← ဘလော့ဂ်သို့ ပြန်ရန်

Sharing critical information

တွေးစရာ ဟာသ

ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က”ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်”လို့ ကမ်းလှမ်းလိုက်တယ်။ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး အိမ်ပေါ် ပြန်တက်လာတယ်။ သူ အခန်းထဲ ရောက်တော့ သူ့ ခင်ပွန်းသည်က “အောက်က ဘယ်သူလဲ” လို့ လှမ်းမေးလိုက်တယ်။ “တစ်အိမ်ကျော်က မောင်ဇော်ပါ” လို့ ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ခင်ပွန်းသည်က အားရဝမ်းသာနဲ့ ပြောလိုက်တာက”ဟေ … ဟုတ်လား။ ငါ့ကို ပေးစရာရှိတဲ့ ဒေါ်လာ ၈၀၀ နဲ့ပတ်သက်ပြီး ဘာပြောသွားသေးလဲ” တဲ့။ဒီပုံပြင်လေး ဖတ်အပြီးမှာ မပြုံးဘဲ မနေနိုင်ပါဘူး။ အဲဒါ ဖတ်ပြီးတော့ ကျနော် တွေးလိုက်မိတာက လူတွေရဲ့ “လျှို” တတ်တဲ့ အကျင့်ပါ။ ကိုယ့်မှာ ရှိနေတဲ့၊ ကိုယ်သိတဲ့ သတင်းအချက်အလက်ကို သူများကို မပြောချင်ဘူး။ သူစိမ်းကို မပြောချင်တာ သိပ်မဆန်းပေမယ့် ကိုယ့်ရဲ့ ပါတနာ (partner) – သူငယ်ချင်းအရင်းလည်း ဖြစ်နိုင်တယ်၊ အိမ်ထောင်ဖက်လည်း ဖြစ်နိုင်တယ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ချင်ဖြစ်မယ်၊ စီးပွားဖက်လည်း ဖြစ်နိုင်တယ် – ကို လျှို့ဝှက်တယ်ဆိုတာ အမြဲ ကောင်းကျိုး ရပါ့မလားလို့ စဉ်းစားမိတယ်။ ဒီပုံပြင်နဲ့ ပြောရရင်တော့ ဟိုကောင် မောင်ဇော် အချောင်နှိုက်ပြီး အမြတ်ထုတ်သွားတယ်။ တကယ်တမ်းဆိုရင် ကျနော်တို့မှာ ရှိတဲ့ အရေးကြီးတယ်လို့ ယူဆရတဲ့ အကြောင်းအချက်တွေကို အနည်းဆုံး ကျနော်တို့ရဲ့ မိတ်ဖက် ပါတနာကို ပြောပြထားသင့်ပါတယ်။ ဒါမှ ရှောင်လွှဲလို့ရနိုင်တဲ့ အန္တရာယ်ကို ကြိုမြင်နိုင်မှာပါ။မဟောသဓာ ဇာတ်ထဲက မေးခွန်းတစ်ခုကို သွားသတိရမိတယ်။”လျှို့ဝှက်အပ်သော အမှုကို မည်သူ့အား ပြောသင့်သနည်း”တဲ့။ အမတ်ကြီးလေးယောက်က အဟော်သဓာကို ချောက်တွန်းပြီး မေးတဲ့ မေးခွန်းလေးပါ။ ကျနော် အမြင်နဲ့ ဖြေရရင်တော့ ယုံကြည်စိတ်ချရသူကို ပြောသင့်တယ်လို့ ထင်တယ်။ ဘယ်သူ့ကိုမှ မယုံဘူး ဆိုရင်တော့ ဘယ်သူမှ မပြောနဲ့ပေါ့။ မဟော်သဓာကတော့ ဘယ်သူ့ကိုမှ မပြောသင့်ဘူး လို့ ဆိုပါတယ်။ အပေါ် ပုံပြင်အရဆိုရင် ခင်ပွန်းသည်အနေနဲ့ သူ့ မိန်းမ အဲလို ဒုက္ခ ရောက်သွားမယ်လို့ သူ ဘယ်ထင်မလဲ။ ဒါပေမယ့် တကယ်လို့ သူသာ သူ့ မိန်းမကို ငွေချေးထားတဲ့ အကြောင်း ပြောထားမယ်ဆိုရင် မောင်ဇော်ရဲ့ လုပ်ကွက်ကနေ လွတ်နိုင်မှာတော့ သေချာပါတယ်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading