About Me – ဖြိုးကျော်နှင့် သူ၏စာများ

တို့စိတ်တွေ လေနေတဲ့ မေ (၃၁)
မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် သူ့ကို လွမ်းသလို၊ သူ့ကို သတိရသလို သူနဲ့ ကျောင်းနေဖက် အတန်းသူ အတန်းသား အားလုံးကလည်း ကျနော်နဲ့ ထပ်တူ သတိရကြလို့ အဲဒီ ဆုံးတဲ့နေ့ (၃၁ မေ) ပြီး နောက်တစ်ရက်မှာ သူတို့ ကဗျာတစ်ပုဒ် ဝိုင်းရေးကြတယ်။ အဲဒီကဗျာနဲ့ သူတို့ချစ်တဲ့ သူငယ်ချင်း သက်နိုင်ဦးကို ဖော်ကြူးခဲ့ကြတယ်။ အဲဒီ ကဗျာစာရွက်လေးကို သူတို့တွေ တစ်ကျောင်းလုံး ဝေငှလိုက်ကြပြီး သူငယ်ချင်းရဲ့ နောက်ဆုံးခရီးစဉ်ကို သူတို့ ဘတ်စ်ကားကြီး လေးစင်းနဲ့ လိုက်ပို့ကြပါတယ်။ (၁၂) နှစ်မြောက်တဲ့ ဒီနေ့မှာ အဲဒီ ဝေခဲ့ဖူးတဲ့ စာရွက်ကို အမှတ်တရ ပြန်ကြည့်မိပြီး သတိတရ ရှိတာနဲ့ ပို့စ် တင်ပေးလိုက်ပါတယ်။ ဒီကဗျာကို စီစဉ်တဲ့သူတွေကို ကျနော် မသိတော့ပါဘူး။ (၂၀၀၀) ခုနှစ်က မန္တလေးကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်စုလို့ပဲ သိတော့တာပါ။ သူတို့ရဲ့ ကဗျာစာသားတွေကို ဖတ်ရင်း ကျနော်လည်း တစိမ့်စိမ့် သတိရမိနေတာနဲ့ တင်လိုက်ပါတယ်ဗျာ။

ဇွဲကလောင်ကိုင်ဆွဲရင်း ကြိုးစားသည့် …အားပေးရင်းနှစ်သိမ့်တဲ့ မိဘတတွေဆက်လက်လို့ ကြိုးစား (၉၉ ကုန်တော့) တွေ့ကြသည်တို့တတွေသည် … ယခုတော့သဲထဲရေသွန် ကွယ်ပျောက်ပြီ။မိဘကဆွေး၊ တို့တတွေကလွမ်းမင်းထားခဲ့အလွမ်း၊ တို့ရင်မှာစွဲကျန်သည် …တစ်သက်မမေ့ပြီ …သွား၊ လာ၊ စား၊ ကစားရင်း အတူမင်းရဲ့ရုပ်ပုံတွေ၊ ရင်တွင်းကစကားတွေပြန်မြင်ယောင်ထင်ဟပ်မိတယ် ကျောင်းဆရာရယ် …မင်းကနေမကောင်း၊ ခုံနံပါတ်ခိုးထိုး (မင်းအတွက်)ဒါတွေက မင်းအတွက်စေတနာအခြင်းအရာ မသိတဲ့တို့ဆရာ‘မလာတဲ့သူ နောက်အခါဘယ်တော့မှမလာနဲ့’ တဲ့စိတ်ထဲမှာထင့် ငါ့ရင်မှာမင်းအတွက် ပူလောင်မိတယ်အဝေးတစ်နေရာ ပြေးထွက်သွားတဲ့ ………………… မင်းတို့ရင်မှာနေရာယူခဲ့တဲ့ ……………………………….. မင်းတစ်တန်းလုံးအတွက် အနစ်နာခံခဲ့တဲ့ ………………. မင်းတာဝန်ကျေခဲ့တဲ့ကျောင်းသား ………………………. မင်းမိဘတွေသိပ်ချစ်ခဲ့တဲ့ ………………………………… မင်းငါတို့အရမ်းသတိရနေတဲ့ ……………………………. မင်းအရာရာမင်းကို သတိရနေတဲ့ ငါတို့ကတော့မင်းနေရာဘယ်သူမှ မဝင်လာစေရကွာမင်းရဲ့ပုံဟန်လွယ်အိတ်ကိုဘေးလွယ်ပွင့်လင်းတဲ့စကားချိုသာတဲ့အပြုံးအားပေးတဲ့စကားတွေနဲ့ မင်းကိုသတိရနေတယ်မင်းအခုတော့ ဘဝအလင်းကို ကြိုတင်ရွေးခဲ့ပေါ့ …ဒို့မင်းအတွက်ရင်နင့်စွာ ကြေကွဲရင်း အထက်(ဘဝဂ်) မင်းပျော်ရွှင်စေဆုတောင်းပေးတဲ့ တို့တတွေလည်းမင်းနဲ့တစ်နေ့ဆုံတွေ့မှာပါဘဲသံသရာတစ်ကွေ့ ဘဝတစ်ကွေ့မှာ ခွဲခွာခဲ့တဲ့မင်းအတွက် အံကိုခဲရင်းဝေးသွားတာကို ဆွေးမိတယ် …‘စိန်’ ဟာ ‘မှန်’ မရွေးဘူးဆိုသလို‘သေခြင်း’ ဟာလည်း ‘လူ’ မရွေးပါဘူးဆိုတာ ဒို့သိပါတယ်သွားရတာတော့ သွားတာပေါ့ဒါပေမယ့် မင်းသွားတာ စောလွန်းတယ်မင်းဖျားနာတာ တို့တတွေတွေ့တော့အသည်းနှလုံးဆွဲထုတ် နှလုံးသွေးဖောက်သောက်ခံရသလိုအရိုးကြေမွ မျက်လုံးတွေပြာတောက်လာတယ်တစ်ကိုယ်လုံးတုန်လာတယ်မင်းကိုအရမ်းစိုးရိမ်ရင်းနဲ့ ကြွေခဲ့တဲ့မင်းကိုကြွေလင့်တဲ့အသည်းတွေနဲ့ ငါတို့ စိတ်ဓာတ်တွေ မခိုင်တော့ဘူးမင်းကိုလွမ်းတယ်ကွာ …. ။မင်းတစ်ယောက် ဗုဒ္ဓရဲ့အရိပ်အောက်မှာ အေးမြစေသား …ဘဝဂ်ဘုံမှာ ကောင်းရာသုဂတိလားစေသား … ။

ပထမနှဈ ကှနျပြူတာတက်ကသိုလျ

တံခါးခေါက်သံများ (၇)
လူတစ်ယောက်ကို မေ့ဖို့ တမင်သက်သက် လုပ်ယူနေရသရွေ့ နှစ်ဆတိုးတဲ့ နှုန်းနဲ့ တိုးတိုးပြီး သတိရနေတတ်တယ်။ မေ့ဖို့ ကြိုးစားလေလေ မေ့မရလေပေါ့။ မမေ့လို့ အသားကို နာအောင် လုပ်မိခါမှ အသားနာတိုင်း သတိရနေမိတော့တယ်။ တကယ်တမ်း ကျနော် မန္တလေး ပြန်ရောက်ကတည်းက သူနဲ့ ကျနော် ဖုန်းအဆက်အသွယ်က လွဲလို့ ဘာမှ မရှိတော့ဘူး။ တစ်ခါတလေ သူက ဖုန်းဆက်လာတတ်တယ်။ အင်မတန် နည်းပါတယ်။ တစ်ခါတလေတော့ ကျနော် ခေါ်တယ်။ နှစ်ယောက်စလုံးကို အပြန်အလှန် ခင်တဲ့ သူငယ်ချင်းလည်း မရှိလေတော့ ကျနော် သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖုန်းဆက်မှ သိရတယ်။ အဲဒီလိုပါပဲ သူလည်း ကျနော်နဲ့ ပတ်သက်လို့ ဖုန်းအဆက်အသွယ် မရရင် ဘာမှ ကြားရမှာ မဟုတ်တော့ဘူး။ ဒီလိုနဲ့ သူကလည်း ဖုန်းမဆက်၊ ကျနော်ကလည်း အသံကြားရင် ပိုဆိုးနေလိမ့်မယ်ဆိုပြီး အစိမ်းဖြတ် ဖြတ်ထားလိုက်တယ်။ ကြာတော့လည်း မေ့သွားတာပေါ့။ ၈ လ ဆိုတဲ့ အချိန်က ကောင်းကောင်း ကုစားနိုင်ခဲ့လို့ ပျော်နေခဲ့မိတာ အမှန်ပါ။ အဲဒီလို ကျိတ်ပျော်ခဲ့တဲ့ အပျော်တွေက တစ်နေ့နေ့မှာ “နောင်တ” အသွင် ပြောင်းသွားလိမ့်မယ်လို့ ဘယ်သိခဲ့မှာတုန်း။

စာဖတ်သူအနေနဲ့ ရုပ်ရှင်ထဲမှာ မြင်ဖူးမယ်ထင်တယ်။ လင်လုပ်တဲ့သူ တစ်ခုခု ဖြစ်ရင် ဇနီးသည်က အင်္ကျီချုပ်ရင်း အပ်စူးတဲ့ အခန်းကို ကြည့်ဖူးကြမယ်ထင်တယ်။ ဒါမှမဟုတ် သန့်ရှင်းရေး လုပ်ရင်းနဲ့ အနီးနားမှာ ရှိတဲ့ ပစ္စည်းတစ်ခုခုကို တိုက်မိပြီး ပြုတ်ကျ ကွဲတာကို ရိုက်ပြတတ်တယ်။ အဲဒီလို သက်ဆိုင်ရာ လူတစ်ယောက်ယောက်ကို ပုံစံတစ်မျိုးမျိုးနဲ့ အသိပေးတတ်တာ ကြုံဖူးကြမလား မသိဘူး။ သိပ္ပံပညာအရ အဓိပ္ပာယ် ရှိကောင်းမှ ရှိမှာပေါ့လေ။ ဒါကြောင့်လည်း တချို့က မယုံချင်ကြဘူး။ ကိုယ်တိုင် မကြုံတွေ့ရတော့လည်း ယုံရခက်သားပါ။ တစ်ယောက်ယောက်က လှမ်းပြီး နှိုးဆော် အသိပေးသလို ဖြစ်နေတာကိုး။ ကျနော်ကိုတော့ ဘယ်သူကမှ လာပြီး မနှိုးဆော်ပါဘူး။ ဒါပေမယ့် အဲဒီလို အလားတူ ထူးဆန်းတဲ့ ဖြစ်ရပ်နဲ့ လာကြုံရတယ်။

ကျနော် မုံရွာ စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အချိန်ပေါ့။ ဒါပေမယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ကြည့်ချင်တာနဲ့ ကျောင်းလစ်ပြီး မန္တလေးမှာ ရောက်နေတဲ့ အချိန်ပါပဲ။ ရက်စွဲ အတိအကျနဲ့ဆိုရင် ဘောလုံးပွဲ အပြီး နှစ်ရက် အကြာ ၂ သြဂုတ် ၂၀၀၂ ခုနှစ်။ နေ့ခင်းပိုင်းအချိန်မှာ ဖုန်းတစ်ကော ဝင်လာတယ်။ ခေါ်လာတဲ့ သူက ကျနော် နှမပါ။ အဖေ၊ အမေနဲ့ ဖုန်းပြောပြီး ကျနော်နဲ့ ပြောချင်တယ်ဆိုပြီး ခေါ်ခိုင်းတယ်။ ကျနော် ဖုန်းသွားကိုင်တော့ သူက ထူးထူးဆန်းဆန်း မေးခွန်း တစ်ခု မေးလာတယ်။ “အကို အိစုလှိုင်ကို သိလား” တဲ့။ ကျနော် အူကြောင်ကြောင် ဖြစ်သွားတယ်။ သူ ဘယ်လိုလုပ် အဲဒီ နာမည် သိသလဲပေါ့။ “အင်း သိတယ်လေ၊ ဘာဖြစ်လို့တုန်း” လို့ ပြန်ပြောလိုက်တော့ “အကို့ သူငယ်ချင်းလား” တဲ့ ကျနော့်ကို ပြန်မေးတယ်။ “အေး” လို့ပဲ ပြန်ဖြေရတော့တာပေါ့။ ဒီဇာတ်လမ်းကို ကျနော့် နှမ မသိတာတော့ သေချာတယ်။ တခြားလူတစ်ယောက်က အိစုလှိုင် ဆိုတဲ့ နာမည်ကို ခေါ်တာ ကျနော် နားထဲမှာ ပြန်ကြားရတာ တစ်နှစ်လောက်အတွင်းမှာ ဒါ ပထမဆုံး အကြိမ်ပါ။ အဲဒီလို နာမည်ခေါ်တာ ပြန်ကြားရတော့ အတော်တောင် ပြန်လွမ်းသွားသလိုပဲ။ လွမ်းဆိုလည်း လွန်ခဲ့တဲ့ နှစ်ရက်ကမှ သူ့ကို အတော်လေးကို သတိရနေမိတာ။ ဪ ရှစ်လတောင် ရှိသွားပါပေါ့လား ဆိုပြီးတောင် ကြိမ်းဝါးနေခဲ့မိသေးတယ်။

“အေး” လို့ ပြန်ထူးလိုက်တော့ ကျနော့် နှမက အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ပြီး “အကို့ သူငယ်ချင်း ဆုံးပြီလို့ ကြားတယ်” လို့ မရဲတရဲ လှမ်းပြောလိုက်တယ်။ ကျနော် ပါးစပ်က “ဟေ” ဆိုတဲ့ စကားလုံးတစ်လုံးက လွဲပြီး ဘာမှ ထွက်ကျမလာတော့။ ကိုယ့်ကိုယ်ကို သတိပြန်ဝင်လာတော့ သေချာ ပြန်စဉ်းစားကြည့်မိတယ်။ နောက်ပြီး သူ့ကို မေးခွန်းတွေပဲ ဆက်တိုက် မေးနေမိတော့တယ်။

နေပါဦး၊ နင့်ကို ဘယ်သူက ပြောတာလဲ။

သူငယ်ချင်းတစ်ယောက်ပဲ။သူက ဘယ်လိုလုပ်သိတာလဲ။

ကြားတာပဲတဲ့။

နင့်ဟာကလဲ။ ဟုတ်ကော ဟုတ်ရဲ့လား။ ဘယ်လိုကြီးတုန်း။

မသိဘူးလေ။ သတင်းက ဘယ်ကလာလဲတော့ မသိဘူး။ သူများတွေ ပြောနေတာကို ကျမ သူငယ်ချင်းက ကြားလို့ ကျမကို လာပြောတာပဲ။ အကို့နာမည်ကို သူတို့က သိလို့ လာပြောတာ။

အဲဒီ ပြောတဲ့ လူတွေက ဘယ်လို ပြောနေလို့တုန်း။

ဒီတက္ကသိုလ်မှာ ဖြိုးကျော် ဆိုတဲ့လူကို သိလားတဲ့။ သူ့ သူငယ်ချင်း အိစုလှိုင်က ဒီမှာ ရှိတယ်လို့ ပြောဖူးလို့တဲ့။ အခု အဲဒီ အိစုလှိုင်ဆိုတဲ့ ကိုဖြိုးကျော်ရဲ့ သူငယ်ချင်း ဆုံးသွားလို့ သူ့ကို အသိပေးချင်လို့တဲ့။ အဲလို ပြောနေကြတာပဲ။

အဲဒီ ပြောတဲ့လူကကော ဘယ်ကတုန်း။

သိဘူး။

နင့်ဟာက မသိတာတွေချည်းပဲ။

ဒီလိုနဲ့ ကျနော် ဖုန်းချလိုက်တော့တယ်။ ဘာမှလည်း ထပ်မေးလို့ မရတော့။ ကြားရတဲ့ သတင်းကတော့ မခိုင်လုံ။ ဒီတော့ ကျနော့်မှာ ယုံရခက်ခက်။ တကယ်တမ်းတော့ မသိစိတ်က မယုံချင်တာ ဖြစ်ပါလိမ့်မယ်။ သိချင်ရင်တော့ လွယ်လွယ်လေးပါ။ သတင်းစာ ပြန်ရှာဖတ်ရင်ဖတ်၊ မဖတ်ချင်ရင် သူ့အိမ် ဖုန်းဆက်ရုံပေါ့။ ကျနော် သိသလောက် သူ့မှာ ဘာရောဂါမှ မရှိဘူး။ ဖျားခဲ၊ နာခဲတယ်။ အခု ဆုံးပြီဆိုတော့ ကျနော်ကတော့ ဘယ်လိုမှ မယုံနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က ဆုံးတာဆိုတော့ ပြန်တွက်ကြည့်လိုက်တော့ ကျနော် တအားကို သတိရနေတဲ့နေ့။ ဒီတော့ သတင်းစာ ပြန်လှန်ရှာလိုက်တယ်။ နာရေးကြေငြာမှာ သူ့နာမည် တွေ့လိုက်ရတော့ ကျနော်ရဲ့ ကမ္ဘာလောကကြီးက ၁၀ မိနစ်လောက် အမှောင်ကျသွားသလိုပဲ။ ဒီလိုနဲ့ ကျနော် သူ့အိမ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးရတော့တယ်။ သူ့အမေကတော့ ငိုယိုပြီး ရှင်းပြရှာတာပေါ့။

ရောဂါရဲ့ အစကလည်း အဲဒီ လွန်ခဲ့တဲ့ ရှစ်လပါပဲ။ သူရဲ့ သွားတစ်ချောင်းကို နုတ်ပြီး နှစ်ရက်ကြာတဲ့အထိ သွေးမတိတ်လို့ ဆေးစစ်ကြည့်လိုက်မှ သွေးကင်ဆာ ဖြစ်နေမှန်း သိလိုက်ရတယ်။ ကင်ဆာမှန်းသိလို့ ဓါတ်ကင်၊ ဆေးသွင်း စတဲ့ ကုသမှုတွေ ပထမဆုံးအကြိမ် ခံယူအပြီး ဆံပင်မွေးတွေ အားလုံး ကျွတ်ကုန်လို့ စိတ်ဓါတ်ကျကျနဲ့ အိမ်မှာပဲ နေတော့တယ်။ သူ့ဆီ ဆက်သွယ်လာတဲ့ သူငယ်ချင်းက လွဲလို့ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်တော့ဘူးတဲ့လေ။ အဲဒီလို တစ်လတစ်ခါ ဆေးသွင်း၊ ဓါတ်ကင် လုပ်ရင်းနဲ့ပဲ ရှစ်လအကြာမှာ ၃၁၊ ဇူလိုင်လ ၂၀၀၂ ခုမှာ သူ ဆုံးရှာတယ်။ သွေးကင်ဆာက လူတွေနဲ့ ရင်းနှီးပြီးသား ရောဂါဖြစ်လို့ ရှည်ရှည်ဝေးဝေးတော့ ရှင်းမနေတော့ပါဘူ။ ဒါပေမယ့် သိထားသင့်တာက ကင်ဆာ ရောဂါသည်တွေအတွက် အဆိုးဝါးဆုံး ဝေဒနာဟာ အားငယ်ခြင်းနဲ့ စိတ်ဓါတ်ကျခြင်းပဲ။ ရောဂါရဲ့ ဝေဒနာထက် ကုသမှုကြောင့် ဖြစ်လာတဲ့ တန်ပြန် သက်ရောက်မှုတွေကို အတော်လေး ကြံ့ကြံ့ခိုင် ခံကြရတယ်။ အဲဒီလိုအချိန် ဘေးမှာ အားပေး နှစ်သိမ့်မယ့်သူ ရှိနေမယ်ဆိုရင်တော့ ရဲရဲရင်ဆိုင်ဖို့က အားရှိနေမှာပါ။ အဲဒီလို မဟုတ်ဘဲ အထီးကျန် ဆန်ဆန်နဲ့ အားငယ်နေရမယ် ဆိုရင်တော့ဖြင့် အဲဒီ ဝေဒနာကို ဘယ်ဆေးနဲ့မှ ကုစားလို့ ရမှာ မဟုတ်ပါဘူး။ အထီးကျန် ဆန်တာနဲ့ပဲ သူ့ဖာသာ လောကအပြင်ဘက် ရောက်သွားသလိုလို ခံစားရပြီး စိတ်ဓါတ်တွေက ကျပြီးရင်း ကျလာတော့မှာပါ။

အဲဒီ သတင်းတွေ ကြားအပြီးမှာ ကိုယ့်ကိုယ်ကို မေးခွန်း တစ်ခု မေးလိုက်မိတယ်။

“ကိုယ့်ပါးစပ်က ချစ်ပါတယ် ချစ်ပါတယ်လို့ တဖွဖွ ပြောနေခဲ့တဲ့ လူတစ်ယောက်ရဲ့ အလိုအပ်ဆုံး အချိန်တွေမှာ ငါ ဘာလုပ်နေတာလဲ“

ဒီမေးခွန်းကို ကိုယ့်ဖာသာ ဖြေမကြည့်ခင်မှာပဲ ကျနော် မျက်ရည်တွေ ဝဲလာတယ်။ အဲဒီ မျက်ရည်တွေဟာ နောင်တကြောင့် ကျလာတဲ့ မျက်ရည်တွေပါ။ ဟိုအရင် နေ့တွေက ကျနော် ခိုးပျော်ခဲ့တဲ့ အပျော်တွေဟာ အင်မတန်မှ ရွံစရာကောင်းတဲ့ အကျည်းတန်တဲ့ အပိုင်းအစတွေ ဖြစ်နေပြီ။ ကိုယ့်ဖာသာတော့ မေ့နိုင်ပြီကွ ဆိုပြီး မာန်တွေ တက်လို့။ အဲဒီ ရှစ်လအတွင်းမှာ သူ့ဆီ ဖုန်းလှမ်းခေါ်ပြီး အားမပေးနိုင်ခဲ့မိတာ အခုအချိန်ထိ နောင်တရလို့ မဆုံးဘူး။ ပစ်ထားရက်လေခြင်း ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လို့လည်း မဆုံးဘူး။ သူ အလိုအပ်ဆုံး အချိန်တွေမှာ ကျနော် အားပေးနေဖို့ သင့်တယ်လေ။ အခုတော့ အားမပေးတဲ့အပြင် အဆက်အသွယ် ဖျက်လိုက်နိုင်တာကိုပဲ ဂုဏ်ယူနေခဲ့မိတဲ့ ငါ့ဘဝ။ ကိုယ့်ကို ပြန်မချစ်လို့ သေသေဆိုပြီး ပစ်ထားလိုက်မိတာ အချစ်လား။ အခုအချိန်မှာ သက်ပြင်းချလိုက်ရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။

အခု ပြန်ရေးနေတဲ့ အတောအတွင်းမှာကို ကျနော့်စိတ်တွေ ယောက်ယက်ခတ်နေပါတယ်။ ဒါကြောင့် ကျနော် စာတွေလည်း ကစဉ့်ကလျား ဖြစ်နေမယ်ဆိုရင် တောင်းပန်ပါတယ်။ မှတ်မှတ်ရရ ကျနော်ရဲ့ အခြေအနေ ပုံမှန် ပြန်ဖြစ်ဖို့အတွက် ၆ လကျော် အချိန်ယူလိုက်ရတယ်။ အဲဒီ ခြောက်လအတွင်းမှာ အစားအသောက် မမှန်တဲ့အပြင် ညတိုင်းလိုလို သန်းခေါင် (၁၂) နာရီ ကျော်တဲ့အထိ အရိပ်တစ်ခုခုကို စောင့်နေတတ်တယ်။ မကောင်းဆိုးဝါး ဖြစ်စေတော့လို့ ရည်ရွယ်တာ မဟုတ်ပေမယ့် ဖြစ်ခဲ့ရင် ဆိုတဲ့အတွေးနဲ့ လာတွေ့လှည့်ပါဦးလို့ ပါးစပ်က တဖွဖွ ပြောနေမိတယ်။ တောင့်တနေမိတယ်။ သူရဲ့ ဘဝဟာ ရှစ်လပဲ ကျန်တော့မယ်ဆိုတာ သိခဲ့ရင် ငါ အဲဒီလို ဘယ်လုပ်ရက်မှာတုံး ဆိုတဲ့ နောင်တအတွေးတွေကလည်း နေ့တိုင်းလိုလို နှိပ်စက်လွန်းလို့ ဆိုင်ကယ်မောင်းရင်း မှောက်ပြီးသေလည်း အေးတာပဲ လို့တောင် အတွေးရောက်ခဲ့ဖူးတယ်။ ဒါတွေဟာ ဦးနှောက် မကြည်လင်ခင်မှာ ရူးရူးမိုက်မိုက် တွေးခဲ့တဲ့ အတွေးတွေမို့ အမှန်အတိုင်း ဝန်ခံရတာပါ။

ကျနော်ရဲ့ ဘဝ ပုံမှန် ပြန်ဖြစ်လာပြီ ဆိုတဲ့ အချိန်မှာ ပထမဆုံး စတွေးလိုက်မိတာ၊ ထူးဆန်းမိတာက သူဆုံးပြီ ဆိုတဲ့သတင်း ရောက်လာတဲ့ ကိစ္စ။ ပြောတဲ့သူ ဘယ်သူလဲ ဆိုတာ ကျနော် မသိဘူး။ အဲဒီလူကလည်း ကျနော့်ကို သိပုံ မရဘူး။ ဒါကြောင့်လည်း ရမ်းတန်းမှန်းစမ်းပြီး လူတကာ လိုက်မေးနေတာ။ ကျောင်းသားပေါင်း ထောင်ဂဏန်းရှိတာကို ကျနော့်နားထဲ ရောက်ဖြစ်အောင် ရောက်လာတယ်ဆိုတာတော့ အတော့်ကို ထူးဆန်းမိတယ်။ အတွေးတွေ ပုံမှန် ပြန်တွေးလာနိုင်တဲ့အခါမှာ ဒီတစ်ခါကိုလည်း တံခါးခေါက်သံအဖြစ်နဲ့ ကောင်းကောင်းကြီး မြင်ယောင်လာတယ်။

“ကျနော် ချစ်တဲ့သူတွေဟာ ကျနော့်နားကနေ အချိန်မရွေး ထွက်ခွာသွားနိုင်တယ်။ ကျနော်ကလည်း သူတို့နားကနေ အချိန်မရွေး ထွက်ခွာသွားရနိုင်တယ်။”

သူ့ကို လုံးဝဥဿုံ မေ့နိုင်ပြီလို့ ကျနော် အထင်ရောက်ခဲ့တယ်။ သူ ဆုံးပြီလို့ သိလိုက်ရတဲ့ နေ့ကနေ ၆ လအတွင်း ကယောက်ကယက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အဲဒီအဆိုကို ပယ်ချပြီးသား ဖြစ်သွားပါပြီ။ သေချာပါတယ်။ ကျနော် သူ့ကို အခုအချိန်ထိ မေ့ပျောက်လို့ မရသေးပါဘူး။ ရလိုက်တဲ့ သင်ခန်းစာက “ကျနော် ချစ်ခဲ့ဖူး၊ ခင်ခဲ့ဖူးတဲ့ လူတွေကို ဘယ်လိုနည်းနဲ့မှ မေ့ပျောက်ပစ်လို့ မရဘူး။ ကျနော့်ဘဝထဲက ဘယ်လိုနည်းနဲ့မှ ထုတ်ဖယ်ပစ်လို့ မရဘူး” ဆိုတာပါပဲ။ ကျနော့်ကိုယ် ကျနော်လည်း ကတိတစ်ခု ပေးလိုက်မိပါတယ်။

“ဘယ်လို အကြောင်းအရင်းနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ်ချစ်ခဲ့ဖူးတဲ့၊ ခင်ခဲ့ဖူးတဲ့ သူတွေကို ဘယ်တော့မှ အဆက်အသွယ် မဖြတ်ဘူး“

တံခါးခေါက်သံများ (၆)
သေနတ်ကို ကျည်အပြည့်နဲ့ ချိန်ထားပြီးခါမှ မပစ်ရတော့တဲ့ ဖီလင်၊ မေတ္တာကို ခူးဆွတ်ဖို့ ခြင်းတောင်း အသင့်နဲ့ လက်လှမ်းပြီးခါမှ ပြန်ရုပ်လိုက်ရတဲ့ ဖီလင်၊ ပါးစပ်ထဲကို လှမ်းထည့်လိုက်တဲ့ မုန့်တစ်တုံး ချော်ပြီး မြေကြီးပေါ် ကျသွားလို့ ခံစားလိုက်ရတာတွေဟာ အတူတူပဲ နှိုင်းယှဉ်လို့ ရပါ့မလား။ အဲဒီ ကတိကို ပေးလိုက်တဲ့ အချိန်မှာ ကျနော် မြင်ယောင်မိတာ တစ်ယောက်တည်း။ အဲဒါ အမေပါ။ ဖုန်းချပြီးတော့မှ ဆက်တိုက်ဆိုသလို လူတွေ အများကြီး တစ်ယောက်ပြီးတစ်ယောက် မြင်ယောင်လာပြီး အတွေးတွေ အားလုံး ထွေနေတော့တယ်။ ပထမဆုံး တွေးလိုက်မိတာက သူ့အကြောင်း။ ဟုတ်တယ်။ အိစုအကြောင်းပါ။ ကျနော် ဘာဆက်လုပ်ရမလဲ ဆိုတာ ဆက်စပ် တွေးလိုက်တဲ့အခါမှာ မျက်နှာပူလာတယ်။ မျက်လုံးထဲမှာ ဝိုင်းလှော်ပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို မြင်ယောင်လာတယ်။ ကျနော် ဘာဆက်လုပ်မရ။ တကယ်ကို မသိတော့ပါဘူး။ ငုတ်တုတ်ထိုင်ရင်း “ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမလဲ၊ မင်းနဲ့လည်း ခွဲမနေချင်ဘူးကွယ်” ဆိုတဲ့ သီချင်းစာသားကို ဆိုနေရုံပါ့။

ပေးထားတဲ့ ကတိကိုတော့ ဖျက်လို့ မဖြစ်။ အမေ ပြောတဲ့အထဲမှာ စကားလုံးတစ်လုံးပါ။ တစ်နှစ်တည်းပါ တဲ့။ ဒီတော့ ကျနော် စိတ်ဒုန်းဒုန်း ချလိုက်တယ်။ ၁၉၉၉ မရောက်မချင်း ရှောင်နေလိုက်ရုံ။ ကျနော် သူနဲ့ ထိပ်တိုက် ရင်မဆိုင်ရဲပါ။ ကြောက်လို့တော့ မဟုတ်ပေမယ့် မျက်ဝန်းအဆုံမှာ ပေးထားတဲ့ ကတိ မေ့သွားမှာ စိုးလို့။ ဒီတော့ ကျနော် လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တယ်။ ရှောင်စေတဲ့ ရှားစေ။ အသားလွတ် ရှောင်နေဖို့ မသင့်တာကြောင့် ရှောင်နိုင်ဖို့ အကြောင်း ဖန်ရတော့တယ်။ ကျနော်တို့ အတန်းချိန်က နေ့ခင်း ၁၂း၃၀ ကနေ ညနေ ၅း၀၀ အထိ။ အရင်က ၁၂ နာရီ မထိုးခင် ရောက်နှင့်နေပြီး အခွင့်ကောင်းရင် ကောင်းသလို၊ လက်ဘက်ရည်ဆိုင်၊ မုန့်ဆိုင် အတူသွားနေကျ။ သူငယ်ချင်းတွေ အလှော်ကောင်းတာလည်း ပါတယ်။ ဒီတော့ အခုဆိုရင် ၁၂ နာရီ မခွဲမချင်း ကျောင်းကို ရောက်လို့ မဖြစ်။ အစီအစဉ်တစ်ခု ဖန်တီးရတော့တယ်။ ကျနော် လှည်းတန်းမှာ သင်တန်း တစ်ခု တက်လိုက်တယ်။ အဲဒီ သင်တန်းက နံနက် ၈း၃၀ ကနေ နေ့လယ် ၁၂း၀၀ အထိ ဆိုတော့ လှည်းတန်းကနေ ဆိပ်ကမ်းသာလမ်းက သင်တန်းလာဖို့ အနည်းဆုံး နာရီဝက် အချိန်ပေးရမယ်။ ဒီတော့ သင်တန်းတက်တာနဲ့ တပြိုင်နက် ၁၂း၃၀ မရောက်တောင် အတန်း နောက်ကျဖို့က များနေပြီ။ ဒီလိုနဲ့ သင်တန်းတွေကို ဆက်တိုက် အပေါက်အကြားမရှိ စီစဉ်လိုက်တော့ သူနဲ့ တွေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ကျနော်မှာ နေ့တိုင်း နေ့လယ်စာ ထမင်းစားချိန်တောင် မရလို့ နေ့တိုင်း ဘက်စ်ကားပေါ်မှာပဲ ပေါင်မုန့် နှစ်လုံးကို နေ့လယ်စာအဖြစ် သက်မှတ်ပြီး နှစ်ပါးသွားနေရတယ်။

ဖြေရှင်းခွင့်လည်း မရှိ။ ဖြေရှင်းစရာလည်း မရှိတော့ အားလုံးကို ရှောင်နေရုံ သက်သက်နဲ့ ၁၉၉၈ ခုနစ် တစ်နှစ်လုံးကို ဖြတ်သန်းလာရတယ်။ မဟာအခွင့်အရေးလို့ ထင်ထားတဲ့ ၁၉၉၈ ခုနစ်ကြီးဟာ မဟာအလွမ်းအဆွေးနဲ့ပဲ မွန်းကျပ်နေမိတော့တယ်။ သူငယ်ချင်းတွေ အမြင်စောင်းလည်း မတတ်နိုင်တော့ဘူး။ ကိုယ်ချစ်တဲ့သူက မကြည်ဖြူလည်း ဘာတတ်နိုင်မှာလဲ။ ကိုယ်ကိုက သားလိမ္မာတစ်ယောက် လုပ်ချင်ခဲ့တာကိုး။ အဲဒီလို ဥပေက္ခာ အပြုခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်နိုင်ခဲ့မယ် ဆိုရင် ရှေ့ဆက်ပြီး ဘယ်မှားရက်ပါတော့မလဲ။ ဘယ်သူမှ မရည်ရွယ်ဘဲ ဖြစ်လာတာကြောင့် ဘဝပေးလို့ ခေါ်ကြတာပေါ့။ သူရဲ့ မျက်နှာကို မမြင်မိအောင် အတန်းကို အမြဲတမ်း နောက်ကျမှ ဝင်ပြီး အားလုံးထက် စောစောထွက်နေတဲ့ ကျနော်ဟာ တစ်ရက်မှ သူ့ကို မေ့မရခဲ့ပါဘူး။ မေ့မရလေ၊ မေ့ချင်လေ၊ မေ့ချင်လေ၊ မေ့မရလေနဲ့ လုံးချာလယ်လိုက်နေတယ်။ ဒီတော့ မဖြစ်ဖြစ်အောင် မေ့မှ ရမယ်ဆိုပြီး မမေ့မချင်း ကိုယ့်ကိုယ်ကို ဒဏ်ခတ်မိနေတော့တယ်။ တစ်ခါ သတိရမိတိုင်း ကိုယ့်ပါးကိုယ် တစ်ချက် ရိုက်နေမိတယ်။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက် အကြိမ်ကြိမ် ကိုယ့်ပါးကိုယ် ရိုက်နေမိတဲ့ အချက်ရေကို ရေတွက်ရင်းနဲ့ ၁၉၉၉ ခုနှစ် ဆိုတာ ရောက်လာတယ်။

“အချိန်နှင့် ဒီရေသည် လူကိုမစောင့်” ဆိုတဲ့ စကားပုံကို ကျနော် ထည့်ဖြည့်လိုက်ချင်တယ်။ “အချိန်၊ ဒီရေနှင့် အချစ်သည် လူကို မစောင့်” လို့ ပြင်ပစ်လိုက်ချင်ပါတယ်။ နဂိုကတော့ ၁၉၉၉ ဟာ ကျနော်ရဲ့ အချစ်တွေ ပြန်ပြီး လန်းဆန်း နလန်ထူလာမယ်လို့ ထင်ခဲ့မိတာလေ။ ဥပေက္ခာပြုခဲ့မိတဲ့ ကျနော်ရဲ့ အပြစ်တွေအတွက် လျော်ကြေးပေးခွင့် ရလိမ့်မယ်လို့ တွေးခဲ့မိတာ။ ဘုန်းကြီး ခေါင်းခေါက်ပြီးမှ တောင်းပန်ချင်တဲ့ ကျနော်အဖြစ်ကို တစ်ရက်ထက်တစ်ရက် ပိုပိုပြီး သတိထားလာမိတယ်။ ဥပေက္ခာပြုခဲ့တာလည်း … ငါ၊ ဒဏ်ရာ ပေးခဲ့တာလည်း … ငါ၊ အေးခဲစေခဲ့တာလည်း … ငါ၊ တစ်နှစ်အကြာမှ ပြန်ပေါင်းထုပ်ချင်တဲ့ ငါ ပါလားလို့ တစ်နေ့တစ်ခြား ဆင်ခြင်လာမိတယ်။ ဒီတစ်ခါတော့ သူ မျက်နှာလွှဲအလှည့် ရောက်ပြီပေါ့။ သူငယ်ချင်းထက်ကို ဘာမှ အပိုမခံတဲ့ သူနဲ့ အဆစ်လိုက်တောင်းနေတဲ့ ကျနော် နေ့စဉ်ရက်ဆက် မျက်နှာချင်း ဆုံရတာတောင် ပင်ပန်းလာတယ်။ ၁၉၉၉ နှစ်ဆန်းပိုင်းမှာမှ ဖြစ်သွားကြတဲ့ သူ့ချစ်သူနဲ့ မိတ်ဆက်ပေးလာတော့ ခပ်ပြုံးပြုံးလေး နေတတ်အောင် ကြိုးစားခဲ့ရတယ်။ ဒီလိုနဲ့ ၁၉၉၉ ခုနစ်မှာလည်း ကိုယ့်ပါးကိုယ် ထပ်ရိုက်နေရပြန်ပြီပေါ့။ ကျနော် ဘယ်သူ့ကို အပြစ်တင်ရမလဲ။ သတိရတတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပြီး ကိုယ့်ဖာသာပဲ ရိုက်နေမိတော့တယ်။ သိပ်ချစ်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ မုန်းနေမိတယ်။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။၂၀၀၀ နှစ်ဆန်းပိုင်းမှာ သူ သင်တန်း ဆက်မတက်တော့ဘဲ ထွက်သွားတယ်။ ကျနော်လည်း သင်တန်းတွေ ပြီးတော့ မန္တလေးပြန်လာခဲ့တယ်။ သူ့ကိုတော့ သတိရလျက်၊ လွမ်းလျက်၊ ဆွေးလျက်ပေါ့။ “ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့” ဆိုတဲ့ စကားပုံ အတိုင်းပါပဲ။ ကျနော့်အပေါ်မှာ သေနေပြီဖြစ်တဲ့ သူရဲ့ စိတ်ကြောင့် ကြာတော့လည်း တဖြည်းဖြည်း မေ့လာပြီပေါ့။ မှတ်မှတ်ရရ ၂၀၀၁ ခုနစ်မှာ ကျနော် သူနဲ့ ဖုန်း နှစ်ခါပဲ ပြောဖြစ်တော့တယ်။ နောက်ဆုံး သူ့အကြောင်းကို မတွေးမိသလောက် ဖြစ်လာတော့မှ ငါ သူ့ကို လုံးဝ မေ့နိုင်သွားပြီပဲလို့ ဂုဏ်ယူနေမိတယ်။ ကျေနပ်နေမိတယ်။ အဲဒီလို တကယ်ပဲ ဂုဏ်ယူနေဖို့ သင့်ရဲ့လား။ ကျေနပ်စရာကော ဟုတ်ရဲ့လား။ စာဖတ်သူအနေနဲ့ ဘာမှမဟုတ်တဲ့ ကိစ္စလို့ ထင်နေမယ်နော်။ ကျနော်အတွက်တော့ မဟာအောင်မြင်မှုကြီးပဲ။ တစ်ခါ သတိရတိုင်း ပါးတစ်ချက် အရိုက်ခံရလို့ မျက်နှာ နီရဲနေတဲ့ ကျနော်။ တစ်နေ့ကို ဆယ်ချက်မက ကိုယ့်ဖာသာ ခိုးခိုး ရိုက်နေမိတဲ့ ကျနော်။ အခုတော့ လုံးဝ အရိုက်မခံရတာ လနဲ့ချီ ကြာသွားပြီဆိုတော့ ဒါ ဝမ်းသာစရာ မဟုတ်ဘူးလား။ ကျနော် ဝမ်းသာမိတာတော့ အမှန်ပါ။ သူ့ကို မုန်းသွားလို့ မဟုတ်ပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်နိုင်လို့ပါ။

ဒါဆို ကျနော် အောင်နိုင်သူကြီးပေါ့။ ကျနော် သူ့ကို ပြန်သတိရတဲ့ အချိန်မှာ ပြန်တွက်ကြည့်လိုက်တော့ သူနဲ့ အဆက်အသွယ် မရခဲ့တာ ၈ လတိတိ ရှိသွားပြီ။ ကျနော် သိပ်ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်၊ နေ့တိုင်း သတိမရဘဲ မနေနိုင်ခဲ့တဲ့ လူတစ်ယောက်ကို ၈ လတိတိ မေ့ထားလိုက်နိုင်တာ ဝမ်းသာစရာများလား။ ဒါပေမယ့် ကျနော် ကျေနပ်နေမိတာတော့ အမှန်ပါ။

” လူတစ်ယောက်ကို မုန်းဖို့ သတ္တိလိုတယ်။ ချစ်ဖို့ ရေစက်လိုတယ်။ မေ့ဖို့ အချိန်လိုတယ် ” တဲ့။

နောက်ဆုံးတော့လည်း ဘယ်သူမှ အရှုံး မရှိလိုက်သလိုပဲ။ ကျနော် ရလိုက်တာ ဇာတ်လမ်းတစ်ပုဒ်၊ သူ ရလိုက်တာ သူငယ်ချင်းတစ်ယောက်။ ဒါပေမယ့် ဆွေးနေတဲ့ သူငယ်ချင်းပေါ့။ အခုတော့ အဲဒီ သူငယ်ချင်းက ပျော်နေနိုင်ပါပြီ။ ဘာမှကို သတိမရတော့ဘဲ ၂၀၀၂ ခုနစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်လို့။ ဘောလုံးပွဲ ပြီးလို့ နှစ်ရက်အကြာ ၂၀၀၂ ခုနစ် ဇူလိုင်လ ၂ ရက်နေ့ နေ့ခင်းမှာ ဖုန်းတစ်ကော ဝင်လာတယ်။ အဲဒီ ဖုန်းတစ်ကောကြောင့်ပဲ ကျနော်ရဲ့ ဘဝကြီးတစ်ခုလုံး ဗြောင်းဆန်သွားတော့တယ်။

(ဆက်ရန်)

တံခါးခေါက်သံများ (၅)
တံခါးခေါက်သံများ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က (၁)၊ (၂)၊ (၃)၊ (၄) ဆိုပြီး အပိုင်း(လေး) အထိ ရေးပြီး ဆက်မရေးဖြစ်တော့ဘူး။ ကျနော့်ဘဝရဲ့ ကောက်ကြောင်းတချို့ကို ချရေးတာဆိုတော့ အပိုင်းတွေ အများကြီး အများကြီး ထပ်ရေးလို့ ရနေသေးတာပေါ့။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ အတော်ကို ကြွေကျလုမတက် ဆွေးမြေ့လာတယ်။ ဖတ်နေတဲ့လူတော့ မပြောတတ်ဘူး။ အေးပေါ့လေ။ ကျနော်က တကယ် အဖြစ်မှန်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သူဆိုတော့ ပြန်တွေးမိတိုင်း အဟောင်းတွေ အသစ်အသစ် ဖြစ်ဖြစ်လာတာတော့ အမှန်ပဲ။ ဒီ အပိုင်း (၅) ကို ဆက်ရေးရတော့မယ် ဆိုရင် ပိုပြီးတော့ကို စိတ်ထိခိုက်စေမယ့် လူတစ်ယောက်အကြောင်း ဖြစ်နေလို့ ကျနော် လွန်ခဲ့တဲ့ ခြောက်လကတည်းက ရေးဖို့ လက်တွန့်ခဲ့တယ်။ တံခါးခေါက်သံများ ပို့စ်ကို ရေးလို့ တစ်ပိုင်းပြီးတိုင်း ပြီးတိုင်းမှာ ကျနော်ရဲ့ ဦးနှောက်မှာ အတိတ်က ပုံရိပ်တွေနဲ့၊ မျက်ဝန်းမှာတော့ မိုးရွာတော့မယ်။ အပိုင်း (၄) ကိုပြီးလို့ နောက်တစ်ပိုင်း ဆက်ရတော့မယ် ဆိုရင် နောက်ထပ် လူတစ်ယောက်ရဲ့ အကြောင်းကို ကျနော် ရေးရတော့မယ်။ အဲဒီ အကြောင်းကို ရေးဖို့ စဉ်းစားရမှာတောင် ကျနော် ရင်လေးနေမိတယ်။ အဲဒီ အတိတ်ကို မတူးဆွချင်တော့လို့ပါ။ ကျနော်အနေနဲ့ ဆက်မရေးချင်တဲ့ အကြောင်းအရင်း (၃) ခု ရှိတယ်။

သူဟာ ကျနော့်ဘဝမှာ သိပ်အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဲဒီလို သိပ်အရေးကြီးခဲ့တဲ့ လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရလို့ ကြားလိုက်ရတဲ့ တံခါးခေါက်သံဟာ အခုထိကို ကြားယောင်နေဆဲပါ။ အခုထိကို မမေ့မပျောက် လွမ်းဆွတ်နေမိလို့ ကျနော် ဆက်မရေးဖြစ်တာပါ။ ကိုယ့်အကြောင်းကိုယ် ပြန်ရေးလိုက်တိုင်း အတိတ်ရဲ့ အကြောင်းကို သေသေချာချာ ပြန်စဉ်းစားမိလိုက်တိုင်း ဝမ်းနည်းစရာတွေ ထပ်ထပ် ပေါ်လာတော့ ဆက်ရေးဖို့ကို မရဲတော့ဘူး။ သူက ကျနော် ပထမဆုံး ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ပါ။ ဒီလောက်ဆို အခြေအနေကို သိလောက်ပြီ ထင်ပါတယ်။ သူရဲ့ အကြောင်းကြောင့် ကြားခဲ့ရတဲ့ တံခါးခေါက်သံကို မပြောခင်မှာ သူအကြောင်း အနည်းအကျဉ်းတော့ ပြန်ပြောသင့်မယ် ထင်တယ်။ အဲဒီအကြောင်း ပြန်ပြောကြေး ဆိုရင်တော့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမှာမို့ ပိုလို့တောင် မရေးချင်တော့ဘူး။ နောက်ပြီး အရင်ကချစ်သူအကြောင်း အကျယ်တဝံ့ ရေးနေဖို့ မသင့်ဘူးလို့ ယူဆမိလို့လည်း အပိုင်း (၄) ပြီးတာနဲ့ ဆက်မရေးဖြစ်တော့ဘူး။ ဒါပေမယ့် ကျနော် အခု ဆက်ရေးနေပါပြီ။ ဘာလို့လဲ ဆိုတာ သိချင်ကြပါလိမ့်မယ်။ ရှင်းရှင်းလေးပါ။ ကျနော် ရခဲ့တဲ့ သင်ခန်းစာ၊ အတွေ့အကြုံကို တစ်ယောက်စာအတွက်ပဲ သိမ်းမထားချင်လို့ပါ။ ရယ်ချင်လည်း ရယ်ကြပါတော့၊ ဟားချင်လည်း ဟားကြပါတော့၊ ဆွေးချင်လည်း ဆွေးကြပါတော့၊ ငိုချင်လည်း ငိုကြပါတော့။ သေချာတာကတော့ ဘဝဆိုတာ သင်ခန်းစာတွေကို နေရာမလပ် ဆက်တိုက် ရေးမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတစ်အုပ်လို့ မြင်နိုင်ပြီဆိုရင် ကျနော် ရေးပျော်ပါပြီ။

ဒီအကြောင်းကို စရေးတော့မယ် ဆိုရင် သူနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်ရဲ့ ရက်စွဲတွေကို ပြန်လှန်ရတော့မယ်။ အင်း … ကိုယ့်ဟာကိုယ် ပြန်လှန်ရာတောင် ကျနေမလား မသိဘူး။ သူ့နာမည်က အိစုလှိုင်ပါ။ ကျနော်တို့က အိစုလို့ ခေါ်ပါတယ်။ အိစုဆိုတာ ဂျပန်လိုတော့ ထိုင်ခုံပေါ့။ ၁၉၉၇ ခုနစ် ဇူလိုင်လ၊ ကောင်းကင်ကြီး မျက်ရည် ဖြိုင်ဖြိုင်ကျတဲ့ မိုးရာသီမှာ ကျနော်တို့ သိခွင့်၊ ခင်ခွင့်ရခဲ့တယ်။ မိုးရာသီရဲ့ အစဟာ မျက်ရည်မိုးနဲ့ပဲ ဆုံးရလိမ့်မယ်လို့ အဲဒီတုန်း ဘယ်လိုလုပ် သိခဲ့ပါ့မလဲ။ ပျော်လို့ မော်လို့ပေါ့။ စာမေးပွဲ ဖြေဖို့ စာအတူတူ လုပ်ကြရင်း ကျနော်တို့ ခင်မင်ခွင့်ရခဲ့တယ်။ ဒါပေမယ့် (၁၅) ရက်တည်း ဆုံဆည်းခွင့် ရခဲ့တယ်။ နောက်တော့ တစ်တန်းပြီး ကျောင်းတွေ ပိတ်လို့ ကိုယ်စီကိုယ်စီ အိမ်မှာပဲ နေကြတော့ ကျနော်တို့ ဝေးသွားပြန်ရော။ ဒီရက်ပိုင်းတွေ အတွင်း သူနဲ့ ပတ်သက်ပြီး ကျနော် သိလိုက်တာက ဘာမှ မများ။ နာမည်က အိစုလှိုင်၊ အင်းစိန်က နိဗ္ဗာန်လမ်း (ပြင်ထားပါသည်) မှာ နေတယ်။ အိမ်နံပါတ် မသိ။ အိမ်မှာ ဖုန်းရှိတယ်။ ဒါပေမယ့် နံပါတ်မသိ။ အဖေနာမည်မှာ “အောင်” တစ်လုံး ပါတယ်။ ကျန်တာ ဘာမှ မသိ။ ကျနော် သူနဲ့ တအား တွေ့ချင်တယ်။ သူ့ကို မြင်ချင်တယ်။ လိပ်စာက မသိတော့ သွားလို့မရ။ သူနဲ့ ခင်တဲ့ တခြား ယောကျ်ားလေး သူငယ်ချင်းတော့ ရှိတယ်။ လိပ်စာသိ၊ ဖုန်းနံပါတ်သိပေမယ့် ကျနော် မမေးချင်။ မာနကြီးတဲ့ လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုလည်း မြင်မိတယ်။ ကိုယ့်ဖာသာ သိအောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပထမဆုံး ဖုန်းနံပါတ်ကို ရအောင် ရှာပါတော့တယ်။ ဒီလိုနဲ့ လူတစ်သန်းမှာ တစ်ယောက်တောင် လုပ်ဖူးချင်မှ လုပ်ဖူးမယ့် ရူးရူးမိုက်မိုက် အလုပ်ကို လုပ်မိတော့တယ်။ ဖုန်းနံပါတ် ရအောင် ဘာလုပ်မယ် ထင်လဲ။

သူနဲ့ ပတ်သက်ပြီး ကျနော် သိတာ သိပ်မများဘူး။ ဖုန်းနံပါတ်ရဖို့ ဆိုရင် ရှာလို့ရတာ ဖုန်းစာအုပ်ပဲ ရှိတော့တယ်လေ။ ဒီတော့ ကျနော် Yangon Directory စာအုပ်ကို ချပြီး လှန်ရှာပါတော့တယ်။ အဖေနာမည် သိလား ဆိုတော့ မသိဘူး။ လိပ်စာ ဆိုပြန်တော့လည်း မြို့နယ်နဲ့ လမ်းနာမည်ပဲ သိတယ်။ ဒီတော့ ကျနော်မှာ လုပ်စရာ တစ်နည်းပဲ ရှိပါတော့တယ်။ စာမျက်နှာ တစ်ထောင်ကျော်ပါတဲ့ Yangon Directory စာအုပ်ကို တစ်မျက်နှာချင်းစီ လှန်ပြီး xxxx လမ်းလို့ လိပ်စာတပ်ထားတဲ့ ဖုန်းနံပါတ် မှန်သမျှ ကူးရေးပစ်လိုက်တယ်။ Data ပေါင်း သိန်းဂဏန်း၊ စာမျက်နှာ တစ်ထောင်ကျော် ရှိတဲ့ “ဘာပဲလိုလို” စာအုပ်ကို တစ်ခုမကျန် တစ်ရွက်ချင်း လှန်လိုက်တာ (၃) ရက်လောက် အချိန် ယူလိုက်ရတယ်။ မျက်လုံးလည်း အတော် ညောင်းသွားပြီ။ ဘာမှ မရလိုက်တာနဲ့ စာရင်တော့ ဖုန်းနံပါတ် (၇) ခု ရလိုက်တာ အမြတ်ပဲ။ ဒီတော့ အဲဒီ ဖုန်းနံပါတ်တွေကို တစ်လုံးချင်းဆီ ခေါ်ပြီး ခပ်တည်တည်နဲ့ “အိစုလှိုင် ရှိပါသလားခင်ဗျာ” လို့ မေးပစ်လိုက်တယ်။ ကဲ … နောက်ဆုံးတော့ ကျနော်ရဲ့ စွန့်စားမှုက အလဟဿ မဖြစ်လိုက်ပါဘူး။ ဖုန်းနံပါတ် ရတဲ့အပြင် အိမ်လိပ်စာပါ သိလိုက်ရပြီ။ သူ ဖုန်းထဲမှာ ကျနော်ကို မေးပါတယ်။ “ဒီ ဖုန်းနံပါတ် ဘယ်လိုလုပ် ရတာလဲ” တဲ့။ “ဒီလိုပဲပေါ့၊ မရရအောင် ရှာရမှာပဲ” လို့ပဲ ပြန်ဖြေလိုက်မိတယ်။ အထက်ကပြောသလို စာအုပ်လှန်ရှာတာပါလို့ ပြောရမှာ ရှက်နေမိခဲ့တယ်။ ဪ မာန၊ မာန၊ လုံးဝကို မချနိုင်ခဲ့ဘူး။ အင်း … သူ သေသွားပေမယ့် သူ့ဖုန်းနံပါတ်ကို အခုလို ရှာပြီး ရခဲ့တယ်ဆိုတာတောင် မသိရှာလိုက်ဘူး။

ဒီလို ဒီလိုနဲ့ လိပ်စာလည်း သိရော ရှေးထုံးမပယ်ဘဲ အကြောင်းမရှိ အကြောင်းရှာပြီး ချောင်းပေါက်အောင် သွားနေဖြစ်တယ်။ ၁၉၉၈ ခုနစ် သင်တန်းတွေ ပြန်ဖွင့်တော့ ကျနော်တို့နှစ်ယောက် တစ်ခန်းတည်း လာကျတယ်။ ဒါ အခွင့်ကောင်းပဲ။ ဒီထက်ကောင်းတာတောင် ဒီလောက် မကောင်းနိုင်ဘူး။ ကျနော်ရဲ့ မလှုပ်တလှုပ်၊ မရဲတရဲ ဖြစ်နေတာကို အားမလို အားမရ ဖြစ်နေတဲ့ လူတွေ ရှိတယ်။ မမီတို့၊ နန်းအိတို့ သူငယ်ချင်း တစ်စုပေါ့။ သူငယ်ချင်းတို့ရဲ့ ထုံးစံအတိုင်း အားရပါးရ ဝိုင်းလှော်ကြပါတော့တယ်။ ဒီတစ်ခါမှ ရည်စားမရလည်း တစ်သက်လုံး ရမှာ မဟုတ်တော့ဘူး ဆိုတဲ့ ဘုရင့်နောင် ဖောင်ဖျက် စိတ်ဓါတ်နဲ့ အတင်းကို ဝင်လုံးပစ်လိုက်တယ်။ “ရာသီဥတုက အခုဆို ကိုယ့်ဘက်ပါတယ်” ဆိုတဲ့ အေးချမ်းမေ သီချင်းလိုပဲ အခြေအနေတွေ အလိုကျ ဖြစ်လာပြီး ကံကြမ္မာက လက်ဖျောက်တီး အချက်ပေးလာလို့ အောပစ်လိုက်တော့မယ် ဆိုကာမှ ဘဝကြီးက ကုလားဖန် အထိုးခံလိုက်ရတယ်။ ဘယ်သူ့အပြစ်လို့ မဆိုသာခဲ့ပါဘူး။ ဒါပေမယ့် သူ့အတွက်တော့ ကျနော်ဟာ အပြစ်အကြီးဆုံး လူတစ်ယောက်ပါ။

၁၉၉၈ ခုနစ်၊ ဖေဖော်ဝါရီလရဲ့ မနက်ပိုင်း တစ်ခုမှာ မန္တလေးက အမေနဲ့ ဖုန်းပြောဖြစ်တယ်။ အမေပြောခဲ့တဲ့ စကားကို အနှစ်ချုပ် ပြောရရင် “သား၊ ဒီနှစ်ထဲမှာ မိန်းမရကိန်း ရှိတယ်။ ဒီတော့ ဒီတစ်နှစ်လုံး မိန်းကလေးတွေနဲ့ ခပ်ဝေးဝေးနေပါ” တဲ့။ အသက် (၂၀) မပြည့်သေးတဲ့ သားတစ်ယောက်ကို စိတ်ပူတာ သဘာဝကျပေမယ့် စိတ်ပူတဲ့ အကြောင်းအရင်းက သဘာဝ ကျမနေဘူး။ ဒီတော့ ဘယ်လိုလုပ် ကျေနပ်နိုင်ပါ့မလဲ။ “အမေ့ကို ဘယ်သူ ပြောတာလဲ” လို့ မေးလိုက်တော့ ဗေဒင်မေးတာတဲ့လေ။ ကျနော့်ဘဝမှာ အယုံအကြည် မရှိဆုံး လူတွေထဲမှာ ဗေဒင်ဆရာ အပါအဝင်ပဲ။ ဒီတော့ အမေရဲ့ စကားကိုလည်း ကြားရော ကျနော် ဟားတိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ရယ်ပစ်လိုက်တယ်။ ကျနော် ရယ်သံရဲ့ အဆုံးမှာ ထွက်လာတဲ့ အမေရဲ့ အသံတွေဟာ ကရုဏာစိတ်ကြောင့် အတော်ကို တုန်ခါနေပါပြီ။ “သားရယ်၊ မဟုတ်ရင်တော့ အကောင်းဆုံးပေါ့။ မိန်းမရလို့ ဒီမိန်းကလေးဟာ သားအတွက် အကျိုးများမယ်ဆိုရင် အမေကိုယ်တိုင် လာတောင်းပေးမှာပါ။ အခုတော့ သားအတွက် ဘယ်လိုမှ မကောင်းဘူး ပြောလို့ အမေက တားနေရတာပေါ့” ဆိုတဲ့ အမေရဲ့ ငိုမဲ့မဲ့ အသံကြောင့် ကျနော် ဘယ်လိုမှ မရယ်နိုင်၊ မပြုံးနိုင်တော့ပါ။ ဒီလိုနဲ့ ကျနော် အမေ့ကို ကတိတစ်ခု ပေးလိုက်ရတော့တယ်။

“ကြည်ဖြူတာပဲ ဖြစ်ဖြစ်၊ မကြည်ဖြူတာပဲ ဖြစ်ဖြစ် မိန်းကလေးမှန်သမျှကို သတိရှိရှိ ဝေးဝေးက ရှောင်ပါ့မယ် မေမေ”

(ဆက်ရန်)

တံခါးခေါက်သံများ (၄)
ဆရာဝန်နဲ့ အေးဆေး စကားပြောဖြစ်တော့ (၇) ရက် စောင့်ရတဲ့ အကြောင်းအရင်းကို မေးကြည့်ဖြစ်တယ်။ ဆရာဝန်ကလည်း အသေအချာ ရှင်းပြပါတယ်။ ဘာလို့လဲဆို ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ရောဂါတွေ ထဲမှာ ခွေးရူးပြန်ရောဂါလည်း တစ်ခု ပါဝင်နေလို့ပါ။ ခွေးရူးရောဂါပိုးဟာ အရေပြား အပေါက်အပြဲကနေ တဆင့် ခန္ဓာကိုယ်ထဲကို ရောက်နေတတ်ပါတယ်။ အဓိက သယ်ဆောင်လာပေးတဲ့ ကြားခံဟာ ခွေးသွားရေပါ။ အဓိက ကူးစက်စေတဲ့ သတ္တဝါဟာ ခွေးဖြစ်တာမို့ ခွေးရူးပြန်ရောဂါလို့ ကင်းပွန်းတပ်တာ ဖြစ်ပါလိမ့်မယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင် ခွေးတိုင်းမှာ ခွေးရူးပြန်ရောဂါပိုး ရှိနေတတ်ပါတယ်။ ကာကွယ်ဆေး ထိုးမထားတဲ့ ခွေးတိုင်းမှာပေါ့။ တစ်ခါတလေ အိမ်မွေးခွေး တချို့က ကိုယ်ရဲ့ သခင်ကို ချစ်စနိုးနဲ့ လက်ကိုဖြစ်ဖြစ်၊ ခြေကိုဖြစ်ဖြစ် ခဲထားတတ်ပါတယ်။ ခွေးသွားရေမှာ ပိုးပါဝင်နိုင်မှုဟာ ကစားသလို စော့သလို ကိုက်တာထက် ကြောက်အားလန့်အား ကိုက်လိုက်တဲ့အခါမျိုးမှာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ကျနော် သတိမထားမိတာ တစ်ခုက ခွေးရူးပြန်ရောဂါဟာ ကြောင်ကုတ်တာ၊ ကိုက်တာ ခံရလို့လည်း ကူးစက်တတ်ပါတယ်။ ဘာလို့လဲဆို ကိုက်တဲ့ ကြောင် ကိုယ်နှိုက်က ခွေးကိုက်ခံထားရလို့ပါ။ အဲဒီလို ခွေးကိုက်ခံထားရတဲ့ ကြောင်က လူကို ကုတ်ရင် ကိုက်ရင်လည်း ကူးစက်ပြန်ပါတယ်။ အဲဒါ သတိထားရမှာပါ။ နောက်ပြီး ကုတ်တာ၊ ကိုက်တာအပြင် အရေပြား အပေါက်အပြဲ တစ်နေရာရာကို အဲဒီကြောင်က လျှာနဲ့ လျက်ရင်လည်း ကူးစက်ပြန်ပါတယ်။ အဲဒါကို အင်မတန်မှ သတိထားသင့်ပါတယ်။ အိမ်မွေးကြောင်တွေကို ချစ်တယ်ဆိုပြီး ပိုင်ရှင်တွေက လျှက်တာ ခံလေ့ရှိပါတယ်။ အရေပြား အပေါက်အပြဲဆိုတာ လူတိုင်းလိုလိုမှာ တစ်နေရာမဟုတ် တစ်နေရာတော့ ရှိနေတတ်ပါတယ်။ လက်နဲ့ ကုတ်မိတယ် ဆိုရင်ပဲ အရေပြားက ခြစ်ရာကြောင့် ပေါက်သွားပါပြီ။ အဲလို နေရာမျိုးကို ခွေးကိုက်ခံထားရတဲ့ ကြောင်က လျှာနဲ့ လျက်လိုက်တယ် ဆိုရင်ပဲ သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ခွေးရူးရောဂါပိုးဟာ လူဆီကို ကူးစက်သွားပါတယ်။ ဒါက လူသိနည်းပြီး ကူးစက်နိုင်ခြေ အများဆုံး ကူးစက်နည်းပါ။ ဒါကြောင့် ကိုယ်ရဲ့ အိမ်မွေးတိရစ္ဆာန် ခွေးကိုက်ခံရပြီ ဆိုရင်လည်း ကာကွယ်ဆေး အမြန်သွား ထိုးသင့်ပါတယ်။ သူ့ကို ကာကွယ်ရင်း ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ခွေးရူး ရောဂါပိုးဟာ အသက်အန္တရာယ်ကို ပေးစေတဲ့ အကြောင်းအရင်းကို ဦးနှောက်ကို ရောက်သွားလို့ပါ။ ဦးနှောက်ကို ရောက်ပြီး (၇) ရက်အတွင်းမှာ ဦးနှောက်ရဲ့ အလုပ်တွေ အားလုံးကို Shut down လုပ်ပစ်ပါတယ်။ ဒါကြောင့်လည်း သဘောအရဆို ခွေးရူးပြန် ရောဂါမှန်ရင် (၇) ရက်အတွင်း သေပါတယ်။ ကြောက်စရာ အကောင်းဆုံး ရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုပါ။ နောက်ပြီး ခွေးရူးပြန်ရောဂါပိုးဟာ ဦးနှောက်ကို မရောက်မချင်း သူရဲ့ လက္ခဏာတွေကို ပြလေ့ မရှိပါဘူး။ ပြပြီ ဆိုပြန်တော့လည်း (၇) ရက်အတွင်း သေပွဲဝင်ရတော့တယ်။ ခွေးရူးပြန်ရောဂါဟာ မြုံနေတတ်တာကြောင့် ကိုက်ခံရပြီး ဘယ်နှရက်အတွင်း ဦးနှောက်ကို ရောက်သလဲ ဆိုတာကိုတော့ အတိအကျ ပြောလို့ မရပြန်ပါဘူး။ ဒါကြောင့်လည်း သူငယ်ချင်းက ကိုက်ခံရပြီး ရှစ်လလောက်နေမှ ရောဂါ ထတာပါ။ ကိုယ်ခံအား ကောင်းနေတဲ့ အချိန်မို့ အသွင်ပြောင်းဖို့ အခွင့်မသာခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဆက်တိုက် မိုးမိပြီး အဖျားကြီးတာဟာ ရောဂါပိုးအတွက် အန္တရာယ်ပေးဖို့ အခွင့်ကောင်း ရသွားခဲ့တာပါ။ နောက်ထပ် ကြောက်စရာ ကောင်းတဲ့ အချက်တစ်ခုက အခုအချိန်ထိ ကာကွယ်လို့ပဲ ရပါတယ်။ ကုသလို့ မရသေးပါဘူး။ သဘောက ကာကွယ်ဆေးအနေနဲ့ပဲ ရှိနေပြီး ဖြစ်လာပြီဆိုရင် ကုသနိုင်တဲ့ ဆေးဝါး အခုအချိန်ထိ မပေါ်သေးတာပါ။ ကျနော်သိသလောက်ပေါ့။ မှားရင်လည်း ပြောပေးကြပါ။ ကုသနိုင်တဲ့ အနေအထား မရှိမှတော့ သေရဖို့ သေချာနေပြီပဲ။ အခြေအနေ ထူးမထူး (၇) ရက်ပြည့်အောင် ဘာလို့ စောင့်နေရသေးတာလဲ လို့ မေးစရာ ရှိပါတယ်။ ဆရာဝန် စောင့်ကြည့်ရတဲ့ အကြောင်းအရင်းက လူနာဟာ ရောဂါလက္ခဏာကို အံတုနေနိုင်တာကြောင့်ပါ။ လုံးဝ အံတုနိုင်လိုက်လို့ ရောဂါပိုးဟာ ဦးနှောက်ကနေ ဈာန်လျှောသွားရရင် ငသက်အတွက် မနက်ဖြန် များစွာ ရှိနေဦးမှာပေါ့။

မျှော်လင့်ချက် ဆိုတာ မဖြစ်မြောက်သေးတဲ့ အရာလို့ ပြောလို့ရသလိုပဲ၊ မဖြစ်မြောက်တော့ပေမယ့် ဖြစ်စေချင်လွန်းတဲ့ အရာ လို့လည်း သတ်မှတ်လို့ရနေတယ်။ အကောင်းဆုံးကို မျှော်လင့်ခဲ့ကြပေမယ့် ငသက်အတွက် မနက်ဖြန် များစွာ မရှိတော့ပါဘူး။ ကျနော် နံနက်စောစော သူ့ဆီ ရောက်တဲ့အချိန်မှာ သူ သတိမေ့မျော နေပါပြီ။ ၈ နာရီထိုး ဆရာဝန် လာတဲ့အချိန်မှာ ဆရာဝန်က အသက်ကယ်ဆေး စပြီး ထိုးသွင်းနေပါပြီ။ နေ့ခင်း (၁၁) နာရီ ဆရာဝန် ထပ်လာပြီး စစ်ဆေးတဲ့အခါမှာ အခြေအနေ မကောင်းတာကြောင့် လက်နှစ်ဘက်၊ ခြေနှစ်ဘက်ကနေ အသက်ကယ်ဆေး စုစုပေါင်း (၄) လုံး တစ်ပြိုင်တည်း သွင်းနေပေမယ့် သွေးပေါင်ချိန်က လုံးဝ ပြန်ကို မတက်တော့ပါဘူး။ ညနေ (၈) နာရီထိုး ဆရာဝန် ပြန်လာခဲ့အခါမှာ လူတစ်ယောက်အနေနဲ့ ကြောက်စရာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခိုင်းပါတော့တယ်။ ဆရာဝန်ပြောတဲ့ စကားအတိုင်း ပြန်ပြောရရင်

“လူနာက မနက်ကတည်း သတိလစ်သွားတာဆိုတော့ သူ့ကို ကောင်းလာနိုးနိုး ကျနော်တို့ အသက်ကယ်ဆေး သွင်းခဲ့တာပါ။ အခုဆို အသက်ကယ်ဆေး သွင်းလာတာ (၁၂) နာရီ ကျော်ပါပြီ။ အခြေအနေက မထူးခြားတဲ့အပြင် BP က လုံးဝကျနေပါတယ်။ ပြန်ကို မတက်တော့ပေမယ့် နှလုံးခုန်နေတယ်။ သဘောက အခု ကျန်နေတာ အသက်ကယ်ဆေးရဲ့ အသက်ပါပဲ။ အသက်ကယ်ဆေး ပေးတာ ရပ်လိုက်တာနဲ့ နှလုံးခုန် ရပ်သွားမှာပါ။ ကိုယ်ပိုင် အသက် မရှိတော့တဲ့အတွက်၊ နောက်ထပ် ထပ်သွင်းနေလည်း ထူးခြား မလာနိုင်တော့တာကြောင့် လူနာရှင်ရဲ့ ဆန္ဒကို သိချင်ပါတယ်။ ဒီအတိုင်း ဆက်သွင်းနေဦးမယ်ဆိုရင် လည်း လူနာအနေနဲ့ ပိုပင်းပန်းပါလိမ့်မယ်။ အသက်ကယ်ဆေး သွင်းတာ ရပ်လိုက်ပြီး သူ သွားရမယ့်လမ်းကို အေးအေးသာသာ သွားစေချင်ပါတယ်။”

“သူ့လမ်းသူ အေးအေးသာသာ သွားပါစေတော့” ဆိုတဲ့ သေခွင့်ကို အမေတစ်ယောက်အနေနဲ့ ချဖို့ မပြောနဲ့။ ကျနော်တို့လို သွေးမတော် သားမစပ် သူငယ်ချင်းတွေ အနေနဲ့တောင် မပြောရက်ပါဘူး။ မလုပ်ရက်ပါဘူး။ အမေတစ်ယောက် အနေနဲ့ ဘယ်လိုစိတ် ထားပြီး ခေါင်းညိတ်လိုက်ရမလဲ။ သားတစ်ယောက် ဝေဒနာတွေ ထပ် မခံစားရပါစေနဲ့တော့ ဆိုတဲ့ ကရုဏာကြီးကို ရှေ့တန်းတင်ပြီး မျက်ရည်တွေနဲ့ လေးလံနေတဲ့ ခေါင်းကို အနိုင်နိုင် ညိတ်လိုက်တဲ့ မိခင်ရဲ့ မေတ္တာနဲ့ ဝေဒနာဟာ ကျနော်တို့ကိုပါ ကူးစက်နေပါတော့တယ်။ အသက်ကယ်ဆေး သွင်းတာ ရပ်လိုက်တာနဲ့ (၆) နာရီအတွင်း ဒီလူနာဟာ သေရတော့မယ်။ လုံးဝ ငြိမ်သက်ပြီး သေဖို့ အားယူနေတဲ့ လူတစ်ယောက်ဘေးမှာ ထိုင်ကြည့်နေမိတယ်။ အိမ်မှာပဲ ရှိနေတာဆိုတော့ နှလုံးခုန်နှုန်း တိုင်းတဲ့ ကိရိယာက မရှိတော့ သူနာပြု ဆရာမ တစ်ယောက်ကပဲ ၁၅ မိနစ်ခြားတစ်ခါ စမ်းသပ်ပေးပါတယ်။ ခပ်ပါးပါးလေး လှုပ်ခါနေတဲ့ သူရဲ့ ဝမ်းဗိုက်ကိုပဲ အားလုံး ဝိုင်းကြည့်နေမိကြတယ်။ ခန္ဓာကိုယ်က တစ်ချက်တစ်ချက် ဆက်ခနဲ တုန်တုန်သွားတတ်တာကြောင့် သူရဲ့ အသက်ရှင်နေမှုကို ကျနော်တို့ အနေနဲ့ မြင်သာတာပေါ့။ သူ့လိုပဲ ကျနော်တို့ရဲ့ ရှင်သန်နေထိုင်ခြင်းရဲ့ သင်္ကေတက လှုပ်ရှားနေနိုင်ခြင်းပဲလား။ ဒါဆို မေ့မျောနေသူနဲ့ ဘာမှ သိပ်မထူးသလိုဘဲနော်။ လူတစ်ယောက်ရဲ့ နှုတ်ဆက်ချိန်ရောက်ပြီမို့ သူနဲ့ ပတ်သက်ဖူးတဲ့ လူတွေ အားလုံးလည်း စုံသင့်သလောက် စုံပါပြီ။ နှုတ်ဆက်ဖို့လောက်သာ လူတွေ စိတ်ထဲ အရေးထားနေကြတာ မြင်ရတော့ ငသက်အစား ဝမ်းနည်းမိတယ်။

ငသက်ကို ထိုင်ကြည့်နေရင်းကနေ ကျနော်ဆီကို အတွေးတစ်ခု ရောက်လာတယ်။

“လူတစ်ယောက် သေဖို့အတွက် ဘယ်လို အခြေအနေတွေ ကိုက်ညီဖို့ လိုသလဲ။”

ခပ်ရှင်းရှင်း ပြောရရင် လူတစ်ယောက် သေဖို့အတွက် ဘာလိုသလဲပေါ့။ အသက်အရွယ် ဖြစ်မလား။ ကျနော် ငယ်ငယ်က ထင်ခဲ့တာက လူဆိုတာ အသက်ကြီးမှ သေမယ်ပေါ့။ အသက်ကြီးတယ်ဆိုတာ အသက် (၇၀) ကျော်လို့ မြင်မိတယ်။ ဒါကြောင့်လည်း အသက် (၂၂) နှစ် မပြည့်သေးတဲ့ ငသက် ဆိုတဲ့ သူငယ်ချင်းတစ်ယောက် သေရတော့မယ် ဆိုတာ သိလိုက်ရတဲ့အချိန်မှာ လောကကြီးကို၊ ကံကြမ္မာကြီးကို မတရားပါလားလို့ တွေးနေခဲ့မိတယ်။ အသက် (၇၀) မှ မပြည့်သေးဘဲ သေဖို့ မဖြစ်နိုင်သေးပါဘူး လို့လည်း စိတ်ထဲမှာ မဲတင်းထားတယ်။ ဒါကြောင့်လည်း ည (၁၁း၄၅) မှာ ဆရာဝန်ပြောတဲ့ “ကိုသက်နိုင်ဦး ဆုံးပြီ” ဆိုတဲ့ စကားလုံးကို ကျနော်ရဲ့ အသိဉာဏ်က အလိုလို ငြင်းပယ်ပစ်လိုက်တယ်။ အဲဒီလောက် သန်စွမ်းပြီး၊ မဖျားမနာခဲ့ဖူးတဲ့ သူတစ်ယောက် ကိုယ့်ထက် စောသေသွားတယ် ဆိုတဲ့ ဖြစ်ရပ်ကိုလည်း ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ မိဘကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်ရဲ့ လက်ရှိကံဟာ အဲလောက်ပဲ ဆိုးနေပါ့မလား ဆိုတဲ့ အတွေးတွေကြောင့် ဆရာဝန်ရဲ့ ကောက်ချက် အပြီးမှာတောင် ထလာဦးမလားလို့ သူ့ကို ထိုင်ကြည့်နေမိတယ်။ လက်ဖဝါး တစ်ဖက်ကို ရင်ဘက်ပေါ် တင်ထားပြီး နှလုံးပြန် ခုန်အလာကို စောင့်နေခဲ့မိတယ်။

နာရေးအတွက် ပြင်ဆင်နေကြချိန်မှာလည်း ကျနော် ခုတင်ဘေးက မခွာနိုင်သေးဘူး။ သူ လှုပ်လာမှာကို လူတွေ မသိလိုက်မှာ စိုးရိမ်နေခဲ့မိလို့။ အဲဒီလို သေခြင်းတရားကို လက်မခံနိုင်တဲ့ စိတ်ဟာ ဘယ်အထိ ရှိနေခဲ့သလဲ ဆိုရင် မီးသင်္ဂြိုလ်စက်နား ရောက်တဲ့ အချိန် အထိပါပဲ။ သူ့ကို အခေါင်းထဲ သွင်းလိုက်ကြပြီ။ ဒါကြောင့် ကျနော် အခေါင်းဘေးကနေ ခွာလို့ မဖြစ်ပြန်ဘူး။ အခေါင်းနံရံကို ခေါက်တဲ့ အသံများ ကြားရလေမလားလို့ မျှော်နေခဲ့မိတယ်။ ကျနော် ကြိုးစားနိုင်တဲ့ နောက်ဆုံး အဆင့်ကို ရောက်လာပါပြီ။ သူတို့ အခေါင်းကို မ,ပြီး မီးသင်္ဂြိုလ်စက်ထဲ ထည့်ဖို့ ပြင်ဆင်နေကြပြီ။ ဒါနဲ့ ကျနော် အခေါင်းရဲ့ ခေါင်းရင်းကို ပြေးကိုင်လိုက်တယ်။ ခေါင်းရင်းဆိုတာ သူ့အသံကို ကြားရမယ့် အနီးဆုံးနေရာပဲ မဟုတ်လား။ စက်ထဲ အခေါင်းကြီး တစ်ခုလုံး ရောက်သွားလို့ “ဂျုန်း” ဆိုတဲ့ တံခါးပိတ်သံ ကြားရပေမယ့် ကျနော် အတွေးထဲမှာ၊ အသိဉာဏ်ထဲမှာ သူ မသေသေးဘူး။ မီးသင်္ဂြိုလ်စက် တံခါးကို အတင်းထုပြီး ဖွင့်ခိုင်းနိုင်သေးတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော် (၁၀) မိနစ်ကြာမျှ ရပ်ကြည့်နေမိတယ်။ ကျနော် သူ့ကို တကယ် စွန့်ခွာသွားရတော့မှာလား။ သူ တကယ်ပဲ သေသွားပြီလား ဆိုတဲ့ အတွေးတွေက ကျနော်ကို စပြီး နှိပ်စက်ပါတော့တယ်။ အဲဒီ အချိန်မှာပဲ ကျနော် ပုခုံးကို လက်တစ်စုံနဲ့အတူ ငိုရှိုက်သံကြောင့် စိတ်ကို ဘယ်လိုမှ ထိန်းထားနိုင်စွမ်း မရှိတော့ပါဘူး။ ငိုကျွေးပူဆွေးလို့ အတော်ကြာကြာမှာ ဆရာဝန်ရဲ့ စကားတချို့ နားထဲ ပြန်ဝင်လာတာကြောင့် သက်သာရာ ရမိပါတော့တယ်။

“ခင်ဗျား သူငယ်ချင်းက အင်မတန် ကံကောင်းပါတယ်။ အတိတ်ဘဝ ကုသိုလ်ကံပဲ ဆိုရမှာပေါ့။ တကယ်တမ်းဆိုရင် ခွေးရူးပြန် ရောဂါရှင်တိုင်းဟာ သူတို့နဲ့ နောက်ဆုံး အချိန်တွေမှာ မြင်ရသူ မကြည့်ရက်နိုင်အောင်ကို မချိမဆန့် ခံစားရပြီးမှ သေကြရတာ များပါတယ်။ ဦးနှောက်ကို ရောက်နေတဲ့ ရောဂါပိုးကြောင့် ဦးနှောက်ဟာ မူမမှန်တော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အာရုံကြောတွေ အားလုံးကို ဆွဲချုံ့ ပစ်လိုက်တယ်။ အဲဒါကြောင့် အင်မတန် ပြင်းထန်တဲ့ ဒုက္ခဝေဒနာဖြစ်ပြီး မချိမဆန့်နဲ့ပဲ ကွယ်လွန်ကြရတယ်။ ခင်ဗျားတို့ရဲ့ သူငယ်ချင်းကို ကြည့်ရတာ ဝေဒနာ လုံးဝ မခံစားရတဲ့ ပုံတော့ မဟုတ်ပါဘူး။ တစ်ချက်ချက် ဆတ်ခနဲ တုန်နေတာကို ကြည့်ခြင်းအားဖြင့် သူ ဝေဒနာကို အထိုက်အလျောက် ခံစားနေရမှာပါ။ သူကြည့်ရတာ စိတ်မာတော့ သူ့ဆွေမျိုး သားချင်းတွေ မမြင်ရအောင် ကျိတ်ခံသွားပုံလည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ်လေ တခြား ကြုံခဲ့ဖူးတဲ့ ရောဂါဝေဒနာရှင်တွေထက်တော့ သက်သက်သာသာ နှုတ်ဆက်သွားနိုင်တယ်လို့ ကောက်ချက်ချရမှာပါ။”

(မှတ်ချက်)

ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်လာတဲ့ အသက်အန္တရာယ်တွေမှာ အသိဉာဏ်၊ အသိတရား မရနိုင်မှုကို မြင်စေချင်တာကြောင့် တင်ပြလိုက်တာပါ။

ကျနော်ဟာ လူနာကို အနီးကပ်ပြုစုခဲ့တဲ့ အတွက် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးခဲ့ရပါတယ်။ ကူးစက်ဖို့ ရာနှုန်းပြည့် ရှိပါတယ်။

တံခါးခေါက်သံများ (၃)
ကာကွယ်ဆေး ထိုးဖို့ ငွေ (၃၀၀၀၀) ကျပ် သူ့အတွက် မတတ်နိုင်ဘူး ဆိုတာ သူ့ဆီမှာ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ သူ့ဆီမှာ အဲဒီ ငွေ ပမာဏ အဲဒီ အချိန်က သူ့လက်ထဲမှာ ရှိနေပါတယ်။ ဒါဆို ဘာလို့ သွားမထိုးတာလဲလို့ စာဖတ်သူ အနေနဲ့ မေးချင်လိမ့်မယ်။ ကျနော်လည်း အဲဒီ အချိန်က မေးဖြစ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် သူ ခွေးရူးကိုက်တဲ့ ဒဏ်ရာကြောင့် သေရလိမ့်မယ်လို့ သိမထားလို့ပေါ့။ နောက်တစ်ချက်က အဲဒီ ငွေ သုံးသောင်းကို သူ နှမြောတယ်။ လွန်ခဲ့တဲ့ ၉ နှစ်က သုံးသောင်းဆိုတဲ့ ပမာဏက သူ မပြောပါနဲ့၊ တော်ရုံ လူတစ်ယောက် အနေနဲ့တောင် မတတ်နိုင်ပါဘူး။ မသုံးရက်ဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ်။ သူအနေနဲ့ ရှိလျက်နဲ့ ဘာလို့ မသုံးရက်တာလဲလို့ မေးစရာ ရှိလာတယ်။ သူရဲ့ အမေက နာတာရှည် ရောဂါသည်လို့ ပြောရင် မများပါဘူး။ ငသက်ခမျာ တစ်နေ့တစ်နေ့ သူ့အမေအတွက် ဆေးဖိုး၊ သမားခ ရှာဖွေနေရတာ။ သူ့ အမေ မတော် အသည်းအသန် ဖြစ်ခဲ့ရင် လိုရမယ်ရ ဆိုတဲ့ အတွေးနဲ့ ငွေပိုစုထားတယ်။ ခုနက ငွေ သုံးသောင်း ဆိုတာလည်း အဲဒီအတွက် သူ လျာထားတဲ့ ငွေပါ။ ဒါကြောင့် သူ ဘယ်လို နည်းနဲ့မှ မသုံးရက်ဘဲ ခွေးကိုပဲ အရိပ်တကြည့်ကြည့် လုပ်နေခဲ့တယ်။ သူ့အမေအတွက် ငွေ လျာထားတာကြောင့် ဆေးမထိုးခဲ့ဘူးဆိုတာ သိသိချင်း ဘာမှ သိပ်မခံစားခဲ့ရပေမယ့် အသက်နဲ့ လဲလိုက်ရတဲ့အချိန်မှာ ပြန်တွေးမိလိုက်တော့ ရင်ထဲ နင့်နေအောင် ခံစားလိုက်ရတယ်။

သူ့မှာ ကိုယ်ပိုင် အလုပ်ဆိုတာ မယ်မယ်ရရ မရှိပါဘူး။ မိဘတွေကလည်း နယ်ကနေ လာနေကြတာ ဆိုတော့ မြို့ပေါ်မှာ သူ့အတွက် လက်ငုတ်လက်ရင်း အလုပ်ဆိုတာလည်း မရှိဘူး။ အရည်အချင်း အရလည်း ဆယ်တန်းအောင် တက္ကသိုလ် တက်နေတဲ့ လူတစ်ယောက်အနေနဲ့ ကုမ္ပဏီမှာ အလုပ်ရဖို့ ဆိုတာလည်း ခက်နေပြန်တယ်။ လွန်ခဲ့တဲ့ (၉) နှစ် မန်းမြို့ရဲ့ အနေအထားနဲ့ စဉ်းစားကြည့်မယ်ဆိုရင် အတော်လေး ခက်ခဲမယ်ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် သူ့လက်ထဲမှာ ဆုထားတဲ့ငွေ (၃၀၀၀၀) ကျော် ရှိနေတော့ ဘယ်ကရသလဲလို့ တွေးမိခဲ့ဖူးတယ်။ ကျနော်တို့ အထင်က သူ ပိုက်ဆံမရှိလို့ ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန်နေတယ်ပေါ့။ သူငယ်ချင်းနဲ့ တခြား အမျိုးတွေက ထောက်ပံ့ပြီး ဆေးထိုးပါ ဆိုတော့လည်း တခြားသူရဲ့ ငွေရေးကြေးရေး အကူအညီ မယူတတ်တဲ့ ခေါင်းမာတဲ့ သူက ငြင်းခဲ့တယ်။ ငွေ (၃၀၀၀၀) ကျော် ရှိတယ်ဆိုတာ သိရတော့ ဘယ်က ရသလဲ မေးကြည့်မိတယ်။ သူ တောက်တိုမယ်ရ လျှောက်လုပ်လို့ ရမှန်း နောက်မှ သိခဲ့ရတယ်။ စက်ဘီးနဲ့ ပစ္စည်းပို့၊ ထင်းမီးသွေး ဝယ်ရောင်း အပြင် လမ်းကြိတ်စက် မောင်း၊ ဆိုက်ကားနင်းတဲ့အထိ ရသမျှ အလုပ်ကို မရှက်မကြောက် လုပ်မှန်း သိရတဲ့ အချိန်မှာ ကျနော်တို့ သူ့ကို အတော်လေး လေးစားသွားမိတယ်။ ကျနော်တို့သာဆို ရှက်လို့ လုပ်ရဲမှာ မဟုတ်ဘူး။

သူ ဆေးရုံတက်ရတဲ့ အကြောင်းအရင်းက အပြင်းဖျားပြီး သတိလစ်သွားတာ။ (၁၀၄) ဒီဂရီအထိ ကိုယ်အပူချိန် တက်သွားမှတော့ သတိလစ်ပြီပေါ့။ ဖျားရုံသက်သက်လို့ ဆေးရုံက ကောက်ချက်ချတော့ အဖျားလည်း သက်သာရော ၃၊ ၄ ရက်နေတော့ ဆေးရုံဆင်းခွင့် ပြုလိုက်တယ်။ အိမ်ပြန်ရောက်တဲ့ နေ့မှာပဲ ကျနော် မန်း ပြန်ရောက်တာနဲ့ သူ့အိမ် သွားဖြစ်တယ်။ အဖျားက (၁၀၂) ဒီဂရီလောက်တော့ ရံဖန်ရံခါ ပြန်ပြန် တက်တော့ ဆရာဝန်ကတော့ ပုံမှန် လာကြည့်ပေးနေတယ်။ ဖျားရတဲ့ အကြောင်းအရင်းကို သူနဲ့ တွေ့မှ အကြောင်းစုံ မေးကြည့်မိတယ်။ သူတက်နေတဲ့ ကွန်ပြူတာ တက္ကသိုလ်က အတန်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ လုပ်တော့ သူတို့ အတန်းအဖွဲ့က Final အထိ တက်တယ်။ သူက အတန်းခေါင်းဆောင် ဆိုတော့ လေ့ကျင့်တဲ့ အချိန်ရော၊ ပြိုင်ပွဲအချိန်မှာပါ အားတက်သရော ကူလုပ်ပေးရှာတယ်။ မေလလယ် ဆိုတော့ မိုးတွေ စ သဲနေပြီ။ မိုးမရှောင် နေမရှောင် ကွင်းထဲမှာ လက်ယားလက်ယား လုပ်နေတဲ့ သူ့ကို မြင်ယောင်နေမိတယ်။ တစ်နေ့တစ်နေ့ နှစ်နာရီ၊ သုံးနာရီကြာ ဘောလုံးကွင်းထဲမှာ မိုးရေထဲ နေနေတော့ နောက်ဆုံး မခံနိုင်တော့ဘဲ ဖျားပါတော့တယ်။ သူ ဖျားတာ တစ်ပတ်လောက် ကြာတဲ့ အခါမှာ ရိုးရိုး အဖျားကနေ ငှက်ဖျားသဘောမျိုး ဖြစ်လာတယ်။ လေကလေး တစ်ချက် သွေးလိုက်ရင် ကိုယ်ခန္ဓာထဲက စိမ့်စိမ့်ပြီး ချမ်းတက်သွားတယ်လို့ သူက ပြောတယ်။ နေ့ခင်းတွေဆို လူကောင်းတစ်ယောက်လို ပြောနိုင်ဆိုနိုင်ပေမယ့် ညနေ ၆ နာရီ နောက်ပိုင်း ဆိုတာနဲ့ အဖျား စတက်တယ်။ ဒါနဲ့ ဆရာဝန်က ငှက်ဖျားဆိုပြီး ဆေးညွှန်းတွေ စပြောင်းပါတော့တယ်။

ငှက်ဖျားဆိုပြီးတော့ ကုလာလိုက်တာ တစ်ပတ်ကြာတဲ့အထိ ထူးထူးခြားခြား မသက်သာလာတဲ့အပြင် ပိုပြီးတော့ ချမ်းတတ်လာတယ်။ သူအနားမှာနေပြီး ယပ်တောင် မခတ်ရဲတော့ဘူး။ လေနည်းနည်း ထိတာနဲ့ တုန်တုန်တက်သွားတယ်။ နောက်နေ့ မျက်နှာတောင် မသစ်နိုင်တော့ဘူး။ ရေက အေးတော့ ရေထိတာနဲ့ တအား ချမ်းတဲ့ အမူအရာတွေ ပြလာတယ်။ ခွေးရူးရောဂါပိုး စဝင်လာပြီဆိုတာ အဲဒီအချိန်ကတော့ ဘယ်သိမလဲ။ ရေအေးလို့ မထိရဲတာ လို့ပဲ အားလုံးက ထင်နေကြတယ်။ ဘယ်အချိန်မှ စပြီး သတိထားမိသလဲဆိုရင် သူ သောက်ရေကိုတောင် မသောက်နိုင်တော့ဘူး။ ပါးစပ်ထဲ ရေတစ်ငုံ ဝင်သွားတာနဲ့ လည်ပင်းကြောတွေ ထောင်တက်လာပြီး တွန့်လိမ်သွားတယ်။ ဒါနဲ့ ရေလုံးဝ မသောက်နိုင်တော့ဘူး။ ဆရာဝန်က ရေ မသောက်ရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် နားကြပ်တံ (ထိပ်ပိုင်းအား ဝါဂွမ်းစွတ်ထားသော တုတ်ချောင်း) နဲ့ ရေစွတ်ပြီး နှုတ်ခမ်းကို တို့တို့ပေးရတယ်။ နှုတ်ခမ်းကို ရေထိတာတောင် တွန့်တွန့်သွားတဲ့ သူ့အနေနဲ့ မျက်နှာကို မသစ်နိုင်တော့ဘူး။ အခု အခြင်းအရာတွေကို မြင်နေရတဲ့ ဆရာဝန်အနေနဲ့ ခွေးရူးရောဂါမှန်း မသိဘဲတော့ မနေလောက်ပါဘူး။ လူနာရှင်တွေကို အသိမပေးသေးဘဲ သူ့ဖာသာ ကြိုးစား ကြည့်နေတာ ဖြစ်ပါလိမ့်မယ်။ အမှန်အတိုင်း ပြောပြလိုက်ရင် ဘာဖြစ်မလဲ။ ခွေးရူးရောဂါပိုးဟာ ကူးစက်လွယ်ပါတယ်။ လူနာရဲ့ ခန္ဓာကိုယ်က ထွက်သမျှ အရည်တွေဟာ တခြားသူရဲ့ အရေပြား အပေါက်အပြဲကနေတဆင့် ကူးစက်တတ်ပါတယ်။ ကူးစက်နိုင်တဲ့ ရာခိုင်းနှုန်းက ၁၀၀ အပြည့်ပါပဲ။ ဒါကြောင့်လည်း ခွေးရူးရောဂါမှန်း သေချာသွားတဲ့အခါမှာ အရင် ပြနေတဲ့ ဆရာဝန် မလာတော့ပါဘူး။ နောက်ဆရာဝန်တစ်ယောက် ပြောင်းခေါ်ရပါတော့တယ်။ ခွေးရူးရောဂါမှန်း သိကြရင် သူ့အနားမှာ ပြုစုနေတဲ့ သူတွေ အားလုံးလိုလို မကပ်ရဲတော့ဘဲ ဘယ်သူမှ မပြုစုတော့မှာကြောင့် မသေချာနိုင်သေးရင် ရောဂါအခြေအနေကို ပြောလေ့မရှိပါဘူး။

ကျနော်တို့ ထင်ထားတဲ့ အတိုင်းပါပဲ။ ခွေးရူး ရောဂါမှန်းလည်း သိသွားရော သူ အနားမှာ ရှိခဲ့ဖူးတဲ့သူတွေ အားလုံး ပျောက်သွားပြီ။ မလာတော့ပါဘူး။ သူအနားမှာ အချိန်ပြည့် ပြုစုမယ့်သူက နှစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျနော်နဲ့ သူရဲ့ ဝမ်းကွဲအစ်မပါ။ ငသက်ရဲ့ အမေဟာ သူ ကိုယ်တိုင် ရောဂါသည်ဆိုတော့ အစကတည်းက အနားကပ်ခွင့် သိပ်မပေးထားပါဘူး။ မနားမကပ်ရဲတဲ့၊ မကပ်ချင်တဲ့ သူတွေ အနေနဲ့လည်း အပြစ်တော့ မဟုတ်ပါဘူး။ ရောဂါ ကူးစက်ဖို့ ရာခိုင်နှုန်း အတော်များတာကိုး။ အင်မတန်မှ ခင်တဲ့ သူငယ်ချင်းတွေ ရှိပေမယ့် အခုလို အချိန်ကျတော့ အကြောင်းကြောင်းကြောင့် အနားမှာ မရှိနိုင်ကြတော့ဘူး။ တချို့က ကိုယ်တိုင် မကပ်ရဲတာ။ တချို့ကတော့ ကူးမှာကြောက်တာ။ တချို့ကတော့ ကပ်နေပေမယ့် ပြုစုပေးချင်ပေမယ့် မိဘက ခွင့်မပြုတာ။ သူငယ်ချင်း တချို့ ဆိုရင် လူနာ လာကြည့်ခွင့်တော့ မရကြတော့ဘူး။ မိဘတွေ ခွင့်မပြုလို့ပေါ့။ အဲဒီလို အဖြစ်အပျက်တွေကို မြင်နေရတဲ့ ကျနော်ဟာ ကာယကံရှင် မဟုတ်တာတောင် ရင်ချိအောင် နာမိပါတယ်။ ဒါပေမယ့် ကာယကံရှင် ဖြစ်တဲ့ ငသက်က သူ သတိရတဲ့အချိန်တွေမှာ သူ့ကို တချိန်က ခင်ပါတယ်၊ ချစ်ပါတယ် ဆိုတဲ့ သူငယ်ချင်းတွေကို မတွေ့ရတာတောင် သူတို့ ဘက်က ကိုယ်ချင်းစာ ပေးနေသေးတယ်။ သူရဲ့ စာနာတတ်တဲ့ စိတ်ကို လေးစားမိပါတယ်။ ငသက်ကို အနီးကပ် စောင့်ရှောက်ခွင့် ပေးခဲ့တဲ့ အမေ့ကိုလည်း ကျေးဇူးတင်မိပါတယ်။ အမေလည်း သူ့သားဆီ ကူးစက်မှာ မကြောက်ဘဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့် ကျနော် အနီးကပ်စောင့်ရှောက်မယ် ဆိုတဲ့အချိန်မှာ အမေက နည်းနည်းလေးမှ မတားခဲ့တာကြောင့်လည်း ငသက်ရဲ့ သေခါနီး အချိန်တွေမှာ အတူတူ ရှိနေဖြစ်ခဲ့တယ်။

သူ့အနေနဲ့ သတိလည်လာပြီ။ ဘယ်သူ ဘယ်ဝါဆိုတာ သဲသဲကွဲကွဲ သိပေမယ့် ရေကို မြင်တာနဲ့ ကြောက်တဲ့ အမူအရာကတော့ လျှော့မသွားသေးပါဘူး။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် သူ ကုတင်ပေါ် လှဲနေတဲ့အချိန် သူ့ လက်ပေါ် ရေတစ်စက် မတော်တဆ ကျသွားတယ် ဆိုရင်ပဲ လန့်ပြီး အကြောတွေထောင်သွားလိုက်တာ၊ လှဲနေတဲ့သူတောင် ကုတင်ပေါ် ထိုင်လျက်သား ဖြစ်သွားတယ်။ သူ သတိ ရှိလာတဲ့ အချိန်မှာ သူ့အတွက် အဓိက ရန်သူဟာ ရေပဲ ဆိုတာ သူ သိလာတယ်။ ဆရာဝန်ကလည်း ပြောတယ်။ ရေကို ခုခံနိုင်ရင် အားလုံး အိုကေပြီပေါ့။ အဲဒီအချိန်မှာ သူရဲ့ သတ္တိကို စပြီး မြင်ရပါတော့တယ်။ နောက်နေ့ မနက် ထလာတော့ သူ မျက်နှာသစ်ချင်တယ်လို့ စပြောလာတယ်။ ရေတောင် မသောက်နိုင်၊ မထိနိုင်သေးတဲ့ သူက မျက်နှာ ဘယ်လို သစ်မလဲ။ ဒါပေမယ့် သူ့ကို ဝိုင်းချုပ်ပြီး မျက်နှာ သစ်ပေးပါလို့ သူ ကိုယ်တိုင်က တောင်းဆိုလာတယ်။ သူ သတ္တိရှိရှိ ရင်ဆိုင်မယ်ပေါ့။ ရေနဲ့ ထိလိုက်တိုင်း တွန့်လိမ်သွားပေမယ့် တင်းခံ၊ တောင့်ခံနေတဲ့ သူရဲ့ အဖြစ်အပျက်ကို မြင်ရတာ ကျနော်တို့တောင် မကြည့်ရက်ပါဘူး။ မျက်ရည်တောင် ဝဲပါတယ်။ ကျနော်တို့ဟာ လူတစ်ယောက်ကို ကျင်စက်နဲ့ ဝိုင်းတို့နေသလို ခံစားရလာမိလို့ပါ။ နောက်တစ်ရက် သူ ကိုယ်တိုင် မျက်နှာသစ်ကြည့်မယ်လို့ တောင်းဆိုလာတယ်။ ရေစွတ်ထားတဲ့ လက်ကိုင်ပုဝါကို သူ့လက်ထဲ ထည့်လိုက်တာတောင် သူ့ လက်ဖဝါးက ရုတ်တရက် လွှတ်ချပစ်တယ်။ နောက်တော့ သူကိုယ်တိုင် အနာခံပြီး လက်ကိုင်ပုဝါကို မရမက ကိုင်ပြီး မျက်နှာကို စသစ်ပါတော့တယ်။ နောက်နေ့ ကိုယ်တိုင် သွားတိုက်ပြီး၊ အာလုတ် ကျင်းပါတယ်။ ဒီလိုနဲ့ သတ္တိရှိရှိ အနာခံပြီး ရေကို မရမက ကိုင်ပြီး အကြီးမားဆုံး အခက်အခဲကို ရင်ဆိုင်နေတာ မြင်ရတော့ မချီးကျူးဘဲ မနေနိုင်သလို သူ ဖြစ်နေတာကို မြင်ရတိုင်း မျက်ရည်တောင် ဝဲကြရတယ်။

သူရဲ့ အကြီးမားဆုံး အခက်အခဲ ဖြစ်တဲ့ “ရေ”ကို ရဲရဲ ရင်ဆိုင်ပြီး လေးရက် အကြာမှာ ကုတင်ပေါ် ငုတ်တုတ် ထိုင်ပြီး ကျနော်နဲ့ စကားပြောနေနိုင်ပါပြီ။ အရင်အရင်က နှောင်းဖြစ်တွေ ပြောရင်း ရယ်ကြမောကြရင်း တစ်နေ့တာ ကုန်ဆုံးသွားခဲ့တယ်။ သူရဲ့ သွက်လက်တဲ့ အမူအရာတွေ ပြန်မြင်ကြရတော့ ကျနော်တို့ရဲ့ ဝမ်းသာမှုဟာ မပြောပြနိုင်လောက်အောင် ပျော်ရွှင်ခဲ့ကြတယ်။ ဆရာဝန် လာစစ်ဆေးကြည့်တော့လည်း ဆရာဝန်က အခြေအနေကောင်းကြောင်း ပြောသွားတယ်။ ဒါပေမယ့် ဆရာဝန်ကတော့ ပြောပါတယ်။ (၇) ရက်တိတိ စောင့်ကြည့်ရမှာဆိုတော့ မနက်ဖြန်မှ အခုအခြေအနေ အတိုင်း ရှိနေသေးတယ် ဆိုရင် စိတ်ချရပါပြီတဲ့။ ကျနော်တို့ အားလုံး မနက်ဖြန်ဆိုတဲ့ တစ်ရက်တာကို စာရွက်လှန်သလို ကျော်ပစ်လိုက်ချင်နေကြပြီ။

(ဆက်ရန်)

တံခါးခေါက်သံများ (၂)
ကျနော်ဘဝမှာ အင်မတန်မှ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ပါတယ်။ အခုအချိန်ထိလည်း ချစ်နေရတဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် သူ မရှိရှာတော့ဘူး။ သူနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ထံမှ ဆိုတဲ့ ပို့စ်မှာ အနည်းအကျဉ်း ရေးဖူးပါတယ်။ ကျနော်အကြောင်း ရေးတဲ့ ပို့စ်မှန်သမျှမှာလည်း သူ့အကြောင်း မပါတဲ့ ပို့စ် မရှိသလောက်အောင် ချစ်ခဲ့ကြတယ်။ ကျနော်တို့ အရမ်း ချစ်ခဲ့ကြသလို ကျနော်တို့ နှိပ်စက်တာကိုလည်း အတော် ခံခဲ့ရတာပါ။ သူရဲ့ သူငယ်ချင်းအပေါ် ယုံလွယ်တဲ့ စိတ်နဲ့တင်ကို ခဏခဏ အနိုင်ကျင့် ခံခဲ့ရတယ်။ အရိုးခံစိတ်နဲ့ ကျနော်တို့ကို ပေါင်းတာဆိုတော့ ကျနော်တို့ လှိမ့်သမျှလည်း ခံနေရတာပေါ့။ အဲလောက်တုံး၊ အဲလောက် အ,ပါလားလို့ အပြစ်တင် မစောပါနဲ့။ ကျနော်တို့ သူငယ်ချင်း (၈) ယောက်ထဲမှာ သူက စာ အတော်ဆုံးပါ။ တစ်ကျောင်းလုံးမှာ ပထမ ရထားတဲ့ သူတစ်ယောက်ပါ။ မြန်မာစာ အရေးအသားပိုင်းမှာလည်း စာစီစာကုံး ပြိုင်ပွဲတိုင်း ပထမ ရနေကျလေ။ ကတ်သီးကတ်ဖဲ့ ပြောကြကြေးဆို သူ့ကို ဘယ်တော့မှ မနိုင်ဘူး။ ကျောင်းက လုပ်တဲ့ ကျဘန်းစကားပြော ပြိုင်ပွဲတိုင်းမှာ သူက ပထမ ရနေကျကိုး။ ကျနော် ကျောင်းတက်ရင် ဖျားလို့ နာလို့ ခဏခဏ ခွင့်ယူတတ်ပေမယ့် သူ တစ်ခါမှ ကျောင်းမပျက်ဖူးဘူး။ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်။ ခန္ဓာကိုယ်ကလည်း ထွားထွားကြိုင်းကြိုင်းနဲ့ လေ။ ရံဖန်ရံခါတောင် ဖျားလေ့မရှိတဲ့ သူ့ကို ကျနော်တို့ အားကျမိတာ အမှန်ပါ။ ဆယ်တန်း စာမေးပွဲဖြေအပြီး တက္ကသိုလ် မတက်ခင် လေးနှစ်အကြား ရရာအလုပ်ကို အယုတ်အမြတ် မရွေးဘဲ အမေကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ကို မုန့်ဖိုး လက်ဖြန့်တောင်းပြီး ထိုင်စားနေတဲ့ ကျနော်တို့က လေးစားလျက်ပါပဲ။ ဒီလောက်တောင် လူတော်လူကောင်းလို့ ပြောလို့ရတဲ့သူ တစ်ယောက်ကို လာခေါ်တဲ့ တံခါးခေါက်သံ ကြားလိုက်ရတာတောင်၊ ထွက်သွားတာ မြင်နေရတာတောင် ကျနော်တို့တွေ မယုံနိုင်ခဲ့ဘူး။ အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ဘူး။

ကျနော် ရန်ကုန်ကနေ ရထားစီးလို့ အိမ်ရောက်ရောက်ချင်း အမေကပြောတယ်။ “ငသက် နေမကောင်းလို့ ဆေးရုံတက်နေတာ သုံးရက်ရှိပြီ။ ဒီနေ့ ဆေးရုံဆင်းမယ် ပြောတယ်။ မင်း သွားကြည့်လိုက်ဦး။ သက်သာပြီထင်တယ်” ဆိုတဲ့ စကားကို ကြားလိုက်တော့ ကျနော် ဘယ်လိုမှ မနေမိပါဘူး။ ဒီလောက် ကျန်းမာတဲ့သူတစ်ယောက် ဘယ်လောက် ကြီးကြီးကျယ်ကျယ် ဖြစ်မှာမို့လဲပေါ့။ ဒါပေမယ့် ရုတ်တရက် ခေါင်းထဲ အတွေးတစ်ခု ဝင်လာလို့ စိုးရိမ်သွားမိတယ်။ ဒါကြောင့် အမေကို “ဘာဖြစ်လို့လဲ” လို့ အသည်းအသန် မေးလိုက်မိတယ်။ “ရိုးရိုးဖျားတယ်လို့ ပြောတာပဲ” ဆိုတဲ့ အဖြေ ကြားလိုက်မှ သက်မ ချနိုင်တော့တယ်။ ခွေးရူးပြန်ရောဂါများလား လို့ ကျနော် တွေးလိုက်မိလို့ပါ။ ဘာကြောင့် အဲသလို တွေးမိရသလဲ ဆို လွန်ခဲ့တဲ့ ရှစ်လကအကြောင်းကို ပြန်ပြောရလိမ့်မယ်။

လွန်ခဲ့တဲ့ ရှစ်လက အကြောင်းကို မပြောခင် ကျနော်တို့ သူငယ်ချင်းတွေရဲ့ အလေ့အကျင့် တစ်ခုအကြောင်း အရင် ပြောပြရဦးမယ်။ ကျနော်တို့တွေ နေ့ခင်းနေ့လယ် စုမိကြပြီ ဆိုရင် တစ်ခုခု သွားစားတတ်ကြတယ်။ ယောကျ်ားလေး သူငယ်ချင်း (၅) ယောက် စုစားကြတာ ဆိုတော့ စားပြီးရင် ရှင်းရမယ့် ပိုက်ဆံကလည်း မနည်းဘူး။ တစ်ယောက်တည်းက ဒိုင်ခံရှင်းဖို့ ဆိုတာလည်း ရေရည်မလွယ်ဘူး။ အလှည့်ကျ ရှင်းဖို့ ဆိုတာလည်း လက်တွေ့တော့ သိပ်အဆင်မပြေဘူး။ ငါ ဒီတစ်ခေါက် ပိုက်ဆံမပါလို့ မင်းရှင်းလိုက်ကွာ ဆိုပြီး အလှည့်ကျော်တတ်ကြလို့လေ။ ဒီတော့ မုန့်စားဖို့ ပိုက်ဆံလည်းရ၊ ဒကာလည်း အလွန်တကူ ရှာလို့ အဆင်ပြေအောင် ကျနော်တို့ လုပ်လေ့ရှိတဲ့ အလေ့အကျင့် တစ်ခုက ဖဲ စုရိုက်ကြတယ်။ မုန့်စားဖို့အတွက် သက်မှတ်ငွေက (၁၀၀၀) ကျပ် ဆိုပါစို့။ ဒါဆို တစ်ယောက်ချင်းစီရဲ့ နိုင်တဲ့ငွေ စုစုပေါင်းက (၁၀၀၀) ကျပ် ပြည့်ရင် ပွဲကို နားပြီး မုန့်ဆိုင် ဒိုးကြတယ်။ ဒါမှ မျှတမှာပေါ့။ အဲဒီမှာ ကျနော် လူလည် လုပ်ထားတာ တစ်ကွက်ရှိတယ်။ မမျှတမှန်း သိပေမယ့် သူတို့ ကျနော်ကို ဘာမှ မတတ်နိုင်တော့ ဒီအတိုင်း အလျှော့ပေးရတယ်။ သူတို့ ဖဲကစားတိုင်း ဘယ်တော့မှ ကျနော် ပါလေ့မရှိဘူး။ ဘာလို့လဲဆို ပိုက်ဆံနဲ့ ကစားတဲ့ ပွဲ မှန်သမျှ အရင်ကတည်း ကျနော် ဝင်ကစားလေ့ မရှိလို့ပါ။ အရင်ကတည်းက မကစားခဲ့တာ ဆိုတော့ သူတို့လည်း ဘာမှ မတတ်နိုင်ဘူး။ မုန့်သွားစားမယ် ဆိုလိုက်တိုင်း ကျန်တဲ့ လေးယောက်ကပဲ တစ်လှည့်စီ ရှုံးပြီး ကျနော်ကတော့ အမြဲ အနိုင်နဲ့ ပိုင်းပြီး မုန့် အသားလွတ် စားရတယ်။ မိုက်တယ်မလား။ အဲဒီနည်းနဲ့ မုန့်ဒကာ ရှာတာ မျှတပါတယ်။ ဘာလို့လဲဆို လေးယောက်ဆော့ရင် များသောအားဖြင့် တစ်ယောက်တည်းကပဲ ဒိုင်ခံနိုင်ပြီး ကျန်တဲ့ သုံးယောက်က အနည်းနဲ့အများတော့ ရှုံးရတာချည်းပါ။ အင်မတိ အင်မတန် ကံဆိုးမှ တစ်ယောက်တည်းက ဒိုင်ခံ ရှုံးတတ်တာပါ။ အဲဒီနေ့က ငသက် တစ်ယောက်တည်း ဒိုင်ခံ ရှုံးတယ်။

ကျနော်တို့ ပိုက်ဆံ တစ်ထောင်ရလို့ မုန့်သွားစားမယ် ဆိုတော့ သူက လက်ခါပြတယ်။ “ခဏနေဦး။ ငါ့အမေအတွက် ဆေး သွားဝယ်ပေးလိုက်ဦးမယ်။ ခဏစောင့် အမြန်ပြန်လာခဲ့မယ်” လို့ ပြောပြီး သူ့ဆိုင်ကယ်မောင်းပြီး ထွက်သွားတော့တယ်။ ကျနော်တို့ ဗွီဒီယိုခွေ ကြည့်ပြီး ထိုင်စောင့်ရင်းက ရောက်သင့်တဲ့အချိန် ပြန်မရောက်တော့ ဒီကောင် လစ်ပြေးပြီလား မသိဘူးလို့ အားလုံး ဝိုင်းပြောမိကြတယ်။ နည်းနည်း ကြာတော့ လောလော လောလောနဲ့ ပြန်ရောက်လာတယ်။ ပြီးတော့ “ဟဲ့ကောင်တွေ ငါ့ကို ခွေးကိုက်လို့ကွ” လို့ ပြောတော့ သူ့ ခြေထောက်ကို ဝိုင်းကြည့်ကြတယ်။ ခြေထောက်များ အကိုက်ခံရလားပေါ့။ သူက မျက်မှောင်ကျုံ့ပြီး “#@$&#!*$#!” နဲ့ ဆဲပါတော့တယ်။ ဆဲလို့ အားရမှ “လက်ကို ကိုက်တာကွ၊ လက်ကို” လို့ ပြောပြီး လက်ညိုးထောင်ပြမယ်။ သူ့ လက်ညိုးကို ကြည့်ပြီး ကျနော်တို့ ဝိုင်းဟားကြပါတော့တယ်။ ဟားဆို လက်ညိုး တံခါးညပ်ခံရတဲ့ အနာကမှ သူ့ထက် ကြီးဦးမယ်။ ကိုက်ခံရတယ် ဆိုတဲ့ သူ့အနာကို ကြည့်လိုက်လို့ ငြောင့်စူးရုံလောက်သာသာ။ အနာကို ဝိုင်းကြည့်နေကြရင်း သူငယ်ချင်းတစ်ယောက်က ရုတ်တရက်

“နေစမ်းပါဦး။ မင်းဟာက ထူးထူးဆန်းဆန်း။ ခွေးကိုက်တယ်လည်း ပြောသေး။ ကိုက်ခံရတော့လည်း သူများလို ခြေထောက်တို့၊ လက်မောင်းတို့ မဟုတ်ဘဲ ရှာရှာပေါက်ပေါက် လက်ညိုးမှ အကိုက်ခံရတယ်လို့ကွာ” လို့ ထဖောက်ပါတော့တယ်။ အဲဒီအခါ နောက်တစ်ယောက်ကလည်း ဝင်ဆော်တယ်။

“ထူးတော့ ထူးဆန်းတယ်ကွ။ ဘယ်ပြောနိုင်မလဲကွာ။ ဒီကောင်က ခွေးကို လက်ညိုးနဲ့ ဘာသွားလုပ်မှန်းမှ မသိတာ။ သေချာပြောစမ်း။ ခွေးက အမမှ ဟုတ်ရဲ့လား”

“အာ … မင်းတို့ကလဲကွာ။ ဖဲ့မယ်ဆိုတာချည်းပဲ။ အဖြစ်အပျက်က ဒီလိုကွ” ဆိုပြီး ဖြစ်ရပ်မှန်ကို ပြောပြပါတော့တယ်။ ကားလမ်းပေါ်မှာ သူ့ ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းနေခဲ့တယ်။ သူ့အရှေ့က လှုပ်ပဲ့လှုပ်ပဲ့ မောင်းနေတဲ့ လိုင်းကားကို ကျော်ပစ်မယ်လို့ ဆုံးဖြတ်အပြီး ကားရဲ့ ဘယ်ကနေ ကျော်တက်ပါတော့တယ်။ လိုင်းကားကို ကျော်တက်နေတုန်း ကားခေါင်းနား အရောက်မှာ ခွေးတစ်ကောင် ရုတ်တရက် ဘွားခနဲ ပေါ်လာပါတော့တယ်။ အဲဒီခွေးကလည်း လိပ်လို သွားနေတဲ့ လိုင်းကားကို စိတ်တော် မရှည်လို့ မစောင့်တော့ဘဲ ရှေ့က ဖြတ်ကူးတာ ဖြစ်မယ်။ ရုတ်တရက် ပေါ်လာတဲ့ ခွေးကို မတိုက်မိဖို့ ဘရိတ် အုပ်လိုက်ပေမယ့် ဘယ်လိုမှ ဆိုင်ကယ် မထိန်းနိုင်တော့တဲ့အခါ ဝင်တိုက်ပစ်ဖို့တာ ရှိပါတော့တယ်။ ဘယ်လို ဘယ်လို ဖြစ်သွားသလဲ မသိလိုက်ပေမယ့် သတိရတဲ့အချိန်မှာ ကိုယ်တော်ချော ငသက်က ခွေးကို ဖက်လျက်သား။ အဲဒီအချိန်မှာပဲ အထိတ်တလန့် ဖြစ်သွားတဲ့ ခွေးက သူ့ရှေ့နား အခန့်သင့် ရှိနေတဲ့ ငသက်ရဲ့ လက်ဖဝါးကို အလန့်တကြား ဟပ်ပြီး ထွက်ပြေးသွားပါတော့တယ်။

