← ဘလော့ဂ်သို့ ပြန်ရန်

ယိုင္တုိင္တုိင္ အေတြးမ်ား

ရောက်တက်ရာရာ

လျော့ရဲရဲ အပြုံးတွေနဲ့ ခပ်ရိရိ လောကကြီး။ (ငိုပြနေဦးမယ်)ချိနဲ့နဲ့ ခြေလှမ်းတွေနဲ့ အလည်လွန်တဲ့ မျှော်လင့်ချက်။ (ပျံသန်းပစ်လိုက်မယ်)စိမ်းရွှင်ရွှင် အကြည့်တွေနဲ့ ခပ်ကျဲကျဲ ခွင့်လွှတ်ခြင်း။ (လက်စားချေနေတယ်)စပ်ဖြီးဖြီး အမုန်းတွေနဲ့ ခပ်တည်တည် ဖော်ရွေမှု။ (ကျင့်သုံးကြမယ်လေ)စင်းလုံးချော အပြစ်တွေနဲ့ ရောင်စုံခြယ် ကိုယ်ချင်းစာတရား။ (ကြင်နာကြပါစို့လား)အရှုံးပြ နှလုံးသားနဲ့ ခပ်ပေါပေါ သစ္စာ။ (ရယ်မောနေလိုက်တယ်)ခပ်ပျစ်ပျစ် ဟန်ဆောင်မှုနဲ့ အဖာတစ်ရာ ကရုဏာ။ (သနားပါတယ်နော်)ဆန်းသစ်တဲ့ မနက်ဖြန်နဲ့ ခေါက်ရိုးကျိုးနေတဲ့ အချိန်တွေ။ (အား မွေးထားတယ်)ပျိုမျစ်တဲ့ အရှုံးနဲ့ တိုက်စစ်မှူးလေး နောင်တ။ (ယစ်မူးကြဦးစို့)ရိုးတိုးရိပ်တိတ် ပွင့်လင်းမှုနဲ့ မုံယိုနေတဲ့ သမာဓိ။ (အပို ဆောင်ထားကြပါ)ပေါ့ပျက်ပျက် ဒေါသနဲ့ ခက်ထန်တဲ့ အကြင်နာတရား။ (ယမယ်မရှာပါနဲ့)မှုန်ဝါးဝါး အနာဂတ်နဲ့ စူးရှနေတဲ့ ထိုင်းမှိုင်းမှု။ (ခဏ နားသွားပါဦး)ဖျော့တော့တော့ စေတနာနဲ့ ရင့်မာနေတဲ့ နူးညံ့မှု။ (ဒါ … အချစ်လား)ရီဝေေ၀ မေတ္တာနဲ့ ရှိုးတိုးရှန့်တန့် အတ္တ။ (လက်ဆောင်ပေးခြင်း သည်းခံပါ)ရှုပ်ရှပ်ခပ် တည်ကြည်မှုနဲ့ သိက္ခရှိရှိ ရူးသွပ်ခြင်း။ (သနားကြပါ …)နားမလည်ဘူးဆိုလည်း စိတ်မပျက်ပါနဲ့။ ကျနော် ကိုယ်တိုင် နားမလည်လို့ပါ။မဖြစ်နိုင်ဘူးလို့လည်း မတွေးလိုက်ပါနဲ့။ တွေးဖို့ မဖြစ်နိုင်လို့ပါ။အူကြောင်ကြောင်လို့လည်း မထင်လိုက်ပါနဲ့။ မောသွားမှာ စိုးလို့ပါ။ဖတ်မိတာ ရူးချင်ချင် ဖြစ်သွားပြီလို့ မပြောလိုက်ပါနဲ့။ ကျနော်လည်း ဂယောင်ချောက်ချား ဖြစ်နေလို့ပါ။ပီကေမှ ပစ်စလက်ခပ် တွေးထားသည်။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading