနာတက်ရောဗျာ။ဟဲ့ကောင်၊ ဘာလို့ကျောင်းလစ်လစ်နေတာလဲ။ လိမ်ဖို့ မစဉ်းစားနဲ့။ ငါသတင်းရပြီးပြီ။ နင်ပညာမတတ်ရင် ခွေးဖြစ်သွားမယ်။ ငါတို့မှာ နင့်အတွက် ပိုက်ဆံကုန်ထားရတာ။ နင်ကတော့ ပျော်လို့ပါးလို့။အော်အမေရယ်၊ အမေတို့ သားအတွက် ပိုက်ဆံကုန်ထားရတာ သားသိပါတယ်။ ဒါပေမယ့် ကျောင်းတက်တော့ ပညာတတ်ရောလား အမေရယ်။ နောက် ပညာမတတ်ရင် ခွေးဖြစ်မယ်ဆိုတာတော့ ဟုတ်ပါပြီ။ ပညာတတ်ရင်ကော ဘာဖြစ်မှာမို့လဲ။အမေ ဒေါသထွက်ပြီး မျက်နှာကြီးနီရဲနေ၍ ဘာမှဆက်မပြောဖြစ်တော့။ အမှန်တိုင်းပြောရရင် အမေမလွန်ပါ။ ပထမနှစ် တက္ကသိုလ်စတက်ရ၍ ကျောင်းအတော်မှန်ခဲ့သည်။ ပြန်စဉ်းစားကြည့်တော့ ဒုတိယနှစ်တွင် တစ်နှစ်ပတ်လုံးမှ နေ့ဝက် […]

Continue reading →