← ဘလော့ဂ်သို့ ပြန်ရန်

Lady First တဲ့လား … ။

ရောက်တက်ရာရာ

Lady First ! ဆိုသောစကားကို ကျွန်တော် သိပ်မကြိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယောက်ျားတစ်ယောက်ဖြစ်၍ပင်။ငယ်စဉ်က နယ်မှာနေသည်။ ကျနော့်စက်ဘီးပေါ်တွင် ထမီလာလွှားလျှင် အလွန်မုန်းသည်။ အဲဒီထမီကို တွေ့ကရာ လွှင့်ပစ်သည်။ အမေကဆဲလျှင် `မလွှင့်စေချင်ရင် ကျနော့ စက်ဘီးပေါ်မတင်နဲ့ပေါ့´ဟု ကျနော်ပြန်ပြောသည်။ ကျနော့်ထက် မည်မျှပင်အသက်ကြီးသော မိန်းမပင်ဖြစ်စေ ကျနော့်ခေါင်းကို ကိုင်လျှင်မကြိုက်။ လက်ကို ရိုက်ချသည်။ ထိုအပြုအမူသည် မည်သို့စွဲဝင်နေသည် ကျွန်တော် မမှတ်မိတော့။ မိန်းမမုန်း၍လည်း မဖြစ်နိုင်။ အဟိ .. ကျွန်တော် မိန်းမ မမုန်းတတ်ပါ။ယောက်ျားကြီးဝါဒ စွဲကိုင်ထား၍ ဟုပြောချင်ပြောကြပါမည်။ ကျွန်တော် မငြင်းချင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စမျိုးမှာ ကိုယ့်ကိုယ်ကို မှတ်ချက်ပေးရသော ကိစ္စမျိုးမဟုတ်ပါ။ ပတ်ဝန်းကျင်မှ သင့်လျော်ရာ ကင်မွန်းတပ်ပါလိမ့်မည်။ သို့သော် Lady First ဆိုသော ကိစ္စမှာ တစ်ဖက်စောင်းနင်း ကျနေသည်။ အားနွဲ့သူမို့ ခွင့်ပြုပါဆိုလျှင် ကျွန်တော်မငြင်းပါ။ ဘယ်ကိစ္စကိုမဆို Lady First ဆိုလျှင် သူတို့ကို အရင်သေစေချင်ပါသည်။ နိုင်ငံတော်က အခွန်ကောက်လျှင်လည်း သူတို့ကို ဦးစားပေးစေချင်သည်။အဆောင်နေတုန်းက အဆောင်နေသူငယ်ချင်းများနှင့် ဟိုဟာလု ဒီဟာလု လုပ်ကြရလျှင် ကျွန်တော်က အမြဲအလျှော့ပေး၍ ပြောလေ့ရှိသောစကားမှာ `Lady First ပဲ မင်းတို့အရင်လုပ်ကြပါ´ ဟူ၍။ဒီကမ္ဘာမှာ ယောက်ျားနဲ့မိန်းမ နှစ်မျိုးရှိပါတယ်။ ဒါလူတိုင်းသိပြီးသားပါ။ ဂဃနဏမသိတာက ဘာလို့ နှစ်ခုကွဲနေသလဲ ဆိုတာပဲ။ ကျွန်တော်သိလို့ ပြောမလို့ မဟုတ်ပါ။ ကျနော်သိသလောက် တင်ပြချင်လို့ပါ။ ဒီထက်ပိုသိတဲ့လူတွေက အကြံပေးပေါ့။ မဟုတ်လား။ ဘုရားသခင်က တစ်စုံစာ ဖန်ဆင်းထားသည်ဟု ကျမ်းစာများကရေးသည်။ ကျွန်တော် မသိပါ။ အဲဒီတုန်းက ကျွန်တော် မမွေးသေးပါ။ တာအိုဝါဒကတော့ လောကကြီး ဖြစ်တည်ရပ်တည်ဖို့ ဆန့်ကျဘက်အင်အားစုတစ်စုံ အပြန်အလှန်ထောက်ကန်ရမည် လို့တင်ပြတယ်။ ဒါကို လက်ခံနိုင်တယ်။ အလင်းရှိလို့ အမှောင်ရှိတယ်။ အလင်းမရှိတော့ရင် အမှောင်ဟာ ယုတ္တိမရှိတော့ဘူး။ အမှောင်မရှိရင် အလင်းရဲ့ အနှစ်သာရ လုံးဝပျောက်ကွယ်သွားမယ်။ ဒီအတိုင်းပါပဲ ဆန့်ကျင်ဘက်သဘောဆောင်တဲ့ ယောက်ျားနဲ့မိန်းမဟာ အတူသကွ ယှဉ်တွဲနေထိုင်မှ အဓိပ္ပါယ်ရှိမယ်တဲ့။အဲဒီမှာ စဉ်းစားစရာတစ်ခုပါလာတယ်။ `ဆန့်ကျင်ဘက်သဘောတရားဆောင်တဲ့ ယောက်ျားနဲ့မိန်းမ´ လို့ ပြောထားတယ်။ ဒီသဘောတရားကို တရုတ်လူမျိုးတွေ အပြည့်အဝလက်ခံကြတယ်။ အိန္ဒိယမှာလည်း လက်ခံတယ်။ ဒါကြောင့်မို့ တရုတ်အသိုင်းအဝိုင်းမှာ မိန်းကလေးတွေဟာ လျစ်လစ်ရှုခံရတဲ့ နယ်ပယ်အတော်များတယ်။ တရုတ်နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် တာအိုဝါဒ နဲ့ ကွန်ဖြူးရှပ်ဝါဒ တွေကို ရင်းနှီးကြီးပြင်းလာရတော့ မိန်းကလေးတွေဟာ အပယ်ခံတွေ ဖြစ်ခဲ့ဖူးကြတယ်။ မော်စီတုန်းအာဏာရဖို့ ကြိုးစားတဲ့အချိန်ကစပြီး မော်က နိုင်ငံရေးအရရော အတွေးအခေါ်ခေတ်မီတာကြောင့်ရော မိန်းကလေးတွေကို အတော်နေရာပေးလာခဲ့တယ်။ ပဒေသရာဇ်ခေတ်က ညီလာခံကို မိန်းမ မဝင်ရဘူး။ယောက်ျားနဲ့မိန်းမဟာ ဆန့်ကျင်ဘက်လို့ ယုံကြည်တဲ့လူ အတော်များပါတယ်။ မိန်းမတွေက ကပ်စေး နည်းတယ်။ ယောကျ်ားတွေက ကပ်စေးမနည်းဘူး။ ဒါပေမယ့် ယောက်ျားတွေက တွန့်တိုတယ်၊ မိန်းမတွေက လက်ဖွာတယ်။ ကပ်စေးနည်းတယ်လည်းပြောသေး လက်ဖွာတယ်လည်းပြောတယ်။ ဘယ်လိုကြီးလဲလို့ မတွေး လိုက်နဲ့ဦး။ ကပ်စေးနည်းတယ်ဆိုတာ သုံးသင့်တာကို မသုံးတာပါ။ လက်ဖွာတယ်ဆိုတာ သုံးသင့်တာထက် ပိုသုံးတာပါ။ ဒါကြောင့် မိန်းမတွေက သုံးသင့်တာကို မသုံးဘူး၊ မကုန်သင့်တာကို အသက်လွတ်အကုန်ခံတယ်လို့ ပြောတာ။ ဒါလူအများစုရဲ့ အတွေးပါ။ ကျနော်ရဲ့အတွေးမဟုတ်ပါဘူး။ ကျနော်က သူများပြောတိုင်း ယုံ တဲ့လူမဟုတ်ဘူး။ ဒါကို သိပ္ပံပညာရှင်တချို့က လေ့လာထားပါတယ်။ ယောကျ်ားနဲ့မိန်းမ ဘာကွာလဲပေါ့။အဖြေက `သေချာတဲ့အဖြေမရှိခြင်း´ ပါပဲ။ ဘာတွေကွာလည်းဆိုတာသိရအောင် စစ်တမ်းလိုက်ကောက်လိုက်တဲ့ အခါမှာ ကွာတယ်၊ မကွာဘူးဆိုတာထက် အဲဒီအဖြေကို ပြောဖို့ကို အဖြေမရပါဘူး။ ကွာသလား၊ မကွာဘူးလား ပြောလို့မရပါဘူး။ ဒါပေမယ့် မတူတာ တချို့ကို သူတို့တင်ပြထားပါတယ်။ ကိစ္စရပ်တစ်ခုတည်းကိုပဲ ယောက်ျားတွေက ဒီလိုမြင်ပေမယ့် မိန်းမတွေက ဟိုလိုမြင်ကြပါတယ်။ ဒါကို ဟုတ်မဟုတ် မှန်မမှန်လေ့လာ ကြည့်ကြပါ။ ကျွန်တော်က ယောက်ျားဆိုတဲ့ ယောက်ျားအတိုင်းပဲတွေးတတ်တာပါ။ မိန်းမတွေ ဘယ်လိုတွေး လဲ ကျွန်တော်မသိပါ။ စာဖတ်သူ မိန်းကလေးများ ဖတ်ပြီး မှတ်ချက်ပေးစေချင်လို့ပါ။မ – ပြဿနာတွေအကြောင်း ပြောရမှာ ခံတွင်းတွေ့တယ်။ကျား – ဖြေရှင်းချက်တွေကို ပေးဖို့ ပိုပြီး ဆန္ဒရှိတယ်။ကျား – အချက်အလက်တွေကို နားထောင်တယ်။ ခံစားချက်တွေကို မေ့လျော့နေတတ်တယ်။မ – ခံစားချက်ကို ဦးစားပေးတယ်။ အချက်အလက်တွေကို လျစ်လျူရှုထားတယ်။မ – ဆုံးဖြတ်ချက်တစ်ခုချဖို့ အချိန်အများကြီး ယူမယ်။ကျား – ခပ်မြန်မြန်ပဲ ဆုံးဖြတ်ပစ်လိုက်တယ်။ကျား – ခံစားချက်တွေကို ဖုံးကွယ်ထားချင်တယ်။မ – ခံစားချက်တွေကို အသားပေး ဖော်ထုတ်မယ်။မ – တစ်ပြိုင်တည်းမှာ အလုပ်အများကြီး လုပ်ချင်တယ်။ကျား – တစ်ခုချင်းစီပဲ ပြီးအောင်လုပ်သွားချင်တယ်။ကျား – အရာဝတ္ထုတွေကို လူတွေထက် ပိုစိတ်ဝင်စားတယ်။မ – အရာဝတ္ထုတွေထက် လူတွေကို ပိုစိတ်ဝင်စားတယ်။မှန်မမှန် ကိုယ့်ဖာသာ စမ်းစစ်ကြည့်စေချင်ပါတယ်။မိန်းမက ပိုတော်သလား ယောကျ်ားက ပိုတော်သလားဆိုတာကို အဲဒီသုတေသနက အဖြေမပေးပါဘူး။ ဒါပေမယ့် အခြားသုတေသနစာစောင်တစ်ခုမှာတော့ ဘယ်သူပိုတော်သလဲဆိုတဲ့အဖြေထက် မှတ်သားဖို့ ဂဏန်းတချို့တင်ပြ ထားပါတယ်။ အမေရိကန်နိုင်ငံမှာ မနှစ်က မိန်းမနဲ့ယောကျ်ား ဘွဲ့ရတဲ့အချိုးက ၁၃၃ း ၁၀၀ ရှိပါတယ်။ သဘောက ယောကျ်ား (၁၀၀) မှာ မိန်းမ (၁၃၃) ယောက် ဘွဲ့ရပါတယ်။ မိန်းမကပိုများနေပါတယ်။ ဒါဆို မိန်းမတွေက ပိုတော်လို့လား။နောက်ပြီး အမေရိကန်မှာ လူ (၂၂၇၀၀၀၀) ယောက် ထောင်ကျနေပါတယ်။ အဲဒီအထဲက မိန်းမဟာ (၇) ရာခိုင်းနှုန်းပဲရှိပါတယ်တဲ့။ ဒါဆို ယောကျ်ားတွေက မိန်းမတွေထက် ပိုဆိုးလို့ပေါ့ဟု ကောက်ချက်ချလို့ ရနေပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေနောက်တစ်ခု ရှိနိုင်သေးတယ်။ မိန်းမတွေက ယောကျ်ားတွေထက် ပိုဆိုးကောင်း ဆိုးမယ်။ ဒါပေမယ့် ယောကျ်ားတွေထက် ပိုလည်တော့ အရှောင်အတိမ်းပိုင်လို့ ထောင်မကျတာလည်း ဖြစ်နိုင်တယ်။ စာဖတ်သူကော ဘယ်လိုထင်လဲ။စကားပုံတစ်ခုရှိတယ်။ `ကြက်မတွန်လို့ မိုးမလင်းပါ´ တဲ့။ အဓိပ္ပါယ်က မင်းတို့မိန်းမတွေ အရေးမပါ ပါဘူးကွာပေါ့။ ကြက်မ တွန်ရင် မိုးလင်းမလင်း ကျနော်မသိပါ။ ကြက်ဖတွန်လို့ ကျွန်တော် ဒုက္ခရောက်ခဲ့ဖူးပါတယ်။ ရန်ကုန်ရောက်စ တိုက်ခန်းမှာ အလုံပိတ်ပြီး နေ့ခင်းဖက် တစ်ရေးအိပ်ပါတယ်။ အိပ်ချင်မူးတူး တစ်ရေးနိုးတော့ ကြက်ဖတွန်သံကြားလိုက်ပါတယ်။ ငါအိပ်တာ တစ်ရက်တောင်ကျော်သွား ပါပကော ဆိုပြီး အလုပ်သွားဖို့ အသည်းအသန်ပြင်ဆင်လိုက်တယ်။ အခန်းပြင်ထွက်ဖို့ နာရီကြည့်မှ ညနေ ၅ နာရီပဲရှိသေးတာသိရတယ်။ နောက်နေ့ သတိထားကြည့်တော့မှ အဲဒီကြက်ဖက တစ်နေကုန် တွန်နေတာပဲ။ တို့အညာမှာ ကြက်ဖတွန်ရင် အာရုံတက်မိုးလင်းပြီလေ။ အော် မြို့ကြီးသားကြက်ဖက တွန်ချင်သလို တွန်တာ အဲဒီမှသိရတယ်။လူ့သမိုင်းကြောင်းအရ မိန်းမတွေကို အနှိမ်ဆုံး အသိုင်းအဝိုင်းက နိုင်ငံရေးအသိုင်းအဝိုင်းပါပဲ။ မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတဲ့စကားပုံ ကြားဖူးမှာပါ။ နိုင်ငံရေးအသိုင်းအဝိုင်းက တတ်နိုင်သလောက် မိန်းမတွေကို အရာမသွင်းဘူး။ တရုတ် ထန်မင်းဆက်မှာ မိန်းမဘုရင်ပေါ်ခဲ့ဖူးတယ်။ Li Shi Ming ဆိုတဲ့ ဘုရင်လက်ထက်မှာ ဘုရင်မပေါ်မယ်လို့ သဘောင်ထွက်တယ်။ ဒါနဲ့ အဲဒီဘုရင်က ထုံးစံအတိုင်း ဗေဒင်တွက်တော့ နန်းတော်ထဲမှ ရှိနေတယ်ဆိုတာသိရတယ်။ ဒါနဲ့ စီစစ်လိုက်တော့ သူ့ရဲ့ မောင်းမထဲကဖြစ်နေတယ်။ ဒါကို ဘုရင်က ဘယ်သူ့ကိုမှ မပြောပြဘူး။ အဲဒီကောင်မလေးက ၁၆ နှစ်ပဲရှိသေးတယ်။ အဲဒီ မောင်းမကို သူ့နားဘေးနား ခေါ်ထားပြီး တိုင်းရေးပြည်ရာတွေ ယဉ်ပါးအောင် နည်းနည်းစီ သင်ပေးတယ်။ နောက်ထပ်ဘုရင်တစ်ပါး နန်းတက်ပြီး ခုနက ဘုရင်မကြီးနန်းတက်တယ်။ အသက် (၈၀) ကျော် သေခါနီး တစ်ရက်လိုမှ ထီးနန်းလွှဲ ပေးခဲ့တယ်။ ဒါ တရုတ်ပြည်ရဲ့ ပထမဆုံး ဘုရင်မကြီးလေ။ အဲဒီ ဘုရင်မကြီး နန်းရတော့ ဘာလုပ်လဲသိလား။ မင်းတို့ ယောကျ်ားတွေ ဘုရင်ဖြစ်ရင် မိန်းမတွေ အများကြီးယူတယ်။ ငါလည်း ယူတယ်ကွာဆိုပြီး ယောကျ်ားတွေ အများကြီးယူတယ်။ မောင်းမ အစား မောင်းထီး လို့ခေါ်ရမလား မသိဘူး။အခုခေတ်မှာတော့ အခက်ဆုံး နယ်ပယ်ဖြစ်တဲ့ နိုင်ငံရေးနယ်ပယ်မှာ မိန်းမတွေ အတော်လေး နေရာယူလာနိုင်တယ်။ အမေရိကန်မှာလည်း အခုဆို ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ဖို့ ဟယ်ရာရီကလင်တန်က အသည်းအသန် ကြိုးစားနေလေရဲ့။ ၂၀ ရာစုနောက်ပိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံတော်အကြီးအကဲ (သို့) သမ္မတ (သို့) ဝန်ကြီးချုပ်အဖြစ်နဲ့ နေရာယူလာတဲ့ အမျိုးသမီးတွေ အများကြီးရှိလာပြီ။ ကျွန်တော် ကြိုးစားပြီး စာရင်းပြုစုထားပါတယ်။ စုစုပေါင်း (၅၁) ယောက်ရှိပါတယ်။ တစ်ဦးချင်းစီရဲ့ အကြောင်းကို ဖတ်လို့ရအောင် လင့်ခ် လုပ်ပေးထားပါတယ်။ အကယ်၍ စာရင်းထဲမှာ လိုတာလေးရှိနေမယ် ဆိုရင် အသိပေးဖို့ မမေ့ပါနဲ့ဦး။ ဒီစာရင်းထဲမှာ ကမ္ဘာကျော် နာမည်ကြီးတဲ့လူတွေ အများကြီးပါပါတယ်။ ဒါကို ကြည့်ရင်ဖြင့် မိန်းမဆိုတာ အထင်သေးစရာ မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ Lady First မဟုတ်တောင် ကျနော်အမြင် ကတော့ အားလုံးဟာ တန်းတူပါပဲ။ အားလုံးဟာ လူတွေပဲ မဟုတ်လား။Maria Estela Isabel Martinez do Peron, President of Argentine Republic from 1974 to 1976Sirimavo Ratwatte Dias Bandaranaike, Prime Minister of Sri Lanka, 1960-1965, 1970-1977, 1994-2000Indira Gandhi, Prime Minister of India, 1966-77, 1980-1984Golda Meir, Prime Minister of Israel, 1969-1974Elisabeth Domitien, Prime Minister of Central African Republic, 1975-1976Maggie Thatcher, Prime Minister of United Kingdom from 1979 to 1990Maria da Lourdes Pintasilgo, Prime Minister of Portugal, 1979-1980Lidia Gueiler Tejada, President of Bolivia, 1979-1980Dame Eugenia Charles, Prime Minister of Dominica, 1980-1995Vigdis Finnbogadotir, President of Iceland, 1980-1996Gro Harlem Brundtland, Prime Minister of Norway, 1981, 1986-1989, 1990-1996Soong Ching-Ling, Honorary President of Peoples’ Republic of China, 1981Milka Planinc, Federal Prime Minister of Yugoslavia, 1982-1986Agatha Barbara, President of Malta, 1982-1987Maria Liberia-Peters, Prime Minister of Netherlands Antilles, 1984-1986, 1988-1993Corazon Aquino, President of Philippines, 1986-1992Benazir Bhutto, Prime Minister of Pakistan, 1988-1990, 1993-1996Kazimiera Danuta Prunskiene, Prime Minister of Lithuania, 1990-1991Violeta Barrios de Chamorro, Prime Minister of Nicaragua, 1990-1996Mary Robinson, President of Ireland (First Female President), 1990-1997Ertha Pascal Trouillot, Interim President of Haiti, 1990-1991Sabine Bergmann-Pohl, President of German Democratic Republic, 1990Khaleda Zia, Prime Minister of Bangladesh, 1991-1996Edith Cresson, Prime Minister of France, 1991-1992Hanna Suchocka, Prime Minister of Poland, 1992-1993Kim Campbell, Prime Minister of Canada, 1993Sylvie Kinigi, Prime Minister of Burundi, 1993-1994Agathe Unwilingiyimana, Prime Minister of Rwanda, 1993-1994Susanne Camelia-Romer, Prime Minister of Netherlands Antilles, 1992, 1998-1999Tansu Ciller, Prime Minister of Turkey, 1993-1995Chandrika Bandaranaike Kumaratunge, Sri Lanka, Prime Minister, 1994, President, 1994-2005Reneta Indzhova, Interim Prime Minister of Bulgaria, 1994-1995Claudette Werleigh, Prime Minister of Haiti, 1995-1996Sheikh Hasina Wajed, Prime Minister of Bangladesh, 1996-2001Mary McAleese, President of Ireland (Present), since 1997Janet Jagan, Guyana, Prime Minister ,1997, President, 1997-1999Jenny Shipley, Prime Minister of New Zealand, 1997-1999Ruth Dreifuss, President of Switzerland, 1999-2000Jennifer Meredith Smith, Premier of Bermuda, 1998-2003Nyam-Osoryn Tuyaa, Acting Prime Minister of Mongolia, 22-30 July 1999Helen Clark, Prime Minister of New Zealand (Present), Since 1999Mireya Elisa Moscoso de Arias, President of Panama, 1999-2004Vaira Vike-Freiberga, President of Latvia, 1999-2007Tarja Kaarina Halonen, President of Finland (Present), Since 2000Gloria Macapagal-Arroyo, President of the Philippines (Present), Since 2001Mame Madior Boye, Prime Minister of Senegal, 2001-2002Megawati Sukarnoputri, President of Indonesia, 2001-2004Angela Dorothea Merkel, Chancellor of Germany (Present), Since 2005Michelle Bachelet Jeria, President of Chile (Present), Since 2006Ellen Johnson-Sirleaf, President of Liberia (Present), Jan 2006Micheline Calmy-Rey, President of the Swiss Confederation (Present), 2007

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading