← Back to blog

ကျနော် ပီကေ ခရီးမှ ပြန်ရောက်နေပြီ ဖြစ်ကြောင်း

Announcement

ကျနော် ခရီးထွက်နေတာနဲ့ ဘလော့နဲ့ ကင်းကွာနေတာ ဒီနေ့ဆို တစ်လတင်းတင်း ပြည့်တာပါပဲ။ ဒီရက်ပိုင်းတွေမှာ ပို့စ်အသစ် ရှိမလား ဆိုပြီး လာလာချောင်းကြတဲ့ ဘော်ဘော်တွေကို အားလည်း နာပါတယ်။ စ မသွားခင်ကတည်း ခရီးထွက်နေတုန်း လာလည်တဲ့ လူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်ရောက်ရင် သူတို့အတွက် အနှစ်သာရ ရှိတဲ့ ပို့စ်တွေ ပိုပိုပြီး ဖတ်ရအောင် ကုန်ကြမ်းရှာမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။အခု တရုတ်ပြည် ခရီးစဉ်က စုစုပေါင်း ၂၃ ရက် ကြာပါတယ်။ ခရီးစဉ်အတွင်းမှာ သိခဲ့ မြင်ခဲ့ တွေးမိခဲ့တဲ့ အရာတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်လည်ပြီး ဖောက်သည်ချမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခရီးသွား မှတ်တမ်းလေး တစ်ခုပေါ့။ နောက်ပြီး လမ်းတလျှောက် အားတဲ့ အချိန်တွေမှာ ပို့စ် အသစ်အသစ်တွေ အတွက် ကြိုပြီး စဉ်းစား ထားတာတွေ ရှိပါတယ်။ ကိုယ် ဖတ်ဖူး မှတ်ဖူးသမျှတွေ မှတ်ဉာဏ်ထဲကနေ ပြန်လည် စုစည်းပြီး တင်ပြဖို့လည်း စိတ်ကူးထားပါတယ်။ဒီလပိုင်းတွေ အတွင်းမှာ အလုပ်တွေ ရှုပ်နေတာနဲ့ ပို့စ်ရေးတာလည်း ကျဲသွားပါတယ်။ ကျနော့်ကို တက်ထားတာ နှစ်ပုဒ် ရှိပါတယ်။ ထူးထူးခြားခြား နာမည်တူ ဘလော့ဂါ နှစ်ယောက်ဖြစ်တဲ့ မီးလေးတို့ပါ။ သူတို့ တက်ထားတာကိုလည်း အမြန်ဆုံး ရေးပေးပါ့မယ်။ စိတ်တော် မညိုကြပါနဲ့ဦးနော်။ ပထမ ခရီးမထွက်ခင် ရေးသွားမယ်လို့ စိတ်ကူးထားပေမယ့် ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့အတိုင်း စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ခဲ့ရလို့ မရေးဖြစ်ခဲ့ပါဘူး။ အခု အဲဒီ အကြွေးတွေ အမြန်ဆုံး ချေပါ့မယ်။ဆက်လက်ပြီး အားပေးကြလိမ့်ဦးမယ် လို့လည်း မျှော်လင့်မိပါတယ်။ ဒီတစ်လအတွင်း လာလည်သွားတဲ့ လူတွေကို အားနာ ကျေးဇူးဆပ်တဲ့ အနေနဲ့ တကယ့်ကို ကျေးဇူးများမယ့် အနှစ်သာရ ရှိမယ်လို့ ယုံကြည်တဲ့ ပို့စ်တွေ ရေးသွားပါ့မယ်လို့ ကတိပေးတဲ့အပြင် လာအားပေးပါဦးလို့လည်း ကြုံတုန်း ဖိတ်ခေါ်လိုက်ပါတယ်။အစစ အရာရာ အဆင်ပြေပါစေဗျာ။

Leave a comment

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading