ဪ … ဆောင်း၊ ဆောင်း
`ဆောင်း´ ဆိုတဲ့ စကားလုံးကိုကြားရင် မအေးတတ်တဲ့ ရန်ကုန်ကို ကျနော်မုန်းပါတယ်။ မန္တလေး မှာ မွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာတော့ အေးတယ်ဆိုတာကို ကောင်းကောင်းသိနေပါတယ်။ ရန်ကုန်ရောက်တော့ ဆောင်းတွင်းဆိုတာကို လိုက်ရှာနေမိတယ်။ ကျနော်ငယ်ငယ်က ဆောင်းတွင်းဆို သိပ်သဘောကျတယ်။ အိပ်ရတဲ့အချိန် ပိုများလာလို့လေ။ ညတာရှည်လာတာကိုး။ နည်းနည်းမှောင်တာနဲ့ မေမေညရောက်ပြီ အိပ်တော့မယ်ဆိုပြီး ဝင်အိပ်တာပဲ။ နောက် ဆောင်းတွင်းမှာ အေးလွန်းလို့ဆိုပြီး အင်္ကျီ (၇)ထပ်ထိ ဝတ်ဖူးတယ်။ အဲဒီလိုဝတ်ရင် အပေါ်ဆုံးအထပ်က အဖေ့အင်္ကျီကို ဝတ်ရတယ်။ အလယ်ထပ်က အကို့အင်္ကျီပေါ့။ ဖြစ်နေမယ့်ပုံစံကို မှန်းကြည့်ပါလား။ အဟိ၊ ရွှေငါးကို လေမှုတ်ထားသလို ဖြစ်နေတာ။ သေးသေးလုံးလုံးလေး။ရန်ကုန်သား၊ ရန်ကုန်သူတွေကို ကျနော် အမှန်သနားမိပါတယ်။ မိမိ ဝယ်ထားတဲ့ စွယ်တာအင်္ကျီတွေ၊ ခေါင်းစွတ်တွေ၊ မာဖလာတွေကို ကျိုက်ထီးရိုးမှာမှ အဲဒီလောက်မအေးပါဘဲ […]