← Back to blog

ဘန်းမကျော်ဘဲ ကွန်းမန့်ရေးနိုင်အောင်

How to

ကျနော်တို့လို blogspot ကို မသုံးဘဲ သီးခြားဒိုမိန်းနဲ့ သုံးတဲ့ ဘလော့ဂါတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ Access Denied ဆိုတဲ့ ဘန်းကို ကျော်ဖို့ပဲ ဖြစ်ပါတယ်။ ကျနော် အခုသုံးထားတဲ့ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းကို သုံးပြီးတဲ့ အခါမှာ ဘန်းကျော်ကြည့်ရတဲ့ ဒုက္ခကနေ လွတ်ကင်းသွားပေမယ့် နောက်ထပ် အခက်အခဲ သုံးခုကို ရင်ဆိုင်ရနေပါသေးတယ်။ သီးခြား ဒိုမိန်းယူတဲ့ လူတိုင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေပါ။ ဒီအခက်အခဲက ဖြေရှင်းလို့ရတဲ့ ပြဿနာတွေပါ။ အခက်အခဲတွေကတော့(၁) အရင် blogger.com မှာ တင်ထားတဲ့ ပုံတွေဟာ ဘန်းမြဲ ဘန်းခံရလို့ မပေါ်ပါဘူး။ Browse လုပ်ပြီး My Computer ထဲက တင်တဲ့ ပုံတွေ မှန်သမျှ blogger.com မှာပဲ သိမ်းပေးထားပါတယ်။ အဲ့ပုံတွေဟာ blogger.com ကို ဘန်းထားတဲ့ အတွက် မပေါ်ပါဘူး။ဖြေရှင်းချက် ။ ။ Image Hosting Websites တစ်ခုခုမှာ တင်ပြီး image url နဲ့ တင်မယ်ဆိုရင် ဘန်းကျော်စရာ မလိုဘဲ ပုံတွေ ပေါ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ပုံတင်တဲ့ ဆိုဒ်တွေကို ISP တွေက မပိတ်ထားလို့ပါ။ အဲဒီ Website တချို့ http://imageshack.ushttp://photobucket.com/http://www.slide.com/http://picasa.google.com/ တို့ပဲ ဖြစ်ပါတယ်။(၂) အရင် blogspot.com နဲ့ သုံးတုန်းက ထည့်ထားတဲ့ Rating Service တွေ အလုပ်မလုပ်တော့ဘူး။ Post Rating ပဲဖြစ်ဖြစ်၊ Blog Rating ပဲဖြစ်ဖြစ် ဒိုမိန်းပြောင်းပြီးရင် အရင် blogspot တုန်းက ပေးထားခဲ့သမျှ အမှတ်တွေ ပျောက်သွားတတ်ပါတယ်။ နောက်ပြီး Service တချို့ ခဏ ရပ်သွားပြီး ပြန် အလုပ်လုပ်ဖို့ အချိန် နည်းနည်း ယူရပါတယ်။(၃) ကွန်းမန့်ပေးဖို့အတွက် အရင်လို ဘန်းကျော်မြဲ ကျော်နေရပါသေးတယ်။ ဒါကြောင့် တချို့ ကွန်းမန့်ပေးချင်ကြပေမယ့် ဘန်းကျော်နေရတဲ့ ပြဿနာကြောင့် စီပုံးထဲမှာပဲ အော်ပြီး ပြန်သွားရတဲ့ လူတွေ မနည်းပါဘူး။ ဘန်းကျော်စရာ မလိုအောင် လုပ်နိုင်တဲ့ နည်းလမ်း နှစ်ခုကို ကျနော် သိထားပါတယ်။ အဲဒါတွေက Commenting Service ကိုပေးတဲ့ ဆိုဒ် နှစ်ခုရဲ့ အကူအညီနဲ့ ကွန်းမန့်ပေးမယ်ဆိုရင် ဘန်းကျော်စရာ မလိုတော့ဘဲ ပေးနိုင်ပါတယ်။ အဲဒါတွေကHaloscan နဲ့Intense Debate ပဲဖြစ်ပါတယ်။

Haloscan နဲ့ ကွန်းမန့်ပေးဖို့ ဟိုအရင်က သုံးကြည့်ဖူးပါတယ်။ ကျနော် မကြိုက်တာ တစ်ခုက Haloscan ကို သုံးလိုက်ရင်ပဲ အရင် ပေးထားသမျှ ကွန်းမန့်တွေ တစ်ခုမှ မပေါ်တော့ပါဘူး။ ဒါပေမယ့် ပျက်သွားတာတော့ မဟုတ်ပါဘူး။ Haloscan ကို ဖြုတ်လိုက်ရင် ပြန်ပေါ်ပါတယ်။ Haloscan ထဲက ကွန်းမန့်တွေတော့ ပျောက်ကုန်မှာပေါ့။ အရင်ကွန်းမန့်တွေကို နှမြောတာနဲ့ပဲ Haloscan ကို ဖြုတ်ပစ်လိုက်ပါတယ်။ နောက်ပြီး Haloscan က တချို့ Template နဲ့ အဆင်မပြေဘူးလို့ ဆိုထားပါတယ်။မနေ့ကမှ ကျနော် blog ကို hack လုပ်တဲ့ နိုင်ငံခြားက ဘလော့ဂ်တွေကို လိုက်လည်ရင်း ဖတ်ရင်းနဲ့ နောက်ထပ် Commenting Service တစ်ခုကို သိခဲ့ရပါတယ်။ သူက Intense Debate ပါ။ ပို့စ်အဟောင်းတွေမှာ ရှိတဲ့ ကွန်းမန့်တွေကို ပေါ်မြဲ ပေါ်နေအောင် လုပ်ပေးနိုင်တယ် ဆိုတာ တစ်ချက်တည်းနဲ့တင် ကျနော် Intense Debate ကို သဘောကျသွားတယ်။ ကျနော် Intense Debate ထည့်ပုံ အဆင့်ဆင့်လေးကို ပြောပြချင်ပါတယ်။ အခြေခံသာ ရှိတဲ့ လူတွေအတွက်ပဲ ရည်ရွယ်ပါတယ်။အဆင့် (၁) Intense Debate ထဲ ဝင်ပြီး signup လုပ်လိုက်ပေးပါ။ signup လုပ်ပြီးတာနဲ့ အောက်က ပုံအတိုင်း မြင်ရလိမ့်မယ်။

အဆင့် (၂) မိမိ Commenting Service ထည့်ချင်တဲ့ ဘလော့ဂ်ကို လိပ်စာထည့်ပေးပါ။ အောက်နားက Add Blog ကို နှိပ်ပြီး လိပ်စာထည့်ပေးပါ။ ပြီးရင် Save Setting လုပ်ပေးပါ။အဆင့် (၃) Widget ထည့်သွင်းခြင်းအပေါ်က ပုံရဲ့ အပေါ်နားမှာ Install Intense Debate Now ! ဆိုတာကို နှိပ်လိုက်ပါ။ ဘလော့ဂ်လိပ်စာ တောင်းပါလိမ့်မယ်။ ရိုက်ထည့်ပြီးရင် Blog Platform ရွေးပေးဖို့ပါ။ Blogger ကို ရွေးပေးပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်း တက်လာလိမ့်မယ်။

All new posts ကို ရွေးရင် ကွန်းမန့် မတင်ရသေးတဲ့ ပို့စ်တွေမှာပဲ ထည့်ပေးလိမ့်မယ်။ တကယ်လို့ On all blog posts ကို ရွေးရင်တော့ ဟိုးအရင် ပို့စ်အဟောင်းတွေ အကုန်လုံးမှာ ထည့်ပေးလိမ့်မယ်။ အဲဒါကို ရွေးလိုက်ရင် ကွန်းမန့်အဟောင်းတွေ ပျက်ကုန်လိမ့်မယ်။ မပျက်ချင်ရင်တော့ All new posts ကိုပဲ ရွေးပေးပါ။ ပြီးရင်

  1. www.blogger.com ကို ဝင်ပါ။
  2. မိမိ Service ထည့်ချင်တဲ့ ဘလော့ဂ်ကို ရွေးပြီး Layout ကို သွားပေးပါ။
  3. Edit HTML ကို ရွေးပေးပါ။
  4. ပထမဆုံး စာကြောင်းမှာ Download Full Template ဆိုတာ ရှိပါတယ်။ ကလစ်နှိပ်ပြီး ကိုယ့်ရဲ့ ကွန်ပြူတာထဲမှာ template ကို သိမ်းပေးပါ။
  5. Browse ကို နှိပ်ပြီး ခုနက သိမ်းထားတဲ့ Template ကို ရွေးပေးပါ။ ပြီးရင် အောက်နားက Upload file and continue ကို နှိပ်ပေးပါ။
  6. နောက် စာမျက်နှာအသစ်တစ်ခု တက်လာပါလိမ့်မယ်။ အဲဒီမှာ Code ထည့်ပြီးသား Template ရဲ့ HTML ပေးထားပါတယ်။ အဲဒီ Code တွေကို အားလုံး ရွေးပြီး Ctrl + c နှိပ်ပြီး ကော်ပီကူးပါ။ ပြီးရင် Blogger.com ထဲက Edit HTML မှာ နဂို ရှိထားတဲ့ Code တွေကို အကုန်ဖျက်ပြီး ခုနက ကူးထားတဲ့ Code တွေကို (Paste) ထည့်ပေးပါ။ ပြီးရင် Template ကို သိမ်းလို့ရပါပြီ။

ဒါဆို ကျနော်တို့လိုချင်တဲ့ Commenting Service ကို ရပါပြီ။ ဒီထက် ဘာတွေလုပ်လို့ရသေးလည်း ဆိုတာ နည်းနည်း ရှင်းပြပါ့မယ်။

Dashboard မှာဆိုရင်Moderate Comments – ဘလော့ဂ် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရမှ တင်ပေးမယ့် ကွန်းမန့်တွေအတွက် ဒီနေရာမှာ ကြည့်ပါမယ်။ ခွင့်ပြုချက်မပေးရသေးတဲ့ ကွန်းမန့်တွေထားတဲ့ နေရာပေါ့။Old Comments – ကွန်းမန့်အဟောင်းတွေ ထားတဲ့ နေရာလေးပါ။Settings – ဒီနေရာမှာ လုပ်လို့ရတာတွေ နည်းနည်း များပါတယ်။ တစ်ခုချင်း အကြမ်းဖျင်း ရှင်းပြပါ့မယ်။ ဒီပုံလေးကြည့်ပါ။Comment Posting မှာ

  • ကွန်းမန့်အကုန်လုံးကို ဘလော့ဂ်ပိုင်ရှင် ခွင့်ပြုချက်ရမှ ဖော်ပြပေးလို့ ရပါတယ်။
  • ကွန်းမန့်မရေးခင်မှာ Intense Debate မှာ အရင် Sign up လုပ်ခိုင်းရမယ်။
  • အခု ကွန်းမန့်ရေးမယ့်သူဟာ အရင် ခွင့်ပြုပြီးသား ကွန်းမန့်ရှိမှ တင်ခွင့်ပြုမယ်။

ဒီသုံးချက်ကို ကြိုက်သလို ရွေးပြီး လုပ်ဆောင်ချက် ပြောင်းနိုင်ပါတယ်။ကွန်းမန့်ထဲမှာ ပါတဲ့ စကားလုံးကို စစ်ပြီးတော့လည်း ချက်ချင်း မဖော်ပြဘဲ စစ်ဆေးလို့ ရပါတယ်။ Moderate posts containing the following words ဆိုတဲ့ နေရာမှာ ကို စာလုံးတွေ ထည့်ပေးပါ။ တကယ်လို့ ကိုယ့်ရဲ့ ကွန်းမန့်ထဲမှာ အဲဒီ စာလုံးတွေ ပါနေခဲ့မယ်ဆိုရင် ချက်ချင်း တန်းမဖော်ပြဘဲ Moderate လုပ်ပြီး စစ်ဆေးလို့ရပါတယ်။ ဒါဆို ညစ်ညမ်းတဲ့ စကားလုံးတွေ မပါအောင် စစ်ထုတ်လို့ ရပြီပေါ့ဗျာ။နောက်ပြီး ကွန်းမန့်တင်တဲ့ IP Address နဲ့လည်း စစ်ထုတ်လို့ ရပါတယ်။နောက် ကွန်းမန့်တင်တဲ့ Email လိပ်စာနဲ့လည်း စစ်ထုတ်လို့ ရတယ်။နောက်တစ်ခုက Profanity Filter ပါ။ သူက ကျနော်တို့ မဖော်ပြချင်တဲ့ စကားလုံးတွေကို သူက asterisks (*) အဖြစ်နဲ့ ပြောင်းပေးပါတယ်။ Disallowed words မှာ ထည့်ထားတဲ့ စာလုံးတွေကို * ပြောင်းပေးပါလိမ့်မယ်။ညာဘက် အောက်နားမှာတော့ ဒီကွန်းမန့်တွေကို စစ်မယ့် Admin User ထပ်ထည့်လို့ရပါတယ်။ တစ်ယောက်မက ခွင့်ပြုချက်ပေးလို့ ရတယ်။ဒါတွေကို ပြင်ပြီးရင် Save Setting လုပ်ဖို့တော့ မမေ့နဲ့ဦးပေါ့ဗျာ။Blog Tools – ဒီနေရာမှာ တခြား ဘလော့ဂ်တွေက ကွန်းမန့်တွေကို Import လုပ်လို့ရသလိုပဲ ဒီထဲက ကွန်းမန့်တွေကိုလည်း XML အနေနဲ့ Export လုပ်လို့ရတယ်။ နောက်ပြီး ဒီ Service ကို မကြိုက်တော့လို့ Uninstall လုပ်ချင်သပ ဆိုရင်လည်း ဒီမှာပဲ လုပ်ရမယ်။ ပြဿနာ တစ်ခုခု တက်လို့ Reinstall ပြန်လုပ်လို့လည်း ရတယ်လေ။Comment Layout – ဒီနေရာမှာ ကွန်းမန့် ဖော်ပြတဲ့ ပုံစံ ပြောင်းလို့ရပါတယ်။ တကယ်လို့ ကျနော်တို့က ကိုယ်ပိုင် စိတ်ကြိုက်ပုံစံကို CSS နဲ့ ရေးတတ်တယ် ဆိုရင်လည်း အောက်ဆုံးမှာ အဲဒီ CSS ဖိုင်ကို တင်ပြီး Comment Layout ပြောင်းပစ်လို့ ရတာပေါ့ဗျာ။+ Add Blog လုပ်ပြီး အကောင့်တစ်ခုတည်းနဲ့ ဘလော့ဂ်တွေ အများကြီး တပြိုင်တည်း ထည့်လို့လည်း ရပါတယ်။နောက်ပြီး Add-ons မှာ ဆိုရင် Recent Comments, Top Commenters, Popular Posts တို့ကို လုပ်နိုင်တဲ့ Widget တွေကို အဲဒီမှာ လုပ်ယူလို့ ရပါတယ်။နောက်ထူးခြားတာလေးတစ်ခုက သူများတွေ တင်ထားတဲ့ ကွန်းမန့်တွေကိုလည်း ပြန်ဖတ်ပြီး Rating ပေးလို့ရတယ်ဗျ။ နောက်ပြီး ကွန်းမန့် ပေးတဲ့လူရဲ့ ဘေးနားမှာလဲ သူ အရင် ကွန်းမန့် ဘယ်လောက် ပေးထားဖူးသလဲ ဆိုတာကိုပါ ပြထားတယ်။ နောက်ပြီး ကြည့်နေတဲ့ ပို့စ်ရဲ့ ကွန်းမန့်တွေကိုလည်း ပေးထားတဲ့ Rate နဲ့ ပြန်စီခိုင်းလို့ ရသေးတယ်ဗျာ။ကဲ ကြည့်ပါဦးဗျာ။ ဘယ်လောက် အသုံးတည့်လိုက်မလဲ။ ဒါနဲ့ စကားမစပ် ကျနော် Intense Debate ဆီက ဘာမှ မရဘဲနဲ့ကို ကြေငြာနေတယ်ဆိုတာ တကယ့်ကို အသုံးတည့်လို့ပါ။ စာဖတ်သူလည်း ဘလော့ဂါတစ်ယောက် ဆိုရင်တော့ စမ်းကြည့်စေချင်တယ်။မြန်မာပြည်က ဘလော့ဖတ်သူတွေ အတွက် ဘလော့ဂ် ဖတ်ဖို့ဆိုတာ အတော်လေး အားစိုက်ထုတ်ရပါတယ်။ တချို့ ဒိုမိန်းပြောင်းထားတော့ ဘလော့ဖတ်လို့ ရတာတောင် ကွန်းမန့် ရေးဖို့ထပ်ခက်ပြန်ရော။ အခုတော့ ကွန်းမန့် ရေးဖို့လည်း သူတို့အတွက် အခက်အခဲ မရှိတော့ပါဘူး။ မြန်မာပြည်က ဘလော့ဂ်ဖတ်သူတွေအတွက် အလွယ်တကူ ဖတ်နိုင်အောင် လုပ်ဖို့ ကျနော်တို့ ဘလော့ဂါတွေမှာ တာဝန် အပြည့်ရှိပါတယ်။ ဒိုးမိန်းကို myanmarbloggers.org အနေနဲ့ ယူလို့ရပါတယ်။ အကယ်၍ လိုချင်ရင် [email protected] ကို အီးမေးပို့ပြီး အကြောင်းကြားနိုင်ပါတယ်။ Subject မှာ Request subdomain လို့ ရေးပြီး စာကိုယ်မှာ မူရင်း ဘလော့ဂ်လိပ်စာ၊ လောင်နာမည် နဲ့ ပြောင်းချင်တဲ့ xxxxx.myanmarbloggers.org လိပ်စာကို ရေးထည့်ပေးရုံပါပဲ။ Admin ကနေ စစ်ဆေးကြည့်ရှုပြီး Setting လုပ်ပြီးတာနဲ့ ပြန်အကြောင်း ကြားပေးပါလိမ့်မယ်။ အဲဒီမှာ လိုက်နာပေးရမယ့် အချက် နှစ်ချက်ရှိပါတယ်။ တစ်ချက်က စက်တင်ပြောင်းဖို့ အကြောင်းကြားပြီး တစ်လနေလို့မှ မပြောင်းသေးဘူးဆိုရင် ပြန်လည် ဖျက်သိမ်းပါ့မယ်။ နောက်တစ်ချက်က တကယ်လို့ myanmarbloggers.org ဒိုမိန်းကို ပြောင်းပြီး နောက်ပိုင်း တခြား ဒိုမိန်းကို ပြောင်းသွားပြီဆိုရင် Admin ကို ပြန်အကြောင်းကြား ပေးစေချင်တယ်။ တကယ်တမ်း လုပ်ပေးနိုင်တဲ့ Subdomain အရေအတွက်က မများပါဘူး။ ဒါကြောင့် လိုအပ်ရင် မသုံးတော့တဲ့ အဟောင်းတွေကို ဖျက်ပစ်မှ အဆင်ပြေမှာ မို့ပါ။ Myanmarbloggers.org နဲ့ ပတ်သက်တာ သိချင်သေးရင် ဒီပို့စ်ကို ဖတ်ကြည့်နိုင်ပါတယ်။ ဒါ မြန်မာနိုင်ငံသားချင်း မေတ္တာနဲ့ ကူညီတဲ့ Domain ပါ။ တခြား နိုင်ငံခြားက ပေးတဲ့ Free Domain တွေလည်း ရှိပါတယ်။ ဥပမာ http://www.co.cc/ ပေါ့။ အဲဒီမှာလည်း အလကား တောင်းလို့ ရပါတယ်။ ကျနော် သိသလောက် အခုဆိုရင် Myanmarbloggers.org မှာ ယူထားတဲ့ subdomain ပေါင်း ၇၀ ကျော် ရှိပါပြီ။

အထက်က ရေးပြထားတဲ့ Intense Debate နဲ့ ပတ်သက်ပြီး အဆင်မပြေတာရှိရင်လည်း ကွန်းမန့်နဲ့ ဖြစ်ဖြစ်၊ စီပုံးမှာ ဖြစ်ဖြစ် အော်ထားလို့ ရပါတယ်။ အော် နောက်ပြီး ကျနော်ရဲ့ ဘလော့်မှာ သုံးထားတဲ့ Widget နဲ့ Function တချို့ကို ဘယ်လိုလုပ်သလဲဆိုတာ How to ဆိုတဲ့ Label နဲ့ ပို့စ်တွေ ရေးထားပါတယ်။ အစစအရာရာ အဆင်ပြေပါစေဗျာ။

Leave a comment

Your email address will not be published. Required fields are marked *