← ဘလော့ဂ်သို့ ပြန်ရန်

ကဗျာ၌ သင့်သော ဒေါသ (၂)

မြန်မာစာ

ဝါကျဒေါသဆိုတာ ပုဒ်တစ်ပုဒ်တည်းကိုပဲ ငြိစွန်းတတ်တဲ့ ဒေါသမျိုးမဟုတ်ဘဲ ဝါကျတစ်ခုလုံးမှာ သက်ရောက်သွားစေတဲ့ ဒေါသမျိုး အပြစ်မျိုးကို ဝါကျဒေါသလို့ ခေါ်ပါတယ်။ စုစုပေါင်း (၉) ပါးရှိတယ်။

  1. ဧကတ္ထ ဒေါသ
  2. ဘဂ္ဂရီတိ ဒေါသ
  3. ဗျာကိဏ္ဏ ဒေါသ
  4. ဂါမ္မ ဒေါသာ
  5. ယတိဟီန ဒေါသ
  6. ကမစ္စုတ ဒေါသ
  7. အတိဝုတ္ထ ဒေါသ
  8. အပေတတ္ထ ဒေါသ
  9. သဗန္ဓဖရုသ ဒေါသ တို့ပဲ ဖြစ်တယ်။

ဧကတ္ထ ဒေါသအဓိပ္ပာယ် – ဝါကျတစ်ကြောင်းမှာ သဒ္ဒါ အနေနဲ့ ဒါမှမဟုတ် အဓိပ္ပာယ်အနေနဲ့ တူနေပါလျက်နဲ့ အကြိမ်ကြိမ် ခဏခဏ ဆိုသလို သုံးနှုန်းနေခြင်းဥပမာ – မိုးရေပေးတတ်၊ မိုးတိမ်ထပ်သည်၊ …အကြောင်းအရင်း – မိုးတိမ်က ဆိုမှတော့ မိုးရေ ပေးမယ်ဆိုတာ သိလျက်နဲ့ “မိုး” ဆိုတဲ့ စာလုံးကို ထပ်ခါထပ်ခါ သုံးထားတယ်။ဖြေနည်း – ကြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ အံ့သြခြင်း စတာ တစ်ခုခုကြောင့် ဒီလို အကြိမ်ကြိမ် အာမေဍိတ် အနေနဲ့ သုံးမယ်ဆိုရင် ဒေါသက လွတ်ပါတယ်။အာမေဍိတ် (၈) မျိုးရှိပါတယ်။၁။ ဘယ – ကြောက်ခြင်း။ “သူခိုးသူခိုး၊ အော်လျက်နှိုး၏”၂။ ကောဓ – အမျက်ထွက်ခြင်း။ “ထိုးလော့ထိုးလော့၊ အားမလျော့နှင့်”၃။ ပသံသ – ချီးမွမ်းခြင်း။ “ကောင်းစွကောင်းစွ၊ လူ့ဘုံရခဲ”၄။ တုရိတ – အဆောတလျင်ပြုခြင်း။ “မြန်မြန်ယခု၊ အမောင်ပြုလော့”၅။ ကောတုဟလစ္ဆရ – အုတ်အုတ်ကျက်ကျက် ဖြစ်၍ အံ့သြခြင်း။ “အလိုဟောဟော၊ ဘယ်သဘောလိမ့်”၆။ ဟာသ – ရယ်ရွှင်ဝမ်းမြောက်ခြင်း။ “အလိုဟားဟား၊ ရွှင်ဖွယ်များလှ”၇။ သောက – စိုးရိမ်ခြင်း။ “သားလှသားလှ၊ ဘယ်နားကြွလိမ့်”၈။ ပသာဒ – ကြည်ညိုခြင်း။ “ဘုရားဘုရား၊ ကြည်ညိုများ၏”ဘဂ္ဂရီတိ ဒေါသအဓိပ္ပာယ် – ဝါကျတစ်ခုမှာ စကား အသွားအလာအရ သုံးထားတဲ့ ဝိဘတ်ပုဒ် ကို ရှေ့ကလို သုံးရိုးသုံးစဉ် မဟုတ်ဘဲ ဖောက်ပြန် အသုံးပြုခြင်းဥပမာ – ဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ ဟိုမှာဟိုလမ်း၊ ဟိုစခန်း၌၊ …အကြောင်းအရင်း – “ဤ” အက္ခရာကို ဆက်တိုက် သုံးလာပြီးမှ နောက်ပိုင်း “ဟို” အက္ခရာကို ပြောင်းသုံးတယ်။ဖြေနည်း – ဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ဤမှာဤလမ်း၊ ဤစခန်း၌၊ …ဗျာကိဏ္ဏ ဒေါသအဓိပ္ပာယ် – စပ်သင့်တဲ့ ပုဒ်ချင်း နီးနီးကပ်ကပ် မထားဘဲ မစပ်သင့်တဲ့ ပုဒ်ချင်း အနီးကပ်ထားလို့ ဖြစ်လာတဲ့ ရောနှော ရှုပ်ထွေးမှုဥပမာ – ဗုဒ္ဓမြတ်စွာ၊ ရှိပန်ထွာ၍၊ ရှစ်ဖြာဓမ္မ၊ ဦးညွတ်ခလျက်၊ ဆယ်ဝသံဃာ၊ ဤသုံးဖြာကို၊ …အကြောင်းအရင်း – ဓမ္မ ဆယ်ပါး၊ သံဃာ ရှစ်ပါး ရှိတာကို ပုဒ်တွေ ရောယှက်နေတယ်။ဖြေနည်း – ဗုဒ္ဓမြတ်စွာ၊ ဆယ်ဓမ္မာနှင့်၊ ရှစ်ဖြာသံဃ၊ ဤသုံးဝကို၊ နေ့ညရိုကျိုး၊ ရှိရှင်ခိုးလျက်၊ …ဂါမ္မ ဒေါသအဓိပ္ပာယ် – ရိုင်းပြတဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေကို စကား ပရိယာယ်စဉ်ပြီး မပြောဘဲ တည့်ထိုး ပြောဆိုရေးသားခြင်းဥပမာ – မယ့်ကိုလှိုက်လှိုက်၊ ချစ်ခါကြိုက်လို့၊ ပွေ့ပိုက်နှစ်ကိုယ်၊ ပေါင်းဖက်လို၏ (ဒီခေတ်ပိုင်းမှာတော့ ဒီစာဟာ သိပ်ရိုင်းလှတဲ့ စာတော့ မဟုတ်တော့ပါဘူး)အကြောင်းအရင်း – ချစ်ကြိုက်၊ ပွေ့ပိုက်၊ ပေါင်းဖက် ဆိုတဲ့ စကားလုံးတွေကို တည့်ထိုး သုံးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကတော့ ဒါတွေကို ဒဲ့ပြောရင် ရိုင်းတယ်ပေါ့ဗျာ။ အခုခေတ်မှာတော့ သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်းနဲ့ ကိုင်တုတ်တဲ့ ကဗျာစာပိုဒ်မျိုးတွေကို ဆိုလိုပါတယ်။ဖြေနည်း – မယ့်ကိုမြင်ရ၊ ယဉ်စစမို့၊ ဘဝမကွာ၊ ကြည်အေးစွာဖြင့်၊ မေတ္တာရေစင်၊ နှောလိုက်ချင်ဘိ။နောက်တစ်နည်းအဓိပ္ပာယ် – ဝါကျတစ်ခုမှာ ပုဒ်တွေကို ဖတ်တဲ့အခါ ဖြတ်သင့်ရာဖြတ်၊ ရပ်သင့်ရာ မရပ်ဘဲ မတွဲဖတ်သင့်တဲ့ ပုဒ်နှစ်ခုကို တွဲဆိုလိုက်မိရင် လည်း ဂါမ္မဒေါသ သင့်တတ်ပါတယ်။ဥပမာ – လက်လေးသစ်အောက်၊ ကျဉ်းအပေါက်နှင့်၊ တွင်း-စောက်-ပတ်-လည်၊ လက်သစ်ညီအောင်၊ …အကြောင်းအရင်း – အထက်က ကဗျာစာပိုဒ်မှာ စောက် နဲ့ ပတ် ကို စပ်ပြီး “တွင်း-စောက်ပတ်-လည်” လို့ ဖတ်မိရင် ဂါမ္မဒေါသ သင့်ပါတယ်။ဖြေနည်း – အဲဒီလို ပုဒ်မျိုးကို သုံးဖို့ လုံးဝ ပိတ်ပင်ပါတယ်။ယတိဟီန ဒေါသအဓိပ္ပာယ် – စကားလုံး တစ်လုံးနဲ့ တစ်လုံးကြား ရပ်သင့် ဖြတ်သင့်တဲ့ နေရာမှာ မရပ်မဖြတ်ဘဲ မဖြတ်သင့်တဲ့ နေရာမှာ ပုဒ်ဖြတ်ခြင်း။ဥပမာ – ကုသိုလ်ကိုပြု၊ ၍ထိုမှုကြောင့်၊ တောင်းဆုလိုရာ၊ …အကြောင်းအရင်း – ပုဒ်မဖြတ်သင့်တဲ့ “ပြု” နဲ့ “၍” ကြားမှာ ပုဒ်ဖြတ်ထားပါတယ်။ဖြေနည်း – ကုသိုလ်ပြု၍၊ ထိုမျိုးစေ့ကြောင့်၊ အပြည့်ဆုဆို၊ …ကမစ္စုတ ဒေါသအဓိပ္ပာယ် – သုံးနေကျ၊ ဖြစ်နေကျ အစဉ်အလာကို ဖီလာဆန့်ကျင့်ပြီး ဖွဲ့ဆိုထားခြင်း။ဥပမာ – လယ်မြေမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ မြို့ကိုမလော့၊ …အကြောင်းအရင်း – သဘာဝအရ လယ်မြေထက် ရွာမြေက ဈေးပိုရမယ်။ ရွာမြေထက် မြို့မြေက ပိုတယ်။ သူများရဲ့ ပစ္စည်းကို တောင်းလို့ မပေးရင် အများကနေ တဖြည်းဖြည်းနဲ့ လျှော့တောင်းရတဲ့ သဘာဝပဲ ရှိတယ်။ အခု ဝါကျအရ လယ်မြေကိုတောင် တောင်းလို့ မရတာ ရွာမြေကို တောင်းမယ်၊ မရရင် မြို့မြေကို တောင်းမယ် ဆိုတော့ သဘာဝကို ဖီဆန်နေပါတယ်။ဖြေနည်း – မြို့ကိုမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ လယ်ကိုမလော့၊ …အတိဝုတ္ထ ဒေါသအဓိပ္ပာယ် – ဖြစ်မြဲဖြစ်စဉ်ထက် ပိုပိုသာသာ အကြွားပိုပြီး ရေးဖွဲ့ထားခြင်းဥပမာ – သားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ ကျဉ်းအံ့ထင်၏။အကြောင်းအရင်း – သားကို ဆွဲပြီးဖြန့်တာ ကောင်းကင်နဲ့တောင် မဆံ့လို့ ကျဉ်းတယ်လို့ ထင်မိကြောင်း လွန်လွန်ကျူးကျူး ရေးဖွဲ့ထားတယ်။ဖြေနည်း – သားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ မဖြစ်လျှင်တည်း။ကောင်းကင်မှာ မဆံ့ဘူးဆိုတာ မဖြစ်နိုင်ဘူး လို့ ရေးဖွဲ့တာကြောင့် ဒေါသလွတ်ပါတယ်။အပေတတ္ထ ဒေါသအဓိပ္ပာယ် – ဝါကျတစ်ခုလုံး ခြုံငုံပြီး အဓိပ္ပာယ် ယူကြည့်လိုက်ရင် ဟိုလိုလို ဒီလိုလိုနဲ့ မရေမရာ အဓိပ္ပာယ်သက်ရောက်နေခြင်း။ဥပမာ – နွားမသားငယ်၊ ခေါင်းပေါင်းဝယ်၍၊ ပင်လယ်ရေငန်၊ ချစ်နလန်ထ၊ …အကြောင်းအရင်း – စကားတစ်ပိုဒ်ချင်းစီ အဓိပ္ပာယ် ရှိနေပေမယ့် ဝါကျတစ်ခုလုံး ပေါင်းစပ် ယူလိုက်တော့ ဘာ ဆိုလိုမှန်းကို မသိဘူး ဖြစ်သွားတယ်။ဖြေနည်း – အဲဒီလို ရေးတာဟာ ကလေးစကား၊ အရူးစကားလို့ သိသာအောင် ဖော်ပြမယ်ဆိုရင် ဒေါသလွတ်ပါတယ်။သဗန္ဓဖရုသ ဒေါသအဓိပ္ပာယ် – ဝါကျမှာ အသံကို ခပ်ပြင်းပြင် ရွတ်ဆိုရတဲ့ အက္ခရာတွေ ဖောဖောသီသီ သုံးထားတာကြောင့် ဖတ်ရတာ မာဆပ်ဆပ် ဖြစ်နေခြင်း။ဥပမာ – မခေါ်ခင်များ၊ မယ်ကခါး၍၊ ဆွဲထားထပ်ခါ၊ တခါခါနှင့်၊ …အကြောင်းအရင်း – ကြမ်းကြမ်းတမ်းတမ်း၊ ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ (ခ) အက္ခရာ နဲ့ (ထ) အက္ခရာတွေကို အများကြီး သုံးထားပါတယ်။ဖြေနည်း – ဒီလို ဝါကျမျိုးကို ဖာထေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ အဲလို ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ အက္ခရာတွေ လျှော့သုံးဖို့ပါပဲ။

မှတ်ချက်ရေးရန်

Your email address will not be published. Required fields are marked *

Discover more from ဖြိုးကျော်နှင့် သူ၏စာများ

Subscribe now to keep reading and get access to the full archive.

Continue reading