TAG – ဖြိုးကျော်နှင့် သူ၏စာများ

သူငယ်ချင်း တစ်ယောက်ထံမှ ….
ဆုလေးက သူငယ်ချင်းအကြောင်း ရေးဖို့ တက်ထားတာ အတော်ကလေးကို ကြာနေပါပြီ။ ရေးမယ်လို့ ချိန်ဆတော့လည်း ဘယ်သူ့အကြောင်းကို ရေးရမလဲ ဆိုတာကလည်း ပြဿနာလေ။ သူငယ်ချင်းတွေက များတော့ ရွေးရတော့ ခက်သား။ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက်ကို သွားသတိရတယ်။ သူက ကျနော့်ဘဝမှာ သူမတူအောင် မှတ်တမ်းတင်ထိုက်တဲ့ လူတစ်ယောက်ပါ။ အမှန်အတိုင်း ပြောရရင် သူ့အကြောင်း သိပ်မရေးချင်ပါဘူး။ စဉ်းစားမိတိုင်း စိတ်မကောင်း ဖြစ်လို့ပါ။

သူနဲ့ ကျနော်တို့ (၈) တန်း ကျောင်းသား ဘဝကတည်းက တစ်တန်းတည်း အတူနေ အရမ်းခင်လာခဲ့ကြတာပါ။ ကမျင်းဖော် ကမျင်းဖက်၊ သောင်းကျန်းဖော် သောင်းကျန်ဖက်တွေပါ။ အတန်းထဲမှာ အဆိုးဆုံး၊ အဂျစ်ဆုံး၊ အပေဆုံး၊ အကပ်ဆုံးလို့ ပြောလို့ ရသလိုပဲ အတော်ဆုံးလည်း ဖြစ်ပါတယ်။ (၉) တန်းတုန်းက တစ်ကျောင်းလုံးမှာ ပထမဆု ဆွတ်ခူးခဲ့တဲ့ လူလေ။ စကားလုပွဲတွေ ကျပန်းစကားပြော ပြိုင်ပွဲတွေမှာ အမြဲ ပထမ ရနေကျပါ။ ကျနော် ပီကေ ကပ်တယ်ဆိုတာ သူ့ကို မမီဘူးလေ။ စကားပြောတာ သိပ်ကပ်လွန်းလို့ သူ့ကို ဆရာမတွေ မိဘတွေတောင် လက်ဖျားခါရတယ်လေ။ သူ့ကို သတိရတိုင်း ကျနော် သူရေးဖူးတဲ့ စာတွေကို ဖတ်ဖတ်နေမိတယ်။

အခု သူရေးဖူးတဲ့ စာထဲက စာသုံးစောင်ရဲ့ စာတချို့ကို အမြည်းအနေနဲ့ ပြန်ရိုက်ပေးလိုက်တယ်။ ဒီစာကို ဖတ်ပြီး သူ ဘယ်လိုကောင်လဲ ဆိုတာ ရိပ်မိသွားမှာပါ။၊

ငါ စာရေးလိုက်တယ်။ စာရေးလို့လည်း မင်းဆီ ရောက်လာတာပေါ့။ မရေးရင် ရောက်ပါ့မလား။ ငါစာရေးခြင်းဆိုတဲ့ အကြောင်းတရားကြောင့် မင်းဆီ ရောက်ခြင်းဆိုတဲ့ အကျိုးတရား ဖြစ်ပေါ်လာရတယ်။

နားလည်ပါတယ်နော်။ အေး … အဲဒီလိုပဲ မင်းဆီရောက်ခြင်း (စာ) ဆိုတဲ့ အကျိုးတရား ဖြစ်ပေါ်မလာဘူးဆိုရင် ငါစာရေးခြင်းဆိုတဲ့ အကြောင်းတရား ရှိချင်မှ ရှိနိုင်မယ်။ ဘာဖြစ်လို့ အဲသလို ဆိုရသလဲဆိုတော့ ငါစာရေးခြင်း ဆိုတဲ့ အကြောင်းတရားစာ ကျိန်းသေပေါက် ရှိနေပေမယ့် ကြားထဲမှာ စာပို့သမားကြောင့် ပျောက်တာတို့၊ မိုးရေစိုလို့ ပြဲတာတို့ စတဲ့ စတဲ့ အကြောင်းတရားတွေက ထပ်မံ ဝင်ရောက် ဖန်တီးလာခဲ့လို့ ရှိရင် အကျိုးတရား ဟာလည်း ရရှိချိန်မှာ Direction ပြောင်းသွားတတ်တယ်။

ဆိုလိုတာကကွာ မင်းလို လူပြိန်းတွေ နားလည်အောင် ပြောရရင် ကိုယ်က ကောင်းကျိုးကို မျှော်လင့်စောင့်စားနေပေမယ့် မမျှော်လင့်သော အကြောင်းတရားတွေ၏ ဝင်ရောက်နှောက်ယှက် ဖျက်ဆီးမှုကြောင့် မမျှော်လင့်အပ်သော ဆိုးကျိုးတရားတွေလည်း ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို ပြောတာပါကွာ။

ရှင်းပလား။ အေး …. အေး ….. အေး ….။ ငါပြောသမျှကို ကြိုးစား နာယူမှတ်သားနော်။ မင်းက လိုချင်စိတ်လေးရှိတော့ ကြီးပွားဦးမှာပါ။ (ငါ့အိမ်တော့ မလာနဲ့။ မင်းက လိုချင်စိတ်ရှိတော့ အိမ်က ပစ္စည်းတွေ ပျောက်မှာစိုးလို့)။ တက်လမ်းလည်း အများကြီးရှိတာပဲ။ ( ဆေးရုံသို့ ( မီးယပ်နှင့်သားဖွား)) …..

ကဲ နားရှုပ်သွားပြီလား။ အဲဒီသူငယ်ချင်းက အဲဒီလို စာကို ဝေ့လည်ကြောင်ပတ် ရေးရတာ သိပ် ဝါသနာပါတယ်လေ။ တစ်နေ့တစ်နေ့ သူနဲ့ စကားနိုင် လုနေရတာနဲ့ကို အချိန် အတော်ကုန်တယ်။ တော်တန်ရုံနဲ့ လက်မခံတတ်တော့ အတော်လေး လက်ပေါက်ကပ်တယ်။ သူနဲ့ စကားပြောခဲ့၊ စကားလုခဲ့လို့လား မသိဘူး။ ကျနော်တောင် အတော် ကပ်နေတယ်။ (သူများကို အပြစ် ပုံချလိုက်ခြင်း ဖြစ်သည်။) တကယ်တော့ အသွင်မတူ အိမ်တူ မဖြစ်တဲ့။ တံငါနားနီး တံငါလေ။ တံငါသည်ချင်းမို့ အတူတူနေကြတာပေါ့၊ မဟုတ်ဘူးလား။ နောက်တစ်စောင်ကို ဆက်ဖတ်ကြည့်ပါဦး ။ သူက ဒီလို နှုတ်ဆက်ထားတယ်လေ။

ခင်မင်မှု ဗရပွ၊ အောက်မေ့မှု (အထက်မေ့မှုမပါ) ပွစိတက်၊ သတိရမှု ဒရဟောနှင့် ဒို့ ဒီစာကို မျှောလိုက်ပါတယ်။ စိတ်ရော ကိုယ်ပါ ပူးတွဲလျက် ဘတ်စ်ကား တိုးစီးရသည့် အချိန်မှ အပ ကျန်သည့် အချိန်များတွင် အကောင်ကြီးလိုက် ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်း၊ ဖွင့်ဖွင့်ထွားထွား၊ စွင့်စွင့်ကားကား (ကိုခေါင်း၏ ကာယဗလကို အထင်ကြီး လေးစား အားကျ ဂုဏ်ယူလျက်)၊ မီးဖိုချောင်ထဲက ငရုတ်ကျည်ပွေ့ကြီးလို ဒေါင်ဒေါင်မြည်နေလိမ့်မည်ဟု ယုံကြည် ကိုးစား မျှော်လင့်မိနေပေသည်။

နောက် အဲဒီစာရဲ့ အဆုံး လက်မှတ် မထိုးခင် အပေါ်မှာ သူ့ကိုယ်သူ ဒီလိုလေး ဝိသေသ ပြုထားတယ်။

အိမ်း …. ကိုခေါင်း နှင့် မ…. တို့ အပါအဝင် (၇) ရက်သားသမီးများ ကျန်းမာ ချမ်းသာစေကြောင်း ဆရာကြီး ဝေဒ ကဝိန်က မေတ္တာရည် သွန်းလိုက်သည်။

နတ်၊လူ သာဓု ခေါ်စေသော်ဝ် …..

အဖြေရှာမရသည့် ရင်ထဲက ဝေဒနာများကို ကြေငြာမထုတ် မရေမရာမဟုတ် အသေအချာလုပ်၍ ငွေအသပြာမတုတ်သည့် မန်းရွှေမြို့တော်မှ လျှမ်းဝေလို့ကျော်သော

ဆရာကြီး ဝေဒ ကဝိန် သမိန် ခေါင်းကြီး

[နှလုံးသားရေးရာ အကြံပေး အရာရှိ – (၁၄) ကျောင်းထွက်]

သတိပြုရန် – ရုံးခန်းဖွင့်ချိန် – ည (၁၁) နာရီမှ (၃) နာရီအထိ

ဥပုသ်နေ့ အထူးဖွင့်သည်။ * အမျိုးသမီးများသာ*

မယုံလျှင် – ခေါ်ပါ၊ ဆွေးနွေးပါ၊ ပြီးမှ ယုံပါ။

ကဲ အဲဒီလိုလည်း သူက ပိုင်ပိုင်နိုင်နိုင် ရေးတတ်သဗျာ။ နောက်ဆုံး အနေနဲ့တော့ ကျနော့်ကို ကျန်းမာကြောင်း ဆုတောင်းပေးတဲ့ စာပိုဒ်လေးနဲ့ပဲ အဆုံးသတ်ပါရစေ။ ကျနော်လည်း သူပြောသလိုပဲ အားလုံးကို ဆုတောင်းပေးလိုက်ပါတယ်။

ကျန်းခမ်းသာလို့ မာပါစ။ AIDS အပါအဝင် (၉၇) ပါးသော ရောဂါ ကင်းဝေး၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြီးပြည့်စုံနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်ုပ်နှင့်တကွ အတူနေထိုင်ကြကုန်သော ကျွန်ုပ်၏ မိသားစုဝင် အားလုံးတို့သည်လည်း ကျွန်ုပ်ကဲ့သို့ပင် ကျန်းမာစွာရှိကြပါသည်။ ထို့နောက်တဖန် ကျွန်ုပ်၏ ဆိုးအတူ၊ ကောင်းအတူ၊ အေးအတူ၊ ပူအမျှ၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက် မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်း သူငယ်ချင်းများသည်လည်း ကျန်းမာ ချမ်းသာစွာနှင့်ပင် မန်းရွှေမြို့တော်ကြီး၌ အတူတကွ တည်နေကြပါကုန် ….

ကျွန်ုပ် ကိုယ်တိုင်၌ကလည်း ကျွန်ုပ်၏ အဆွေတော် `မစ္စတာ ဒေးဗစ် ဝီလျှံ ရောဘတ် ကိုရင်ခေါင်း´သည် သာယာလှပသည့် ရန်ကုန်ဒန်မြို့တော်ကြီး၌ Bus ကား တိုးစီးလျှင် ညပ်၍ မသေဘဲ အခြား ခရီးသည်များကို အရိုးနှင့်ထိုး၍ လုတက်နိုင်ကာ မိမိကောင်းကျိုး၊ မိမိ၏ မိသားစုကောင်းကျိုး၊ မိမိ၏ ရပ်ရွာကောင်းကျိုး၊ မိမိ၏ တိုင်းပြည်ကောင်းကျိုး၊ မိမိ၏ ကမ္ဘာကြီးကောင်းကျိုးကို ဆထက်တပိုး တိုး၍ သယ်ပိုး ထမ်းရွက်နိုင်ပါစေလို့ ထာဝရ အနေနဲ့ ဂါရဝ ချွေအပ်ပါတယ် ….

မှတ်ချက် ။ ။ ဒီသူငယ်ချင်း နာမည်က သက်နိုင်ဦးပါ။ ၁၉၉၉ ခုနစ် မေလ (၃၁) ရက်နေ့မှာ ခွေးရူးပြန်ရောဂါနဲ့ ဆုံးသွားပါတယ်။ အဆင်မပြေတဲ့ မိသားစု အသိုင်းအဝိုင်းမှာ အမေကို ရှာကျွေးနေတဲ့ သားကောင်းရတနာလေး တစ်ယောက်ပါ။ မကျန်းမာတဲ့ အမေအတွက် ဆေးဝါးခကို ငှဲ့ပြီး ကာကွယ်ဆေး မထိုးခဲ့မိလို့ မကြွေသင့်ခင်မှာဘဲ ကြွေခဲ့ရပါတယ်။ ကိုယ်ထူးကိုယ်ချွန် အမြဲ ကြိုးစားတတ်ပြီး သူများ အကူအညီကို သိပ်လက်မခံတတ်တဲ့ ငယ်သူငယ်ချင်းကြီးကို သတိတရ ရှိလှလို့ သူ ကျနော့်ဆီ ရေးခဲ့တဲ့ စာတွေကို အမှတ်တရ မှတ်တမ်းတင်ပေးလိုက်တာပါ။ စိတ်မကောင်းစရာတွေ မရေးချင်လို့ သူ့ရဲ့ ကပ်သီးကပ်သပ် စာတွေပဲ ပြုံးပျော်မိအောင် တင်ပြပေးလိုက်ပါတယ်။

အားလုံး ပျော်ရွှင်နိုင်ပါစေ …………………….

မချစ်တတ်သေးပါ
အချစ်အကြောင်း ပြောပြဖို့ မေပျို က တက် (TAG) ထားတယ်လေ။ သူ့အကိုရဲ့ ဇာတ်လမ်းတွေ ကြားချင်ပုံ ရတယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး သဲရယ်။ အချစ်အကြောင်း ရေးမယ်လို့ အပီအပြင် အားတင်းပြီး ညစ်ထုတ် ကြိုးစားပေမယ့်လည်း တစ်လုံးမှ ထွက်မလာဘူးလေ။ သူငယ်ချင်း တစ်ယောက်က အကို့ကို “Intellectual Robot” လို့ သမုတ်ဖူးတယ်။ အသိတရား ရှိတဲ့ စက်ရုပ်ပေါ့။ လူလို ကောင်းကောင်း မခံစား တတ်ဘူးတဲ့လေ။ ၅ တန်းကတည်းက ခင်လာတဲ့ သူငယ်ချင်းဆိုတော့ သူပြောတဲ့ စကားကို ငြင်းဖို့ အတော် ခက်နေတယ်။ ဒါပေမယ့် ဟုတ်ပါတယ်လို့ ဝန်မခံခဲ့ဘူး။ ငါ ခံစားတတ်ပါတယ် လို့ပဲ ယုံကြည်ခဲ့တာလေ။ သူပြောတဲ့ စကားကို အတော်ကြာကြာ စဉ်းစားကြည့်မှ အတော်လေး မှန်နေတယ်။ ခံစားမှု အပိုင်းမှာ အတော်လေး အားနည်းနေတယ်။ `There is something beyond reasoning ´ တဲ့။ ဆင်ခြင်မှု နယ်မြေရဲ့ အပြင်မှာ အရာတချို့ ရှိတယ်တဲ့လေ။ ဒါကို အရင်က လက်မခံနိုင်ခဲ့ဘူး။ Just feel it !! ဆိုတာကိုလည်း သိပ် ဘဝင် မကျဘူး။ ဘယ်အရာ မဆို မှားခြင်းနဲ့ မှန်ခြင်းကို ဝေဖန် ဆုံးဖြတ်နိုင်မှ ဘဝကြီးမှာ နေပျော်မယ်လို့ ထင်တာလေ။ ခံစားကြည့်ရုံနဲ့ အားလုံးဟာ စိုပြေနေမှာလား။ ဒီလို အတွေးတွေနဲ့ အကို့မှာ ချစ်ဖို့တောင် စဉ်းစားနေရတယ်လေ။ငယ်ငယ်က တွေးတဲ့ အတွေးလေးတစ်ခု ရှိတယ်။ မှန်လား မမှန်လား စဉ်းစားသာ ကြည့်တော့လေ။ လောကမှာ ရှိတဲ့ သက်ရှိ သတ္တဝါတွေ အားလုံးက ခံစားချက် ဆိုတာကို အနည်းနဲ့ အများ နားလည်ကြတယ်။ ဒါပေမယ့် လူဆိုတဲ့ သတ္တဝါကမှ စဉ်းစား ဆင်ခြင်တတ်တဲ့ အသိတရားနဲ့ နေတတ်ကြတာ။ ဒီလိုလေး တွေးပြီး ယုံကြည်ထားမိတော့ ဆင်ခြင်တတ်ဖို့က နံပါတ်တစ် ဖြစ်နေခဲ့တယ်။ ဒါပေမယ့် ခံစားမှုတွေရဲ့ ထိုးနှက်ချက်တွေကို ခံလာရတဲ့အခါမှာ ဒါတွေဟာ ဆင်ခြင်နိုင်မှုရဲ့ ပြင်ပကို ရောက်နေတာ တွေ့ရတယ်။ ဆိုလိုတာက ခံစားမှုတစ်ခုကို စဉ်းစားပြီး ဖန်တီးလို့ မရသလိုပဲ ဖြစ်ပေါ်လာတဲ့ ခံစားချက်တစ်ခုကိုလည်း စဉ်းစားတတ်ရုံနဲ့ မဖယ်ရှားနိုင်ဘူး၊ မဖြေရှင်းနိုင်ဘူး ဆိုတာ သိခဲ့ရတယ်။ ဒါနဲ့ပဲ တချို့ကိစ္စတွေမှာ Just feel it !! ဆိုသလိုပဲ စဉ်းစားကြည့် မနေတော့ဘဲ အရင် ခံစားပြီးမှ ဆုံးဖြတ်တယ်။ အဲဒီလိုမှ အချစ်ဆိုတာကို စတွေ့လာရတယ်။ ခံစားတတ်မှ ချစ်တတ်တယ် ဆိုတာကို အဲဒီတော့မှ နားလည်လာတယ်။ အခုအချိန်ထိ ဘာမှ အတိအကျ မသိသေးတော့ ကိုယ် ဖတ်ဖူးတဲ့ စာလေး တစ်ပုဒ်ကို ဘာသာပြန်ပြီး အချစ်ကို အဓိပ္ပါယ်ဖွင့် ပေးလိုက်ပါတယ်။ မူရင်း အင်္ဂလိပ်ဘာသာနဲ့ ဖတ်ချင်တယ် ဆိုရင် ဒီမှာ သွားကြည့်ပါ။ ဒီဘာသာပြန်လေးနဲ့ ကျေနပ်မယ်လို့ ထင်ပါတယ်။ ညီမလေး သဲရေ ကျေနပ်နော်။

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။မင်းရဲ့ အနားက တစ်ဖဝါးမှ မကွာ သူ့ကို နေစေချင်တာလား။ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံး၀ မထိခိုက်စေချင်လို့ မဟုတ်လား။ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်တာလား။ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ဝန်မလေးဘူး မဟုတ်လား။ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။သူ ဝမ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။ဒါမှ အချစ်လေ။သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။အဲဒါ အချစ်လေ။မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။ဒါမှ အချစ်လေ။ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။ဒါဆို အချစ်လေ။သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။အဲဒါ အချစ်ပါ။တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။ဒါဆို အချစ်လေ။မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘဝကို သူ့ကို ပေးဖို့ ဝန်မလေးဘူးလေ။ဒါဟာ အချစ်ပဲပေါ့။အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘဝလုံး ရှာနေဦးမလဲ။ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင် ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

မိမိကိုယ်ကို အတင်းတုတ်ခြင်း
ကျနော့်ကို သူများအကြောင်းချည်း ပြောနေတယ် ဆိုပြီး လာအော်တယ်ဗျ။ ကိုယ့်အကြောင်းလည်း ပြောပါဦးပေါ့။ နောက် ညီမလေး မေပျိုကလည်း လာတက်ထားတယ်လေ။ ဒီတော့ ကျနော် သိသလောက်တော့ ပြောပြမယ်။ ကျနော်က တစ်ခါတစ်လေကျ ကိုယ့်ကိုယ်ကိုတောင် ဘာလုပ်လို့ လုပ်နေမှန်း သိပ်မသိချင်ဘူး။ ဒါကြောင့် ကျနော် သိသလောက် ရေးမယ်လို့ ပြောလိုက်တာပါ။ ကိုယ့်အကြောင်းကို ပြောရမယ် ဆိုရင် သေမလောက် ကြောက်ပါတယ်။ ဒါပေမယ့် ရင်းရင်းနှီးနှီး ခင်ရတော့မယ်လို့ ထင်လိုက်မိရင်တော့ အဲဒီလူကို သိထားသင့်သလောက် ကျနော် အမြဲ ပြောပြတတ်ပါတယ်။

ကျနော်က လူတစ်ယောက်ကို ခင်တော့မယ်ဆိုရင် အဲဒီလူကို အရင် အကဲခတ်တတ်ပါတယ်။ အဓိကက သူ့ရဲ့ စိတ်ဓါတ်ပါ။ နောက် အပြုအမူပေါ့။ နောက်ပြီး အကျင့်။ ဒီ သုံးခုကို လေ့လာပြီးမှ အဲဒီလူကို ပစ်ပစ်နှစ်နှစ် ခင်တတ်တာများတယ်။ ကျနော့ကိုလည်း တစ်ဖက်လူက အဲဒီလို စူးစမ်းနေတယ်လို့ အမြဲ ခံစားရပါတယ်။ ကျနော် ထင်ထားတဲ့ လူတစ်ယောက်ရဲ့ အချက်အလက်တွေဟာ မှားနေရင် အဲဒီလူအပေါ် အမြင်စောင်းတော့မယ်။ ဒါကြောင့် ပုဂ္ဂလဓိဋ္ဌာန်တွေ ဘေးဖယ်ပြီး လူတစ်ယောက်ကို ကျနော်တို့ လေ့လာနိုင်ရင် အကောင်းဆုံးပါပဲ။ အဓိက အမုန်း၊ အငြိုး၊ အာဃာသ၊ ဒေါသ၊ လောဘ နဲ့ တက်မက်မှုတွေကို ခဏ ဘေးဖယ်ပြီး လေ့လာနိုင်ရင်တော့ အတိကျဆုံး အဖြေ ထွက်လာမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကျနော်တို့က ကိလေသာ မကင်းတဲ့ လူတွေပဲလေ။ တစ်ခုမဟုတ် တစ်ခုတော့ ညှိနေဦးမှာပဲ။ ကျနော်နဲ့ စတွေ့စလူတွေက ကျနော့ကို ခန့်မှန်းကျရင် အမြဲမမှန်ကြဘူး။ ဒါကြောင့် သူတို့ ကျနော့်အပေါ်မှာ ထားကြတဲ့ မှတ်ချက်တွေ (ဒီလိုကောင်ကြီးပဲ ဆိုတာတွေ) အမြဲ လွဲတတ်တယ်။ ဒါကြောင့် ဆက်ဆံရေးဟာ တိုးတက်သင့်သလောက် မတိုးတက်ဘူး။ ဒါကြောင့် ကျနော်ဟာ လူတချို့ဆိုရင် ကျနော့်ရဲ့ အမူအကျင့်နဲ့ စိတ်ဓါတ် တချို့ကို ပြောပြလေ့ ရှိပါတယ်။ ဒါတွေကို အခြေခံပြီး လေ့လာမယ်ဆိုရင် သိပ်မခက်တော့ဘူးပေါ့။

ပထမဆုံးနဲ့ အရေးကြီးဆုံး ပြောရမယ့် အချက်ကတော့ ကျတော် မညာတတ်ဘူး ဆိုတဲ့ အချက်ပါ။ ကျနော် မဟုတ်မမှန်တဲ့ အကြောင်းအရာ တစ်ခုကို ပြောမနေတတ်ဘူး။ ဒါပေမယ့် ဟုတ်တယ် မှန်တယ် ဆိုရုံနဲ့လည်း မပြောတတ်ပြန်ဘူး။ ညာတယ်ဆို အမှားကိုပြောတာ။ လိမ်တယ်ဆိုတာ အမှန်ကို မပြောတာပါ။ အင်္ဂလိပ်လိုတော့ Lie နဲ့ Deceive ပေါ့။ ကျနော် လုံး၀ မညာတတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ လိမ်မိတယ်။ မုသားမပါ လင်္ကာမချော ဆိုတာကို လက်မခံတဲ့ လူထဲက တစ်ယောက်ပါ။

နောက်တစ်ခု ပြောကို ပြောရမယ့် အချက်က ကျနော် သိပ် ကပ်စေးနည်းတယ် ဆိုတာပါပဲ။ ဒါပေမယ့် မတွက်ကပ်ပါဘူး။ သူငယ်ချင်းတွေရဲ့ အမြင်မှာ ကျနော်ဟာ သိပ်ကို ကပ်စေးနည်းတယ်တဲ့။ ဒါသူတို့ အမြင်ပါ။ ကိုယ့်ဖာသာတော့ သိပ်လက်ဖွာတယ် ထင်တာပဲ။ ကျနော်က ပိုက်ဆံရှိတယ်လို့ ထင်ရတဲ့ လူကို ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မပေးဘူး။ ဒါပေမယ့် လိုအပ်နေတယ်လို့ ယူဆရင်တော့ ဘယ်တော့မှ လက်မနှေးဘူး။ ဒါကြောင့် သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးခဲတယ်။ ဒါကြောင့် သူတို့က ကပ်စေးနဲ ကော်တရာလို့ ခေါ်တယ်။ ခေါ်ပါ့စေလေ။ မကျွေးရရင် ပြီးရော။

နောက်ပြီး သိပ်စိတ်မရှည်ဘူး။ မေးခွန်းတစ်ခုတည်းကို သုံးခါဆက်တိုက် မေးလာရင် ဒေါသက ချက်ချင်း တစ်ချောင်းချောင်း ထွက်လာတယ်။ နားမလည်လို့ ဆိုရင်တော့ လာထား။ အမြှုပ်ထွက်အောင် ရှင်းပြမယ်။ လာရစ်ရင်တော့လား၊ ဘုပြောလွှတ်တယ်။ ဘာပဲဖြစ်ဖြစ် သုံးခါထပ် ပိုမမေးရင် အားလုံး အဆင်ပြေတယ်။ စိတ်မဆပ်ဘူး။ စိတ်မတိုတတ်ဘူး။ ဒါပေမယ့် အဲဒီလို ၃ ခါ မမေးနဲ့ သည်းမခံဘူး။ ဘာကြောင့်မှန်းမသိဘူး။ ကိုယ့်ဖာသာကိုယ် မသိလိုက်ခင်မှာပဲ စိတ်က တိုနှင့်နေပြီလေ။ ပုံမှန်အားဖြင့်တော့ စိတ်ရှည်တာ များပါတယ်။

နောက်တစ်ခုက ဘုပြောတတ်တယ်လို့ ပြောကြတယ်။ စကားပြောရင်း စိတ်အခန့် မသင့်ရင် မကြည်လင်တော့ဘူး။ ဒါဆို ကျနော် စိတ်မတိုခင် ကိုယ့်ဖာသာ ထိန်းရတော့တယ်။ ကျနော့်ရဲ့ စိတ်မတိုအောင် ထိန်းတဲ့ နည်းက စကားလျှော့ပြောခြင်း ပါ။ စကားဆက်ပြောရင် ဘုပြောမိတော့မယ်။ ဒါကို သူငယ်ချင်းတွေကို ပြောပြထားရတယ်။ စကားမပြောချင်လို့ အင်တင်တင် ဖြစ်နေရင် ဆက်မပြောပါနဲ့လို့။ ပြောရင်းမတ်တပ် စကားနည်းသွားရင် အကြောင်းရင်းက နှစ်ခုပဲ ရှိတယ်။ တစ်ခုက စဉ်းစားနေလို့။ နောက်တစ်ခုကတော့ စိတ်တိုနေလို့ပဲ။

ကျနော်နဲ့ စကားပြောရင် လက်ပေါက်ကပ်တယ်လို့ သူငယ်ချင်းတွေက မှတ်ချက်ပေးကြတယ်။ ကျနော့်အကျင့်က ကိုယ်သိချင်တာကို မရမက မေးတတ်တယ်။ ကိုယ်ပြောချင်တာကို လက်ခံလာအောင် ပြောတတ်တယ်။ သူတို့နဲ့ စကားရည် လုတယ်ပေါ့။ အဲဒါ သူတို့က မနိုင်တော့ ကတ်သတ်တယ် ဖြစ်ရောလေ။ ကျနော်က ကတ်မပြောပါဘူး။ မှန်တာတွေပဲ ရွေးပြောတတ်လို့ပါ။ အမှန်တရားက တစ်ခါတစ်လေမှာ နားခါးတယ် မဟုတ်လား။ အမှန်တရားနဲ့ မမွေ့လျော်တတ်တဲ့ လူတွေ အတွက်တော့ ခါးသပေါ့ဗျာ။ ကျနော်က အမှန်တရားအတွက် အတင်းအကျပ် ပြောတတ်တယ်ဗျ။

နောက်ပြီးတော့ ကြောက်စရာ ကောင်းလောက်အောင် ဥပက္ခာ ပြုတတ်တယ်။ ဘာကိုမှ ဂရုမစိုက်တတ်ဘူး။ ဘာကိုမှလည်း မကြောက်တတ်ဘူး။ လုပ်ချင်တာ တစ်ခုကိုလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်တတ်တယ်။ ကိုယ် မှန်တယ်လို့ ယုံကြည်ပြီး ဒါလုပ်လိုက်လို့ ဘယ်တော့မှ နောင်တ မရပါဘူးလို့ ကိုယ့်ဖာသာ ကတိပေးနိုင်ရင် လုပ်ပစ်လိုက်တယ်။ မဟုတ်တာတွေ လုပ်နေလို့ တားမရဘူး ဆိုရင်တော့ ကိုယ့်အရှေ့မှာ ဒုက္ခ ရောက်နေတောင် လက်ပိုက်ပြီး ကြည့်နေတတ်တယ်။ အမြင်မတော်ရင်တော့ ဘယ်လိုအခြေအနေမျိုးမှာ မဆို လိုက်ပြီး ကူညီပေးမယ်။ လိုက်ပြီး ဖြေရှင်း ပေးမယ်။ အစွမ်းကုန် ကူညီတတ်တယ်။ ဒါပေမယ့် ပိုက်ဆံတော့ လာမချေးနဲ့။ ဟဲဟဲ။

ရန်သူကို အနိုင်ယူတဲ့ ကျနော့်ရဲ့ လက်သုံး အပြင်းထန်ဆုံး လက်နက်နှစ်ခုက ခွင့်လွှတ်ခြင်းနဲ့ အပြုံးပါ။ ကျနော့်ကို စိတ်ဓါတ်ကျအောင်၊ စိတ်ဆင်းရဲအောင် လုပ်နိုင်တဲ့လူ တစ်မျိုးတည်း ရှိပါတယ်။ အဲဒါက ကျနော် ချစ်တဲ့လူတွေပါ။ လက်ချိုးပြီး ရေကြည့်ရင် (၃) ယောက်တည်း ရှိမယ် ထင်တယ်။ ကျန်တဲ့လူတွေက ကျနော့်ကို ခေတ္တခဏ စိတ်အခန့် မသင့်အောင်တော့ လုပ်လို့ ရလိမ့်မယ်။ ဒါပေမယ့် ဒေါသထွက်ပြီး တနုံ့နုံ့ ဖြစ်နေရအောင်တော့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။ လူတိုင်းမှာ အားနည်းချက်နဲ့ အပြစ်ကိုယ်စီနဲ့ အမှားကို အချိန်မရွေး လုပ်တတ်ကြတယ်။ ဒါကို နားလည်နိုင်ရင် ခွင့်လွှတ်လာနိုင်မယ် ထင်တယ်။ အားလုံးကို အပြုံးနဲ့ ခွင့်လွှတ်ဖို့ ကြိုးစားနေပါတယ်။

ကျနော့်ရဲ့ အကြီးမားဆုံး အားသာချက်နဲ့ ကြောက်စရာ အကောင်းဆုံး အားနည်းချက်ကတော့ လူမရွေးဘဲ ကူညီတတ်ခြင်းပါ။ အကူအညီလိုရင် နောက်ပြီး ကူညီနိုင်ရင် အာလုံးကို ကူညီလိုက်မယ်။ တစ်ခါတစ်လေတော့ ကိုယ့်ဆီ ပြန်ပြန်ပတ်လို့ အရှောင်အတိမ်းလေး လုပ်ရတယ်လေ။

သြော် ကျနော် ပြောဖို့ တစ်ခုမေ့နေတယ်။ ကျနော်က အတော် မေ့တတ်တာ။ မေ့တယ်လို့ ပြောဖို့တောင် မေ့နေလို့ ထပ်ဖြည့်ရတယ်။ ပေးစရာဆို ပိုပြီး မေ့တတ်တယ်လေ။ ရစရာဆို ဒီလောက် မမေ့ဘူး။ တစ်ခါတစ်ခါ ခရီးထွက်လို့ အိပ်ရာက နိုးရင် ငါအခုဘယ်မှာလဲ ဆိုတာကို အတော် စဉ်းစားယူရတယ်။ မိန်းမရလို့ ဘေးမှာ အိပ်နေတဲ့လူကို ဒါ ဘယ်ကလူလဲ မသိဘူး ဆိုပြီး မေ့နေရင် ဒုက္ခပဲနော်။

အခု ပြောပြီးသလောက်က ကျနော့်ရဲ့ စိတ်ဓါတ်ပေါ့။ ကိုယ့်ကိုယ်ကို သိသလောက်ပါ။ ရုပ်ရည် ရူပကာကတော့ သိပ်ပြောစရာ မလိုဘူး ထင်တယ်။ တစ်ခါတစ်ခါ မှန်ကြည့်ပြီး ကိုယ့်ဖာသာကိုယ် ကြိတ်ကြွေနေတာ။ ကြည်ညိုလွန်းလို့လေ။ အရပ်က ခပ်မြင့်မြင့်ဆိုပါတော့။ လူကတော့ ကြည့်လိုက်ရင် ခပ်ပိန်ပိန်ပဲ။ ဒါပေမယ့် မပိန်ဘူးဗျ။ ပေါင် (၁၅၀) နီးပါးရှိတယ်။ တစ်ခုချင်းစီ ဖြုတ်မချိန်ဖူးတော့ ဘယ်နားက လေးလို လေးနေမှန်း မသိပါဘူး။ မျက်မှန်နဲ့ဆိုပေမယ့် အမြင် မကျဉ်းပါဘူး။ လူရဲ့ အကျင့်က ဆံပင်မှာ ပေါ်တယ်လေ။ ထောင်ထောင် ထောင်ထောင်နဲ့။ စဉ်းစားသလားတော့ မမေးနဲ့။ ခေါင်းပေါ်က ဆံပင်ဖြူတာ ရေကြည့်ပေတော့။ အခုတလော အပျင်းကြီးလို့ မစဉ်းစားတော့တာ ဆံပင်တွေတောင် အတော် ပြန်မဲသွားတယ်။ ရုပ်ကတော့ ဗမာနဲ့ မတူတာ အမှန်ပဲ။ ရှမ်းလိုလိုပဲ။ အသားကဖြူတော့ ဂျပန်နဲ့ လူမှားခံရတယ်။ ဂျပန်တွေက `အိချိနော ကုကု ကဲ့ကဲ့´ ဆိုပြီး လာလာပြောလို့ အိုင်ဒုန့်နိုး လို့ ငြင်းငြင်းလွှတ်ရတယ်။ တစ်ခါက ရွှေတိဂုံဘုရားပေါ်မှာ တိုးတစ် ထင်လို့ ဘုရားလူကြီးတွေ အနောက်က လိုက်ချောင်းတာ ခံရဖူးတယ်။ ရင်ဘတ်မှာ တံဆိပ်မကပ်တော့ ပိုက်ဆံကောက်မလို့ လိုက်ချောင်းတာနေမှာ။

ကဲကဲ။ ဒီလောက်ဆို ပီကေရဲ့ မူကြမ်းလေးတော့ ပေါ်လောက်ရောပေါ့။ ရုပ်အတိအကျ သိချင်ရင်တော့ အီးမေးပို့ပေးလိုက်မယ်။ အီးမေးရတဲ့ နေ့ကစပြီး စက်ထဲမှာ ရှိတဲ့ ဗိုင်းရပ်စစ်တဲ့ ပရိုဂရမ်တွေ ဖြုတ်ပစ်လိုက်တော့။ မလိုတော့ဘူး။ သူတို့ထက် ဆိုးတဲ့ အကောင် ရောက်နေပြီလေ။

ကဲ ကျနော့်ကို တက် (TAG) လိုက်တဲ့ ညီမလေး မေပျိုရေ။ ဒီလောက်နဲ့ ကျေနပ်ရဲ့လား။ မကျေနပ်လည်း ဒီထက်တော့ ပို မရေးတတ်တော့ဘူးကွယ်။ ကျေနပ်လိုက်တော့။

ကျနော်၏ ကျေးဇူးရှင်ကြီးများ (စာပေ)
ရေးမယ် ရေးမယ်နဲ့ ချိန်ရင်းနဲ့ပဲ အကြွေးကလည်း တစ်နေ့တစ်ခြား ပုံလအော် တိုက်လာပြီ။ တစ်ခုချင်းဆီ အမြန်ဆပ်မှ ဖြစ်မယ်လေ။ တော်ကြာ နောင်ဘဝကျ ဆပ်နေရမယ်။ ကျနော် အရင်ဆုံးနဲ့ အပြောချင်ဆုံး ကတော့ စာအုပ်တွေ နဲ့ သူတို့ရဲ့ စာရေးသူတွေ အကြောင်းပါ။ ကျနော့်ကို တက် (TAG) ထားတာကတော့ အကြိုက်ဆုံး စာရေးဆရာတွေကို ပြောဖို့ပါပဲ။ ဒါပေမယ့် သူတို့တွေ ရေးတဲ့ စာအုပ်ထဲက အကြိုက်ဆုံး စာအုပ်တချို့ကိုလည်း ထုတ်ပြချင်သေးတယ်။ အခု ကောင်းတယ်ဆိုတဲ့ အမြင်တွေက ကျနော် အမြင်ပဲ ဖြစ်လို့ မှားကောင်းမှားပါမယ်။ အနည်းဆုံး ကျနော် ဘာကို ကြိုက်သလဲ ဆိုတာတော့ စာဖတ်သူတွေ ရိပ်စားမိသွားမှာပါ။ကျနော် စာဖတ်လာတဲ့ သက်တမ်းက အတော် နုပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ စပြီး အသည်းအသန် ဖတ်ဖြစ်တာပါ။ အဖတ်ဖြစ်ဆုံး အချိန်က ၂၀၀၀-၂၀၀၃ ကြားပါ။ ရွာမှာ ကျောင်းသွားတတ်ရတော့ အဆောင်နေရတဲ့ အချိန်ပါ။ ရွာဆိုတော့ ထုံးစံအတိုင်း လည်စရာက မရှိ။ ပိုက်ဆံရှိလို့ သုံးချင်ရင်တောင် သုံးစရာ နေရာ မရှိဘူးလေ။ ဒါကြောင့် အားအားရှိ အဆောင်မှာပဲ စာဖတ်နေဖြစ်တယ်။ စာဖတ်တာလည်း သိပ်မကြာသေးတော့ စာဖတ်တအား နှေးတယ်။ နောက်ပြီး စာတစ်ကြောင်းကို နားမလည်ရင် အရှေ့ဆက် မဖတ်ဘဲ စာအုပ်ဘေးချပြီး စဉ်းစားတတ်တဲ့ အကျင့်ကြောင့်လည်း စာအုပ်တစ်အုပ်ဆို တော်တော်နဲ့ မပြီးတော့ဘူးလေ။ နောက်ပြီး ဖတ်လိုက်ရင် စဉ်းစားရမယ့် စာအုပ်မှ ဖတ်တော့ တမေ့တမျှော ဖတ်ရတယ်။

ငယ်ငယ်က ဝတ္ထုဆိုရင် သိပ်မုန်းတာ။ အဒေါ်တွေက ဝတ္ထုသိပ်ဖတ်တယ်။ ဒါကြောင့် အိမ်မှာ အဖွားနဲ့ နှောင်ချိန်ပလေး ရတယ်လေ။ သူတို့က ဝတ္ထု လက်ထဲ ရောက်ပြီဆိုရင် အလုပ်မလုပ်တော့ဘူး။ အဲဒီ ကတည်းက ကျနော် ဝတ္ထုကို မုန်းတယ်။ လူတွေကို ပျင်းအောင် လုပ်တယ်လို့ ခံယူထားတယ်။ အမတွေလည်း ကြီးလာတော့ သူတို့လည်း ဝတ္ထု ဖတ်တတ်လာတယ်။ သူတို့လည်း ရောဂါကူးပြီး ပျင်းတတ်လာရောပဲ။ ဒါနဲ့ ကျနော် ကိုးတန်း အရွယ်လောက် ရောက်တော့ ဘာလို့ လူတွေ ဒီလောက် ဝတ္ထု စွဲသလဲ ဆိုတာကို စိတ်ဝင်စားလာတယ်။ ဒါနဲ့ပဲ ငါလည်း ဖတ်ကြည့်မှ သိမှာပေါ့ ဆိုတဲ့ အတွေး ဝင်လာတယ်။ ဒါပေမယ့် အကျင့်က လက်တစ်လုံးလောက် ထူတဲ့ စာအုပ် ကိုင်မိရင်ကို သန်းတတ်တဲ့ အကျင့်က ရှိတော့ ဒီလောက် ထူတဲ့ ဝတ္ထုကို ဘယ်လို ဖတ်ရပါ့လို့ အကြံထုတ်တယ်။

အချစ်ဝတ္ထု ဆိုရင်တော့ အတော် ပျင်းဖို့ကောင်းမယ်။ အဲဒီတုန်းက တရုတ်သိုင်းကားတွေ ကြည့်နေတာဆိုတော့ သိုင်းဝတ္ထု ဆိုရင် ကိုယ်နဲ့ နည်းနည်း အဆင်ပြေမယ် ဆိုပြီး သိုင်းဝတ္ထု တစ်အုပ် ငှားပြီး ဖတ်တယ်။ နာမည်တော့ အခု မမှတ်မိတော့ဘူး။ စဖတ်တော့ သင်္ချီုင်းကုန်း အကြောင်း စပြောတယ်။ ဘယ်လို အနိဋ္ဌာရုံ ဖြစ်နေသလဲ ဆိုတာကို ဖွဲ့နွဲ့လိုက်တာ (၉) မျက်နှာသာ ကုန်သွားတယ်။ သင်္ချီုင်းကုန်းက မထွက်သေးဘူး။ ဒါနဲ့ ဖတ်ရင်း အိပ်ပျော်သွားတာ နံနက်ရောက်တော့ ကြည့်လိုက်တာ ဆယ်မျက်နှာပဲ ပြီးသေးတယ်။ အဲဒီ ဆယ်မျက်နှာကို ဖတ်လိုက်တာ အနည်းဆုံး ၂ နာရီ ကြာမယ်။ ကဲ ဘယ့်နှယ့် ပြီးအောင် ဖတ်ကြမလဲဗျာ။ ဒါနဲ့ပဲ နောက်နေ့ အဲဒီစာအုပ်ကို ပြန်အပ်လိုက်တယ်။ ဘယ်တော့မှ မဖတ်တော့ဘူး လို့လည်း ဆုံးဖြတ်လိုက်တယ်။

ဆရာတော်ကြီးတွေ ဟောတဲ့ (သို့) ရေးတဲ့ တရား စာအုပ်တွေကို ၁၉၉၈ ခုနစ်မှ စဖတ်ဖြစ်တယ်။ ရန်ကုန် စရောက်တော့ ဦးလေးက စာအုပ် တစ်အုပ် လာပေးတယ်။ အဲဒီ စာအုပ်ကို ဖတ်ခိုင်းတယ်။ ပြီးရင် အဲဒီ အထဲက ဘုရားစာကို ကျက်ခိုင်းတယ်။ ဦးလေးကို ကြောက်တော့ ဟုတ်ကဲ့ ဆိုပြီး ယူထားတယ်။ ပြီးတော့ ခေါင်းအုံး အိပ်တယ်လေ။ သူ့ဆီမှာ နေတဲ့ တစ်နှစ်ကျော်လုံးလုံး လုံး၀ မဖတ်၊ မလှန်ဘဲ ပြန်ခါနီး ပြန်ပေးလိုက်တယ်။ အဲဒီ စာအုပ်နာမည်က မေတ္တသုတ်တဲ့။ ဦးသုခ ရေးတာ။ သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် မှန်း နောက်မှ သိတယ်။ ၁၉၉၈ ခုနစ် စိတ်ဓါတ်တွေ အဆုံးထိ ပြုတ်ကျပြီး ဘယ်ခွေးမှ လူမထင်တဲ့ အချိန်မှာ စာအုပ်တစ်အုပ် ကျနော်ဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်။ သူငယ်ချင်း အမကြီး တစ်ယောက်က ဖတ်ကြည့် ဆိုပြီး ထည့်ပေးလိုက်တာ။

အဲဒီ ၁၉၉၈ ခုနစ် ဆိုတာ ကျနော်ဘဝရဲ့ အတွေးအခေါ် တစ်ဆစ်ချိုး ကာလ တစ်ခုပါ။ နှစ်ဦးပိုင်းမှာ လူက စိတ်သိပ်ညစ်နေတယ်။ ဘယ်လူနဲ့မှလည်း စကား မပြောချင်ဘူး။ ကျောင်းသွားလို့ အိမ်ပြန်ရောက်ရင် အစာစားပြီး အိပ်တယ်။ အိပ်ပြီး ထစားတယ်။ ဒါပဲ လုပ်တယ်။ ဘာမှ လုပ်စရာ မရှိရင် ကုတင်မှာ ခွေနေတယ်။ အစာစားချိန် ထစားတယ်။ ဒါပဲ။ အဲဒီလောက် ဘယ်သူနဲ့မှ စကား မပြောချင်လောက်အောင် စိတ်တိုနေတယ်။ စိတ်ညစ်နေတယ်။ ဘာလို့ အဲဒီလို ဖြစ်ရသလဲ ဆိုရင် လောကကြီးကို မကျေနပ်လို့။ ကိုယ်ထားတဲ့ မေတ္တာအတိုင်း တန်ပြန် တုန့်ပြန်ဖို့ နေနေသာ အမုန်းတွေရဲ့ ဘက်ကစ်တွေပဲ ခံနေရတယ်။ အများသဘောတူ ဝိုင်းပြီး နှိပ်စက်နေတယ်လို့ ခံစားနေရတော့ ပုံလို့ရတဲ့ လောကကြီးကိုပဲ မတရားဘူးကွာလို့ အပြစ်တင် နေမိတော့တယ်။ လူတွေက ငါပေးတဲ့ မေတ္တာနဲ့ မတန်ဘူး ဆိုပြီး လူတွေနဲ့ စကားမပြော ချင်တော့ဘူး။

ငါ တန်ဖိုးထားတဲ့ မေတ္တာကို လူတွေ တန်ဖိုး မထားတတ်ကြဘူးလို့ တွေးလာတယ်။ ဒါပေမယ့် အဲဒီ အတွေးဟာ စာအုပ်တစ်အုပ်ကို ဖတ်ပြီး သွားတဲ့ အချိန်မှာ ဘ၀ အသစ်တစ်ခုကို ရောက်သွားသလို ခံစားလိုက်ရတယ်။ ငါ နားလည်ထားတဲ့ မေတ္တာဆိုတဲ့ အရာဟာ မေတ္တာမှ မဟုတ်ဘဲ။ ဒီတော့ မဟုတ်မှန်တဲ့ မေတ္တာနဲ့ ဆက်ဆံခံရတဲ့ လူတွေဆီက တန်ပြန်လာတဲ့ ရိုက်ချက်တွေဟာ ငါ ခံသင့်လို့ ခံရတာပဲလို့ လုံး၀ နားလည်သွားတယ်။ အဲဒီစာအုပ်ဟာ မေတ္တာအကြောင်း ကျနော်ကို အနားလည်ဆုံး ရှင်းပြပေးနိုင်တဲ့ ဆရာတော် ဦးဇောတိက ရဲ့ မေတ္တာတရား ဆိုတဲ့ စာအုပ်ကလေးပါ။ အစစ်မှန် တစ်ခုကို သိရှိနားလည်သွားတဲ့ လူတစ်ယောက်ဟာ အတုတွေကြားက ရုန်းထွက်ဖို့ ကြိုးစားမှာ အမှန်ပါပဲ။ အဲဒီလိုပဲ ကျနော်ဟာလည်း ဆရာတော်ရဲ့ ကျေးဇူးကြောင့် မေတ္တာအစစ် ဆိုတာနဲ့ မွေ့လျော်တတ်လာတယ်။ မေတ္တာနဲ့ ဆက်ဆံတတ်လာတော့ လောကကြီးက စိုပြေလာတယ်။

၂၀၀၀ ခုနစ်နဲ့ နေ့တစ်နေ့မှာ ငယ်သူငယ်ချင်းဟောင်း နှစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင် ထိုင်ရင်း ပြောဖြစ်တဲ့ ကိုမြတ်ရဲ့ စာတချို့ဟာ အခုထိ နားထဲမှာ ထင်ကျန်တုန်းပဲ။ သူဟာ ကျနော့်ကို ရသဦးစားပေး ဝတ္တုတွေကို ဖတ်ဖို့ တိုက်တွန်းခဲ့တယ်။ ခံစားမှုပိုင်း အလေ့အကျင့် အားနည်းတဲ့ လူတွေဟာ ထိပ်တိုက် တိုးလာပြီ ဆိုရင် ကိုယ့်ဖာသာ အကြီးအကျယ် ခံစားရတယ် ထင်ပြီး ရှော့ခ် (Shock) ဝင်တတ်တယ်။ ခံစားမှုပိုင်းဆိုင်ရာ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ ရသဦးစားပေး စာပေတွေကို ဖတ်ရှုခြင်းပဲ တဲ့။ ဒါသူငယ်ချင်းရဲ့ စကား ကောက်နှုတ်ချက်ပါ။ သူ့စကားကို အဲဒီအချိန်က မှန်တယ်လို့ လက်မခံပေမယ့် မမှားဘူးလို့တော့ ယုံကြည်တယ်။ ဒါကြောင့် ကျနော် ရသဦးစားပေး ဝတ္ထုတွေကို ဖတ်ဖို့ ကြိုးစားလာတယ်။ ပထမဆုံး ဖတ်ဖြစ်ပြီး အခုထိလည်း ခဏခဏ ပြန်ပြန် ဖတ်ဖြစ်နေတဲ့ ဝတ္ထုတစ်ပုဒ်ကတော့ မောင်ထွန်းသူ ဘာသာပြန်ထားတဲ့ ကင်မီလီ ဆိုတဲ့ အချစ်ဝတ္ထုပါ။

ကျနော်တို့ လူမှုပတ်ဝန်းကျင်ရဲ့ သက်မှတ်ချက်အရ အသက်မွေး ဝမ်းကျောင်းမှုထဲမှာ ပြည့်တန်ဆာ အလုပ်က အနိမ့်ကျဆုံးပါ။ ယဉ်ယဉ်ကျေးကျေး ခေါ်ရင်တော့ လိင်လုပ်သား (Sex Worker) ပေါ့။ ပြည့်တန်ဆာမ ဆိုရင် လူအတော်များများဟာ နှာခေါင်းရှုံ့ပြီး လူရာ မသွင်းချင်ကြပါဘူး။ သူတို့ကိုလည်း အယုံအကြည် သိပ်မရှိကြဘူး။ အချစ်ဆိုတာနဲ့ ပတ်သက်လာရင်တောင် သူတို့ကို အပေါစား ခံစားချက်တွေလို့ လူတွေက ထင်မြင်ကြတယ်။ ကင်မီလီ ဝတ္ထုဟာ ပြည့်တန်ဆာမ တစ်ယောက်နဲ့ ရိုးရိုးသာမန် အရပ်သားလေး တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဖွဲ့နွဲ့ထားတယ်။ သူတို့ ပြဿနာတက်ကြ၊ ကွဲကြ၊ ပြန်ပေါင်းကြနဲ့ အချစ်ဝတ္ထုရဲ့ ထုံးစံအတိုင်း သွားပေမယ့် မတူညီတဲ့ အချက်က ဝတ္ထုပြီးသွားတဲ့ အခါမှာ ကင်မီလီလို့ ခေါ်တဲ့ မာဂရက်ကို ကျနော် အတော် သနားသွားတယ်။ သူ့ရဲ့ အချစ်ကို ကောင်းကောင်း နားလည်သွားတယ်။ ကျနော် အထင်သေးတဲ့ လူတန်းစားတစ်ရပ်ကို သနားပြီး လေးစားလာအောင် ရေးဖွဲ့ထားနိုင်တဲ့ ဘာသာပြန် အချစ်ဝတ္ထုတစ်အုပ်ပါ။ အခုချိန်ထိလည်း မကြာခဏဆိုသလို ပြန်ပြန် ဖတ်ဖြစ်တယ်။

ကျနော်ဟာ တွေးနေရတာကို အတော်လေး သဘောကျတယ်။ စာအုပ်ဖတ်ရင်လည်း စဉ်းစားရတာကိုပဲ ဦးစားပေး ဖတ်တယ်။ ဒါကြောင့် ဒဿန နဲ့ စိတ်ပညာ ဆိုင်ရာ စာအုပ်တွေကို အများဆုံးဖတ်ဖြစ်တယ်။ ဒါကြောင့်လည်း ဘာသာရေး ဆိုတာကို စိတ်ဝင်စား သွားတယ် ထင်ပါတယ်။ အဖတ်ဖြစ်ဆုံး စာရေးဆရာတွေက

နန္ဒသိန်းဇံ

ဒေါက်တာ ကျော်စိန်

ဦးအေးမောင် – ဗုဒ္ဓ နှင့် ဗုဒ္ဓဝါဒ

ဖေမြင့် – မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်။

ကိုတာ – ဉာဏ်များခြင်း။

ဆန်းလွင်

ခင်မောင်သန်း (စိတ်ပညာ) – နတ်ကိုးကွယ်မှုနှင့် စိတ်ပညာရှုထောင့်။

ဒေါက်တာ ခင်မောင်သန်း

အတ္တကျော်

သမိုင်းနဲ့ ပတ်သက်တာ လေ့လာချင်လို့ ဒေါက်တာသန်းထွန်း ရဲ့ စာအုပ်တိုင်း လိုလိုကို ဝယ်ဖတ်ဖြစ်ပါတယ်။

ဘာသာပြန်ဝတ္ထု အနေနဲ့တော့ မောင်ထွန်းသူ၊ မောင်မိုးသူ နဲ့ မြသန်းတင့် တို့ရဲ့ စာအုပ်တွေပဲ ဖတ်ဖြစ်တာ များတယ်။

ဘာသာစကားနဲ့ ပတ်သက်ရင်တော့ မောင်ခင်မင်(ဓနုဖြူ) နဲ့ မြန်စာအဖွဲ့က ထုတ်တဲ့ စာအုပ်တိုင်းလိုလိုကို ဖတ်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကတော့ ကျော်ဝင်း၊ ခင်မောင်ညို (ဘောဂဗေဒ) နဲ့ မောင်စူးစမ်း တို့ ရေးတာတွေ ဖတ်ဖြစ်တယ်။

မြန်မာ ဝတ္ထုတွေ အနေနဲ့ ဖတ်ဖြစ်တဲ့ စာရေးဆရာတွေက မင်းခိုက်စိုးစန် (စာအုပ်တိုင်း)၊ နီကိုရဲ (လက်လှမ်းမီသလောက်)၊ ဂျူး (အညွှန်းကောင်းလျှင်)၊ မိုးမိုး (အင်းလျား)။

ဟာသတွေ အနေနဲ့ ဝတ္ထုက ဇဝန၊ ကံချွန် နဲ့ မောင်ကောင်းထိုက်။ ကာတွန်း အနေနဲ့ ဝိဇ္ဇာ၊ ဗျူး၊ ဆွေမင်း ဓနုဖြူ (တွတ်ပီ) နဲ့ ငွေကြည်။

ဘာသာတရား အပေါ်မှာ ငယ်ငယ်ကတည်းက အတော်ကို သံသယ ကြီးကြီးနဲ့ နားလည်မှု လွဲခဲ့တယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလည်း ဘာသာတရား ဆိုတာကို တလွဲ ဆံပင်ကောင်း ကျင့်သုံးနေကြတယ်။ ကျနော်ဟာ ငယ်ငယ်ကတည်းက မေးခွန်းတွေ အများကြီးနဲ့ ကြီးပြင်းလာခဲ့တယ်။ မေးခွန်းအများစုဟာ ဘာသာရေးနဲ့ ပတ်သက်တယ်။ ဘာသာရေး စာအုပ်တစ်အုပ်ကို ပထမဆုံး ကောက်ကိုင်ပြီး ဖတ်ဖြစ်တာက ၁၉၉၅ ခုနစ်မှာပါ။ ကျောင်းတွင်း အာစရိယ ပူဇော်ပွဲ တစ်ပွဲကို ဦးစီးပြီး လုပ်တော့ ကန်တော့ ပစ္စည်းအနေနဲ့ အမှတ်တရ ဖြစ်အောင် ဘာသာရေး စာအုပ် ပေးမယ်လို့ အတွေးရတော့ ဘာစာအုပ်ပေးမလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ရှာမိတယ်။ အဲဒီတုန်းက ပေးဖြစ်လိုက်တဲ့ စာအုပ်က သာသနာရေး ဝန်ကြီးဌာန ကထုတ်တဲ့ ဗုဒ္ဓဘာသာကောင်း တစ်ယောက် ဆိုတဲ့ စာအုပ်ပါ။ ၁၉၉၈ နောက်ပိုင်းမှာ ဘာသာရေး စာအုပ်တွေကို ဦးစားပေး တစိုက်မတ်မတ် ဖတ်ဖြစ်လာတော့ ရင်ထဲက ကိန်းအောင်းလာတဲ့ သံသယ ဆိုတာတွေ မေးခွန်းတွေ တဖြည်းဖြည်းနဲ့ အဖြေတွေ ရလာတယ်။ လူလည်း တဖြည်းဖြည်းနဲ့ အေးချမ်းလာတယ်။ သံသယနဲ့ နေရတဲ့လူဟာ ပူလောင်ပါတယ်။ အခုဆိုရင် သံသယဆိုတာ မရှိတော့ သလောက်ပါပဲ။ ဒါကြောင့် ကိုယ့်ဖာသာ အတော် အေးချမ်းနေတယ်လို့ ယုံကြည်တယ်။

ထွက်သမျှ လိုလို၊ ရသမျှ စုဆောင်းပြီး ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့

လယ်တီဆရာတော်ကြီးရဲ့ လယ်တီ ဒီပနီပေါင်းချုပ် (၄ တွဲ)၊ ပုစ္ဆာအမေးအဖြေ ကျမ်းများ။

မဟာစည် ဆရာတော်ကြီးရဲ့ စာအုပ်တွေ (စုဆောင်းလို့ ရသမျှ)

ရှင်ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်) ရဲ့ စာအုပ်တွေ

ဆရာတော် ဦးဇောတိက ရဲ့ ထွက်သမျှ အကုန်။ – အကြိုက်ဆုံးကတော့ မေတ္တာတရား နဲ့ Snow In The Summer

ဦးရွှေအောင် – အတ္တမှ အနတ္တသို့

ပါရဂူ – အကြိုက်ဆုံးက ဗုဒ္ဓ ဒိုင်ယာရီ

ဦးမြင့်ဆွေ (လန်ဒန်) – ပဌာန်းမဟာ

ဦးသော်ဇင် – မိလိန္ဒပညှာ နဲ့ ဝိသုဒ္ဓိမဂ်

ဦးသုခ – မေတ္တသုတ်

ငွေဥဒေါင်း – ဗုဒ္ဓ စာပန်းချီ

အပေါ်မှာ ရေးထားတာတွေကို ထွက်သမျှ ရှာပြီး ဖတ်လေ့ရှိတဲ့ (လေးစားမိတဲ့) စာရေးဆရာတွေပါ။ ဒါပေမယ့် ကြို့ကြား ကောင်းတယ်ဟေ့လို့ သူငယ်ချင်းတွေ ပြောရင် ဖတ်ဖြစ်တဲ့ စာအုပ်တွေလည်း ရှိပါတယ်။ တချို့ အတော်ကြိုက်ပေမယ့် တစ်အုပ်စ နှစ်အုပ်စ ကြိုက်လို့ နာမည် မရေးတော့ပါဘူး။ အကုန်ရေးရင် စာအုပ်ဆိုင် ဖွင့်သလား။ စာကြည့်တိုက်ထဲမှာ အိပ်သလား။ အမေးခံရမှာ စိုးလို့ အမြဲ ဖတ်တဲ့ စာရေးဆရာတွေပဲ ချပြီး စာရင်းပြုစု လိုက်တာပါ။ ဆုံးတဲ့အထိ စိတ်ရှည် လက်ရှည် ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

ဒါတွေတော့ စားချင်တယ်
`ဟေ့ ကောင်တွေ၊ မင်းတို့ ဗိုက်မဆာဘူးလားကွာ။ ငါတော့ အတော် ပျော့နေပြီကွ။´ လို့ ပြောလိုက်တဲ့ အချိန်က ည ၂နာရီခွဲပါ။ ဟိုးးးး ၁၉၉၈ ခုနစ်က။ အခုဆို ၉ နှစ်တောင် ရှိပြီ။ သူငယ်ချင်း တစ်သိုက် ကျနော့် ဦးလေးရဲ့ အခန်းလွတ် တစ်ခန်းမှာ စုနေကြပြီး ကွန်ပြူတာ ကိစ္စလေးတွေ လုပ်ကြတဲ့ အချိန်ပါ။ ညဉ့်လည်း နက်နေပြီ။ အားလုံး ဗိုက်တွေလည်း ဆာလို့ လှိမ့်ပိန့်နေကြတယ်။ ဒီအချိန်ကြီး ဘယ်မှာ သွားစားရမလဲ ဆိုတာနဲ့ ခေါင်းခြောက်နေကြတယ်။ ကျနော်တို့ နေကြတာက လွစ် (စ) လမ်းခေါ် ဆိပ်ကမ်းသာလမ်း အောက်ဘလောက်ပါ။ အချိန်မတော် ဗိုက်တွေ ဆာကြတော့ ဒုက္ခ ရောက်ပြီပေါ့။ ဒါနဲ့ အကုန်လုံး ဝိုင်းစု ထိုင်ပြီး မီတင်ကလေး လုပ်လိုက်ကြတယ်။ အကြောင်းအရာက အစားအသောက် ရှာဖွေရေးပေါ့။ တစ်ယောက်တစ်ပေါက်ဆီ ဟိုလမ်းထဲမှာ ညအလင်းဆိုင် ရှိတယ်၊ ဒီနားမှာ ရှိတယ်နဲ့ ငြင်းကြ ခုန်ကြနဲ့ နာရီဝက်သာ ကြာတယ်။ ဦးတည်ရာ မတွေ့ဘူး။ ကဲ ဒါနဲ့ စဉ်းစားနေမယ့် အစား လက်တွေ့ မြို့ပတ်ရှာမယ် ဆိုပြီး သူငယ်ချင်း တစ်သိုက် စုစုပေါင်း (၇) ယောက် အပြင်ထွက်ဖို့ ပြင်ဆင်လိုက်ကြတယ်။ တော်ကင် အစား အက်တင်လေးနဲ့ မှ အဆင်ပြေမယ်လေ။

ဒါနဲ့ လူခုနစ်ယောက် ဆိပ်ကမ်းသာလမ်းကနေ တစ်လမ်းဝင် တစ်လမ်းထွက် ပိုက်စိတ်တိုက် ရှာလိုက်တာ။ လမ်းလျှောက်ရင်း ဟင်းအနံ့ရရင် တစ်ယောက်က အရင် အဲဒီ ဟင်းအနံ့ ရတဲ့ နေရာကို ပြေးပြီး အခြေအနေ အကဲခတ်ရတယ်။ အခြေအနေ မကောင်းဘူးဆိုရင် နောက်တစ်လမ်း ထပ်ဝင်ပေါ့။ ရွှေဘုံသာလမ်းကို ရောက်သွားတယ်။ ရွှေဘုံသာလမ်း အပေါ်ဘလောက် ရောက်တော့ လမ်းထိပ်ကတည်းက ဟင်း အနံ့က မွှေးနေတာပဲ။ အခုထိ မှတ်မိသေးတယ်။ ကြက်သားကို မာဆလာ နိုင်နိုင် ခပ်ထားတဲ့ အနံ့၊ ငါးပိကြော်ကို ကြက်သွန်များများ ထည့်ကျော်ထားတဲ့ အနံ့ နဲ့ ကုလားဝေးရွက်ထည့်ထားတဲ့ ကုလားပဲ ဟင်းရည် အနံ့။ ဝိုးးးးးးးး။ အားလုံး ပျော်သွားကြတယ်။ အောင်ပြီပေါ့။ ၃ နာရီ ခွဲနေပြီလေ။ ဆာသတဲ့တာ ဆာလာတယ်။ ဘာမှ မဆွဲရသေးဘူး။ ဒီတစ်ခါ သွားမေးဖို့ အလှည့်ကျတာက ကျနော် ခင်ဗျ။ အင်းး ထမင်းဆိုင် အတွက် နံနက် စောစော ဟင်း ထ ချက်တာ နေမှာ။ ရှယ်ပဲ ဆိုပြီး ကျနော်က အရှေ့ကနေ ချက်နေတဲ့ နေရာကို အနံ့ခံပြီး အရင်ဆုံးပြေးတယ်။ ဟောတွေ့ပြီ။ အခန်းထဲမှာ အိုးကြီး အိုးငယ်နဲ့ ချက်ပြုတ်နေတာ။ အထဲလည်း ဝင်သွားရော အင်း နှိပ်ဆက်လိုက်တဲ့ အနံ့တွေ၊ မွှေးနေတာပဲ။ ဒါနဲ့ အိုးသူကြီးလို့ ထင်ရတဲ့ လူကို ကျနော်က စပြီး အင်ထရို ဝင်ရတော့ တာပေါ့ဗျာ။

`ဦးလေး၊ ဘာဟင်း ချက်နေတာလဲဗျ။´

`ကြက်သား ကာလသားဟင်းပေါ့ကွာ´

`ဘယ်အချိန်လောက် စားလို့ ရမလဲ ဦး။´

`အင် … မင်း က စားချင်လို့လား။´

`ဟုတ်´`အခုတော့ မရသေးဘူးကွ´

`မကျက်သေးလို့လား ဦး´

`အင်း အကုန်မပြီး သေးဘူး´

`ဦး တို့ ဆိုင်က ဘယ်နားမှာလဲဗျ´

`အင် …..´

`ဦး တို့ ဆိုင် ဘယ်အချိန် ဖွင့်မလဲ´

`အင် …..´

ကျနော် အဲဒီ `အင်´ ဆိုပြီး နင်သွားတဲ့ အသံကို မအားလို့ မဖြေနိုင်တာနေမှာ ဆိုပြီး သူ့အနောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး မေးနေတော့တာလေ။ နောက်ဆုံး သူက စိတ်မရှည်တော့ဘူး ထင်တယ်။

`ဒါနဲ့ ငါ့တူက ဘာလုပ်ချင်လို့လဲ´

`ဟုတ် ကျနော် တို့ ဗိုက်ဆာနေလို့ ဆိုင်ဘယ်အချိန် ဖွင့်မလဲ သိချင်တာပါ။ အဆင်ပြေမယ် ဆိုရင် ခပ်စောစော ဖွင့်ပြီး ကျနော်တို့ စားချင်ပါတယ်။´

`ဟင် … မင်းတို့က …´

`ဟုတ်ကဲ့။ ကျနော်တို့ ဝယ်စားမှာပါ။´

`ဟဲ့၊ မင်းတို့က ဒါကို ဘာထင်လို့တုန်း။´

`ထမင်းဆိုင်လေ မဟုတ်ဘူးလား ဦးရဲ့။´

`အင် ဒီကောင်နဲ့တော့ ခက်တော့တာပဲ။ ဒါ ဓမ္မာရုံဟဲ့။ အခု အာရုံဆွမ်း ကပ်မလို့ ချက်နေကျတာ။ အလုပ် မအားတဲ့ကြားထဲကွာ။ …. ´

`သိဘူးလေ။ ဦးတို့မြိုက ဓမ္မာရုံကလည်း အိမ်ထဲမှာကြီးကို။ အိမ်ရှေ့မှာ ချက်ပြုတ်နေတာ ဆိုတော့ ထမင်းဆိုင် မှတ်လို့ပါဦးရယ် ကန်တော့နော် ´ ဆိုပြီး ထွက်ပြေးခဲ့ရတယ်။

ဒါနဲ့ ခြေဦးတည့်ရာ ထပ်ပြီး ချီတက်ရတာပေါ့ဗျာ။ ဒါနဲ့ ဆိုင်တစ်ဆိုင်တွေ့လို့ လူရိပ်ကလေးတွေ့တိုင်း ဘယ်အချိန် ဖွင့်မလဲလို့ ပြေးပြေးမေးရတာ အမော။ ကျန်တဲ့ လူတွေက ပြေးဖို့ အသင့်ပြင်ထားပြီးသား။ ခုနလို ထပ်ဖြစ်ရင် ပြေးဖို့။ဒါနဲ့ပဲ လသာ စဉ့်အိုးတန်းနား ရောက်လာတယ်။ ဒီတစ်ခါတော့ လက်ပူးလက်ကြပ် မိပြီ။ မီးမွေးပြီး ပလာတာ ရိုက်နေတယ်။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်နဲ့ မတူဘူး။ လမ်းဘေးမှာ။ ဘာထိုင်ခုံမှလည်း ချမထားဘူး။ ဒါကြောင့် သတိနည်းနည်းထားပြီး ဝင်ရတယ်။

`အကို တို့က ပလာတာရောင်းတာလား။ ရောင်းတယ်ဆို ကျနော်တို့ ဝယ်စားချင်လို့။´

`မရောင်းပါဘူး။´

`ဗျာ …´

`ဟုတ်တယ်။ ဒီရပ်ကွက်ထဲက ဆွမ်းလောင်းဖို့ အော်ဒါမှာထားတာ။ အခု ငါးနာရီ အမှီ ရိုက်ပေးရမှာ။´

`အင်းးးးးးး လွဲ ပြန်ပြီ။ ကျနော်တို့ အရမ်း ဗိုက်ဆာနေတာ။ လိုက်ရှာနေတာလဲ ဘယ်မှာမှ မတွေ့ဘူးဗျာ။ အခုပဲ လေးနာရီ ထိုးတော့မယ်။´

`ဒါဆိုလဲ အကိုတို့က အမြဲ အပိုလုပ်တတ်တာ ဆိုတော့ မင်းတို့ကို နည်းနည်း ရောင်းပေးမယ်။ ဘယ်နှစ်ခု ယူမလဲ။ အများကြီးတော့ မရဘူးနော်။´

`ကျေးဇူး ကြီးမားပါပေတယ် အကိုရယ်။ အခု (၂၀) လောက် ရမလား။´

`အဲဒီလောက်တော့ ရပါတယ်။ ခဏတော့ စောင့်ရမယ်။ မီးမွှေးတုန်း။´

ကျနော်တို့ ကံကောင်းပါတယ်။ ကျေးဇူးရှင်နှင့် တွေ့လိုက်ရတယ်လေ။ ဒါပေမယ့် စိတ်တော့ သိပ်မသန့်ဘူး။ ဘာလို့လဲ ဆိုတော့ ဘုန်းဘုန်းတို့ကို ကပ်မယ့် ဆွမ်းကို ကျနော်တို့က အဦးအဖျား လုစားရမှာ ဆိုတော့လေ။ အင်း အူမ တောင့်မှ သီလ စောင့်နိုင်မယ် ဆိုလားပဲ။ အူ မတောင့်သေးတော့ ခွင့်လွှတ်ပါ ဘုရားပေါ့။ခဏလေးကြာတော့ ရောက်လာတယ်။ ပါကင်ထိုးထားတဲ့ နီဆန်း ကားတစ်စီး ပေါ်မှာ ကျနော်တို့ နေရာယူထားကြတယ်လေ။ ပလာတာရိုက်တဲ့ အကိုက ပလာတာတွေ လာပေးတယ်။ သူက ထည့်စရာ မရှိတော့ ဒန်အိုး အဖုံးပေါ် အကုန်တင်ပြီး ယူလာတာ။ သူလာပေးတာ လက်ထဲ ရောက်ရောက်ချင်းပဲ အားလုံး တစ်ဖြဲနှစ်ဖြဲ ဆွဲလိုက်ကြတယ်။ ဗန်းချပြီး ချက်ချင်းဆိုသလိုပဲ အဲဒီလူက ကျွတ်ကျွတ်အိတ်တွေ ယူလာတယ်။ မကုန်ရင် ပါဆယ် ထုပ်ရအောင်တဲ့။ သူကတော့ အပြေးအလွှား ပါဆယ်ထုပ်ဖို့ ယူလာတာပဲ။ ဒီကတော့ ကုန်ပြီလေ။ ဒါတောင် ပဲတွေ သကြားတွေ မရှိလို့ ဒီအတိုင်း ကစ်ရတာ။ အတော် ကောင်းဗျ။ စားဘူးသမျှထဲမှာ အကောင်းဆုံးပဲ။ ငတ်နေလို့လား မသိဘူး။

တစ်နေ့ သူငယ်ချင်းရဲ့ အမေက ကျနော်တို့ စားဖို့ ဆိုပြီး ကြက်ဥ (၆) လုံး ဝယ်လာတယ်။ ဒါနဲ့ သူရယ် အကိုရယ် ကျနော်ရယ် သုံးယောက်သား ပေါင်မုန့် ကြက်ဥကြော် ကြော်စားမယ်ဆိုပြီး လုပ်စားကြတာ။ ဘယ်သူမှ ကောင်းကောင်း မလုပ်တတ်ဘူး။ ဘာလိုလဲ နော့။ ကြက်ဥကို ခလောက်ပြီး ပေါင်မုန့် စိမ် ကြော်ရုံပဲဟာ။ ကျနော်တို့လဲ အဲဒီလိုပဲ လွယ်လွယ်မို့ ကိုယ့်ဖာသာ လုပ်စားတာလေ။ ပန်းကန်းလုံးထဲ ကြက်ဥ (၆) လုံးထည့်ပြီး မွှေတယ်။ ဆားထည့်ပေါ့ဗျာ။ ပြီးတော့ ပေါင်မုန့် တစ်ချက် စိမ်လိုက်တယ်။ ပြီးတော့ ဒယ်အိုးထဲ ထည့်ကျော်တယ်လေ။ အဲဒီလို ကြော်လိုက်တာ ပါမုန့် သုံးချပ်နဲ့တင် ကြက်ဥ (၆) လုံး ကုန်သွားတယ်။ ဟားရှားပါး… ပေါင်မုန့်ကြက်ဥကြော်များ ကောင်းလိုက်တာ အီစိမ့်နေတာပဲ။ အမေ့ကို ပြောပြတော့ အမေက ဆဲတယ်လေ။ မွှေထားတဲ့ ကြက်ဥကြော်ထဲ ရေမရောတော့ ပေါင်မုန့် သုံးချပ်နဲ့တင် ကုန်တာပေါ့တဲ့။ သိမှ သိပဲနဲ့။

နောက်တစ်ခေါက်က သူ့အမေကပဲ နို့ဆီတစ်ဗူး ဝယ်လာပေးတယ်။ ဒါဆို ကော်ဖီ ဖျော်သောက်မယ်ပေါ့။ လက်ဖျော်လည်း မသောက်ရတာ ကြာပြီလေ။ အမေဖျော်တာသာ သောက်ဖူးတာ။ ကိုယ့်ဖာသာ မဖျော်ဖူးဘူး။ ဒါနဲ့ပဲ စမ်းဖျော်ကြည့်တာ။ ကော်ဖီကို မတ်ခွက်နဲ့ ဖျော်တာလေ။ မချိုလို့ ဆိုပြီး နို့ဆီ ထည့်တာ တစ်ဗူးလုံး ကုန်သွားတယ်။ ချိုမလားဘူး။ နောက်မှ သိတာက သကြားထည့်ဖို့ မေ့နေတယ်လေ။ အဲဒီ ကော်ဖီလည်း အတော် သောက်ကောင်းတယ်ဗျ။ ခါးစိမ့်ချိုမွှေး ဆိုတာလိုပေါ့။

ပလာတာဆိုလို့ ပြောရဦးမယ်။ ရန်ကုန်ရောက်စက လက်ဖက်ရည်ဆိုင် ရောက်တိုင်း ဒုက္ခရောက်တယ်။ ထပ်တစ်ရာ တစ်ချက်လို့ မှာရင် ဒီက မသိကြဘူးလေ။ အူကြောင်ကြောင်နဲ့။ ရန်ကုန်က လူတွေက အခုထိ ထပ်တစ်ရာဆို မသိကြဘူး။ ပလာတာဆိုတာ လေးထောင့်။ ထပ်တစ်ရာ ဆိုတာ အဝိုင်း။ ဆွဲဖြဲလိုက်ရင် အထပ်ထပ်လေးတွေ ဖြစ်နေလို့ ထပ်တစ်ရာလို့ ခေါ်တာ မသိကြဘူး။ ဒီမှာက သကြားပလာတာဆိုမှ ထပ်တစ်ရာကြီး ထွက်လာတယ်။ တစ်ခါတစ်လေ ထပ်တစ်ရာအလွတ် စားချင်ရင် သကြားပလာတာ အလွတ်လို့ မှာရတယ်လေ။ အံ့ရော။ မန်းမှာဆို ထပ်တစ်ရာ တစ်ချပ်ဆိုပြီးပြီ။

တစ်နေ့ ဦးလေးအိမ်မှာ နေတုန်း စမူဆာသုတ် သွားဝယ်မယ်ဆိုပြီး အဒေါ်က ထွက်သွားတာ ကြည့်လိုက်တော့ ချိုင့်ကြီး ဆွဲသွားတယ်။ အော် လက်ဘက်ရည် ထည့်မလို့ထင်တယ်ပေါ့။ နောက် ဝယ်လာပြီး ပန်းကန်လုံးနဲ့ လာချပေးမှ ကြည့်လိုက်တယ်။ အား စမူဆာသုတ်မှ မဟုတ်ဘဲ စမူဆာပြုတ်ကြီးကို။ ရန်ကုန်က စမူဆာသုတ်က စမ်းထားတဲ့ အရည်က စမူဆာတွေ နစ်သေလောက်တယ်။ ဒါကြောင့် စမူဆာသုတ် စားမလား ဆိုတာထက် စမူဆာသုတ် သောက်မလားလို့ မေးရမလိုပဲ။

မုန့်တီဆို မန္တလေးက နာမည်ကြီးပဲလေ။ ကျနော်က မုန့်တီ သိပ်မကြိုက်ဘူး။ ဒါပေမယ့် တစ်ခါတစ်လေ စားစရာ မရှိမှ မှာစားဖြစ်တာများတယ်။ ရန်ကုန်ရောက်ခါစ ဆိုင်မှာ မုန့်တီတစ်ပွဲလို့ မှာရင် ကောင်လေးတွေက အူကြောင်ကြောင်နဲ့။ နန်းကြီး တစ်ပွဲ ပေးပါဆိုမှ သိတယ်လေ။ မန်းမှာက နန်းကြီး၊ နန်းလတ် နဲ့ နန်းသေး ဆိုပြီး သုံးမျိုးရှိတာ။ ဒီမှာက ဆိုင်အများစုက နှစ်မျိုးပဲ ရှိတယ်။ အခု စာဖတ်တဲ့သူ ထဲမှာ မုန့်တီကြိုက်တာ ဘယ်နှယောက်ရှိလဲ မသိဘူးနော်။ နည်းနည်း ပြောပြဦးမယ်။ ကျနော်တို့ မန်းအိမ်က ရေကန် တစ်ကန် ရှိတယ်။ မိုးရာသီဆိုရင် တီကောင်တွေ ကန်ဘောင်ပေါ် တက်ကြတယ်လေ။ သူတို့တွေက ပူလို့လား မသိဘူး။ ရေဆင်းကူးကြတယ်။ ရေ မကူးတတ်တော့ သေရော။ သူတို့ သေတာ ရေမှာ ပေါလော မပေါ်ဘူး။ ဘယ်မသာမဆို သေရင် ရေမှာ ပေါလော ပေါ်တယ်လေ။ အဲဒီ တီကောင် အသေတွေက ကြာတော့ အနီရောင်ကနေ အဖြူရောင် ပြောင်းလာကြတယ်။ အဖြူရောင် ရှည်ရှည်လမျောတွေလေ။ ရှင်းရှင်းပြောရရင် အဲဒီ တီကောင်အလောင်း အဖြူတွေက မုန့်တီအဖက်တွေနဲ့ တူလို့ တစ်ခါတစ်ခါ မြင်ယောင်လာရင် မုန့်တီတောင် စားမရဘူး။

အသိတစ်ယောက်ကို ဈေးသွားတုန်း ခါကြက်ဥ စားချင်လို့ မှာလိုက်တာ မရှိဘူးတဲ့လေ။ အော် ဒီမှာ ခါကြက်ဥကို မုန်လာဥ အနီတဲ့။ နောက်ပြီး ကိုင်းလန့် စားချင်လို့ ဝယ်ခိုင်းလိုက်တိုင်း မုန့်ညင်းတွေပဲ ပါပါလာတယ်။ ဒီက လူတွေက ကိုင်းလန့်နဲ့ မုန့်ညင်းကို အခုထိ မကွဲသေးဘူး။ ဟုတ်ပါတယ်။ ကိုင်းလန့်ဆိုတာ မုန့်ညင်းတစ်မျိုးပါ။ မုန့်ညင်းက အမျိုးအစား အများကြီးရှိတယ်လေ။ နောက်ပြီး ရန်ကုန်ရောက်စက ကြက်သားပလာတာ ဆိုတာ ကိုယ့်အတွက် အဆန်းကြီး ဖြစ်နေတယ်။ ကြက်ပေါင် ဆိုလို့ တစ်ပွဲ မှာကြည့်တာ ကြက်ဥ ပေါင်မုန့်ကြော် ရောက်လာတယ်။ မိုးကုတ်မှာ တုန်းကလည်း `တင်ကြော်´ ဆိုတော့ ကြက်ဥ တင်ပြီး ကြော်ထားသတဲ့လေ။ မန်းမှာက ပဲလိတ်ခုတ် ဆိုတော့ ပဲထည့်ပြီး လိတ်၊ နောက်ပြီး အတုံးတုံး ခုတ်ထားတာ။ စားချင်လို့ ရန်ကုန်မှာ ရှာမရတာကတော့ `ခပဲပေါင်း´ ပဲ။ ကောက်ညင်းကို ကုလားပဲနဲ့ ပေါင်းထားတာ။ နောက်တစ်ခုက `မုန့်ပေါက်ကျော်´၊ နောက် မန်းသားဆိုတော့ သီးသီးလည်း လွမ်းသဗျ။ နောက်တစ်ခုက `အုန်းပေါင်း´။ အုန်းထမင်းနဲ့ မတူဘူး။ ငှက်ပျောကြော်နဲ့ စားရတာ။ ငှက်ပျောပလာတာ ကတော့ မောနင်းစတားမှာ ရတော့ အလွမ်းပြေ သွားစားလို့ ရတယ်။ နောက် တစ်ခုက `ကြိတ်မုန့်´။ သူကတော့ ဗဟိုလမ်းပေါ်က မန္တလေး ဆိုတဲ့ ဆိုင်မှာ ရတော့ အဆင်ပြေတယ်ဗျ။ မန်းကကောင်တွေက ခပ်ကြမ်းကြမ်းတွေလို့ ထင်ကြမှာပဲနော်။ စားတဲ့မုန့်ကိုက ခေါက်မုန့်တဲ့၊ ထိုးမုန့်တဲ့၊ နောက် ကြိတ်မုန့်တဲ့။ နောက် ဗျင်းမုန့်တို့၊ ဘေမုန့်တို့ ထွင်ရဦးမယ်။ သေချာတာ တစ်ခုကတော့ သားရေစာတွေမှာတော့ ရန်ကုန်က မန္တလေးကို လိုက်မမီသေးတာ အမှန်ပဲ။ ကျနော် ရန်ကုန်ရောက်လာတာ ငတ်နေရသလိုပဲဗျ။ မကျေနပ်တဲ့ ရန်ကုန်သားများ နောက်နေ့ မုန့်သွားစားရင် လာခေါ်ပါ။ လက်တွေ့မှ စားကြည့်ရမှ ယုံမှာ မို့ပါ။

ကဲ ကဲ။ ဖတ်တဲ့လူတော့ မသိဘူး။ ရေးရင်းနဲ့ ဗိုက်တောင် အတော်ဆာလာပြီ။ နှင်းဆီရေ ကျေနပ်ရောပေါ့။ မိတ္တီလာက မုန့်ကျွတ်ကျော်လည်း အတော်ကောင်းသဗျ။ အားလုံးကို ဗိုက်ဆာအောင် လုပ်မိရင် ဆောရီးပါဗျာ။

ဒီပို့စ်ကို နှင်းဆီနီနီက ပါးစပ်နဲ့ TAG လို့ ဖြေပေးလိုက်ပါတယ်ဗျာ။ နောင်လည်း TAG နိုင်ကြပါစေလို့ ဆုတောင်းရင်း …………

ဘာကြောက်သလဲ တဲ့။
အခုတစ်လော ဘလော့ဂ်တွေမှာ ကြောက်နေလိုက်ကြတာ အကောင်တွေ။ ထူးထူးဆန်းဆန်း မေပျိုကတော့ လူကြောက်သတဲ့။ အင်း ညီမရယ် လူဆိုတာ ဝါးမစားတတ်ပါဘူးကွယ်၊ ဝါးပဲ ချတတ်တာပါ။ သူတို့ ကြောက်တာကြည့်ပြီး ကိုယ်တောင် ဘာကြောက်လို ကြောက်ရမှန်း မသိတော့ဘူး။

ငယ်ငယ်ကနေ စပြောမယ်။ ငယ်ငယ်က သက်ရှိထဲမှာ အကြောက်ဆုံးကတော့ အမေပဲ။ ကလေးအတော် များများကတော့ ဒုတ်ကြောက်တယ်ဗျ။ ကျနော်ကတော့ မကြောက်ပေါင်။ အမေက ကျနော်တို့ကို ဒုတ်နဲ့ သိပ်မရိုက်ဘူး။ သူ့သားသမီးတွေ အနာတရ ဖြစ်သွားမှာ စိုးရိမ်ရှာ သပေါ့ဗျာ။ အဲ ဒါပေမယ့် ကျနော်က အမေ့ကိုတော့ ကြောက်ရတယ်ဗျ။ ကျနော်က ကန်လန်ကဆန် သိပ်လုပ်တတ်တာ ဆိုတော့ အမေက သူ့နားဘေးကနေ ကျနော့်ကို တစ်ဖဝါးမှ မခွာစေရဘူးလေ။ အဲဒီလို ချစ်တာ။ ကျနော် စကားနား မထောင်ရင် ဒုတ်နဲ့ ရိုက်တာ သူနာကိုယ်နာလေ။ Lose-Lose Situation ပေါ့။ နောက်ပြီး အိန္ဒြေပျက်တယ်လေ။ ဒါကြောင့် အမေက စိတ်ဆိုးရင် ထိပ်ထိုးတယ် ဆိုသလိုပဲ အပ်နဲ့ ထိုးတယ်ဗျ။ ငယ်ငယ်က အိမ်မှာ အင်္ကျီ ချုပ်တော့ အပ်က တယ်ပေါသကိုး။ ဖွက်လို့ကို မနိုင်ဘူး။

နောက်တစ်ခုက ဖျာ။ အတော် ထူးဆန်းနေမယ်နော်။ အင်းးးးး ဒါကလည်း အကြောင်းရှိသကိုး။ တစ်ခုသော ညမှာပေါ့ဗျာ …..။ ကျနော် အတော် ငယ်ပါသေးတယ်။ ဘယ်လောက် ငယ်လဲဆို ကိုယ့်ဖာသာကိုယ်တောင် မမြင်ရဘူး။ အဲ … ဟုတ်ဘူး။ နောက်တာနော်။ ည အိပ်တော့မယ် ဆိုပြီး အိမ်ပေါ် တက်အလာ အိပ်ခန်းထဲမှာ တအီးအီး တအားအား၊ တဝူးဝူး တဝါးဝါးနဲ့ အော်နေသံ ကြားရတော့ သွားကြည့်တယ်။ ဖျာလိပ်ကြီးက ကြမ်းပြင်ပေါ် လှိမ့်လို့လေ။ ဝူးဝူးဝါးဝါးနဲ့ အော်နေလိုက်တာ။ ဒါနဲ့ ဘယ်ရမလဲ အားကနဲ အော်ပြီး တန်းပြေးတာပေါ့။ အဲဒီညက အပေါ်မှာ မအိပ်တော့ဘူး။ အမေနဲ့ပဲ အတူအိပ်တော့တယ်။ ကံက ဆိုးချင်တော့ အဲဒီညပဲ အိပ်မက်ထဲမှာ အိမ်ပေါ်အတက် ဖျာလိပ်ကြီးလိုက်လို့ ပြေးရတာ ဖက်ဖက်ကိုမောလို့။ အိမ်အပေါ်ထပ် တက်တဲ့လှေကား ထိပ်မှာ အမြဲတမ်း ဖျာကို လိပ်ပြီး ထောင်ထားတတ်တယ်။ အဲဒီညကစပြီး ညဆို တစ်ယောက်တည်း အပေါ် မတက်တော့ဘူးလေ။ အတော် ကြီးတဲ့ အထိပဲ။ နောက်မှ သိရတာက အကိုလေ၊ အဲဒီညက ဘယ်လို အိပ်လဲမသိဘူး။ အောက်မှာခင်းထားတဲ့ ဖျာနဲ့ လူနဲ့ ပတ်ပြီး လုံးချာလည် ရိုက်နေတာတဲ့။ မဟာသူရဲကောင်းနဲ့ တွေ့တော့ သူ့ခမျာ တစ်ညလုံး မွန်းနေရှာသတဲ့။ ဒီက လှည့်တောင် မကြည့်ဘူး တချိုးတည်း လစ်ပြေးတာပဲလေ။

အသက်ကလေးရလာတော့ (အဘိုးကြီးလေသံဖြင့်) ဘာမှ မကြောက်တတ်တော့ သလိုပါပဲ။

၂၀၀၀ ခုနစ်က သူငယ်ချင်းတစ်ယောက် ခွေးကိုက်လို့ ရူးပြီး သေတယ်လေ။ ခွေးရူးရောဂါ ပြောတာပါ။ သူသေသွားတော့ ခွေးဆို အတော်မုန်းသွားတယ်။ ရှင်းရှင်းပြောရရင် သောက်မြင်ကပ်တယ် ပေါ့ဗျာ။ ငယ်ငယ်ကတည်းက ခွေးဆို မကြောက်ပါဘူး။ ဒါပေမယ့် …. ။ တစ်နေ့ အပြင်သွားတော့ အံမယ် ခွေးတစ်ကောင် ဘာမဆိုင် ညာမဆိုင် ကိုယ့်လာပြီး မာန်ဖီနေတယ်။ တဂီဂီနဲ့ပေါ့။ ဒါနဲ့ ကျနော်လည်း သွားကြီးဖြဲပြီး ပြန်ပြီး ဂီးဂီးလုပ်ပစ်လိုက်တယ်။ သူနဲ့ ငါးမိနစ်လောက် ပြိုင်ဂီနေတာ။ အတော်ကြာတော့ သူက အီကနဲ့ အဂီရပ်သွားတယ်။ ကျနော်က အလယ် ဒီကောင် ငါ့ကြောက်လို့ ရပ်သွားပြီပေါ့။ အဲဒီကောင် ကျနော်ကို သေချာစိုက်ကြည့်တယ်။ ဒီသူတောင်းစား လေးဖက်မသွားဘဲ စတိုင်ထုတ်ပြီး မတ်တပ်သွားနေတယ် လို့များ စဉ်းစားနေလား မသိဘူး။ ခဏကြာတော့ သွားရေ တများများနဲ့ လိုက်ဆွဲလို့ ပြေးလိုက်ရတာ တန်းနေတာပဲ။ သူငယ်ချင်း ခွေးရူးရောဂါနဲ့ သေတော့ ဆရာဝန်က ကျနော့်ကိုလည်း ကာကွယ်ဆေး ထိုးပေးတယ်လေ။ ပြီးတော့ ဆရာဝန်က အားပေးစကားပြောတယ်။ ငါ့ကောင် မင်း သူတို့နဲ့ ပြိုင်ကိုက်လို့တောင် ရပြီ တဲ့။

သူငယ်ချင်း တစ်ယောက်အကြောင်း ပြောပြမယ်။ တစ်နေ့ သူငယ်ချင်းတွေ အတူတူ အပြင်က ပြန်လာပြီး သူ့အိမ်ပေါ်မှာ ခဏနားကြတယ်။ သူက အိမ်သာသွားတက်တယ်။ ခဏကြာတော့ ဝုန်းဒိုင်း အား …. ဆိုပြီး အသံဗြဲကြီးနဲ့ ပြေးထွက်လာတယ်။ တန်းလန်းကြီး ပြေးလာတာ။ အင်း ရှုးပေါက်ရင်း တန်းလန်းပြောတာ။ အာ ရှုပ်ကုန်ပါပြီ။ တန်းလန်းပေါ့ဗျာ အဲဒီလိုပဲ မှတ်လိုက်။ အဲဒီလိုနဲ့ အိမ်ထဲ ပတ်ပြေးနေတာ။ ဟဲ့ကောင် မင်းလက်နက်တွေလည်း သိမ်းထားပါကွာ၊ ဘာဖြစ်လို့တုန်းလို့ မေးကြည့်တော့ အိမ်သာတက်ရင်း ပိုးဟပ်တက် ကပ်လို့တဲ့ဗျား။ ပိုးဟပ်ကြောက်သူများ သတိထားကြနော်။

နောက်တစ်ယောက်ကတော့ နည်းနည်းဆန်းတယ်။ သူကကျ အိမ်သာထဲမှာတင် မေ့ရော။ အိမ်သာဖျက်ဝင်ပြီး ကယ်ရတယ်။ အိမ်သာတက်ရင်း သူ့ဖင်ကို လက်အေးကြီးနဲ့ လာကိုင်လို့တဲ့။ မေ့သွားတာ။ သူ့ကို သေချာကြည့်လိုက်မှ ဖင်မှာ ရေစိုနေတဲ့ တစ်သျှားစက္ကူကြီး ကပ်လို့နေ။ သရဲကြောက်တတ်ရင် သတိထားကြနော် … ။

အင်းးး နောက်တစ်ယောက်က မျော့ ကြောက်သဗျ။ ကြောက်ဆို ကြောက်စရာပဲကိုး။ ကိုယ်သာ ဆိုလည်း မတွေးဝံ့စရာပါ။ ဒဂုံတက္ကသိုလ်မှာ ပေါ့ဗျာ။ သူက အတန်းမရှိတုန်း သူငယ်ချင်းတွေနဲ့ ဟိုး လယ်ကွင်းထဲက ရေအိုင်ထဲမှာ ရေသွားကူးကြတယ်လေ။ ကျွဲလူးအိုင်ပေါ့။ တစ်ယောက်က ချန်နေခဲ့ပြီး ကျန်တဲ့လူတွေ အကုန်ကူးကြတယ်။ ကျန်တဲ့ တစ်ယောက်က အဲဒီ အင်္ကျီ၊ ပုဆိုးတွေ ပိုက်ပြီး စောင့်ပေးပေါ့။ ဒါနဲ့ ကူးရင်းကူးရင်း မဲမဲအုပ်ကြီးရောက်လာတယ်။ အပေါ်ကကောင်က မြင်တော့ ဘာကြီးလဲဆိုပြီး ကြည့်လိုက်တာ မျော့လည်းမြင်ရော ပိုက်ထားတဲ့ အဝတ်အစားကိုတောင် မချအားတော့ဘူး။ တချိုးတည်း ပြေးတာတန်းနေတာပဲ။ အောက်မှာ ကျန်ခဲ့တဲ့ ကောင်တွေက ရေထဲမှာက မျော့တွေ၊ ကုန်းပေါ်တက်ရအောင် ကလည်း တုံးလုံးကြီး။ ဒုက္ခနဲ့ လှလှ တွေ့ကြတာပေါ့။ အဲဒီ အထဲမှာ ကံအဆိုးဆုံး အကောင်ဆီကို မျော့ဝင်သွားသတဲ့။ ဘယ်ထဲလဲ သိလား။ အဟိ အရှင်းဆုံး ပြောရရင် ဖင်ထဲကို။ တော်သေးတယ်။ အဝမှာတင် တစ်လစ်တစ်လစ်နဲ့ ကပ်နေလို့။ အတော် ဆွဲထုတ်လိုက်ကြရတယ်။ ကဲ ဘယ်လောက် ခံစားလိုက်ရမလဲ။ ကြောက်လဲ ကြောက်လောက်ပါပေတယ်။ ကဲ ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူများ သတိနော်။ (ဒါ ညီငယ်တစ်ယောက်ရဲ့ ကိုယ်တွေ့ပါ)

အင်း သူများအကြောင်း လျှောက်ပြောရတာ ခံတွင်းတွေ့ပါ့။ ကိုယ့် အကြောင်းကျ ဘာပြောရမှန်း မသိဘူး။ အမှန်ကို ဘာမှ မကြောက်တာပါ။ မကြောက်ပေမယ့် သတိရှိရှိနဲ့ နေရတဲ့ သတ္တဝါတချို့တော့ ရှိတယ်။ မိန်းမလှလေးတွေလေ။ အဟဲ။ သူတို့ကျတော့ ကြောက်၊ ချစ်၊ ရိုသေပေါ့ဗျာ။သတ္တဝါထဲကတော့ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ အကြောက်ဆုံး အရာ တစ်ခုတော့ ရှိတယ်။ သူငယ်ချင်းတွေ အားလုံးနဲ့ အဆက်အသွယ် ပျက်သွားမှာကိုပါ။ အားလုံးရဲ့ အဝေးမှာ မနေနိုင်ပါဘူး။ ဒါကတော့ အကြောက်ဆုံးပါပဲ။

ကဲ Rosy (နှင်းဆီနီနီ) ရေ ကျေနပ်လောက်ရောပေါ့။ လက်ကလေးနဲ့ (Gtalk မှ) မေးမေးနေတဲ့ မေပျို့ကိုပါ ဖြေပေးလိုက်တယ်နော်။

အိတ်ထဲမှာ ဒါအကုန်ပဲ
ကဲကဲ၊ သူငယ်ချင်းများက အိတ်မှာရှိတာ ထုတ်ခါပြဖို့ တောင်းဆိုလာတော့ ကဲ … လာရော့ လဟယ်။ကျနော် ဘာရေးလို ရေးရမှန်းမသိ ဖြစ်နေတယ်။ ကျနော် လွယ်အိတ်မလွယ်တတ်ဘူး။ ၁၀ တန်းကျောင်းသားဘဝအထိပဲ ဆရာမရိုက်မှာစိုးလို့ လွယ်အိတ်လွယ်ခဲ့ဖူးတယ်။ တက္ကသိုလ်ရောက်တော့ ဆဲမယ့်လူမရှိဘူးလေ။ အဟေ့ အေးဆေးပဲ။ လွယ်အိတ်မလွယ်တော့ဘူး။ ဒီတော့ ကျောင်းသွားတော့ ဘယ်လိုသွားလဲ မေးချင်ကြမယ်။ ကျနော် စာအုပ်တစ်အုပ်ပဲ ယူသွားပါတယ်။ အင်္ကျီအိတ်ကပ်မှာတော့ ဘောလ်ပင်တစ်ချောင်း ထိုးထားတယ်။ နောက်ပြီး ငွေနှစ်ရာနဲ့။ ကျောင်းမှာ မုန့်ဝယ်ကျွေးရမှာစိုးလို့ ပိုမထည့်တတ်ပါ။ တစ်နေ့ကို လက်ချာ ၅ ချိန်ရှိလည်း ဒီစာအုပ်တစ်အုပ်တည်းပဲ တန်းစီပြီးပေါင်းရေးတယ်။ အဲဒီတော့ ဘာကောင်းလဲဆို ကျောင်းသွားခါနီး ဒီနေ့ဘာအချိန်တွေလဲ၊ ဘယ်စာအုပ်ထည့်ရမှာလဲ ပူစရာမလိုတော့ဘူး။ ကျောင်းတက်ကလည်းမှန်တော့ တတိယနှစ်ရောက်တဲ့အထိ အဲဒီစာအုပ်က မကုန်သေးဘူး။ တတိယနှစ်ထိ အဲဒီစာအုပ်တစ်အုပ်တည်းနဲ့ပဲရေးတယ်။ ကျနော်မှတ်မိသေးတယ်။ အဲဒီစာအုပ်ကို ချောချစ်ပိုစတာနဲ့ အဖုံးအုပ်ထားတယ်။ စာအုပ်မေ့ကျန်ခဲ့လည်း ပူစရာမလိုဘူး။ စာအုပ်အဖုံးမြင်တာနဲ့ ဘယ်သူ့စာအုပ်လဲဆိုတာ တစ်ကျောင်းလုံးသိတယ်။ ဘယ်သူမှလည်း ဒီစာအုပ်ကို မခိုးချင်ကြဘူး။ အမေ့ကို ကျေးဇူးဆပ်တာပါ။ သူတို့တွေ မကုန်သင့်တာတွေ မကုန်စေချင်ဘူးလေ။စာမေးပွဲဖြေတော့ နည်းနည်းပိုလာတယ်။ ပေတံတစ်ချောင်း ပိုယူလာတယ်။ နောက်ပြီး ကျပ်စေ့နှစ်ထပ်စေ့ တစ်စေ့။ ဘာလုပ်ဖို့လဲဆိုတော့ ဆော့ဖို့။ စာဖြေစရာမရှိတော့ရင် တစ်ယောက်တည်းပျင်းနေမှာလေ။ ဒီတော့ ဆော့စရာအနေနဲ့ ယူလို့ရတာဆိုလို့ ကျပ်စေ့ပဲရှိတယ်။ တစ်ယောက်တည်း ခေါင်းပန်းလှန်ဆော့နေတာ။ ကိုးတန်းကတည်းက စာမေးပွဲအခန်းထဲကို ကျပ်စေ့ယူတဲ့အကျင့်ရလာတာ။ အဲဒီကျပ်စေ့အကြောင်းပြောရရင်တော့ အိမ်ဘေးကမြေကွက်လပ်မှာ ကျနော် တူးရင်းနဲ့ အစေ့ (၃၀) လောက်ထည့်ထားတဲ့အိတ်နဲ့ တွေ့ခဲ့တာ။ ဒါနဲ့ပဲ ကျနော်ရဲ့ ပိုင်ဆိုင်မှုထဲမှာ ကျပ်စေ့ နှစ်ထပ်စေ့ အစေ့ (၃၀)လောက် တိုးလာတယ်။ ငယ်ငယ်က ကြောက်ကြောက်နဲ့စာကျက်တော့ စာတော်တော်ရတယ်ဆိုပါတော့။ အတန်းတည်းမှာ ကိုယ်က အမေးခံလူတန်းစားဆိုပါတော့။ စာမေးပွဲရောက်တော့လည်း ဝိုင်းမေးကြလို့ တခါတလေ တစ်ယောက်တည်း သပ်သပ်ဖြေရတတ်တယ်။ ဒါနဲ့ အိန္ဒြေရရ ဘယ်လိုအဖြေပြောရမလဲလို့ အကြံထုတ်လိုက်တော့ ကျပ်စေ့ကိုသွားတွေ့တယ်။ စားမေးပွဲအခန်းထဲမှာ ကျပ်စေ့ကို မျိုးစုံ မြောက်လိုက် ခေါက်လိုက်၊ လှည့်လိုက် ထောင်ပြလိုက်နဲ့၊ ဓမ္မဓိဌာန်နဲ့ အမှားအမှန်မေးခွန်းတွေရဲ့ အဖြေကို ပြောပြခဲ့တာ ကျောင်းပြီးတဲ့အထိပဲ။ အဟဲ တော်လိုက်တဲ့ငါ ဆရာမတွေ ခုထိမသိကြဘူး။ သူများတွေက ကော်ရက်ရှင်ပင်ယူတယ်။ ကျနော်က ယူပါဘူး။ မှားမှားတယ်ပေါ့။ ပွင့်ပွင့်လင်းလင်းပဲ။ ဒီလိုပဲ ခြစ်ချပစ်လိုက်တယ်။ကျနော်ကျောင်းပြီးတော့ အလုပ်လုပ်လာပြီ။ အဲဒီတော့ ခရီးခဏခဏ ထွက်ရတယ်။ ပြည်တွင်းပြည်ပ အစုံပါပဲ။ ခရီးထွက်တော့မယ်ဆိုရင် ကျောပိုးအိတ်ကလေးထဲ အင်္ကျီနည်းနည်းထည့်လိုက်ရုံပဲ။ ကျန်တာတွေက ထုတ်ကိုမထုတ်တာ။ ဘယ်တော့မှ မထုတ်ဘဲ အသင့်ကျောပိုးအိတ်ထဲမှာ ထည့်ထားတာတွေက၁။ ကင်မရာဓါတ်ခဲအပို၊ အားသွင်းစက် နဲ့ မယ်မိုရီကဒ်အပိုများ၂။ ဖုန်းဓါတ်ခဲအပို၊ အားသွင်းစက် နဲ့ သွားပြာကြီး (Bluetooth)၃။ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာ၊ ခေါင်းလျှော်ရည်ဗူး နဲ့ ခေါင်းလိမ်းဆီ၄။ MP3 Player တစ်လုံး (အသံသွင်းဖို့)၅။ Ear Phone နဲ့ Mini Speaker၆။ ကိုကိုလဒ (Calculator) – နိုင်ချံဂါးတွင် ကိုကိုလဒနှင့် နှိတ်ပြပြီး ဈေးဆစ်လျှင် ပို၍ အဆင်ပြေသည်။၇။ ဖတ်လက်စ စာအုပ်တစ်အုပ်၈။ သောက်နေကျဆေး Neurofort နှစ်ကပ် (နေပူလျှင် မျက်လုံးအောင့်ပြီး ခေါင်းကိုက်တတ်၍)၉။ ပိုက်ဆံအိတ် နှစ်လုံး (ပြည်ပထွက်လျှင် တခြားငွေထည့်ရန် တစ်အိတ်)၁၀။ ဟိုလျှောက်ခြစ် ဒီလျှောက်ခြစ် မြင်သမျှ အတင်း သတင်းများ မှတ်သားရန် ဒိုင်ယာရီတစ်အုပ်။ဒါတွေအားလုံးကို ကျောပိုးအိတ်ထဲမှာ အသင့် အပိုတစ်စုံစာ ထည့်ထားတတ်ပါတယ်။ ဒါမှ ခရီးထွက်ရင် တိုလီမိုလီ လျှောက်ထည့်နေစရာ မလိုတော့ဘဲ အဝတ်အစားထည့်လိုက်ရုံနဲ့ ခရီးနှင်လို့ ရသွားပါတယ်။ ခဏခဏ မေ့တတ်လို့ တခါတည်း မထုတ်တမ်း စီစဉ်ထားပါတယ်။ကဲ ပုံမှန်အားဖြင့် မြို့ထဲမှာ သွားလာမယ်ဆိုရင်တော့ ညာဖက်ဘောင်းဘီ အိတ်ကပ်မှာက ဖုန်းရှိမယ်။ ဘယ်ဘက်ဘောင်းဘီ အိတ်ကပ်မှာက သော့တစ်စုံရှိမယ်။ အင်္ကျီအိတ်ကပ်မှာက ဘောလ်ပင်တစ်ချောင်းနဲ့ အသပြာတချို့ပေါ့။ ဒါပါပဲ။ အဲဒီလို ပေါ့ပေါ့ပါးပါးပဲ လျှောက်သွားတတ်ပါတယ်။ကဲကဲ ပါသမျှကို ခွာကာချလို့ ပြပြီးပါပြီ။ ပါတာတချို့ကိုတော့ မပြပါရစေနဲ့။ ချမ်းသာပေးပါလို့ ……..။ဒီပို့စ်ကို မီးလေး Tag လုပ်ထား၍ ပြန်လည်ဖြေကြားလိုက်တာပါ။

ဪ … ဆောင်း၊ ဆောင်း
`ဆောင်း´ ဆိုတဲ့ စကားလုံးကိုကြားရင် မအေးတတ်တဲ့ ရန်ကုန်ကို ကျနော်မုန်းပါတယ်။ မန္တလေး မှာ မွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာတော့ အေးတယ်ဆိုတာကို ကောင်းကောင်းသိနေပါတယ်။ ရန်ကုန်ရောက်တော့ ဆောင်းတွင်းဆိုတာကို လိုက်ရှာနေမိတယ်။ ကျနော်ငယ်ငယ်က ဆောင်းတွင်းဆို သိပ်သဘောကျတယ်။ အိပ်ရတဲ့အချိန် ပိုများလာလို့လေ။ ညတာရှည်လာတာကိုး။ နည်းနည်းမှောင်တာနဲ့ မေမေညရောက်ပြီ အိပ်တော့မယ်ဆိုပြီး ဝင်အိပ်တာပဲ။ နောက် ဆောင်းတွင်းမှာ အေးလွန်းလို့ဆိုပြီး အင်္ကျီ (၇)ထပ်ထိ ဝတ်ဖူးတယ်။ အဲဒီလိုဝတ်ရင် အပေါ်ဆုံးအထပ်က အဖေ့အင်္ကျီကို ဝတ်ရတယ်။ အလယ်ထပ်က အကို့အင်္ကျီပေါ့။ ဖြစ်နေမယ့်ပုံစံကို မှန်းကြည့်ပါလား။ အဟိ၊ ရွှေငါးကို လေမှုတ်ထားသလို ဖြစ်နေတာ။ သေးသေးလုံးလုံးလေး။ရန်ကုန်သား၊ ရန်ကုန်သူတွေကို ကျနော် အမှန်သနားမိပါတယ်။ မိမိ ဝယ်ထားတဲ့ စွယ်တာအင်္ကျီတွေ၊ ခေါင်းစွတ်တွေ၊ မာဖလာတွေကို ကျိုက်ထီးရိုးမှာမှ အဲဒီလောက်မအေးပါဘဲ ထုတ်ဝတ်နေကြရတယ်။ ရန်ကုန်မြို့မှာ ဝတ်ဖို့ အခွင့်အရေးမှ မရှိနိုင်ဘဲကိုး။အေးတာကို ကြိုက်တယ်ဆိုပေမယ့် ဆောင်းတွင်းချမ်းအေးအေးကြီးနဲ့ မလုပ်ချင်တဲ့အလုပ် နှစ်ခုရှိတယ်ဗျ။ တစ်ခုကရေချိုးတာ။ ဒါလူတိုင်းခံစားမိမယ်ထင်တယ်။ အတော်အေးတာဗျ။ လေးဘက်လေးတန်ကနေ လေအေးအေးတွေ တိုက်နေတဲ့အချိန်မှာ ရေခဲပျော်ရည်လိုရေမျိုးနဲ့ ဘယ်လိုရေချိုးရမလဲ။ အမြဲတမ်းရေချိုးခါနီး ပထမဆုံးရေခွက်ကိုလောင်းဖို့ တစ် နှစ် သုံး ရေရတယ်။ တစ်ကနေရေတာ တစ်ရာကိုသာရောက်တယ်။ မလောင်းဖြစ်ဘူး။ ဒါဆို အမေက အမြင်ကပ်ပြီး ကျနော်မသိအောင် ရေနဲ့ ပက်တယ်။ အားလို့ ကုန်းအော်ပြီး ကိုယ့်ဖာသာ ရေစလောင်းဖြစ်တယ်။ ဒါကို တစ်ရပ်ကွက်လုံးကြားတယ်လေ။ ကျနော်က ခရီးထွက်တာများတော့ အိမ်မှာရှိခဲတယ်။ အဲဒီ အားဆိုတဲ့အသံကြားရရင် ကျနော်ပြန်ရောက်ပြီဆိုတာ တစ်ရပ်ကွက်လုံးသိသွားပြီ။ ဒါဆို စာမေးချင်တဲ့ကလေးတွေ ရောက်လာကြတယ်။ အားဆိုတဲ့ အသံကိုကြားလို့လာတာတဲ့။ ဆောင်းတွင်းမှာ အမြဲတမ်း ဂဏန်းရေတယ်။ အမြဲတမ်း `အား´အော်တယ်။ ဒါ ပီကေရဲ့ သင်္ကေတတစ်ခုပဲ။ဆောင်းတွင်းရေချိုးတာနဲ့ ပတ်သက်ပြီး ကျနော့်သူငယ်ချင်းတွေကို သတိသွားရတယ်။ ၂၀၀၂ ခုနစ်က သူငယ်ချင်း(၁၀)ယောက် လည်ရင်းလည်ရင်းနဲ့ ဗန်မော်ရောက်သွားတယ်။ ဇန္နဝါရီလဆိုတော့ အတော်အေးတယ်ဗျ။ မနက်မိုးလင်းလာရင် အရှေ့ရေကန်ထဲမှာ အပေါ်မျက်နှာပြင်ရေခဲနေပြီ။ အပေါ်ယံ ထုခွဲပြီး မျက်နှာသစ်ရတယ်။ ကျနော်တို့ တည်းခိုခန်းမှာတည်းတော့ တည်းခိုခန်းကအန်တီကြီးက ရေချိုးချင်ရင် ရေနွေး များများကြိုပေးမယ်လို့ပြောတော့ မိန်းကလေးတွေက စိတ်ဝင်စားနေကြတယ်။ မနေ့က ခရီးကြမ်းနှင်လာတာဆိုတော့ လူတွေလည်း မျောက်နီတွေ ဖြစ်နေကြတယ်။ ခဏနေ ထွက်လည်အုံးမှာဆိုတော့ ရှိုးကလေးနဲ့ သွားချင်ကြသပေါ့ဗျာ။ အလည်သွားမယ့်နေရာတွေကို ကျနော်နဲ့သူငယ်ချင်းတစ်ယောက်က စီစဉ်တာဆိုတော့ ကျနော်တို့က အစီအစဉ်ကို ဦးအောင်သိနေပြီး သူတို့ကိုပြောမပြဘူး။ မိန်းကလေး (၇) ယောက်ပါတယ်။ သူတို့ကို ရေမြန်မြန်ချိုးပေါ့။ ပြီးရင်ကျနော်တို့ ချိုးမယ်ဆိုပြီး အရင်ချိုးခိုင်းတယ်။ သူတို့လည်းပြီးရော မချိုးတော့ပါဘူးဆိုပြီး ဗန်းမော်မြို့ထဲ လျှောက်လည်ကြတယ်။ လျှောက်လည်တဲ့နေရာလည်း ရောက်ရော ကျနော်တို့နှစ်ယောက်ကို ဝိုင်းပြီး မေတ္တာပို့ကြပါလေရော။ ကျနော်တို့ သွားတဲ့နေရာက ရေပူစမ်းလေ။နောက်တစ်ခု သတိရမိတာကတော့ ဆောင်းတွင်းနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ဗန်းမော်ခရီးစဉ်နဲ့ အဆက်အစပ်မို့ပါ။ ဗန်းမော်မှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လမ်းလျှောက်ကြတယ်။ မြစ်နှုတ်ခမ်းမှာ ၁နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ ခေါင်းလောက်ရှိတဲ့ ကျောက်စရစ်ခဲတွေ အများကြီးပဲ။ မြစ်ဘေးမှာ ကျောက်စရစ်ခဲတွေချည်းပဲ။ အတော်လှတာဗျ။ ကျနော်တို့အထဲမှာ တော်တော်အူတဲ့ မိန်းကလေးသူငယ်ချင်း တစ်ယောက်ရှိတယ်။ သူဘယ်လောက်အူသလဲ ပြောပြမယ်။ သူက မြစ်ဘေးမှာလမ်းလျှောက်တော့ ကျောပိုးအိတ်လွယ်ထားတယ်။ ကျနော်နဲ့ နောက်သူငယ်ချင်းနဲ့ သူ့အနောက် ဘယ်ညာနေပြီး လမ်းလျှောက်ရင်း စကားပြောလိုက်လာတယ်။ ဒါအကြံကြီးနဲ့ပါ။ ဟိုသူငယ်ချင်းက စကားပြောရင်း သူမသိအောင် ကျောပိုးအိတ် ကလေး အလိုက်သင့် မ,ပေးထားတယ်။ ကျနော်ကလည်း စကားပြောမပျက် သူ့ကျောပိုးအိတ်ထဲကို ခုနကပြောတဲ့ ကလေးခေါင်းလောက်ရှိတဲ့ ကျောက်စရစ်ခဲထည့်နေတယ်။ ကျနော်တို့ သူမသိအောင် ထည့်လို့ရသွားတယ်။ သူ တည်းခိုခန်းပြန်ရောက်ပြီး လွယ်အိတ်ဖွင့်ကြည့်မှ သိရတယ်လေ။ ဘယ်လောက်အူလဲ တွေ့လား။ သူကပြောသေးတယ်။ `ဒါကြောင့် လမ်းလျှောက်ရင်းလေးလေးလာတယ် အောက်မေ့တာ။ ဘယ်ကောင်စုတ်က လာထည့် …….´။ ဘာညာကွိကွပေါ့ဗျာ။ ကျနော်တို့ကို သံသယရှိပေမယ့် သက်သေမရှိတော့ သူမျက်စောင်းပဲထိုးနိုင်တယ်။ ကျနော်တို့လည်း အပိုင်ပဲပေါ့လို့ အောက်မေ့နေတာ။ ပြန်လည်းရောက်ရော ဓါတ်ပုံတွေကူးကြတော့ သူကပြေးလာပြီး `ဟေ့ကောင်တွေ ဒီမှာလက်ပူးလက်ကြတ်မိပြီ။ ဘာချင်သေးလဲ။´ဆိုပြီး ဓါတ်ပုံထိုးပေးတော့ ကြည့်လိုက်မိတယ်။ ဟုတ်ပါ့ဗျာ။ တစ်ယောက်က ကျောပိုးအိတ်ကိုင်ပြီး ကျနော်က ခဲလုံးကြီးကိုင်လို့ အိတ်ထဲရောက်လုရောက်ခင် ပုံထဲမှာ ကွက်ကွက်ကွင်းကွင်းကြီး မြင်နေရတယ်။ ကျိန်ဆဲလိုက်တာ နှစ်ရက်လောက် တရားတော်နာလိုက်ရတယ်။နောက်တစ်ခု ဆောင်းတွင်းအေးအေးမှာ မလုပ်ချင်ဆုံးအလုပ်ကတော့ အိမ်သာတက်တာပဲ။ ဒါကိုတော့ အတော်စဉ်းစားရ ခက်မယ်ထင်တယ်။ စဉ်းစားကြည့်လေဗျာ။ အေးလို့ တစ်ကိုယ်လုံး လုံလုံခြုံခြုံ ဝတ်ထားခါမှ အိမ်သာတက်ဖို့ ချွတ်ရတော့မယ်။ အဲဒီအချိန်များ လေကလေးတစ်ချက် ဝေ့လိုက်ရင်ဖြင့် `အောင်မလေး ကျောချမ်းစရာကြီး´ မဟုတ်တော့ဘူး အင်း …..။ တောမြို့တစ်မြို့မှာများဆို ပိုဆိုးသေး။ အောက်ကဟောင်းလောင်းလေ။ ထရံကြားက လေကတိုးသေး။ လေမဟတ်အောင် ဘယ်လိုကာမလဲ စဉ်းစားလို့ကို မရဘူးလေ။ ဒါတွေက ရှောင်လွှဲလို့မရတဲ့ လောကဓံတွေလား မသိဘူးဗျာ။ ရေချိုးတာနဲ့ အိမ်သာတက်တာ ဆောင်းတွင်းမို့ မလုပ်ပါရစေနဲ့လို့ ပြောပြန်ရင်လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေတော့ မယ်။အော် .. ဒါနဲ့ သတိရလို့ အဖြစ်အပျက်တစ်ခု ပြောပြရအုံးမယ်။ တစ်နေ့မနက် သူငယ်ချင်းတစ်ယောက် ရေးကြီးသုက်ပြာနဲ့ အိမ်ကိုရောက်လာတယ်။ လက်ထဲမှာလည်း A4 စာရွက်နှစ်ရွက်ကိုင်လို့။ ကျနော့်ကိုတွေ့တော့ `ဟဲ့ကောင်၊ ဒီမှာလက်မှတ်ထိုး´လို့ပြောပြီး စာရွက်တွေထိုးပေးတယ်။ ကျနော်က မဖတ်သေးဘဲ `ဘာတွေလဲကွ´ လို့မေးတော့ `ငါ သီအိုရီတစ်ခု ထုတ်ထားတယ်။ ဒါကို မင်း ထောက်ခံတဲ့အနေနဲ့ လက်မှတ်ထိုးပေးရမယ်။ လျှာရှည်မနေနဲ့။ ကျန်တဲ့ကောင်တွေရဲ့ လက်မှတ်တွေ ငါယူပြီးပြီ။ မင်းပဲကျန်တော့တာ။ မြန်မြန်ထိုး။´လို့ ကျနော့်ကို ဟောက်တယ်။ ဒါနဲ့ ကျနော်လည်း ဘာများလဲလို့ သူ့ရဲ့ခေါင်းစဉ်ကိုအရင် ဖတ်ကြည့်လိုက်တယ်။ ဖတ်ပြီး ရယ်ချပစ်လိုက်တယ်။ ဒါကြောင့် `ဟဲကောင်၊ မင်းက ငါရေးတာ မှားနေတယ်ဆိုပြီး ပြောင်တာလား။ အောက်မှာ ဖတ်ကြည့်။ သက်သေ သက္ကာရတွေ အများကြီးပါတယ်။´ လို့ ရှုတီတီနဲ့ ကျနော့်ကိုပြောတယ်။ ကျနော်လည်း လက်မှတ်ထိုးပေးရခက်၊ မထိုးပေးရခက်ဖြစ်နေတယ်။ အဲဒီအချိန်မှာ `ဟဲကောင် မြန်မြန်လုပ်။ ငါ သူများကို သွားပေးရဦးမှာ။´ လို့သူကပြောတော့ ကျနော်လန့်သွားတယ်။ လက်မှတ်ထိုးရမယ့် သူငယ်ချင်းတွေလည်း သူ့စာရင်းထဲမှာ ကုန်နေပြီလေ။ ဒါကြောင့် စပ်စုပြီးမေးကြည့်တော့ သူကျိတ်ကြိုက်နေတဲ့ ကောင်မလေးကို သွားပေးမလို့တဲ့။ ဒါနဲ့ ကျနော်လည်း ထိန်းမထားနိုင်လောက်အောင် ဟားတိုက်ပစ်လိုက်တယ်။ သူလည်း ဒေါကြီးမောကြီးနဲ့ ထိုးမလားမထိုးဘူးလားလို့ မေးလာတော့ အားလုံးလည်းထိုးထားတာပဲ ကိုယ်လည်း ထိုးလိုက်တာကောင်းပါတယ်လေဆိုပြီး ထိုးပေးလိုက်တယ်။ အော် သူ အဲဒီကောင်မလေးကို အတော်သောက်မြင်ကပ်နေပါလားလို့ ကျနော်တွေးလိုက်မိတယ်။ လက်မှတ်ထိုးပြီး သူလုယူသွားလို့ ကျနော် သူ့စာအရှည်ကြီးကို မဖတ်လိုက်ရပါ။ သူ့ ပရိုပိုဇယ်၊ အဆိုပြုလွှာမှာ ပါတဲ့ခေါင်းစဉ်က `ဘယ်သို့သော ရုပ်ချော၊ ဥစ္စာပေါ၊ ပညာတတ်သော မိန်းမပင် ဖြစ်လင့်ကစား အိမ်သာတက်လျှင် အကုန်ထမီလှန်ကြရသည်ချည်းသာ´ တဲ့။ ကောင်းကြသေးရဲ့လားဗျာ။မှတ်ချက် ။ ။ အထဲမှာ ရေးထားတဲ့ စာအရှည်ကြီးကို အတော်စိတ်ဝင်စားလို့ တောင်းကြည့်တော့ ကောင်မလေး ဆွဲစုတ်တာပြဲသွားပြီတဲ့။ အော် ပညာမရလိုက်ပါလားနော်။ ခွေးရူးကိုက်ခံရလို့ သေသွားတဲ့ အဲဒီသူငယ်ချင်းကို သတိရလို့ အမှတ်တရရေးလိုက်တာပါ။ဒီပို့စ်လေးကို မိုးချစ်သူ က သူ့ရဲ့ ဆောင်းတွင်းအေးအေး ဆိုတဲ့ ပို့စ်ထဲမှာ Tag ထားလို့ ပြန်လည်ဖြေကြားလိုက်တာပါ။

