← ဘလော့ဂ်သို့ ပြန်ရန်

ယောက်ယက်ခတ်နေသော ပုံရိပ်များ

Photo News ရောက်တက်ရာရာ

ကျနော်တို့ တစ်ခါတစ်လေမှာ ဘယ်ရယ်မှန်းမသိ စိတ်လှုပ်ရှား နေတတ်ပါတယ်။ ဒေါသ ထွက်လို့ပဲ ဖြစ်ဖြစ်၊ နှစ်လိုဖွယ် တစ်ခုခုကို စိတ်ကူးနေလို့ပဲ ဖြစ်ဖြစ်၊ ကြည်နူးနေလို့ပဲ ဖြစ်ဖြစ်၊ ကြောက်ရွံ့နေလို့ပဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့ စိတ်တွေက ယောက်ယက်ခတ်နေပါတယ်။ တည်ငြိမ်နိုင်စွမ်း မရှိတဲ့ ဒီစိတ်ကလည်း ထိန်းရ အတော်ခက်တယ်မလား။ တစ်ခါတစ်လေတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီးလည်း တချို့ လွှတ်ထားတတ်ကြတယ်လေ။ ခဲစင်တဲ့ ရေပြင်လို ပြာယာခတ်နေတဲ့ စိတ်ရဲ့ လှုပ်ရှားမှု အတိုင်းအတာကို ဘယ်လို တိုင်းတာမလဲ ဆိုတာဟာ သိပ္ပံပညာ အနေနဲ့ အတော်လေး စိတ်ခေါ်နေတဲ့ ခေါင်းစဉ်တစ်ခုပါ။ ဒါပေမယ့် အခု အောက်မှာ ပြထားတဲ့ ပုံတွေဟာ ကိုယ့်ရဲ့စိတ် ဘယ်လောက် ပြာယာခတ်နေသလဲ ဆိုတာကို ပြနိုင်တယ် ဆိုရင် ယုံကြပါ့မလားဗျာ။ဒီပုံတွေကို ကျနော် ဟိုး အရင် ကတည်းက မြင်ဖူးနေတာပါ။ ဒါပေမယ့် ဒီပုံတွေကို (Optical Illusion) အမြင်အာရုံကို လှည့်စားတဲ့ပုံတွေ အနေနဲ့ပဲ သိထားခဲ့တာပါ။ တစ်နေ့က ဝက်ဆိုဒ် တစ်ခုမှာ ဒီပုံတွေရဲ့ အသုံးဝင်ပုံကို ဖတ်လိုက်ရတော့ ကျနော် ပြန်လည် ဖြန့်ဝေပေးချင်စိတ် ပေါက်သွားတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်။

ဒီပုံလေးဟာ ပန်းချီကားလေးတွေပါ။ ဒါကြောင့် ပန်းချီကားတွေရဲ့ သဘော သဘာ၀ အတိုင်း ပါဝင်တဲ့ ရုပ်ဝတ္ထုတွေဟာ လှုပ်ရှားမှု မရှိပါဘူး။ ဒါပေမယ့် အသေချာ ကြည့်ကြည့်ပါ။ အားလုံးဟာ လှုပ်ရှားနေပါတယ်။ ကျနော် မညာပါဘူး။ ဒါဟာ ပုံသေ ပန်းချီကားပါ။ ဒါဆို ဘာကြောင့် ဒါတွေ လှုပ်နေသလဲ။ ဒီအဖြေကို ဖြေဖို့ သင်တို့ကို ကျနော် မေးခွန်း တစ်ခု ပြန်မေးရပါမယ်။ သင်တို့တွေ ဒီပုံကို ကြည့်နေတဲ့ အချိန်မှာ စိတ်တွေကော တည်ငြိမ်နေပါရဲ့လား။ အဖြေက ရှင်းပါတယ်။ ဘယ်သူကကော စိတ်တွေ တည်ငြိမ်နေကြမှာလဲ။ အနည်းနဲ့ အများတော့ အားလုံး လှုပ်ရှားနေကြ မှာပါ။ ဟုတ်ပါတယ်။ ဒီပုံလေးတွေရဲ့ ထူးခြားချက်က ဘာလဲ ဆိုတော့ သင်တို့ရဲ့ စိတ်လှုပ်ရှားမှု အတိုင်းအတာ အလျောက် ပုံအထဲက ဝတ္ထုတွေ လှုပ်ရှားနေပါမယ်။ သင်တို့တွေ စိတ်လှုပ်ရှားလေလေ အဲဒီ ဝတ္ထုတွေ လှုပ်ရှားလေလေ ပါပဲ။သင် မယုံကြည်နိုင်ဘူးလား။ ကျနော် ပြောသလို စမ်းသပ်ကြည့်ပါ။ အသက်အောင့်လိုက်ပါ။ ပန်းချီကား တစ်ချပ်ကို အာရုံစိုက်လိုက်ပါ။ သင့်ရဲ့ အာရုံတွေ အဲဒီထဲက ဝတ္ထုတွေ အပေါ် စူးစိုက်လာတာနဲ့ အမျှ လှုပ်ရှားမှုတွေ တဖြည်းဖြည်း နှေးလာပါလိမ့်မယ်။ ရပ်သွားပြီလို့ ထင်ရပေမယ့် ဂျစ်ကန်ကန်နဲ့ ဆက်သွားနေဦးမယ်။ နောက်ဆုံးတော့ လှုပ်ရှားမှု လုံး၀ ရပ်သွားလိမ့်မယ်။ ဒီလို ရပ်သွားအောင် လုပ်နိုင်ရင် သင်ဟာ စိတ်ကို အချိန်ပိုင်းပဲ ဖြစ်စေ တည်ငြိမ်အောင် လုပ်နိုင်တဲ့ အစွမ်း ရှိနေပါပြီ။ ဒါ တော်တန်ရုံ လူတစ်ယောက် မလုပ်နိုင်ပါဘူး။ စမ်းကြည့်ပါဦး။ အဲဒီ အထဲက ဝတ္ထုတွေ ဘယ်လောက် ကြာကြာ ရပ်တန့်နေအောင် သင် အာရုံစိုက်နိုင်ပါသလဲ။ သင်ရဲ့ စိတ်တွေကော ဘယ်လောက် ယောက်ယက်ခတ်နေပါသလဲ။ ကြည့်ပြီးပြီဆိုရင် ကျနော့်ကိုလည်း အတွေ့အကြုံလေး မျှခဲ့ပါဦး။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading