← ဘလော့ဂ်သို့ ပြန်ရန်

စကားသံနှင့် အနက် ဆက်သွယ်ချက်

မြန်မာစာ

မြန်မာစကားလုံးတွေကို လေ့လာကြည့်ရင် စကားသံတချို့နဲ့ အနက်အဓိပ္ပါယ်တွေ ဆက်သွယ်နေတာကို စိတ်ဝင်စားဖွယ် တွေ့ရလိမ့်မယ်။ အချို့ ဗျည်းသံတွေက အနက်အဓိပ္ပါယ်ကို ပြုပြင်ပေးနိုင်စွမ်း ရှိကြတယ်။ မြန်မာစကားမှာ ဗျည်းသံတူသလို အနက်အဓိပ္ပါယ်ချင်းလည်း တူညီ နီးစပ်မှုရှိတဲ့ စကားလုံးတွေ ရှိပါတယ်။ သံညင်း၊ သံပြင်း ကွဲပြားမှု သဘောကလည်း အနက်အဓိပ္ပါယ်နဲ့ ဆက်စပ်မှု ရှိပါတယ်။စကားသံနဲ့ အနက်အဓိပ္ပါယ် ဆက်သွယ်ပုံကို ပြတဲ့နေရာမှာ `ဟ´ ဗျည်းသံက အရေးပါလှတယ်လို့ ဆိုနိုင်တယ်။ `ဟ´ ဗျည်းသံက ဖြစ်ခြင်းပြ အနက် ကို ပြုခြင်းပြ အနက် ဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိတယ်။ ဖြစ်ခြင်းပြ အနက်ရှိတဲ့ စကားလုံးကို `ဟ´ ဗျည်းသံ ပေါင်းလိုက်တဲ့ အခါမှာ ပြုလုပ်ခြင်း အနက်ရှိတဲ့ စကားလုံးအဖြစ် ပြောင်းသွားတယ်။ ဖြစ်ခြင်းပြ စကားလုံးကို `သုဒ္ဓကြိယာ´ လို့ခေါ်ပြီး ပြုလုပ်ခြင်းပြ စကားလုံးကို `ကာရိုက်ကြိယာ´ လို့ ခေါ်ပါတယ်။

`ဟ´ ဗျည်းကို နောက်က ထား၍ ပေါင်းစပ်ပုံက + ဟ – ခကျ + ဟ – ချစ + ဟ – ဆတ + ဟ – ထပ + ဟ – ဖ`ဟ´ ဗျည်းကို ရှေ့က ထား၍ ပေါင်းစပ်ပုံဟ + င – ငှဟ + ည – ညှဟ + န – နှဟ + မ – မှဟ + လ – လှ

ကျနော် စုစည်း ရသလောက် ဆက်စပ်မှု ရှိတဲ့ စကားလုံးတွေကို တင်ပြလိုက်ပါတယ်။ အကယ်၍ စာဖတ်သူဘက်က စာရင်းမှာ မပါသေးတဲ့ စကားလုံးတွေ မှတ်မိမယ် သတိရမယ်ဆိုရင် ပြောပေးခဲ့ပါဦး။ ကျနော် စာရင်း ပြုစုချင်လို့ အကူအညီ တောင်းခံခြင်းပါ။အထက်ပါ စာစုကို သုဒ္ဒဗေဒအက္ခရာ ပူးတွဲဘာသာစကားနှင့် အဓိပ္ပါယ် ပြည့်စုံသော စကားစု – ဆရာချိန် (ပဲခူး) ရဲ့ ဆောင်းပါး၊ မျက်မှောက်ရေးရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၇) မှ ထုတ်နှုတ် တင်ပြခြင်း ဖြစ်ပါသည်။အစိမ်းရောင်နဲ့ ပြထားတဲ့ စကားစုက ဖြစ်ခြင်းပြ အနက် ( ဟ သံမပါ) ဖြစ်ပြီး နက်ပြာရောင်နဲ့ ပြထားတဲ့ စကားစုက ပြုခြင်းပြ အနက် (ဟ သံပါ) ဖြစ်ပါတယ်။

ကျသည် – ချသည်ကျဲသည် – ချဲသည်ကျန်သည် – ချန်သည်ကျက်သည် – ချက်သည်ကျွတ်သည် – ချွတ်သည်ကျုံ့သည် – ချုံ့သည်ကျိုးသည် – ချိုးသည်ကျေသည် – ချေသည်ကွာသည် – ခွာသည်ကွဲသည် – ခွဲသည်ကုန်းသည် – ခုန်းသည်ကြွေသည် – ခြွေသည်ကြောက်သည် – ခြောက်သည်စုံသည် – ဆုံသည်စွဲသည် – ဆွဲသည်ညွတ်သည် – ညွှတ်သည်တုပ်သည် – ထုပ်သည်နစ်သည် – နှစ်သည်ပိသည် – ဖိသည်ပဲ့သည် – ဖဲ့သည်ပြဲသည် – ဖြဲသည်ပြေသည် – ဖြေသည်ပြတ်သည် – ဖြတ်သည်ပြုတ်သည် – ဖြုတ်သည်ပြုန်းသည် – ဖြုန်းသည်ပျော့သည် – ဖျော့သည်ပျော်သည် – ဖျော်သည်ပျက်သည် – ဖျက်သည်ပျောက်သည် – ဖျောက်သည်ပေါက်သည် – ဖောက်သည်
မြုတ်သည် – မြှုတ်သည်လဲသည် – လှဲသည်လွဲသည် – လွှဲသည်လန်သည် – လှန်သည်
လည်သည် – လှည့်သည်
လိမ့်သည် – လှိမ့်သည်လွင့်သည် – လွှင့်သည်
လွတ်သည် – လွှတ်သည်

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading