← Back to blog

လက်ကိုင်ဖုန်းနဲ့ ဘလော့ဂ် ဖတ်လို့ရအောင် (Mobile Blogging)

How to

ဘလော့ဂင်းနဲ့ ပတ်သက်ပြီး ပို့စ်တွေ မရေးဖြစ်တာလည်း အတော်လေးကို ကြာသွားပါပြီ။ အဓိက အကြောင်းအရင်းကတော့ ကျနော် စာမဖတ်နိုင်တဲ့ ပြဿနာပါ။ ဒီမနက် နည်းနည်း အားနေတာနဲ့ နိုင်ငံခြား ဘလော့ဂ်တွေ လိုက်ဖတ် လိုက်လေ့လာရင်း လုပ်ချင်တာလေး တစ်ခု သွားတွေ့လို့ စမ်းသပ်ရင်း ပို့စ်တင်မယ်လို့ စိတ်ကူးရသွားပါတယ်။ အဲဒါ ကျနော်တို့ရဲ့ ဘလော့ဂ်ပို့စ်တွေကို လက်ကိုင်ဖုန်းကနေ ဖတ်လို့ ရအောင် လုပ်ခြင်းပါ။ လက်ရှိ ဘလော့ဂ် စာမျက်နှာအတိုင်း ဆိုရင် လက်ကိုင်ဖုန်းကနေ ဖတ်လို့ မရပါဘူး။ ဒါကြောင့် မျက်နှာပြင်ကျဉ်းတဲ့ လက်ကိုင်ဖုန်းကနေ ဖတ်လို့ရအောင် လုပ်ပေးဖို့ လိုပါတယ်။ ဟို အရင်ကတော့ အဲဒီလို လုပ်ဖို့အတွက် သီးသန့် တစ်ခုချင်းစီ ပြန်ပြင်ရမယ်လို့ ထင်ထားခဲ့တာပါ။ ဒီနေ့ Tech Dreams ရဲ့ ပို့စ်တစ်ပုဒ်ကို ဖတ်ပြီးမှ အတော်လေး လွယ်ကူမှန်း သိလိုက်ရတယ်။ ကျနော် အနေနဲ့ အရင်တုန်းက အခြေအနေနဲ့ဆို အခုလို Mobile Blog လုပ်ဖို့ စိတ်ကူး ရှိမှာ မဟုတ်ပါဘူး။ အခုတော့ Zawgyi နဲ့ တခြား Unicode Font တချို့ကို လက်ကိုင်ဖုန်းတွေမှာ ထည့်သွင်းလို့ ရလာတာ တွေ့ရတော့ ကိုယ်ရဲ့ ဘလော့ဂ်ကို လက်ကိုင်ဖုန်းနဲ့ ဖတ်လို့ရရင် ကောင်းလေစွလို့ ဆန္ဒ ဖြစ်မိတာကြောင့် အကောင်အထည် ဖော်လိုက်ပါတယ်။ ဒါပေမယ့် တကယ်တမ်းဆို ကျနော်တို့ မြန်မာနိုင်ငံကနေ လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးလို့ မရသေးတာကြောင့် အခုလို Mobile Blog က အသုံးမတည့်ပေမယ့် နိုင်ငံခြားရောက် မြန်မာတွေအတွက် လွယ်လင့်တကူ ဖတ်ရှုနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို Mobile friendly Blog လုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။ ကဲဗျာ ကျနော်တို့ စပြီး လေ့လာလိုက်ရအောင်။Mofuse အကြောင်းMofuse ဆိုတာ ကျနော်တို့ရဲ့ ဘလော့ဂ် (သို့မဟုတ်) တခြား ဝက်ဆိုဒ်တွေကို လက်ကိုင်ဖုန်းမှာ အဆင်ပြေပြေ ဖတ်လို့ရအောင် ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ လုပ်ဆောင်ပေးနေတဲ့ Web service တစ်ခုပါ။ Mofuse ကို အသုံးပြုပြီး iPhone (သို့) တခြား လက်ကိုင်ဖုန်းမှာ အဆင်ပြေပြေ ဖတ်နိုင်မယ့် အင်တာနက် စာမျက်နှာအဖြစ် ပြောင်းလဲပေးပါတယ်။ နာမည်ကျော်ကြားနေတဲ့ Digital Inspiration, LiveSide နဲ့ ReadWriteWeb တို့လို ဘလော့ဂ်တွေကတောင် ဒီဝန်ဆောင်မှုကို သုံးပြီး သူတို့ကိုယ်တိုင် ညွှန်းထားတာဆိုတော့ မကောင်းဘဲ ဘယ်နေမလဲဗျာ။ အကောင်းတကာ့ အကောင်းဆုံးကတော့ အလကားရလို့ဗျ။

Mobile Blog ဖန်တီးခြင်းလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကို အဆင့်တွေနဲ့ ခွဲခြား တင်ပြသွားပါ့မယ်။၁။ www.mofuse.com ကို ဝင်ပြီး Account အသစ်တစ်ခု ဖန်တီးလိုက်ပါ။ အီးမေးလ် လိပ်စာနဲ့ စကားဝှက်တစ်ခု တောင်းပြီး အလွယ်တကူနဲ့ ပြီးစီးသွားပါလိမ့်မယ်။ အကောင့်အသစ် လုပ်ပြီးတာနဲ့ တပြိုင်နက်တည်း Login အလိုအလျောက် လုပ်သွားပါလိမ့်မယ်။၂။ စာမျက်နှာရဲ့ ဘယ်ဘက် Sidebar မှာ Launch a Mobile Site ဆိုတဲ့ လင့်ခ်ကို ကလစ်နှိပ်ပေးပါ။ Launch a New Mobile Site ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာ တက်လာပါလိမ့်မယ်။

၃။ အထက်ပုံကအတိုင်း အဆင့် (၁) မှာ ဆိုရင်Site Name => ကိုယ် ကြိုက်နှစ်သက်တဲ့ နာမည်ကို ပေးလို့ရပါတယ်။Site ID (URL) => ကိုယ် ကြိုက်နှစ်သက်ရာ လိပ်စာ တစ်ခု ရွေးပေးပါ။ ကိုယ်ပေးတဲ့ လိပ်စာ လုပ်ထားပြီးသား မရှိရင် Site ID is good ဆိုတာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ မပေါ်ရင် အသစ်ပြန်ရွေးရမှာပေါ့။Category မှာတော့ ဘလော့ဂ်အမျိုးအစား ရွေးပေးရုံပါ။

၄။ အထက်ပုံက အတိုင်း အဆင့် (၂) မှာ ဆိုရင်RSS Feed Title => ဒါကတော့ ထုံးစံအတိုင်း နာမည်တစ်ခု ပေးရုံပါ။RSS Feed URL => ကိုယ့် ဘလော့ဂ်ရဲ့ RSS feed လိပ်စာကို ထည့်ပေးရမယ်။ ကျနော် နမူနာထည့်ပြထားတာက ကျနော်ရဲ့ ဘလော့ဂ် Feed ပါ။ http://pikay.myanmarbloggers.org/feeds/posts/default ဆိုတဲ့ အထဲက pikay.myanmarbloggers.org မှာ ကိုယ်ရဲ့ ဘလော့ဂ် လိပ်စာ ထည့်လိုက်ရင်ကို အဆင်ပြေပါပြီ။ လိပ်စာ မှန်ရင် RSS Feed URL is Valid လို့ ပေါ်လာပါလိမ့်မယ်။ မပေါ်ရင်တော့ တစ်ခုခု မှားနေပြီပေါ့။ တချို့ကျ FeedBurner လို ဝန်ဆောင်မှုမျိုး သုံးပြီး Feeding လုပ်ကြပါတယ်။ ဒါဆိုလည်း သူပေးထားတဲ့ လိပ်စာကို ထည့်လို့ရပါတယ်။၅။ အဆင့် (၃) မှာ သူတို့ရဲ့ သဘောတူညီချက်ကို ထောက်ခံတဲ့အနေနဲ့ အမှန်ခြစ် ခြစ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Launch Your Mobile Site ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် အားလုံး ပြီးဆုံး သွားပါပြီ။ ဘယ်လို ပုံစံ ပေါ်မလဲဆိုတာ နမူနာ ကြည့်ကြည့်ချင်ရင်တော့ အဆင့် (၁) မှာ တုန်းက ပေးထားတဲ့ လိပ်စာ (ဥပမာ http://pkmobile.mofuse.mobi) ကို Browser မှာ ရိုက်ထည့်ပြီး စမ်းကြည့်နိုင်ပါတယ်။ကိုယ်ပိုင် ဒိုမိန်းအဖြစ် ပြောင်းလဲခြင်းအခုဆိုရင် လက်ကိုင်ဖုန်းကနေ ကျနော်တို့ရဲ့ ဘလော့ဂ်ကို ခေါ်ပြီး ဖတ်ရှုလို့ရပါပြီ။ ဖတ်ချင်တဲ့ သူက အင်တာနက် လိပ်စာ အဖြစ် အဆင့် (၁) မှာ ကိုယ့်ဖာသာ ဖြည့်ထည့်ထားတဲ့ လိပ်စာ (ဥပမာ http://pkmobile.mofuse.mobi) နဲ့ ဖတ်လို့ ရပါပြီ။ mofuse.mobi ဆိုတဲ့ ဒိုမိန်းက Mofuse ရဲ့ ကိုယ်ပိုင်ဒိုမိန်းပါ။ တကယ်လို့ ကျနော်တို့မှာ ကိုယ်ပိုင် ဒိုမိန်းတစ်ခု ရှိရင် လိပ်စာကိုလည်း ကိုယ်ပိုင် ဒိုမိန်းနဲ့ ဖြစ်ချင်သပါ့ ဆိုရင်လည်း လုပ်လို့ရအောင် Mofuse ရဲ့ ဝန်ဆောင်မှု အဖြစ် ထည့်ပေးထားတယ်။ ဒါကြောင့်လည်း လွယ်လင့်တကူ ကိုယ်ပိုင် ဒိုမိန်းနဲ့ လိပ်စာကို ပိုင်ဆိုင်နိုင်ပါတယ်။ အဆင့် ၂ ဆင့်တည်းနဲ့ လွယ်လွယ်ကူကူ ပြောင်းလို့ ရပါတယ်။ ဥပမာ ကျနော်အနေနဲ့ လိပ်စာကို http://pkmobile.mofuse.mobi အစား http://mobi.pikay.org ဖြစ်ချင်တယ် ဆိုကြပါစို့။၁။ MoFuse.com စာမျက်နှာရဲ့ ညာဘက်မှာ Custom Domain ဆိုတဲ့ လင့်ခ် ရှိပါတယ်။ အဲဒါကို ကလစ်နှိပ်ပြီး ကျနော်တို့ လိုချင်တဲ့ ဒိုမိန်းလိပ်စာ ပြောင်းကြရအောင်။

အထက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင် ကွက်လပ် နေရာမှာ ကျနော်တို့ လိုချင်တဲ့ ပြောင်းချင်တဲ့ လိပ်စာလေး ( ဥပမာ mobi.pikay.org ) ရိုက်ထည့်ပေးပါ။ ပြီးရင် Save ခလုတ် နှိပ်လိုက်ရင် pkmobile.mofuse.mobi ကနေ mobi.pikay.org အဖြစ် ပြောင်းလဲသွားပါပြီ။ ဒါပေမယ့် တကယ် အလုပ်လုပ်နိုင်ဖို့ ဒုတိယအဆင့်ကိုလည်း ဆက်လုပ်ရပါဦးမယ်။၂။ ဒီအဆင့်မှာက ကျနော်တို့ လိုချင်တဲ့ ဒိုမိန်းရဲ့ DNS Setting ကို ဝင်ပြင်ပေးရပါမယ်။ ကျနော်တို့ ဒိုမိန်းကို ဝယ်တဲ့နေရာ မတူတာကြောင့် ဘယ်ပုံ ဘယ်နည်း သွင်းရမလဲဆိုတာ တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး။ Domain Controller Service တွေဖြစ်တဲ့ Enom, GoDaddy, Dreamhost စတာတွေရဲ့ WebSite အပြင်အဆင်ပေါ် မူတည်ပြီး ကွဲပြား သွားပါတယ်။ ဒါပေမယ့် ထည့်သွင်းရမှာကတော့ CName Record တစ်ခု အသစ်ထည့်ပေးဖို့ပါပဲ။ ကျနော်ရဲ့ ဒိုမိန်းက pikay.org ပါ။ ဝယ်ထားတာ Enom ဆီက။ ကျနော် အသစ်ထည့်ချင်တဲ့ subdomain နာမည်က mobi ပါ။ ဒါကြောင့် CName Record အသစ်တစ်ခု တည်ဆောက်ပြီး mobi နာမည်နဲ့ pkmobile.mofuse.mobi. ဆီကို ညွှန်လိုက်ရင် အိုကေပါပြီ။

mobi CNAME pkmobile.mofuse.mobi.

ကိုယ်ပိုင် ဒိုမိန်းကို Setting မပြင်ဖူးတဲ့ သူအနေနဲ့ အတော်လေး အခက်တွေ့မယ် ထင်ပါတယ်။ မမြင်ဖူးလို့ မူးမြစ်ထင်တာပါ။ တကယ်တမ်း လုပ်ကြည့်လိုက်ရင် လွယ်လွယ်လေး ဆိုတာ တွေ့ပါလိမ့်မယ်။ မလုပ်တတ်ရင်လည်း ပြဿနာ မရှိပါဘူး။ သူ နဂိုပေးထားတဲ့ လိပ်စာ ဖြစ်တဲ့ http://pkmobile.mofuse.mobi နဲ့ သုံးလည်း အဆင်ပြေနေတာပါပဲ။ ကိုယ်ပိုင် ဒိုမိန်းနဲ့ ဆိုတော့ ကြည့်ရတာ ပသာဒ ဖြစ်တာပေါ့။ ဒါပါပဲ။ သူများကို လိပ်စာပေးရင် အဆင်ပြေတာပေါ့။ http://mobi.pikay.org ဆိုတော့ မှတ်လို့ လွယ်သလားပဲ။ ကိုယ်ပိုင် ဒိုမိန်းအဖြစ်နဲ့ ပြောင်းတာ နာမည်လေး ပြောင်းသွားရုံထက် ဘာမှ မပိုပါဘူး။အိုကေဗျာ။ ဒီလောက်ဆိုရင် ကိုယ်ရဲ့ ဘလော့ဂ်ကို လက်ကိုင်ဖုန်းနဲ့ အဆင်ပြေပြေ ဖတ်နိုင်ဖို့ လုပ်တဲ့ အဆင့်တွေ ပြီးသွားပါပြီ။ ဒီမှာ ပြောစရာ နည်းနည်း ရှိလာပါတယ်။၁။ အပွင့်လင်းဆုံး ပြောရရင် ကျနော် လုပ်တာ လုပ်ထားကြည့်တယ်။ တကယ်တမ်း ဖုန်းနဲ့ ဖတ်လို့ ရမရ ကိုယ်တိုင် မစမ်းကြည့်ရသေးပါဘူး။ အဆင်ပြေမယ်လို့ ယူဆလို့ တင်ပြလိုက်တာပါ။၂။ လက်ကိုင်ဖုန်းမှာ ဖတ်လို့ရတယ် ဆိုပေမယ့် ဖုန်းပေါ်မှာ ပေါ်တဲ့ အပြင်အဆင်ကိုတော့ ခံတွင်းမတွေ့ပါဘူး။ ရိုးရိုးရှင်းရှင်းကြီး ဖြစ်နေတယ်။ ဒီထက် အပြင်အဆင် ကောင်းတဲ့ လုပ်နည်း တွေ့လာရင် ထပ်ပြီး ဝေမျှ ပေးပါဦးမယ်။၃။ အခု MoFuse.com ရဲ့ လုပ်ဆောင်ချက်မှာ အခရာ ကျတာက RSS Feeds ပါ။ ဒါကြောင့် RSS Feeds ထွက်တဲ့ ဘယ်လို WebSite မျိုးမဆို MoFuse ကို သုံးပြီး ပြောင်းလို့ ရပါတယ်။ RSS Feeds က အခရာ ကျတဲ့ အတွက်ကြောင့်လည်း တကယ်လို့ တချို့ ဘလော့ဂ်တွေမှာ RSS ကို ပိတ်ထားမယ်ဆိုရင် ပြောင်းလို့ရမှာ မဟုတ်ပါဘူး။ Blogger.com မှာ Site Feed ကို သုံးမျိုးရွေးချယ်လို့ ရပါတယ်။ None, Short, Full ဆိုပြီး သုံးမျိုး ရှိတဲ့ အထဲကမှ Site Feed => Full ကို ရွေးထားတဲ့ ဘလော့ဂ်တွေမှ လက်ကိုင်ဖုန်းနဲ့ စာအကုန် ဖတ်လို့ရပါလိမ့်မယ်။၄။ ဘလော့ဂ်တွေ ရေးကြတဲ့ အခါမှာ Blogger.com နဲ့ WordPress.org အသုံးများတာ လူတိုင်း သိပြီးမှာပါ။ အဲဒီ နှစ်ခုမှာ WordPress.org အားသာတဲ့ အချက် တစ်ချက် ရှိပါတယ်။ ကွန်ပြူတာနဲ့ ဖတ်နေကြ ဘလော့ဂ် လိပ်စာကို လက်ကိုင်ဖုန်းနဲ့ ခေါ်ကြည့်မယ်ဆိုရင် Blogger.com သမားတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ အထက်က နည်းအတိုင်း ပြောင်းထားတဲ့ လိပ်စာနဲ့ ခေါ်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် WordPress သမားတွေ အတွက်တော့ လိပ်စာကို အဟောင်းနဲ့ပဲ ခေါ်ပေမယ့် PC နဲ့ ကြည့်ရင် PC Version ဖွင့်ပေးပြီး Mobile နဲ့ ဆိုရင် Mobile Version အနေနဲ့ သူ့ အလိုအလျောက် သင့်လျော်ရာ Web Site ကို ပြောင်းလဲပေးပါတယ်။အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ မရှင်းတာရှိလဲ အားမနာတမ်း မန့်ခဲ့ကြပါဦး။

Leave a comment

Your email address will not be published. Required fields are marked *