ဒီလို ….. ဒီလို
မီးလေးက Tag လုပ်ထားလို့ ရေးမယ်လို့ အန်ကျိတ်ပြီး Text editor ကို ဖွင့်လိုက်တယ်။ အတော်ကြာတဲ့အထိ ဘာမှ စဉ်းစားမရ။ ပေါ်လာတာက သူများအကြောင်းချည်း။ ဘာပဲဖြစ်ဖြစ် ရေးပစ်မယ်လို့ ကီးဘုတ်ပေါ်လက်တင်ပြီး ဂျောက်ဂျောက်ဂျက်ဂျက် လျှောက်ရိုက်လိုက်တော့မှ …………ငယ်ငယ်က အသားအတော်ဖြူလို့ ရပ်ကွက်ထဲက ဖိုးဖြူလို့ ခေါ်ကြပါတယ်။ ရပ်ကွက်ထဲမှ အဖိုးကြီးအဖွားကြီးများက ကျနော်ကို ချစ်ကြလို့ အမြဲလာလာခေါ်ပါတယ်။ ညပိုင်းဆို ရပ်ကွက်ထဲကကွတ်ပြစ်မှာ အသက် ၆၀၊ ၇၀ ကျော် အဖိုးကြီး အဖွားကြီး (၁၀) ယောက်လောက်နဲ့ ၃ နှစ်သား ကလေးတစ်ယောက် အမြဲဝိုင်းဖွဲ့နေတတ်ကြပါတယ်။ အညာဓလေ့အတိုင်းပဲ လက်ဖက်သုတ်၊ ထန်းလျက်၊ ရေနွေးကြမ်းနဲ့ ကွမ်းအစ်ချပြီး ဝိုင်းဖွဲ့စကားပြောနေကြတယ်။ သူတို့ပြောသမျှ မုန့်စားပြီး ထိုင်နားပေးနေတာ ပီကေပဲပေါ့။ သူတို့ရဲ့ Listening partner ပေါ့။ ဟဲဟဲ။ အဲဒါ (၁၃) နှစ်သားလောက်ထိပဲ။ ဒါကြောင့် လူကြီးတွေရဲ့ ကြီးကြီးကျယ်ကျယ်ပြောနည်းကို အတော်နားရည်ဝနေတာ ပါ။ပါးကလေးက ပန်းရောင်သမ်းပြီး ဖောင်းကစ်နေတာဆိုတော့ တောင်ပေါ်သားလေးလိုဖြစ်နေပါတယ်။ အတော် ချစ်စရာကောင်းတာနော်။ (ဟေ့ ဟေ့ …. ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့နော်)။ မယုံကြဘူးထင်တယ်။ သက်သေပြစရာ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ကျနော် သုံးတန်းကျောင်းသား အဖြစ်နဲ့ပေါ့။ ကျောင်းတက်နေတုန်း သူငယ်ချင်းမိဘတွေက ကျောင်းရောက်လာတယ်။ အဲဒီမှာ ကလေးလေးတစ်ယောက်ပါလာတယ်။ လမ်းမလျှောက်တတ်သေးဘူး။ ချစ်စရာလေးမို့ အဲဒီကလေးလေးကို ကျနော်က ယူချီလိုက်တယ်။ မချီတတ် ချီတတ်နဲ့ပေါ့။ ခဏနေကျ အဲဒီ ကလေးက ဘာမပြောညာမပြောနဲ့ ကျနော့ ပါးကို ကုန်းကိုက်တယ်ဗျ။ အားလို့အော်ထည့်လိုက်တော့ ဆရာမတွေ ပြေးလာပြီး ကလေးကိုဆွဲချီယူသွားတယ်။ အဲဒီမှာ ကလေးက အော်ငိုပြီး ဘာအော်တယ်မှတ်လဲ။ `သား မုန့် သား မုန့်´ တဲ့။ အောင်မလေးဗျ။ ပန်းသီးများ အောက်မေ့နေလား မသိဘူး။ တော်တော်အီသွားတာ။ငယ်ငယ်က အလှပြင်ပေးရင် အင်မတန်မုန်းတာ။ ငယ်တုန်းက ငိုတယ်။ နည်းနည်းကြီးလာတော့ အော်တယ်။ ဒီထက် ကြီးလာတော့ ထွက်ပြေးတယ်။ သနပ်ခါးလိမ်းပေးရင်တောင် မကြိုက်ဘူး။ ဒါပေမယ့် သုံးတန်းမှာ ကဗျာလွတ်ပြိုင်ဖို့ ဆရာမက ကျွန်တော့နာမည်ကို တိတ်တဆိတ် စာရင်းသွင်းလိုက်တယ်။ အဲဒီပြိုင်မယ့်နေ့မှာ လှလှပပ လိမ်းခြယ်လာဖို့ အမေ့ကို မှာလိုက်တယ်။ ကျနော် မကြိုက်မှန်း အမေကသိပြီးသားဆိုတော့ အင်္ကျီအသစ်ပဲ ဝတ်ပေးလိုက်တယ်။ ဆရာမကလည်း နပ်ပြီးသား။ ကျောင်းရောက်တော့ မိတ်ကပ်ပုံးကြီးနဲ့ အသင့်စောင့်နေတယ်။ သေပြီ။ ကျောင်းကိုပတ်ပြေးလို့ လူသုံးယောက်လောက် ဝိုင်းဖမ်းကြတယ်။ နောက် ချုပ်ထားပြီး မိတ်ကပ်လိမ်း၊ အလှပြင်ပေးတယ်။ ငိုတော့ မျက်ရည်နဲ့ မိတ်ကပ်တွေပျက်တယ်။ ပျက်တော့ ပြန်လိမ်းတယ်။ ဒီလို လေးခါလောက် လုပ်ပြီးတော့ ဆရာမက ကျနော့်ကို စည်းရုံးရေးဆင်းရတော့တယ်။ မိတ်ကပ်လိမ်းတာ လက်ခံဖို့ပေါ့။ နောက်ဆုံးသဘောတူညီချက် ရလိုက်တယ်။ပါးနီတွေ၊ မျက်လုံးမှာခြယ်၊ နှုတ်ခမ်းနီဆိုး၊ ဆံပင်တွေဆီလိမ်း၊ နားကပ်တောင် ပါလိုက်သေး။ ကဗျာလွတ်ဝင်ပြိုင်တယ်။ တတိယဆုရတယ်။ ပြိုင်ပွဲလည်းပြီးရော အဲဒီ ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ အိမ်ဘယ်လိုပြန်ရမလဲ အတော်အတွေးကြပ်သွားတယ်။ ကလေးပီပီ ဘာမှရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ မျက်နှာကို လက်နဲ့ ပွတ်ချပစ်လိုက်တယ်။ ပုန်းနေတဲ့အခန်းရှေ့က ဖြတ်သွားတဲ့လူတိုင်း ရယ်ရယ်သွားကြတယ်။ သေပြီ။ ပိုဆိုးသွားပြီဆိုတာ သိလိုက်တယ်။ မျက်နှာတစ်ခုလုံး တရုတ်ပြဇာတ်ထဲကလို ရောင်စုံခြယ် ဖြစ်သွားပြီ။ ဘယ်လိုပြန်ရပါ့။ အိမ်ကို (မန္တလေးအခေါ် နှစ်ပြ) နှစ်ဘလောက်တော့ လမ်းလျှောက်ရမယ်။ စဉ်းစားရင်းနဲ့ ညနေ (၄)နာရီကျော်လာတယ်။ မပြန်ရဲဘူး။ (၅) နာရီလောက်ကျ အမေက စိတ်ပူပြီး လိုက်လာတယ်။ ကျနော် အခန်းထဲမှာ ပုန်းနေတုန်း။ ဒါနဲ့ အမေက အကြံတစ်ခုပေးတယ်။ အဲဒီအကြံတိုင်း လုပ်လိုက်မှ အိမ်ပြန်ရောက်တော့တယ်။ ဘာအကြံလဲ သိလား။ ပါလာတဲ့လွယ်အိတ်ခေါင်းမှာစွတ်၊ သူ့ကို လက်တွဲပြီး သူ့နောက်လိုက်ခဲ့တဲ့။မနက်ဖြန် သီတင်းကျွတ်လပြည့်ဆိုတော့ သီတင်းကျွတ်နဲ့ဆိုင်တဲ့ အမေးအဖြေလေးတစ်ခု ပြောပြပါ့မယ်။ ကျနော် ငယ်ငယ်က သီတင်းကျွတ်လပြည့်မှာ ဘာလို့ဆီမီးထွန်းရသလဲလို့ မေးဖူးတယ်။ မြတ်စွာဘုရား ဝါတွင်းသုံးလလုံးလုံး ဗြဟ္မာပြည်မှာ တရားဟောပြီး သီတင်းကျွတ်လပြည့်မှာ လူ့ပြည်ကို ဆင်းလာတယ်။ ဒါကို အဲဒီမြို့သားပြည်သူတွေက ကြိုဆိုတဲ့အနေနဲ့ ဆီမီးထွန်းပြီး ကြည်ညိုပူဇော်ကြတယ်။ ဒါရှင်းပါတယ်။ ဒီမေးခွန်းကို လူတော်တော်များများ အဖြေသိပြီးသားပါ။ ဒါပေမယ့် အဲဒီအဖြေကို ကျွန်တော် ဘဝင်မကျခဲ့ဘူး။ ကျွန်တော် စောဒကတက်ခဲ့တယ်။ အဲဒီလို ပြောရမလားဆိုပြီး ကျနော် အရိုက်ခံရတယ်။ သီတင်းကျွတ်အမှတ် တရပေါ့။ ကျနော် စောဒက တက်လိုက်တာက ………..`ပူဇော်ဖို့သက်သက်တော့ မဖြစ်နိုင်ဘူးထင်တယ်မေမေ။ ဒါဆို ဘာလို့ အမွေးတိုင်နဲ့ မပူဇော်ဘဲ ဆီမီးနဲ့ပဲ ပူဇော်တာလဲ။ မေမေ ညဘက် လေယာဉ်ပျံဆင်းတာ မြင်ဖူးလား။ လေယာဉ်ပျံကြီး လမ်းမချော်အောင်လို့ သူဆင်းမယ့်လမ်းတလျှောက် မီးထွန်းပေးရတယ်။ ဒါမှ မှောင်ကြီးမဲကြီးထဲ ဟိုးအပေါ်ကနေ သူဆင်းရမယ့် နေရာကိုမြင်ရပြီး နေရာမှန်ဆင်းနိုင်မှာပေါ့။ ဘာမှ မမြင်ရရင် မြေကြီးပေါ် ဘယ်ဆင်းလို့ရမလဲ။ အဲဒီလိုပဲနေမယ်ထင်တယ်။ မြတ်စွာဘုရားက မိုးကောင်းကင်ကနေ ညကြီးမိုးချုပ် ဆင်းလာမှာဆိုတော့ …….။´စကားပင်မဆုံးလိုက်ပဲ ငရဲကြီးမယ်၊ ဘာညာ ကွိကွ ဆိုပြီး စော်ပလော်တီးပါတော့သည်။မီးလေးနှင့်ပတ်ဝန်းကျင် တွင် မီးလေးမှ TAG လုပ်ထား၍ ပီကေမှ ပြန်လည်ဖြေကြားသည်။