Announcement – ဖြိုးကျော်နှင့် သူ၏စာများ

သရုပ်ပြ မာတိကာကျမ်း မိတ်ဆက်
ကျနော် ကွန်ပျူတာရှေ့ ထိုင်ပြီး အင်တာနက် သုံးတိုင်း မြန်မာနိုင်ငံရဲ့ အင်တာနက်လောကနဲ့ ပတ်သက်ပြီး ဘယ်လိုမှ စိတ်တိုင်းမကျတဲ့ အရာတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံ၊ မြန်မာစာနဲ့ ပတ်သက်တာ ဘာပဲ ရှာရှာ၊ အင်တာနက်မှာ ရှာမတွေ့ဘူး။ ဒါ အရင်တုန်းကတော့။ အခုတော့ အထိုက်အလျောက် ရှာလို့ ရလာပါပြီ။ ဟိုးအရင် ၅ နှစ်၊ ၆ နှစ်ကဆိုရင် မြန်မာသီချင်းကိုတောင် အင်တာနက်မှာ ရှာဖို့ သိပ်မလွယ်ဘူး။ အင်မတန် နာမည်ကြီးတဲ့ သီချင်းလောက်ပဲ ရှိတယ်။ ဂူဂယ်လင်း လုပ်ပြီး ရှာလိုက်တိုင်း မတွေ့တာချည်းပဲ။ သူများနိုင်ငံမှာဆို (အဓိကတော့ အမေရိကားပေါ့) သီချင်းစာသားယူမလား၊ ရုပ်ရှင်ကားထဲက စကားပြော Dialogue ယူမလား။ အကုန် အွန်းလိုင်းမှာ ရှိတယ်။ ဥပမာ ဂူဂဲလ်မှာ “When I need you, just close my eyes and I wish you” ဆိုတဲ့ စာကြောင်း ရိုက်ထည့်လိုက်။ Celine Dion ရဲ့ When I Need You သီချင်း၊ ဘယ်ကားရဲ့ ဇာတ်ဝင်သီချင်း စသဖြင့်ပေါ့ အကုန် စုံစုံလင်လင် ဖော်ပြပေးနိုင်တဲ့ ဒေတာအချက်အလက် အပြည့်အစုံ ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့တော့ ဘာမှကို မရှိသလောက်ပဲ။ စိုင်းထီးဆိုင် သီချင်း တစ်ပိုင်းတစ်စလောက် ရလို့ ရှာချင်လည်း မဖြစ်နိုင်ဘူးလေ။

အဲဒီလို အားမရတာတွေ ရှိနေတာကြောင့် ကျနော်လည်း အထိုက်အလျောက် ကိုယ်တတ်နိုင်သလောက် လုပ်ဦးမှပဲ ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒါနဲ့ ပထမဆုံးအနေနဲ့ အသုံးလည်းဝင်၊ အကျိုးလည်း ရှိမယ့်

၁။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း

ကို ၂၀၀၈ ခုနှစ်မှာ အပြီးသတ် တင်ပေးနိုင်ခဲ့တယ်။ အဲဒါ လုပ်နေရင်းနဲ့ပဲ ကျနော် ငယ်ငယ်ကတည်းက ဝါသနာအရ စုဆောင်းထားခဲ့တဲ့ သီချင်းစာအုပ်တွေကို စကန်ဖတ်လို့ ရလျက်နဲ့ မဖတ်ပြီး တစ်ပုဒ်ချင်းစီ တိုက်ပင်ရိုက်ပြီး သိမ်းလာခဲ့တယ်။ နောက်တော့ အပုဒ် (၄၀၀) ကျော်လောက် ရတော့

၂။ မြန်မာသံစဉ်စာသားများ

ဆိုပြီး သီချင်းစာသားတွေ တင်ပေးတဲ့ ဆိုဒ်တစ်ခု လုပ်ဖြစ်ခဲ့တယ်။ ငယ်ငယ်ကတည်းက စုလာခဲ့တာဆိုတော့ သီချင်းစာအုပ်တွေက အများကြီးရှိပေမယ့် စာရိုက်ဖို့ အချိန်က လုရတာကြောင့် အပုဒ် (၄၀၀) ကျော်ပဲ တင်ပေးနိုင်သေးတယ်။ စကန်ဖတ်ပြီး တင်လို့ ရလျက်နဲ့ ဘာလို့ မတင်သလဲ ဆိုတော့ အရှေ့က ပြောခဲ့သလို ရှာလို့ လွယ်ချင်တယ်၊ ရှာလို့ ရချင်တယ်။ Google လို Search Engine မှာ ရိုက်ထည့်ပြီး အလွယ်တကူ ရှာနိုင်အောင် ဆိုပြီး အပင်ပန်းခံပြီး ရိုက်ထည့်ခဲ့ပါတယ်။ နောက်ပြီး အင်မတန်မှ ရှာပါးနေပြီ ဖြစ်တဲ့ ၁၉၃၀ ကျော်လောက်က မိုနို၊ စတူဒီယို အကူအပြောင်းခေတ် (ဓါတ်ပြားခေတ်) က သီချင်းပေါင်း (၁၀၀၀) ကျော်လောက် ပါတဲ့ ရှားပါးစာအုပ် ကျနော်ဆီမှာ ရှိနေပေမယ့် မရိုက်အားပေးတာကြောင့် မရိုက်ဖြစ်သေးပါဘူး။ နောက် အချိန်ရရင် ရသလို ဒီ မြန်မာသံစဉ်စာသားများ ဆိုတဲ့ ဆိုဒ်မှာ ခေတ်ဟောင်း ခေတ်သစ် သီချင်းစာသားတွေ တင်သွားပေးဖို့ အစီအစဉ် ရှိပါတယ်။ စာဖတ်သူ အနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီချင်ရင်လည်း ကျနော်ကို ဆက်သွယ်ပေးပါဦး။ အမှန်အတိုင်း ပြောရရင် ကျနော် တစ်ယောက်တည်း (များသောအားဖြင့်ပေါ့) ရိုက်နေရတော့ အများကြီးလည်း မပြီးပါဘူး။

နောက်ပြီး ရှေးရှေးက ရေးစပ်တဲ့ ကဗျာလေးတစ်ပုဒ် ရှာချင်တော့ အခက်တကာ့ အခက်ဆုံးပဲလို့ ထင်တယ်။ ဦးပုည ကဗျာတချို့ လိုချင်တာ အွန်လိုင်းမှာ ဘယ်ရှာလို့ ရှာရမှန်းကို မသိအောင်ပါပဲ။ ဒါလည်း မြန်မာစာပေအတွက် အားနည်းချက်ကြီးတစ်ခုလို့ မြင်တယ်။ ဒါကြောင့် ကျနော် ရှေးခေတ် ပျို့ ရတု စတဲ့ ကဗျာတွေကို စုစည်းပြီး ရိုက်ထားတာ အပုဒ် (၁၀၀) ကျော်လောက်တော့ ရှိပြီ။ ဒါလည်း တော်တော်လေး များများစားစား ရပြီဆိုရင်တော့ ကဗျာတွေချည်း စုထားတဲ့ ဆိုဒ်တစ်ခု လုပ်ပါ့မယ်။ ပညာရှင်တွေ အနေနဲ့ ကဗျာတစ်ပုဒ် ကိုးကားချင်လို့ ဘယ်နားဘယ်လို သွားရှာရမှန်း မသိတဲ့ ပြဿနာတွေကို တတ်နိုင်သလောက် ဖြေရှင်းသွားချင်တာပါ။ နိုင်ငံခြားမှာ Term Paper တို့ Thesis Paper တို့ ကိုယ်တိုင် ရေးမရေး၊ သူများဆီက ခိုးချထားလား သိချင်ရင် သူတို့ မသင်္ကာတဲ့ စာကြောင်းကို Googling လုပ်လိုက်ရုံပါပဲ။ ကိုယ်တိုင် ရေးထားတာပါလို့ ကြီးကြီးကျယ်ကျယ် ပြောလို့မရအောင်ကို အွန်လိုင်းမှာ အကုန် ရှာလို့ ရနေပါတယ်။ မြန်မာစာပေနဲ့ ပတ်သက်ရင်လည်း အဲဒီလိုမျိုး ဖြစ်ချင်တာ ကျနော်ရဲ့ ဆန္ဒပါ။ ဘယ်သူတွေ လုပ်လုပ် မလုပ်လုပ်၊ ကျနော်ကတော့ နည်းနည်း နည်းနည်းစီ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတာပါပဲ။

စာအုပ်တွေ ဖတ်ရင်း တစ်ခါတလေမှာ ဝေဒနာ ဘယ်နှမျိုး ရှိလဲမသိဘူး၊ ဘာတွေပါလိမ့်လို့ သိချင်စိတ် ပေါ်လာရင် သုခမှတ်စု ကို လှန်ရှာလိုက်တယ်။ များသောအားဖြင့် ရှာလို့ တွေ့ပေမယ့် ရှာလို့ မတွေ့တဲ့ အခါတွေလည်း ရှိလာတော့ တစ်ခြား ကိုးကားစရာ ကျမ်းလိုလာတယ်။ ကံကောင်းချင်တော့ စိန္တာမဏိ ဦးချစ်မောင်ရဲ့ မာတိကာကျမ်း ဆိုတဲ့ စာအုပ် ရလာတယ်။ ဒီတော့ သုခမှတ်စုထဲ မရှိရင် မာတိကာကျမ်းထဲမှာ ရှာလိုက်တယ်။ နောက်ပိုင်း ဖျာပုံဆရာတော်ရဲ့ သရုပ်ပြအဘိဓာန်ဆိုတာပါ ရလာတော့ ပိုပြီး စုံစုံစိစိ ကြည့်လို့ရလာတယ်။ ဒါပေမယ့် စိတ်ထဲမှာ အားမရတာက ဘာဖြစ်လို့ တစ်ခုခု ရှာချင်ရင် တစ်အုပ်တည်းနဲ့ မပြီးဘဲ ဟိုစာအုပ်လှန်ရ ဒီစာအုပ်လှန်ရ ဖြစ်နေတာလဲ ဆိုပြီး သိပ်တော့ ဘဝင်မကျဘူး။ ဒါနဲ့ တစ်နေ့တော့ကွာ၊ အဲဒီ စာအုပ်တွေက တူတာတွေဖယ်၊ မတူတာတွေစုပြီး အပြည့်စုံဆုံး စာအုပ်တစ်အုပ်တော့ ဖြစ်အောင် လုပ်မယ်ကွာလို့ စိတ်ကူး ရှိခဲ့တယ်။ အဲဒီ စိတ်ကူးက ဘယ်မှာ အကောင်အထည် ဖော်ဖြစ်သလဲဆိုတော့ နေပြည်တော်မှာ။ တပည့်လေးတွေက သူတို့လည်း ကူမယ် ဆိုတာနဲ့ (ကျနော်အပါအဝင် စုစုပေါင်း ၆ ယောက်) စာတွေ ဝိုင်းရိုက်လိုက်ကြတယ်။ ဒါတောင် သုခမှတ်စုနဲ့ မာတိကာကျမ်း နှစ်အုပ်ပဲ ရိုက်ပြီးခဲ့ပါတယ်။

သူတို့တွေ ရိုက်ပြီးသွားတာနဲ့ Entry ပေါင်း (၁၆၀၀) ကျော်ကို သုံးပြီး ဆိုဒ်တစ်ခု လုပ်ဖို့ ကြံရပါတော့တယ်။ ဘာကိုသုံးပြီး ဆိုဒ်တစ်ခု လုပ်မလဲလို့ စိတ်ကူးတဲ့အခါမှာ ခေါင်းထဲ Tools သုံးခု ဝင်လာတယ်။ နံပါတ်တစ်က ဝီကီ (wiki) – Interactive မျိုးဆို အဆင်ပြေနိုင်ပေမယ့် သိပ်သဘောမကျလှဘူး။ ဒါနဲ့ ဒုတိယ ရွေးစရာ CMS တွေကို လေ့လာကြည့်မိတယ်။ WordPress, Drupal နဲ့ Joomla ဒီသုံးခုလုံးနဲ့ နည်းနည်း စမ်းလုပ်ကြည့်တယ်။ Customization စိတ်ကြိုက်ပြင်ဖို့ လွယ်ပေမယ့် လုပ်ရတာ တပင်တပန်းကြီး ဖြစ်နေတယ်။ နောက်ပြီး ကျနော်က PHP နဲ့ သိပ်မရင်းနှီးတော့ PHP ကို ပြန်လေ့လာရမလိုတောင် ဖြစ်လာတယ်။ ဒါလည်း သိပ်တော့ အဆင်မပြေဘူး။ ဒါနဲ့ပဲ လည်ရင်းလည်ရင်း Blogger ပဲ ပြန်ရောက်လာတယ်။ Blogger နဲ့ မလုပ်ချင်လို့မှ ပတ်ရှာနေတာ။ အဆင်မပြေတော့လည်း သူပဲ ရှိတော့တာပေါ့။ ပို့စ်ပေါင်း (၁၆၀၀) ကျော်ကို ဖြည့်ဖို့ အဆင်မပြေလွန်းလို့ ပတ်ရှာနေခဲ့တာပါ။ Blogger က တစ်နေ့ကို အများဆုံး Post ၅၀ ပဲ ပေးတင်တယ်။ ၅၀ ကျော်လာရင် စပန်းလို့ ယူဆတာကြောင့် လူလို့သေချာအောင် ဂဏန်းတွေ လျှောက်ရိုက်ထည့်ခိုင်းတော့တာပါ။ စက်မပြောနဲ့ လူတောင် တစ်ခါတလေ ဖတ်ရတာ အဆင်မပြေလွန်းလို့ အင်မတန် ပင်ပန်းတာကြောင့် ရှောင်နေခဲ့တာ။

အခုတော့ မရပါဘူး။ ဘလော့ဂါနဲ့ပဲ နှစ်ပါးသွားခဲ့ရတယ်။ ပို့စ် (၁၆၀၀) ကျော်ကို ဖြည့်ရတာ ပင်ပန်းလို့ တော်ပြီကွာဆိုပြီး စဉ်းစားမိတာလည်း အကြိမ်ကြိမ်ပဲ။ ပြီးစီးသွားရင် အားလုံးအတွက် အကျိုးများမှာပါ လို့ပဲ ကိုယ့်ကိုယ်ကို ပြန်ဖြောင့်ဖြပြီး စိတ်ရှည်ရှည်နဲ့ ပြီးအောင် လုပ်ခဲ့ရတယ်။ “စာ ကူရိုက်ပေးတဲ့သူက သူတို့အလုပ် သူတို့ ပြီးသွားပြီ။ ငါက တင်ဖို့ ဘာကြောင့် နောက်တွန့်နေရတာလဲ” လို့လည်း ကိုယ့်ကိုယ်ကို ကျိန်းမောင်းပြီး တင်လိုက်တာ ဒီနေ့တော့ အားလုံး အပြီးသတ် ပြီးစီးခြင်းကို ရောက်ပါတယ်။

သရုပ်ပြ မာတိကာကျမ်း လို့ နာမည်ပေးထားတဲ့ ဒီဆိုဒ်မှာ ပုံစံနှစ်မျိုးနဲ့ အချက်အလက်တွေကို ရှာလို့ ရပါတယ်။ အက္ခရာဝလိနဲ့ ရှာချင်တယ် ဆိုရင်တော့ ခေါင်းစဉ်ရဲ့ အောက်က က – အ နေရာကနေ စိတ်ကြိုက် နှိပ်ရှာနိုင်ပါတယ်။ တကယ်လို့ အကြောင်းအရာက ဘယ်နှပါး ရှိသလဲလို့ သိရင်တော့ ညာဘက်ဘေးမှာ အပါးစုတွေ တန်းစီပြီး ရေးထားပါတယ်။ အဲဒီကနေလည်း သွားရှာလို့ ရပါတယ်။ ဘလော့ဂါရဲ့ အဓိက အားနည်းချက်ဖြစ်တဲ့ လင့်ခ်တွေကို အလိုအလျောက် မချိတ်ပေးတာကြောင့် ကျနော်ကပဲ လင့်ခ်တွေ ရှာပြီး စုထားရပါတယ်။ ဒါကြောင့် မှားနိုင်ပါတယ်။ တကယ်လို့ အမှား ရှိခဲ့ပြီဆိုရင် အပေါ်ဆုံး Menu Bar မှာ ရှိတဲ့ Discussion မှာ ဝင်ပြောပေးခဲ့ပါဦး။ နောက်ပြီး ဆိုဒ်မှာ လိုနေတာ၊ အားနည်းနေတာ၊ ပြင်စရာရှိတာတွေကိုလည်း ဝိုင်းဝန်းပြီး ဝေဖန်အကြံပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်။ ဒီဆိုဒ်ဟာ မြန်မာစာပေနဲ့ မကင်းတဲ့သူ၊ ဘာသာရေးနဲ့ မကင်းတဲ့သူ၊ မြန်မာစာပေကို စိတ်ဝင်စားတဲ့သူနဲ့ သုတေသနပညာရှင်တွေ အတွက် အမှန်တကယ် အသုံးဝင်နိုင်တယ်ဆိုတာ သိလို့လည်း ကျနော် မရမက (ကိုယ့်ကိုယ်ကို အားပေးပြီး) ပြီးအောင် လုပ်ခဲ့တာ ဒီနေ့ (၂ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၂ ခု) မှာ နိဋ္ဌိတံ ပြီးဆုံးပါပြီ။ ပြီးတယ်ဆိုတာ ဆိုဒ်တစ်ခု ဖြစ်မြောက်တာကို ပြောတာပါ။ ဒေတာတွေက ထည့်လို့ မကုန်နိုင်သေးပါဘူး။ ကျနော် အခု ဖျာပုံဆရာတော်ရဲ့ သရုပ်ပြအဘိဓာန်ကို စိစစ်နေပါပြီ။ လိုနေတာတွေ ရှိရင် နည်းနည်းစီ ဖြည့်စွက်သွားဦးမှာပါ။ အသုံးပြုသူတွေ အနေနဲ့ ရှာမတွေ့တဲ့ အချက်အလက်တွေ ရှိရင်လည်း အသိပေးခဲ့ပါဦးလို့ တောင်းဆိုလိုက်ပါတယ်ဗျာ။

လိပ်စာ – http://martikar.pikay.org

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအား အဆင့်မြှင့်တင်ခြင်း
မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဆိုပြီး ၂၀၀၈ ခုနှစ်မှာ ဘလော့ဂ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သတ်ပုံကျမ်းစာအုပ် အလွယ်တကူ မရနိုင်တဲ့ နိုင်ငံခြားရောက် မြန်မာတွေအတွက် ရည်ရွယ်တာပါ။ Web Programming လည်း ကောင်းကောင်း နားမလည်တော့ ကိုယ် နားလည်တတ်ကျွမ်းတဲ့ Blogging နဲ့ပဲ အဲဒီ သတ်ပုံကျမ်း Website ကို ဖန်တီးခဲ့တာပါ။ အခုအချိန်ထိဆို Page View ပေါင်း တစ်သိန်းကျော် ရှိတာကို တွေ့ရတော့ အများအတွက် အသုံးတည့်နေတယ်လို့ ယူဆမိတယ်။ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ တကယ်တမ်းတော့ ဒီဆိုဒ်လေးဟာ ဘလော့ဂ် မဟုတ်ဘူးဆိုရင် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ အခုအတိုင်းဆိုရင် စာလုံးတစ်လုံး ရှာရတာ နည်းနည်း ခက်နေသလိုပဲ။ ဘလော့ဂ်ဆိုတော့လည်း ဘလော့ဂ်နဲ့ တူအောင် ကန့်သတ်ချက်တွေ ရှိနေတာကိုး။

၂၀၀၈ ခုနှစ်က ဒီဆိုဒ်လေးကို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဆိုတဲ့ မြန်မာစာဌာနက ထုတ်တဲ့ စာအုပ်ကို အခြေခံပြီး လုပ်ထားခဲ့တာပါ။ တကယ်တမ်း သုံးကြည့်လိုက်တော့ ကိုယ်လိုချင်တဲ့ စာလုံးတွေ မပါလာတာ အများကြီး တွေ့ရတယ်။ ဒါကြောင့် တတ်နိုင်သလောက်တော့ ဖြည့်သွားမယ်လို့ စိတ်ကူးခဲ့တာ အမှန်ပါ။ ဒါပေမယ့် စိတ်ပဲ ကူးနိုင်ပါတယ်။ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ နောက်ပိုင်း မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း နှင့် ခွဲထား ဆိုတဲ့ စာအုပ် ရလာတော့ ခွဲထား အပိုင်းကို ထပ်ထည့်မယ်လို့ ရည်ရွယ်ခဲ့တာ အခုတော့ စပြီး အကောင်အထည် ဖော်ဖြစ်နေပါပြီ။ ကျွန်တော်လည်း အားရင် အားသလို စာရိုက်နေတာဆိုတော့ အများကြီး မပြီးသေးပါဘူး။ အတိအကျ ပြောရရင် အခုမှ ကကြီး ပဲ ပြီးသေးတယ်။

ဒီ သတ်ပုံကျမ်းကို စာလုံးတွေ စုံနိုင်သထက် စုံအောင်၊ ရှာဖွေရ လွယ်ကူသထက် လွယ်ကူအောင် ဘယ်လို လုပ်ရမလဲလို့လည်း အတော်လေး စဉ်းစားလိုက်ရတယ်။ ပုံစံကို ဘယ်လို ချရမလဲပေါ့။ အခု လက်ရှိ ချထားတဲ့ ပုံစံဟာ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ဒီထက်ကောင်းမယ့် အပြင်အဆင် ရှိမယ်ဆိုရင်လည်း အားလုံး ဝိုင်းဝန်းအကြံပေးကြပါဦး။ အခုဆိုရင် ကကြီးမှာ ဝင်ရှာမယ်ဆိုရင် ကကြီးနဲ့ စတဲ့ စာလုံးတွေကို မြင်ရသလိုပဲ၊ အစစာလုံး ကကြီး မဟုတ်ဘဲ ကကြီးပါတဲ့ တခြား စာလုံးတွေကိုလည်း ကကြီး အုပ်စုထဲမှာ ရှာလို့ ရအောင် အသစ် ဖြည့်ထည့်ထားပါတယ်။ ဥပမာ ကုတ် ဆိုတဲ့ အုပ်စုထဲမှာ အရင်က ကုတ်နဲ့ စတဲ့ ကုတ်ဖဲ့ ၊ ကုတ်အင်္ကျီ စတာတွေပဲ ပါခဲ့တယ်။ အခုဆို ကုတ်နဲ့ မစပေမယ့် ကုတ်ဆိုတဲ့ စာလုံးပါတဲ့ ကျားကုတ်ကျားခဲ၊ မိုးကုတ်ပတ္တမြား စတာတွေကိုပါ ရှာနိုင်အောင် ထည့်ထားပါတယ်။ နောက်ပြီး မှားရေးတတ်တာကိုလည်း အမှားမှန်းသိအောင် ထည့်သွင်းပေးထားတယ်။ ဥပမာ မိုးကုတ်စက်ဝန်း လို့ရေးရင် မှားမယ်၊ မိုးကုပ်စက်ဝန်း ဖြစ်ရမယ် ဆိုတာကို မိုးကုတ်ကုပ်စက်ဝန်း ဆိုပြီး ပြထားပေးတယ်။ နောက်ပြီး ကုတ် နဲ့ အသံထွက်တူတဲ့ ကုက်၊ ကုဋ်၊ ကုပ် စတဲ့ စာလုံးတွေ ပြောင်းရှာလို့ လွယ်အောင်လည်း လင့်ခ် တစ်ခါတည်း ထည့်ပေးထားလိုက်တယ်။ ပြီးတော့ ကန်စွန်းရွက် ဆိုတဲ့ စာလုံးကို တချို့က ကဇွန်းရွက် လို့ ထင်တတ်တာမို့ ကဇွန်းရွက် ဆိုတာကိုလည်း သတ်ပုံကျမ်းထဲ ထည့်ထားပေးပြီး ကဇွန်းရွက် (ကန်စွန်းရွက်) ဆိုပြီး ပြထားပေးပါတယ်။ အခုလို လုပ်ပေးထားခြင်းဟာ အသုံးပြုရတာ အတော်လေး အဆင်ပြေလာမယ်လို့ ယုံကြည်မိပါတယ်။ အောက်ပုံကို ကြည့်ပါ။

တကယ်လို့ စာလုံးပေါင်းသတ်ပုံကျမ်းထဲမှာ စာလုံးပေါင်း မှားရိုက်မိထားတာ ရှိရင်လည်း ကျနော်ကို အကြောင်းကြားပေးပါ။ အရင် ဆိုဒ်ထဲမှာ ဂန္ထဝင် ကို ဂန္တဝင် လို့ မှားရိုက်ထားတာကို ထောက်ပြခဲ့တဲ့ မပန်ဒိုရာ ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ စာလုံးပေါင်းသတ်ပုံကျမ်းလို့ နာမည်ပေးထားပြီး စာလုံးပေါင်းတွေ မှားနေဖို့ မသင့်ပါဘူး။ ဒါကြောင့် ကျနော်လည်း သတိရှိရှိတော့ ရိုက်ခဲ့ပါတယ်။ လူဆိုတာ အမှားမကင်းနိုင်တော့ အမှားကို ထောက်ပြလာမယ့်သူ အားလုံးကို ဝမ်းပန်းတသာ ကြိုဆိုပါတယ်။ နောက်ပြီး ဒီဘလော့ဂ်ကို ပိုမို ပြင်ဆင်ရင် အသုံးပြုသူအတွက် အဆင်ပြေဆုံး ဖြစ်မလဲ ဆိုတာကိုလည်း အကြံပြုနိုင်ပါတယ်။ နောက်ပြီး Web Programmer တစ်ယောက်ယောက်က သတ်ပုံကျမ်းမှာ Web Apps တစ်ခုအနေနဲ့ အားလုံးအတွက် အခမဲ့ တည်ဆောက်ချင်တယ်ဆိုရင်လည်း ကျနော်အနေနဲ့ ရိုက်ထားသမျှ စာအားလုံးကို ပို့ပေးပါ့မယ်၊ လှူပါ့မယ်။

အားတဲ့အချိန်ကနေ ဖဲ့ဖဲ့ပြီး လုပ်နေတာဆိုတော့ ကကြီးကနေ အ အထိ ပြီးဖို့ အချိန်ယူရဦးမှာပါ။ အမြန်ဆုံးပြီးအောင်တော့ ကြိုးစားသွားပါ့မယ်။ ဒီနေ့ (၂၃ ဧပြီ ၂၀၁၂) အထိတော့ ကကြီး အပိုင်းကို ပြင်ဆင်ဖြည့်စွက်ပြီးပါပြီ။ မူလကျမ်းစာအုပ်မှာ မပါတဲ့ တချို့ စာလုံးတွေကိုလည်း ကျနော်ဖာသာ ဖြည့်စွက်ထားတာ ရှိပါတယ်။ စာဖတ်သူအနေနဲ့ ကိုယ်သိတဲ့စာလုံး မပါသေးရင်လည်း အကြံပြုလို့ ရပါတယ်။ ဖြစ်နိုင်ရင် ဒေသအလိုက် ဘန်းစာလုံးတွေကိုလည်း လိုချင်ပါတယ်။ Page View ပေါင်း တစ်သိန်းကျော်အောင် အားပေး အသုံးပြုသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်လျက်

ပီကေ

လွမ်းတော့ လွမ်းမိပါတယ်
လွမ်းတယ် ဆိုတဲ့ စကားလုံးကို ကျွန်တော့အနေနဲ့ သုံးဖို့ သိပ်မသင့်လျော်တော့ပါဘူး။ ဒါပေမယ့်လည်း အလွမ်းဓါတ်ခံ ရှိထားတဲ့သူဆိုတော့ လွမ်းတာကို လွမ်းတယ်လို့ပဲ ဝန်ခံရမှာပဲ။ ဘာတွေကို လွမ်းသလဲဆိုတော့ သက်ရှိသက်မဲ့ အစုံပေါ့။ အဲဒါတွေထဲက လွမ်းတာ တစ်ခုကို ထုတ်ပြရရင်တော့ ဟောဒီ ဘလော့ဂ်ကိုပါ။ PK ဘလော့ဂ်ကို ပစ်ထားလိုက်တာလဲ အခုဆို နှစ်နှစ်ကျော်သွားခဲ့ပြီ။ တစ်ခါတလေ ရန်ကုန်၊ မန္တလေးရောက်လို့ အင်တာနက်သုံးဖို့ အဆင်ပြေခဲ့ရင် ကိုယ့်ဘလော့ဂ်ကိုကိုယ် သွားသွားကြည့်မိတယ်။ အလွမ်းပြေပေါ့။ အခုအချိန်ထိ စာလာဖတ်နေတဲ့ သူတွေ တွေ့ရတော့ ကျေနပ်မိတာ အမှန်ပါ။ အဲဒီလို သွားသွားကြည့်နေမိလို့လား မသိဘူး။ သံယောဇဉ် အရှိန်က ပြေမသွားဘူး။

လွမ်းတယ်ဆိုကတည်းက သံယောဇဉ် ထားနေမိလို့ပါ။ သက်ရှိအပေါ်မှာ ရှိတဲ့ သံယောဇဉ်နဲ့ သက်မဲ့အပေါ်မှာ ရှိတဲ့ သံယောဇဉ်နဲ့ ဘာမှ သိပ်မကွာဘူးလို့ ကျနော်ကတော့ ထင်တယ်။ ကွာတာ တစ်ခုပဲရှိမယ်။ သက်မဲ့အပေါ် သံယောဇဉ် ထားရတာ တုန့်ပြန်မှုအား မရှိသလောက်ပါ။ တုန့်ပြန်မှုအား နည်းလေလေ ခံစားမှု လျှော့လေလေလို့ ဆိုကြတယ်။ ဒါပေမယ့် အဲဒီ သက်မဲ့အပေါ် ထားတဲ့ သံယောဇဉ်တွေထဲမှာ ဘလော့ဂ်အပေါ် ထားမိတဲ့ သံယောဇဉ်ဟာ ခံစားမှု အပေးနိုင်ဆုံးလို့ ယူဆမိတယ်။

ကိုယ့်ဘလော့ဂ်ကိုကိုယ် ဝင်ကြည့်ဖြစ်တိုင်း ပို့စ်အဟောင်းတွေ ပြန်ပြန်ပြီး ဖတ်ဖြစ်တယ်။ လွမ်းစရာပို့စ်တွေ ပါသလို ပျော်စရာပို့စ်တွေလည်း ပါတယ်။ ကြေကွဲစရာ ပို့စ်တွေလည်း ဖတ်ဖြစ်သလို ကြည်နူးစရာ ပို့စ်တွေလည်း ချန်မထားခဲ့ဘူး။ ပို့စ်အများစုက ကိုယ့်ဘဝဇာတ်ကြောင်းတွေပဲ ဆိုတော့ အတိတ်လွမ်းချင်းကြီး ငြီးနေရသလိုပါပဲ။ စာရေးတာ ဝါသနာပါတော့ ဘလော့ဂ်ပြန်ရေးဖို့ စိတ်ကူးနေခဲ့မိတာတော့ ကြာပါပြီ။ အင်တာနက် အဆင်မပြေတာလည်း မရေးဖြစ်တဲ့ အကြောင်းတစ်ခုပါ။ နောက်တစ်ခု အရင်လို လွတ်လွတ်လပ်လပ် ရေးနိုင်ပါဦးမလား၊ ရေးခွင့်ရှိပါဦးမလား ဆိုတဲ့ အတွေးကလည်း ပိတ်ကာနေခဲ့တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ရေးပါပြီတဲ့၊ စာဖတ်တဲ့သူက “သူကဘာကြီးဟဲ့” ဆိုတဲ့ အတွေးနဲ့ လွတ်လွတ်လပ်လပ်ကော ဖတ်နိုင်ပါဦးမလား။ တွေးမိတာတော့ အများကြီးပါ။ စာရေးသူကို စာရေးသူတစ်ယောက် အနေနဲ့ ဘလော့ဂါကို ဘလော့ဂါ တစ်ယောက် အနေနဲ့ အမြင်ထားပြီး စာဖတ်တာ ပိုကောင်းလိမ့်မယ်လို့ ထင်မိတယ်။ စာဖတ်သူတွေလည်း အဲလိုပဲ ခံယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပြီး ဘလော့ဂ်ကို စာရေးဖြစ်ပါပြီ။ အားတင်းပြီးတော့ပေါ့။

နှစ်နှစ်ကျော်ကြာ ခွဲခွာခဲ့တဲ့ ဘလော့ဂ်ကို ပြန်ပြီး အသက်သွင်းလိုက်ခြင်း ပါပဲ။ အရင်က ပီကေပဲဖြစ်ဖြစ် အခု ပီကေပဲဖြစ်ဖြစ် ပီကေကို ပီကေလို့ပဲ သဘောထားပြီး ပို့စ်များကို ရံဖန်ရံခါ တင်ဖြစ်မှာပါ။ ကိုယ်သိထားတဲ့ အသိတွေလည်း ဝေမျှချင်တယ်။ ကိုယ်ခံစားဖူးတဲ့ ခံစားမှုတွေကိုလည်း ဝေမျှချင်တယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကိုလည်း ဝေငှချင်ပါတယ်။

အားလုံး မင်္ဂလာနှစ်သစ်မှာ စိတ်သွားတိုင်း ကိုယ်ပါလို့၊ ကိုယ်သွားတိုင်းလည်း စိတ်ပါ ကြပါစေလို့ ဆုတောင်းရင်း …

မွေးနေ့လက်ဆောင် ”ပီကေကပ်သော အတွေးစုများ” pdf
ဒီနေ့ဟာ ကျနော်ရဲ့ မွေးနေ့ပါ။ သူများတွေ မွေးနေ့ဆိုရင် မှတ်မှတ်ရရလေးတွေ လုပ်တတ်ကြတယ်။ တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အလျောက်ပေါ့။ ပါတီပွဲတွေ လုပ်ပြီး တချို့တော့လည်း ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ ပျော်ကြပါးကြနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တတ်ကြပါတယ်။ ဘလော့ဂ်မှာ ဆိုရင်လည်း ဖွယ်ဖွယ်ရာရာ စားကောင်း သောက်ဖွယ်တွေကို စားချင့်စဖွယ် ပုံနဲ့တကွ တင်ပြီး ဘလော့ဂ် သူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးတတ်တဲ့ အလေ့အကျင့်ကလည်း ရှိနေတယ်။ကျနော်အနေနဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အစီအစဉ်တစ်ခု လုပ်မယ်လို့ စိတ်ကူးပေမယ့် စိတ်သာရှိတယ်။ အချိန်မရတာကြောင့် လုပ်မှ လုပ်နိုင်ပါ့မလားလို့ အတွေးနဲ့ စိုးရိမ်နေမိတယ်။ ဒါပေမယ့် လုပ်ချင်ဇောကြောင့် အတင်းကို မရမက မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး မနေ့ညပိုင်းက စပြီး အကောင်အထည် ဖော်မိတယ်။ သူများတွေ ခန္ဓာကိုယ်ကို အဟာရ ဖြစ်စေဖို့ စားဖွယ်သောက်ဖွယ်နဲ့ တည်းခင်း ဧည့်ခံနေကြသလို ကျနော် အနေနဲ့လည်း ဒီလို နေ့မျိုးမှာ အဟာရဖြစ်စေမယ့် အရာတွေနဲ့ (အနည်းဆုံး တစ်ခုခုပေါ့) ဖွယ်ဖွယ် ရာရာ စီစဉ်ပေးချင်တယ်။ ဒါကြောင့် သူများတွေ ကိုယ်ခန္ဓာကို ခွန်အားတိုးဖို့ ကြံဆောင်နေချိန်မှာ ကျနော်ကတော့ စိတ်နှလုံးကို အားပြည့် ဖွံ့ဖြိုးစေတဲ့၊ ကြည်နူး ရွှင်လန်းစေတဲ့၊ တောင့်တင်း ခိုင်မာစေတဲ့၊ ပီတိ ဖြာဝေစေတဲ့ အတွေးတွေ၊ အမြင်တွေနဲ့ ဧည့်ခံပါရစေ။ကျနော်ရဲ့ အဲဒီ ရည်ရွယ်ချင်နဲ့ပဲ ဒီနှစ် မွေးနေ့မှာ အမှတ်တရအနေနဲ့ ကျနော် ရေးခဲ့သမျှထဲက နှလုံးသား အဟာရ ဖြစ်စေမယ့် စာစဉ် (၂၄) ပုဒ်ကို ရွေးထုတ်ပြီး အီးဘွတ်အနေနဲ့ ဖန်တီးလိုက်ပါတယ်။ ဖန်တီးပြီး တကာလ ကျနော် သိထားတဲ့ မိတ်ဆွေတွေရဲ့ အီးမေးလ်တွေ ကနေ တဆင့် အဲဒီ အီးဘွတ်ကို ပညာဒါန အနေနဲ့ အခမဲ့ ဖြန့်ဝေပေးလိုက်ပါတယ်။ နောက်ပြီး ဘလော့ဂ်မှာလည်း ပို့စ်တစ်ခုအနေနဲ့ ဖော်ပြပြီး မည်သူမဆို ဖတ်ရှု မျှဝေနိုင်အောင် ဆွဲချ သိမ်းဆည်းနိုင်မယ့် လင့်ခ်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ အခု ဒီအီးဘွတ်ကို ကြိုက် နှစ်သက်မယ် ဆိုရင် တခြား မည်သူ့ကိုမဆို စီးပွားရေး အကျိုးအမြတ် အရ မဟုတ်ဘဲ အခမဲ့ ဖြန့်ဝေ သွားနိုင်ပါတယ်။ပထမဆုံးအနေနဲ့ ကျေးဇူးတင်ရမယ့်သူကတော့ ကျနော်ရဲ့ မွေးသမိခင်နဲ့ မွေးသဖခင်ပါပဲ။ အစစ အရာရာ လိုလေသေးမရှိအောင် တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကြိုးစားပြီး ဖြည့် စွမ်းပေးခဲ့တဲ့ မေမေ့ကို အထူး ကျေးဇူးတင်သလိုလည်းပဲ တွေးတတ် ခေါ်တတ်အောင် လမ်းပြပေးရင်း တရားမှတ်တတ်တဲ့ အလေ့အထလေးကို ပြုစုပေးခဲ့တဲ့ ကွယ်လွန်သူ ဖေဖေ့ ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီအသက်အရွယ်နဲ့ ကိုယ်ပိုင် လမ်းကြောင်းတစ်ခုမှာ ပိုင်ပိုင်နိုင်နိုင် လျှောက်နိုင်နေတာ ဖေဖေရဲ့ အမျှော်အမြင် ကြီးမားမှုကြောင့်ဆိုတာ ကျနော် အသက်ကြီးလာလေလေ ပိုပြီး သိလာလေလေပါ။မိဘပြီးရင် ကျနော် ကျေးဇူးတင်ရမယ့် သူတွေက သင်ဆရာတွေပါ။ မြန်မာစာ အခြေခံ ကောင်းတွေကို ပျိုးထောင်ပေးခဲ့တဲ့ ဆရာမ ဒေါ်သန်းထွေးနဲ့ အမျိုးမျိုး လှည့်တွေးတတ် အောင် သင်ပေးခဲ့တဲ့ သင်္ချာ ပါမောက္ခဟောင်း ဦးအောင်စိန် တို့ကို ဒီတစ်သက် မမေ့ပါဘူး။ မြင်ဆရာထဲက ဆိုရင်တော့ ”ပုဆိုးဝတ်တာလို့ပဲ လူတိုင်းသိတယ်။ ပုဆိုးထဲ လူဝင်တယ်လို့ ဘယ်သူမှ မတွေးမိကြဘူး” လို့ ပြောခဲ့တဲ့ ဆရာ ဦးအောင်သင်းရဲ့ စာတွေ ဖတ်ခဲ့ပြီး ပညာအများကြီး ရခဲ့တာပါ။ တခြားတခြား မြင်ဆရာတွေကတော့ အများကြီးပါ။ ကျနော် ဖတ်ဖူးသမျှ စာအုပ်တွေကို ရေးသားတဲ့ ဆရာတိုင်းဟာ ကျနော်ရဲ့ မြင်ဆရာချည်းပါပဲ။နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ရမှာက ကျနော် ဘလော့ဂ်ကို အစဉ်တစိုက် ဖတ်ရှုနေတဲ့ သူငယ်ချင်းတွေ၊ စာဖတ်သူတွေပါပဲ။ သူတို့ရဲ့ အားပေးမှု မရှိရင် ကျနော် ဒီလောက်ရေး ဖြစ်နေမှာ မဟုတ်ပါဘူး။ ဘလော့ဂ်မှာ မြင်တွေ့နေရတဲ့ နှုတ်ခွန်းဆက်သမှုတွေ၊ ကွန်းမန့် တွေဟာ ကျနော်အတွက် မရေးမဖြစ် ရေးချင်စိတ် ပေါ်လာအောင် အဓိက လှုံဆော်ပေးနေတဲ့ တွန်းအားတွေပါ။ သူတို့ရဲ့ အားပေးမှုတွေကြောင့် နေ့စဉ် မဟုတ်တောင် မပြတ် ရေးနေခဲ့မိတယ်။ အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်သူ သူငယ်ချင်းတွေကြောင့်လည်း စာတွေ ပိုဖတ်ဖြစ်လာသလို၊ ပိုလည်း တွေးဖြစ်လာတယ်။ ပိုလည်း ရေးဖြစ်လာတယ်။ ဒါကြောင့် သူတို့ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဒီထက်ဒီ အဓိပ္ပာယ် ပိုပြည့်စုံတဲ့၊ အနှစ်သာရ ပိုပြည့်ဝတဲ့ စာစုတွေကို ပိုမိုရေးသားနိုင်အောင် ကြိုးစား အားထုတ်သွားပါမယ်လို့ ကတိပြုပါတယ်။”ပီကေကပ်သော အတွေးစုများ” ကို ဒေါင်းလု ဆွဲချ ချင်ရင်တော့ ဒီမှာ ရယူနိုင်ပါတယ်။

အဲဒီ PDF ထဲမှာ ဖော်ပြထားတဲ့ ပို့စ်တွေကတော့

၁။ အရေးအကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း
၂။ Sharing critical information
၃။ ကူညီချင်စိတ်
၄။ တပါးသူအား ကူညီတတ်ခြင်း
၅။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ
၆။ အချစ်ကို နားလည်သော
၇။ အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်
၈။ မြဲမြံစွာ ဆုတ်ကိုင်ထားသော
၉။ တစ်နာရီ နှစ်ထောင်
၁၀။ ဘုရားသခင်သို့ ပေးစာ
၁၁။ ဘဝ၌ ရပ်ကြည့်မိသောအခါ
၁၂။ ကမ္ဘာကြီးကို ပြောင်းလဲကြည့်မလား
၁၃။ ပြည့်ဝနိုင်သော အချစ်
၁၄။ နှုတ်ဆိတ်နေသော အချစ်
၁၅။ ကြွက်ထောင်ချောက်
၁၆။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး
၁၇။ ခဲတံတစ်ချောင်း၏ ကိုယ်ကျင့်တရား
၁၈။ ဘဝဟူသော အိမ်
၁၉။ ဘဝဆိုတာ ….
၂၀။ သစ်သားဇလုံလေး
၂၁။ နောက် ငါးမိနစ်လောက်
၂၂။ ပြောဖို့ခက်ပါတယ်
၂၃။ အမေ့ကိုယ်စား
၂၄။ အချစ်ဆိုတာ

လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်
၂၀၀၈ ခုနစ် ခရစ္စမတ်နေ့ က ဘလာဂေါက်တို့ ဦးစီးပြီး လုပ်တဲ့ My Web My Style ပွဲလေးမှာ ဦးဇင်း ဦးကောဝိဒကို စပြီး ခင်မင်ခဲ့ရပါတယ်။ စကားလက်စုံ ကျရင်း ဦးဇင်းရဲ့ ပညာဒါန အလှူတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော့အနေနဲ့ လေးစားမိတာက တစ်ကြောင်း၊ အားကျမိတာက တစ်ကြောင်း၊ ကူညီပေးချင်တာက တစ်ကြောင်းကြောင့် ကျနော်ရဲ့ ဘလော့ဂ်မှာ အများအနေနဲ့ မုဒိတာ ပွားနိုင်သလို၊ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးဖို့ ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင် ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီ ခေတ်ရဲ့ ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။ မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့ အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမတစ်ဆောင် အနေနဲ့ သီးသန့် လုပ်ထားပြီး ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။ သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံး နဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့ ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့ သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇) သိန်း လောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့ ကွန်ပြူတာ အလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့ ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည် တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက် တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့ အုတ်ခင်းပြီး)၄။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့် မလာတလှည့်)၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့ စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။ သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့ စီမံရပါမည်)၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)လှူဒါန်းလိုသူများ ဆက်သွယ်ရန်၁။ ဦးကောဝိဒ @mailto: kovida9@gmail.com၂။ ပီကေ @mailto: pikay@myanmarbloggers.org၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com၄။ မျက်လုံး @mailto: thethtoo@gmail.com၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com၆။ အရုပ်ကလေး @mailto: idulize@gmail.comနိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်း ဘလော့ဂ်မှာ ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။အားလုံးကို လေးစားသောအားဖြင့်ပီကေ

Template Changed !!!
ဆောင်းဦး ဝင်တယ်ဆိုရင်ပဲ မိုးရာသီက တိုက်စား ခံလိုက်ရတဲ့ ဆေးရောင်တွေကို သစ်လွင်လာအောင် အိမ်တွေ တိုက်တွေ ဆေးအသစ် ပြန်သုတ်ကြတယ်။ အခု ဆောင်းဝင်ပြီ ဆိုတော့ ကျနော်ရဲ့ အိမ်လေးကိုလည်း ပြန်ရွှိုင်းချင်စိတ် ပေါက်လာပါတယ်။ နောက်ပြီး အခုတလော ကိုးနတ်ရှင်ရဲ့ နှိပ်စက်မှုကြောင့် ကျနော်ရဲ့ ဘလော့ဂ်လေးဟာ အတက်နှေးနေပါတယ်။ ကျနော် လျှောက်ကလိထားတဲ့ Widget တွေကလည်း မနည်းတော့ ကော်နက်ရှင် ကောင်းရင်တောင် နည်းနည်း ကြာပါတယ်။ အခုတော့ ပိုဆိုးပြီပေါ့။ နယ်က သယ်ရင်းတွေက တင်မရဘူးချည်း လှမ်းလှမ်း အော်ဆဲနေကြတယ်လေ။ကျနော်ရဲ့ အရင် တန်းပလိတ်လေးကို တင်ခါစက အတော်လေး ရိုးရှင်းတယ်လို့ ထင်ထားပေမယ့် မြင်ပါများလို့လား မသိ။ ကြည့်ရင်းနဲ့ ရှုပ်ရှုပ်လာတယ်။ Sidebar မှာ ထည့်ထားတဲ့ Widget တွေကလည်း မနည်းတော့ မျက်စိထဲ ရှုပ်နေတယ်။ နောက်ပြီး ပို့စ်နေရာက ဖတ်ရတာ ကျဉ်းသလားလို့ ခံစားလာရတာနဲ့ တန်းပလိတ်ပြောင်းမယ် ဆိုပြီး လွန်ခဲ့တဲ့ နှစ်လကတည်းက တန်းပလိတ်အသစ်အတွက် ကြိုတင် စိတ်ကူးခဲ့တော့တယ်။ တန်းပလိတ်အသစ်မှာ ဘယ်လို အင်္ဂါရပ်တွေ လိုချင်သလဲဆိုရင် (၁) ရိုးရှင်းရမယ်။ (၂) ပို့စ်နေရာ ကျယ်ရမယ်။ (၃) Widget များများ ထည့်နိုင်ရမယ်။ (၄) တန်းပလိတ်က ကြည့်လိုက်ရင် မျက်စိ အေးရမယ်။

ဘလော့ တန်းပလိတ်ကို ပြင်ဖူးတဲ့ သူတိုင်း သိပါလိမ့်မယ်။ Sidebar မှာ widget များများ ထားရင် sidbar က ရှည်လာမယ်။ Sidebar ရှည်တော့ တစ်ခုတစ်ခု ရှာဖို့ဆို အောက်အထိ ဆင်းနေရတာလည်း တစ်ဒုက္ခ။ ဘလော့တွေ သွားလည်ရင် CBox လိုက်ရှာရတာလည်း အမော။ နောက်ပြီး Content Wrapper (Post နေရာ) နဲ့ Sidebar Wrapper နဲ့ အတိုအရှည် မညီရင်လည်း ကြည့်မကောင်းဘူး။ widget များလွန်းရင် Sidebar ရှည်တော့ ကြည့်လို့မကောင်းဘူး။ အဆင်မပြေဘူး။ Sidebar နှစ်ခု ထားပြန်တော့ Post နေရာ ကျဉ်းသွားမယ်။ နောက်ပြီး ကြည့်ရတာ မရှင်းတော့ဘူး။ ဒီတော့ အားလုံး အဆင်ပြေအောင် လုပ်နိုင်တာက Widget တွေ အားလုံးကို လိုချင်မှ ခေါ်ထုတ်လို့ရရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။CBox ကို မမြင်ချင် ဖျောက်ထားလို့ ရရမယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ Peekaboo ရဲ့ ပို့စ်ခေါက်တဲ့ idea ကို သတိထားမိသွားတယ်။ ပို့စ်ခေါက်သလို Peekaboo ရဲ့ widget ခေါက်တဲ့နည်းတွေကို ရှာတွေ့သွားတယ်။ CSS မှာ display:none; နဲ့ display:inline; ဆိုတဲ့ code တွေကို သေချာ လေ့လာပြီး ပုံစံ ပြောင်းကြည့်လိုက်တော့ အခု ညာဘက်မှာ မြင်နေရတဲ့ ပုံစံ ထွက်လာပါတယ်။ ညာဘက် Menu ကနေ ကြိုက်ရာ နှိပ်လိုက်ရင် သက်ဆိုင်တဲ့ Widget ပေါ်လာမယ်။ နောက်ပြီး Widget တစ်ခုကို မရွေ့ဘဲ တစ်နေရာတည်းမှာပဲ ပုံသေ မြင်နေချင်တယ်။ အခု CBox ဟာဆိုရင် Scroll Bar နဲ့ အောက်ကို ဘယ်လောက် ဆင်းဆင်း အမြဲ မြင်နေရတယ်။ X Y Coordinate တစ်သက်မတ်တည်း ထားချင်တာပေါ့။ အဲဒီလို Scroll Bar နဲ့ ဘယ်လောက်ဆင်းဆင်း တစ်နေရာတည်းမှာပဲ အမြဲ ရပ်နေစေချင်ရင်တော့ position:fixed; ဆိုတဲ့ CSS code ကို သုံးရပါ့မယ်။ကျနော် တန်းပလိတ် တစ်ခု ပြောင်းတိုင်းပြောင်းတိုင်းမှာ ကလိလို့ရတဲ့ အသစ်အဆန်းတွေ ထည့်ထားတတ်ပါတယ်။ ဒါကို မြင်တတ်တဲ့ ဘလော့ဂါတချို့က စိတ်ဝင်တစားနဲ့ ဘယ်လို လုပ်ရသလဲ မေးလာတတ်ကြတယ်။ သူတို့လို စိတ်ဝင်စားတဲ့သူတွေ လေ့လာချင်ရင် လေ့လာလို့ရအောင် ကျနော် နည်းနည်း ပြောပြနေတာပါ။ နောက်ပြီး လက်ရှိ တန်းပလိတ်ရဲ့ XML file ကိုလည်း လေ့လာနိုင်အောင် ထည့်ပေးလိုက်ပါ့မယ်။ ကျနော် နေ့ပေါင်းများစွာ တပင်တပန်း ရှာထားတာတွေကို သိပြီး ဒီလိုလုပ်လို့ ရပါလား ဆိုတဲ့ အာသီတတွေကို နှိုးဆွချင်တာလည်း ပါပါတယ်။ Idea အသစ်အဆန်းနဲ့ လုပ်ချင်တာလေးတွေ ရှိရင်လည်း ကျနော့်ကို ပြောပါ။ ကျနော်လည်း ကူ စဉ်းစားပေးပါ့မယ်။ နောက် တစ်ရက်ရက်မှာ ဘလော့ဂ်တစ်ခုအတွင်း အရောင်းရောစပ်ပုံကို ရှင်းပြပေးပါ့မယ်။ ဘယ်လို အရောင်တွေ ရောထားရင် ပိုပြီး အသက်ဝင်သွားသလဲ ဆိုတာ ပို့စ်အနေနဲ့ ရေးဖို့ စိတ်ကူးထားပါတယ်။ဒီ တန်းပလိတ်ရဲ့ XML file ကို ဒီမှာ Download ယူပါ။ အဆင်ပြေပါစေဗျာ။

ကျနော် ပီကေ ခရီးမှ ပြန်ရောက်နေပြီ ဖြစ်ကြောင်း
ကျနော် ခရီးထွက်နေတာနဲ့ ဘလော့နဲ့ ကင်းကွာနေတာ ဒီနေ့ဆို တစ်လတင်းတင်း ပြည့်တာပါပဲ။ ဒီရက်ပိုင်းတွေမှာ ပို့စ်အသစ် ရှိမလား ဆိုပြီး လာလာချောင်းကြတဲ့ ဘော်ဘော်တွေကို အားလည်း နာပါတယ်။ စ မသွားခင်ကတည်း ခရီးထွက်နေတုန်း လာလည်တဲ့ လူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်ရောက်ရင် သူတို့အတွက် အနှစ်သာရ ရှိတဲ့ ပို့စ်တွေ ပိုပိုပြီး ဖတ်ရအောင် ကုန်ကြမ်းရှာမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။အခု တရုတ်ပြည် ခရီးစဉ်က စုစုပေါင်း ၂၃ ရက် ကြာပါတယ်။ ခရီးစဉ်အတွင်းမှာ သိခဲ့ မြင်ခဲ့ တွေးမိခဲ့တဲ့ အရာတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်လည်ပြီး ဖောက်သည်ချမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခရီးသွား မှတ်တမ်းလေး တစ်ခုပေါ့။ နောက်ပြီး လမ်းတလျှောက် အားတဲ့ အချိန်တွေမှာ ပို့စ် အသစ်အသစ်တွေ အတွက် ကြိုပြီး စဉ်းစား ထားတာတွေ ရှိပါတယ်။ ကိုယ် ဖတ်ဖူး မှတ်ဖူးသမျှတွေ မှတ်ဉာဏ်ထဲကနေ ပြန်လည် စုစည်းပြီး တင်ပြဖို့လည်း စိတ်ကူးထားပါတယ်။ဒီလပိုင်းတွေ အတွင်းမှာ အလုပ်တွေ ရှုပ်နေတာနဲ့ ပို့စ်ရေးတာလည်း ကျဲသွားပါတယ်။ ကျနော့်ကို တက်ထားတာ နှစ်ပုဒ် ရှိပါတယ်။ ထူးထူးခြားခြား နာမည်တူ ဘလော့ဂါ နှစ်ယောက်ဖြစ်တဲ့ မီးလေးတို့ပါ။ သူတို့ တက်ထားတာကိုလည်း အမြန်ဆုံး ရေးပေးပါ့မယ်။ စိတ်တော် မညိုကြပါနဲ့ဦးနော်။ ပထမ ခရီးမထွက်ခင် ရေးသွားမယ်လို့ စိတ်ကူးထားပေမယ့် ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့အတိုင်း စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ခဲ့ရလို့ မရေးဖြစ်ခဲ့ပါဘူး။ အခု အဲဒီ အကြွေးတွေ အမြန်ဆုံး ချေပါ့မယ်။ဆက်လက်ပြီး အားပေးကြလိမ့်ဦးမယ် လို့လည်း မျှော်လင့်မိပါတယ်။ ဒီတစ်လအတွင်း လာလည်သွားတဲ့ လူတွေကို အားနာ ကျေးဇူးဆပ်တဲ့ အနေနဲ့ တကယ့်ကို ကျေးဇူးများမယ့် အနှစ်သာရ ရှိမယ်လို့ ယုံကြည်တဲ့ ပို့စ်တွေ ရေးသွားပါ့မယ်လို့ ကတိပေးတဲ့အပြင် လာအားပေးပါဦးလို့လည်း ကြုံတုန်း ဖိတ်ခေါ်လိုက်ပါတယ်။အစစ အရာရာ အဆင်ပြေပါစေဗျာ။

Announcement for Seminar
၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော “Socialization on Net” နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။

ပွဲစီစဉ်သူများ ကိုသကျထူး ကိုဇော်ဇော် ကိုဖြိုးကျော် ကိုစိုးေဇယ် ကိုမျိုးမြင့်အောင် ကိုေ၀မ်ိဳးထြဋ္ မထိုက်ထိုက်အောင် မတင်မြတ်ထက်

“How to BLOG” was launched !!!
ကျနော်ရဲ့ “ကပ်ပါပေ့ ပီကေရယ်” ဆိုတဲ့ ဘလော့ဂ်လေးကို ဖန်တီးခဲ့တာ အခုဆိုရင် တစ်နှစ်နဲ့ တစ်လ ရှိသွားပါပြီ။ ဒါပေမယ့် တကယ်တမ်း ပို့စ်စတင်ပြီး ရေးဖြစ်တာ စက်တင်ဘာမှပါ။ သူငယ်ချင်း မျက်လုံးနဲ့ မယ်လိုဒီမောင် တို့က လုပ်ပါလား လုပ်ပါလားနဲ့ အားပေးအားမြောက် ပြုခဲ့ကြလို့ ဒီဘလော့ဂ်ကို စပြီး ဖန်တီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ ရေးဖို့ မရည်ရွယ်ခဲ့ပါဘူး။ တကယ့်ကို ဘာမှ မရေးဘူးလို့ ရည်ရွယ်တာပါ။ ဒါဆို ဘာလို့ ဘလော့ဂ်လုပ်လဲ လို့ မေးချင်ကြမယ် ထင်တယ်။ ကျနော် ကွန်ပြူတာ ဆိုတာကို စ နားလည်သိကျွမ်း ကတည်းက Programming ကို စိတ်ဝင်စားခဲ့လို့ Program တွေ ရေးဖို့ပဲ အားသန်ခဲ့ပါတယ်။ Low Level ဖြစ်တဲ့ Assembly ကနေ High Level ဖြစ်တဲ့ VB, C# စတာတွေ လုပ်ဖြစ်ပြီး နောက်ပိုင်း မန်းကို သုံးလေးနှစ်လောက် ပြန်နေဖြစ်လိုက်တော့ Programming နဲ့ အတော်လေး အဆက်ပြတ်သွားတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး လုံးဝနီးပါး အနားယူလိုက်ပါတယ်။ အနားယူတယ်ဆိုတာ Programming ကို လုံး၀ မရေးတော့တာပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အင်တာနက် ဆိုတာနဲ့ နပန်းလုံးနေပါပြီ။ Software Industry ထဲ ရောက်နေတဲ့ သူငယ်ချင်းတွေက အမြဲ ပြောပါတယ်။ အခု အင်တာနက်တွေ သုံးရတာ အဆင်ပြေလာတော့ Coding အတော်များများ Snippet အနေနဲ့ ကိုယ်တိုင်ရေးစရာ မလိုဘဲ ယူသုံးလို့ ရနေပြီတဲ့။ အခု ခေတ်ကြီးမှာ Programming ဆိုတာ Searching လုပ်တတ်ရမယ်၊ Copy Paste လုပ်တတ်ရင် ရပြီတဲ့။ Ready Made Code တွေ ရှိနှင့်ပြီးသား မို့ပါ။

သူ အဲလို ပြောကတည်းက ကျနော် အတော်လေး စိတ်ဝင်စားပေမယ့် Programming ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် အသေအချာ ရှာမကြည့်ဖြစ်ပါဘူး။ အခု ဘလော့ဂ်လုပ်မယ်ဆိုတော့ ထုံးစံအတိုင်း စပ်စပ်စုစု ဟိုဟာ လုပ်လို့ရလား၊ ဒီဟာ လုပ်လို့ရလား ဆိုပြီး သူငယ်ချင်း မျက်လုံးကို နားပူကပ်ပါတယ်။ ဒါနဲ့ သူလည်း ကျနော်ကို Javascript Snippet တွေ ရှိတဲ့ Website တွေ ပေးပါတယ်။ အဲဒီကနေ ဟိုဟာ လျှောက်စမ်းလိုက် ဒီဟာ လျှောက်စမ်းလိုက်နဲ့ စမ်းလိုက်တာ နှစ်လကျော်ကျော် ကြာပြီး စက်တာဘာလမှ ပထမဆုံး ပို့စ်ကို စတင်ဖြစ်တယ်။ စိတ်ထဲမှာ ပေါ်လာတဲ့ အတွေးလေးကို ချရေးလိုက်မိတာပါ။ ဒါနဲ့ နောက်တော့ Knowledge Sharing လုပ်မယ်ကွာ ဆိုပြီး ကိုယ် မှတ်သားထားဖူးတဲ့ စာတွေ ပေတွေ တင်တော့တာပေါ့။ ဒါနဲ့ပဲ ဘလော့ဂ်နွံထဲ ဆုံးဆုံး မြှုပ်ရော။ အခုထိ ပေါ်မလာသေးဘူး။ အခုလည်း နွယ်ကြိုးလေး ကျလာလို့ အပေါ်များ တက်ရမလား အောက်မေ့ပါတယ်။ နွယ်ရှင်ဖြစ်နေတော့ ဘယ်လိုမှ မရုန်းသာတော့ဘူး။ http://myanmarbloggersociety.ning.com ကို ပြောတာပါ။ ကျနော့်ကို သူငယ်ချင်း တချို့က ဟို Forum ဒီ Forum လာဖို့ ဖိတ်ကြတယ်။ လာရေးပါ၊ လာဆွေးနွေးပါပေါ့။ ဘယ်သူတွေ ဘယ်က ဘယ်လိုခေါ်ခေါ် မျက်နှာ အနာခံပြီး ကျနော် မသွားပါဘူး။ အာရုံ မများချင်လို့ပါ။ ဒါပေမယ့် အခု ဒီ Social Network ကိုတော့ ဝင်လိုက်ပါပြီ။ လိုအပ်မယ် ထင်လို့ပါ။ ကျနော် ဒီ ဘလော့ဂ်ကို စရေးဖြစ်ပြီး သိပ်မကြာခင်မှာဘဲ ဘလော့ဂ်နဲ့ ပတ်သက်တာ လုပ်ချင်တာတွေ၊ ပေးချင်တာတွေ၊ မျှဝေချင်တာတွေ၊ ပြောပြချင်တာတွေ၊ သိစေချင်တာတွေ၊ တွေးပြချင်တာတွေ များသတဲ့ များလာတယ်။ ဒါပေမယ့် ကျနော် ဒီဘလော့ဂ်လေးကို ကိုယ့်ဖာသာ ကဏ္ဍခွဲပြီး အဲဒီ ခွဲထားတဲ့ ကဏ္ဍ (၆) ခုက လွဲလို့ ဘာမှ မရေးဘူးလို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီ ကဏ္ဍလေးတွေက

မြန်မာစာပေဆိုင်ရာ

မတိမ်မြှုပ် မပျောက်ပျက်စေချင်တဲ့ အရာများကို မျှဝေခြင်း

ကျနော်ရဲ့ အတွေးအခေါ် မှတ်တမ်း

နှလုံးသား အဟာရ စာတိုများ

ခရီးသွား မှတ်တမ်း

ဘလော့ဂ်ဆိုင်ရာ လုပ်နည်းကိုင်နည်း တို့ပဲ ဖြစ်ပါတယ်။

မြန်မာစာပေဆိုင်ရာကို ရေးတယ်ဆိုတော့ ဘာကောင်ပါလိမ့်လို့ မတွေးပါနဲ့။ ကျနော် ရိုးရိုးလူပါ။ မြန်မာလို ရေးနေကြတဲ့ ဘလော့ဂ်တွေမို့ မြန်မာစာကို ဂရုစိုက်စေချင်တာပါ။ ကျနော်ဟာ ကျောင်းသားဘဝက မြန်မာစာ ဆိုတာ ကျနော် မကျက်ချင်ဆုံး ဘာသာပါ။ အပျင်းပြေ ဖတ်ရုံသက်သက်ပဲ လေ့လာခဲ့တာပါ။ စိတ်ဝင်စားတယ်၊ ဒါပေမယ့် ကျက်ဖို့ စိတ်မပါဘူး။ လူတိုင်း နီးပါး မြန်မာစာကို အဲလို ပေါ့ပေါ့လေးနဲ့ပဲ ဖြေဆိုခဲ့ကြတယ်လို့ ယုံကြည်ပါတယ်။ ဘာကျက်စရာ လိုလဲ လို့လည်း ငယ်ငယ်ကတည်းက တွေးခဲ့ကြတာပါ။ ကျနော် ဘလော့ဂ် တော်တော်များများကို ရောက်ဖူးပါတယ်။ ကျနော် ရောက်ဖူးတဲ့ ဘလော့ရဲ့ ၆၅% လောက်က စာလုံးပေါင်းတွေ မှားကြပါတယ်။ ၇၅% လောက်က စကားလုံး အသုံးအနှုန်းတွေ မှားကြပါတယ်။ အမှားဆုံးက ဝိဘတ် သုံးတာပါ။ “တုတ်နှင့် မောင်မောင်ကို ရိုက်သည်” ဆိုသလိုပေါ့။ ၈၅% လောက်က ပုဒ်အထားအသို မှားကြပါတယ်။ “တုတ်နဲ့ မောင်မောင်ကို ရိုက်တယ်” ဆိုသလိုပေါ့။ ရာခိုင်နှုန်းတွေက ကျနော် ခန့်မှန်းပြီး ပြောတာပါ။ ကျနော် ဖတ်ဖူးတဲ့ ဆောင်းပါးတချို့ကို နားလည်သလို ပြန်ရေးပြီး (သို့) ကိုးကားပြီး တင်ပြထားတာတွေ ရှိပါတယ်။ အပွင့်လင်းဆုံး ပြောရရင် အတော်များများ စိတ်မဝင်စားကြဘူး။ ဒါပေမယ့် ကျနော် မပျောက်မပျက် ထိန်းသိမ်းချင်တဲ့ သဘော၊ မှတ်တမ်းတင်ချင်တဲ့ သဘောနဲ့ “ကျွန်တော်တို့၏ မြန်မာစာ” ဆိုပြီး ဘလော့ဂ်တစ်ခု လုပ်ထားပါတယ်။ ဒီဘလော့ဂ်မှာ တင်ထားဖူးသမျှ မြန်မာစာပေဆိုင်ရာ ပို့စ်တွေကို အဲဒီမှာ သွားကူးထည့်ပါတယ်။ လူ အတော်များများ စိတ်ဝင်တစား မရှိမှာ သိတာကြောင့် ဒီဘလော့ဂ်လေး ရှိတယ် ဆိုတာကို တသီးတခြား ပြောမနေတော့ပါဘူး။ မှတ်တမ်းတင်ထားတဲ့ သဘောပါ။ မပျောက်ကွယ်စေချင်တဲ့ အရာများ ဆိုတာ အများစုက စာအုပ်တွေပါ။ အကြောင်းအမျိုးမျိုးကြောင့် ထပ်မံထုတ်ဝေခွင့် ပိတ်ခံထားရတဲ့ စာအုပ်တွေ၊ တကြိမ်ပဲ ထုတ်ဝေပြီး ထပ် မထုတ်ဝေတော့တဲ့ ရှားပါး စာအုပ်တွေ၊ စာအုပ်အဟောင်း ဈေးကွက်မှာပဲ တွေ့နိုင်တော့တဲ့ စာအုပ်တွေ အဲဒီ စာအုပ်တွေထဲက ကောင်းနိုးရာရာလေးတွေကို မျှဝေပေးတဲ့ စေတနာနဲ့ ပို့စ်တွေရေးခဲ့ပါတယ်။ စာအုပ် မဟုတ်တာဆိုလို့ မြန်မာငွေစက္ကူတွေရဲ့ ပုံတွေပဲ ရှိပါတယ်။ ကျနော် ကြိုက်တဲ့ အမြတ်တနိုး သိမ်းထားတဲ့ စာအုပ်ကောင်းတွေကို အမြည်းကျွေးပြီး မျှဝေမယ်လို့ စိတ်ကူးထားပေမယ့် အဲဒီ စိတ်ကူးက အကောင်အထည် မပေါ်သေးပါဘူး။ နောက်ပြီး ကျနော် တောင်တွေး မြောက်တွေး လျှောက်တွေးထားတဲ့ အူကြောင်ကြောင် ကပ်တပ်တပ် အတွေးတွေလည်း တခါတခါ ရေးချတတ်ပါတယ်။ နောက်ပြီး နှလုံးသား အဟာရ စာတိုတွေကို ဘာသာပြန်ပြီး ရေးလေ့ ရေးထလည်း ရှိပါတယ်။ ခရီးထွက်ပြီး ပြန်ရောက်ရင်တော့ ကျနော် ခရီးသွား မှတ်တမ်းလေး ရေးတတ်ပါတယ်။ ဒါပေမယ့် ဒီတစ်နှစ်အတွင်း ခရီးထွက် တအား နည်းတာကြောင့် ရခိုင်ခရီးစဉ်နဲ့ ကျိုက်ထီးရိုး ခရီးစဉ် နှစ်ခုပဲ ရေးဖြစ်ပါသေးတယ်။ ကျနော် ဘလော့ဂ်ရေးတဲ့ တစ်နှစ်ကျော် ကာလ အတွင်းမှာ အများဆုံး လုပ်ဖြစ်တာက တန်းပလိတ်ကို ကလိတာပါပဲ။ ကျနော် ဒီဘလော့ဂ်ရဲ့ တန်းပလိတ်ကို အများသိ (၄) ခါတိတိ ပြောင်းဖူးပါတယ်။ ပြောင်းကြည့်ဖူးတဲ့ တန်းပလိတ်ပါ ထည့်တွက်မယ် ဆိုရင်တော့ (၈) ခါလောက် ရှိပါတယ်။ တန်းပလိတ် ကိုယ်တိုင် ပြောင်းဖူးတဲ့ လူတွေ သိပါလိမ့်မယ်။ တန်းပလိတ် ပြောင်းရတာ သိပ် လက်ဝင်ပါတယ်။ ကိုယ် တန်းပလိတ်မှာ ထည့်ထားသမျှ လုပ်ဆောင်ချက်တွေ တစ်ခုမှ မကျန်ရအောင် လိုက်ပြင်ထည့်ရတယ်။ ဒီတော့ ကျနော့ ဘလော့ဂ်မှာ လုပ်ဖူးတဲ့ ကလိဖူးတဲ့ လုပ်ဆောင်ချက် ကလေးတွေကို တန်းပလိတ် ပြောင်းတဲ့အခါ အထောက်အကူ ဖြစ်အောင်ဆိုပြီး How To ဆိုတဲ့ လေဘယ်လ်နဲ့ ပို့စ်ရေးထားတတ်ပါတယ်။ ကျနော့်ဘလော့ဂ်မှာ Blogging နဲ့ ပတ်သက်တာ ရှိတယ်ဆိုတာ လူသိ အတော်နည်းပါတယ်။ နောက်ပြီး ကျနော်ပြန်ဖတ်လို့ ရရင် ပြီးရောဆိုပြီး ကျနော် နားလည်ရုံလောက်ပဲ ရေးထားပါတယ်။ အသေးစိတ် ရှင်းမပြထားပါဘူး။  ကျနော့် ဘလော့ဂ်ကို လာလည်ပြီး “ဟာ ငါနဲ့ မဆိုင်ဘူး” ဆိုပြီး ပြန်ထွက်သွားမယ့် စာဖတ်သူတွေကို အားနည်းမိတာ အမှန်ပါ။ တကယ်ဆို Blogging နဲ့ ပတ်သက်တဲ့ ပို့စ်တွေဟာ Blogger တွေနဲ့ပဲ သက်ဆိုင်တာပါ။ ဒါကြောင့် အခု နောက်ပိုင်းမှာ ကျနော် တန်းပလိတ်ကို လျှောက်လျှောက် ကလိကြည့်ပြီး အသစ်တွေ့တာတွေကို How To Label နဲ့ ပို့စ်တင်ဖို့ အတော်လေး စဉ်းစားရပါတယ်။ မတင်ပြန်ရင်လည်း ကျနော် ဖတ်ထားခဲ့တာ အလကား ဖြစ်သွားမယ်။ တင်ပြန်ရင်လည်း လူတချို့ အတွက်ပဲ သက်ဆိုင်နေလိမ့်မယ်။ ဒီလိုနဲ့ ဟိုဒီလျှောက်တွေးရင်း ဘလော့ဂ် အသစ်တစ်ခု ဖန်တီးဖို့ စိတ်ကူးရသွားတယ်။ ဒါနဲ့ ကျနော် How To BLOG ဆိုတဲ့ နာမည်နဲ့ ဘလော့ဂ် နောက်ထပ်တစ်ခု ဖန်တီးလိုက်ပါတယ်။ လိပ်စာက http://knowhow.myanmarbloggers.org ပါ။ ဒီ How To BLOG ဆိုတဲ့ ဘလော့ဂ်မှာ Blogger.com နဲ့ ပတ်သက်တဲ့ ကျနော် ကလိဖူးသမျှတွေကို ပို့စ်အနေနဲ့ ရေးထားပါတယ်။ အခု ဒီစာကို ရေးချိန်မှာ ပို့စ်ပေါင်း ၄၈ ပို့စ် တင်ထားပြီးပါပြီ။ ပို့စ်အားလုံးဟာ New Blogger Template (XML Template) အတွက်ပဲ ရည်ညွှန်းပါတယ်။ နောက်ပြီး ပို့စ် အကုန်လုံးဟာ Blogger.com အတွက်ချည်းပါပဲ။ ဒီ ၁၀ ရက်လောက်အတွင်းမှာ ကျနော် ပို့စ်တင် ကျဲသွားပါတယ်။ အဓိက အကြောင်းရင်းက How To BLOG လေး အသက်ဝင်ဖို့ လုပ်နေရလို့ပါ။ တကယ်လို့ Blogger.com နဲ့ ပတ်သက်လို့ ကိုယ်လုပ်ချင်တာလေးတွေ ဘလော့ဂ်မှာ မရှိဘူး၊ မတွေ့ဘူး ဆိုရင် CBox မှာ အော်ခဲ့ပေးပါ။ ကျနော် ရှာဖတ်ပြီး အမြန်ဆုံး ပို့စ်တင်ပေးပါ့မယ်။ ကျနော် ဝန်ခံချင်တာက အခုရေးပြီးသမျှ ပို့စ် အားလုံးလိုလိုဟာ ဘာသာပြန်ထားတာပါ။ ကျနော် ကိုယ်တိုင် ရေးထားတာဆိုလို့ နှစ်ပို့စ်ပဲ ရှိပါတယ်။ အဲဒီအထဲမှာ ပါတဲ့ ပို့စ်တွေ အားလုံးဟာ ကျနော်ကိုယ်တိုင် စမ်းသပ်ပြီး အဆင်ပြေမှ တင်ထားတာပါ။ တကယ်လို့ စာဖတ်သူက လုပ်လို့ အဆင်မပြေဘူးဆိုရင် အသိပေးခဲ့ပါဦး။ ဘာတွေများ မှားလဲ သိချင်လို့ပါ။ ဒီပို့စ် ရေးရတဲ့ ရည်ရွယ်ချက်က How To BLOG ကို အသိပေးချင်တဲ့ သဘောပါသလို၊ ဒီနေ့ကနေ စပြီး ဒီ “ကပ်ပါပေ့ ပီကေရယ်” ဆိုတဲ့ ဘလော့ဂ်မှာ Blogging နဲ့ ပတ်သက်တဲ့ ပို့စ်တွေ မတင်တော့ဘူး ဆိုတာ အသိပေးချင်တာလည်း ပါတယ်။ တကယ်လို့ Blogging နဲ့ ပတ်သက်တာ သိချင်၊ လေ့လာချင်တယ် ဆိုရင်တော့ How To BLOG ကို သွားပေးပါ။ လိပ်စာက http://knowhow.myanmarbloggers.org ပါ။ နောက်ပိုင်းဆို စာဖတ်သူ အားလုံး ဖတ်နိုင်၊ မှတ်သားနိုင်မယ့် ပို့စ်တွေကိုပဲ ဒီနေရာမှာ တင်တော့မယ် ဆိုတဲ့ အကြောင်း စာလွှာပါးရင်း နားကြစို့ဗျာ။

ခေတ္တ နားခွင့်ပြုပါ
နာဂစ်မုန်တိုင်း၏ နှိပ်စက်မှုကြောင့် အကျွနု်ပ်၏ ကိုးနတ်ရှင်ကြီး ပြိုလဲသွားခဲ့ရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာသို့ အသိပေး အကြောင်းကြားထားသော်ငြားလည်း သက်ဆိုင်ရာမှ မသက်ဆိုင်သလို နေနေပါသဖြင့် တစ်လကျော် ကြာလာသော်လည်း အခြေအနေ မထူးခြားဘဲ ဖြစ်နေရပါသည်။ ထို့ကြောင့် အကျွနု်ပ်၏ သူငယ်ချင်းဘော်ဒါ၊ စာဖတ်ပရိသတ်များအား အားနာသမှုဖြင့် ရှေ့မျက်နှာ နောက်ထားပြီး ပြောလိုသည်မှာ “ခေတ္တနားခွင့်ပြုပါ” လို့ ….. ။