ခွေးရူးပြန် ရောဂါနဲ့ ပတ်သက်ပြီး ဆေးပညာ ဗဟုသုတ ရှိနေတဲ့ သူ့အနေနဲ့ ကာကွယ်ဆေး ထိုးရတော့မယ်ဆိုတာ တန်းပြီး တွေးမိမှာပါ။ ချက်ကို ဆေးထိုးရတဲ့ ခေတ် မဟုတ်တော့ပေမယ့် လက်မောင်းကို ထိုးရမယ့် ဆေးဟာ တစ်စုံစာအနေနဲ့ (၃၀၀၀၀) ကျပ်လောက် ကျနိုင်တာကြောင့် သူ မတတ်နိုင်တာ အမှန်ပဲ။ သူရဲ့ ဗဟုသုတနဲ့ ဆေးပညာအသိက သူ့ကို နောက်တစ်ခု သတိပေးနေပြန်တယ်။ တကယ်တမ်း လူကို ကိုက်တဲ့ ခွေးဟာ တစ်လအတွင်း ရူးပြီး မသေခဲ့ဘူးဆိုရင် ကိုက်ခံရသူရဲ့ ဒါဏ်ရာဟာ ခွေးရူးရောဂါကို မဖြစ်စေတော့ပါဘူး။ အဲဒီ အသိကြောင့် ဆေးဖိုးပိုက်ဆံ မတတ်နိုင်တာကို ချက်ချင်း တွက်ဆမိပြီးတဲ့နောက် ခွေးကို နောက်ယောင်ခံ လိုက်ပါတော့တယ်။ ဘယ်အိမ်က ခွေးလည်း သိရအောင် လိုက်ကြည့်နေတာကြောင့် သူ နောက်ကျသွားတဲ့အကြောင်း ကျနော်တို့ကို ပြောပြတယ်။ သူ အကြောင်းစုံ ပြောပြအပြီး လူငယ်ပီပီ မေ့မေ့ပျောက်ပျောက်ပဲ တဟီးဟီး တဟားဟားနဲ့ မုန့်ဆိုင်ကို ရောက်သွားပါတော့တယ်။ သူ့ခမျာ တစ်လလုံးလုံး နှစ်ရက်ခြား တစ်ခါ ခွေးကို သွားသွား ရှာနေရတော့တယ်။ ခွေးကြည့်ပြီးရင်လည်း ကျနော်အိမ် အမြဲ ဝင်လာလေ့ရှိတယ်။ သူ ဝင်လာတိုင်း “မင်းစော်နဲ့ တွေ့ခဲ့လား” လို့ သူ့ကို အမြဲ စလေ့ရှိတာ မှတ်မိနေတယ်။

(ဆက်ရန်)

တံခါးခေါက်သံများ (၁)
“ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုတဲ့ အသံက ကိုယ်ရဲ့ တံခါးမှာ မြည်နေပြီဆိုရင် ဧည့်သည် တစ်ယောက်ယောက် ကိုယ့်အိမ်ရှေ့ ရောက်နေတယ်လို့ လူတိုင်း ယူဆလိုက်ကြတယ်။ ကိုယ့်တံခါးက ခေါက်သံမြည်မှတော့ ကိုယ့်အိမ် ဧည့်သည်လာတာပေါ့၊ ဒါ ဘာထူးဆန်းသလဲလို့ မေးချင်တဲ့သူတွေ ရှိပါလိမ့်မယ်။ ကျနော် ဆက်စပ်ပြီး တွေးလိုက်မိတာက တံခါးခေါက်သံ ကြားပြီး မကြာခင်မှာ အိမ်ထဲကို လူတချို့ ဝင်လာတော့မယ် ဆိုတာ သေချာသလောက်ပဲ။ တစ်ခါတလေတော့ တံခါးခေါက်တဲ့သူက အိမ်ထဲ မဝင်တော့ဘဲ အိမ်ထဲကသူကို အိမ်ပြင် ခေါ်ထုတ်သွားတတ်တယ်။ ဥပမာ သူငယ်ချင်းတွေပေါ့။ သူတို့ လာရင် လက်ဘက်ရည်ဆိုင် သွားရအောင်ဆိုပြီး ခေါ်သွားလေ့ရှိတယ်။ နေ့တိုင်းလိုလို လူတိုင်းနီးပါး တံခါးခေါက်သံကို ကြားနေကြရမှာပါ။ ဒါပေမယ့် ရည်ရွယ်သူသာ ကြားရတဲ့ တံခါးခေါက်သံမျိုး ကြားဖူးကြလား မသိဘူး။ အဲဒီလို ခေါက်တတ်တဲ့သူကလည်း ဘယ်တော့မှ အထဲ မဝင်တတ်ဘူး။ အထဲကသူကိုပဲ အမြဲ ခေါ်သွားတတ်တယ်။ မှတ်မှတ်ရရ ကျနော် ဘဝမှာ အဲဒီလို တံခါးခေါက်သံမျိုး (၆) ကြိမ်တိတိ ကြားဖူးခဲ့တယ်။ ကျနော်ကို ရည်ရွယ်တာ မဟုတ်ခဲ့ပေမယ့် ပဲ့တင်သံကို သဲ့သဲ့လေး ကြားခဲ့ရတယ်။ တံခါးခေါက်သံနဲ့အတူ လူတစ်ယောက် အမြဲ ပါသွားပေမယ့် ကျနော်အတွက် တစ်ဘဝလုံး မမေ့နိုင်တဲ့ စွမ်းအားတွေကို ချန်သွားခဲ့တယ်။ (၆) ကြိမ်လုံးလုံး တံခါးခေါက်ခဲ့သူက တခြားသူ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ အမြဲ ရင်းနှီးနေတဲ့ သေမင်းပါ။

ပထမဆုံး သေခြင်းရဲ့ တံခါးခေါက်သံကို ကြားရတော့ ကျနော် အသက် (၂၁) နှစ် ရှိပါပြီ။ သေခြင်းတရားနဲ့ ပထမဆုံး ရင်းနှီးခွင့် ရခဲ့ခြင်းပါပဲ။ ကျနော် ရန်ကုန်မှာ ကျောင်းတက်နေတုန်း မန်းအိမ်က ဖုန်းတစ်ကော ဝင်လာတာက ကျနော့်အဘွား ဆုံးပြီတဲ့။ ဖုန်းချပြီး တခဏမှာပဲ ကျနော်ဟာ ရှော့ရိုက်ခံထားရတဲ့ လူတစ်ယောက်လို အားအင်တွေ ချည့်နဲ့ပြီး ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ပါဘူး။ အကြောင်းအရင်းက အဘွား ဆုံးသွားလို့ပေါ့။ သိပ်ချစ်လို့လို့ မထင်လိုက်ကြပါနဲ့။ ကျနော်ဘဝမှာ အမုန်းဆုံးလူကို ပြပါ ဆိုရင် အဲဒီ အဘွားကို လက်ညိုးထိုးပြရမှာပါ။ ဒါပေမယ့် ဒီနေ့ ဒီအချိန် ကိုယ့်အားကိုယ်ကိုးပြီး ဒီအဆင့်အတန်း ရောက်နေလို့ ကျေးဇူးတင်ရမယ့်သူကို ပြပါဆိုရင်လည်း သူ့ကိုပဲ ညွှန်ရမှာပါ။ မိဘ ပြီးရင်ပေါ့။ ဘာကြောင့် အဲဒီလောက် မုန်းခဲ့ရသလဲ ဆိုတာကို အခွင့်သင့်ရင် ပို့စ်အနေနဲ့ ရေးပါဦးမယ်။ ကျနော် သူ့ကို သိပ်မုန်းခဲ့လို့ တစ်နေ့နေ့ တစ်ချိန်ချိန် ကလဲ့စားပြန်ချေဖို့ ကျနော် ကြိုးစားခဲ့တာပါ။ ကျနော် အသက် (၂၁) နှစ် ပြည့်တဲ့အချိန်အထိ ကျနော် ကြိုးစားခဲ့သမျှရဲ့ အကြီးမားဆုံး အကြောင်းအရင်းက သူ့ကို လက်စားချေဖို့ပါ။ သူ ကျနော်အပေါ် ပြုမူခဲ့သမျှ ဆတူ သူ ပြန်ခံစားစေရမယ် ဆိုတဲ့ အာဃာတ တွေနဲ့ပေါ့။ အခွင့်သင့်တာနဲ့ နာပြီ မှတ်လို့ တေးနေခဲ့တာ အချိန်တိုင်းပဲ။ အဲဒီအဘွားက ကျနော်နဲ့ မွေးကတည်းက အတူနေလာပြီး အသက် (၁၆) နှစ်သား အရွယ်မှ အိမ်ခွဲသွားခဲ့တယ်။ ကျနော်ရဲ့ ငယ်ဘဝ စိတ်အနာတရ အများဆုံးဟာ သူကြောင့် ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ကျနော် အဲဒီလောက် ငြိုးနေခဲ့တာပေါ့။ ဒေါသတွေ အာဃာတတွေဟာ ဘယ်လောက် ပူလောင်သလဲဆိုတာကို ဖြစ်နေတုန်းတော့ ဘယ်လိုလုပ် သွားသိနိုင်မှာလဲ။ ဘယ်လောက်အထိ ပူလောင်နေမယ်ဆိုတာ မှန်းဆလို့ ရလောက်ပါတယ်။

ကျနော် ဒီလောက် မုန်းတဲ့ အဘွား ဆုံးသွားပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ဘယ်လို ခံစားသွားရမယ်လို့ ထင်သလဲ။ “ကောင်းကွာ၊ ငါရဲ့ မဟာ ရန်သူကြီး မရှိတော့ဘူး” ဆိုပြီး ပျော်နေမယ်လို့ ထင်မိပါသလား။ ကျနော် အဲဒီ သတင်းကို ရပြီး တခဏမှာ ခံစားရတဲ့ ခံစားချက်ကို တင်စားပြီး ပြောရမယ်ဆိုရင် လေးနဲ့မြားကို ပစ်ဖို့ အသင့်ပြင်ထားပြီး ချိန်ရွယ်နေတုန်း ပစ်မှတ် ပျောက်ပြီး ရှာလို့ကို မရတော့တဲ့ ခံစားချက်လိုပါပဲ။ ငယ်ငယ်က ကျနော်ကို ခဲသေးသေးနဲ့ ပေါက်ခဲ့လို့ ကျနော် သူ့ကို ခဲကြီးကြီးနဲ့ ပြန်ပေါက်ပစ်ချင်ခဲ့တယ်။ ဒါပေမယ့် ငယ်သေးတော့ ခဲကြီးကြီးကို မ,နိုင်အောင် နေ့တိုင်း လေ့ကျင့်နေခဲ့တယ်။ နည်းနည်း လေးတာကို မ,နိုင်ပြီဆိုရင် ဒီထက် လေးတာကို မ,နိုင်အောင် ဆက်လေ့ကျင့်ခဲ့တယ်။ အခု အရွယ်ရောက်တော့ ကားကြီးလောက် ကြီးတဲ့ ကျောက်ခဲကို မ,ပြီး ပေါက်ပစ်မယ် စိတ်ကူးကာမှ ပေါက်ရမယ့်သူက အနားမှာ မရှိတော့ဘူး။ ဘယ်နားမှာမှ မရှိနိုင်တော့ဘူး။ ဒီတော့ မနည်းကို မနိုင်မနင်း မ,ထားတဲ့ ကျောက်ခဲကို ကျနော် ဘယ်လို လုပ်ရတော့မလဲ။ အရင့်အရင်က များများ မ,နိုင်အောင် အပင်ပန်းခံခဲ့တာတွေကကော ဘာအဓိပ္ပာယ် ရှိနေသေးလဲ။ ခက်တာက အဲဒီ ကျောက်ခဲကြီး မထားတာ ဘယ်သူမှ မမြင်ဘူး။ တစ်ယောက်တည်း မ,ပြီး တစ်ယောက်တည်း ပင်ပန်းနေခဲ့မိတယ်။ ကာယကံရှင်ဖြစ်တဲ့ အဘွားတောင် သိသွားပါ့မလား မပြောတတ်ဘူး။ တကယ်တမ်းတော့ ရန်ငြိုးထားတတ်တဲ့သူဟာ ကျောက်ခဲကြီး ရွက်ပြီး ပစ်ဖို့ အခါအခွင့် စောင့်နေတဲ့သူနဲ့ တူမှန်း အဲဒီနေ့ကမှ သိခဲ့ရတယ်။ ရန်ငြိုးနဲ့ တူတဲ့ ကျောက်ခဲကြီးကို (၂၁) နှစ်လုံးလုံး ရွက်ပြီး သွားနေခဲ့မိတာ အဲဒီအချိန်မှ မျက်လုံးထဲ မြင်ယောင်လာမိတယ်။ ပစ်ချမယ်လို့ ဆုံးဖြတ်ပြန်တော့လည်း ပစ်ချင်တဲ့သူက မရှိပြန်တော့ဘူး။ ဒီအတိုင်း လွှတ်ချပစ်ရမှာလဲ စိတ်ထဲက မအီမသာ။ ဒီအတိုင်း ရွက်ထားဖို့ ဆိုတာကလည်း လေးမှလေး။ နောက်ဆုံးတော့ ရွက်ထားတဲ့ အာဃာတ အငြိုးတွေကို လွှတ်ချနိုင်လိုက်သလို အဲဒီအချိန်ကစပြီး ဘယ်တော့မှ ကျောက်ခဲ ထပ်မရွက်တော့ဘူးလို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။

ပထမဆုံး သေမင်းရဲ့ တံခါးခေါက်သံနဲ့ အတူ အဘွား လိုက်ပါသွားခဲ့သလို သူနဲ့အတူ အာဃာတ အငြိုးတွေပါ ထည့်ပေးလိုက် နိုင်ခဲ့တယ်။ အဲဒီ အချိန်ကစပြီး ဟန်မူရာဘီ ကိုဒ ဥပဒေလို မျက်လုံးတစ်ဖက် အတွက် မျက်လုံးတစ်ဖက် ပြန်ဖောက်ကြေး ဆိုတဲ့ ကလဲ့စား ချေမှုမျိုး၊ ရန်ငြိုးထားမှုမျိုး မရှိတော့ဘဲ အသွင်တစ်မျိုး ပြောင်းသွားပါတော့တယ်။

“ငါ့ကို မဲ့ပြတဲ့သူကို ပြုံးလာအောင် လုပ်ပြမယ်”

“ငါ့ကို မုန်းနေတဲ့သူကို ချစ်လာအောင် နေပြမယ်” ဆိုတဲ့ ခံယူချက်နဲ့အတူ ဘဝကို ဆက်လက် ဖြတ်သန်းလာခဲ့ပါတယ်။

“ဒေါသကို မေတ္တာဖြင့်သာ အောင်နိုင်ရာ၏”

(ဆက်ရန်)

မွေးနေ့လက်ဆောင် ”ပီကေကပ်သော အတွေးစုများ” pdf
ဒီနေ့ဟာ ကျနော်ရဲ့ မွေးနေ့ပါ။ သူများတွေ မွေးနေ့ဆိုရင် မှတ်မှတ်ရရလေးတွေ လုပ်တတ်ကြတယ်။ တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အလျောက်ပေါ့။ ပါတီပွဲတွေ လုပ်ပြီး တချို့တော့လည်း ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ ပျော်ကြပါးကြနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တတ်ကြပါတယ်။ ဘလော့ဂ်မှာ ဆိုရင်လည်း ဖွယ်ဖွယ်ရာရာ စားကောင်း သောက်ဖွယ်တွေကို စားချင့်စဖွယ် ပုံနဲ့တကွ တင်ပြီး ဘလော့ဂ် သူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးတတ်တဲ့ အလေ့အကျင့်ကလည်း ရှိနေတယ်။ကျနော်အနေနဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အစီအစဉ်တစ်ခု လုပ်မယ်လို့ စိတ်ကူးပေမယ့် စိတ်သာရှိတယ်။ အချိန်မရတာကြောင့် လုပ်မှ လုပ်နိုင်ပါ့မလားလို့ အတွေးနဲ့ စိုးရိမ်နေမိတယ်။ ဒါပေမယ့် လုပ်ချင်ဇောကြောင့် အတင်းကို မရမက မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး မနေ့ညပိုင်းက စပြီး အကောင်အထည် ဖော်မိတယ်။ သူများတွေ ခန္ဓာကိုယ်ကို အဟာရ ဖြစ်စေဖို့ စားဖွယ်သောက်ဖွယ်နဲ့ တည်းခင်း ဧည့်ခံနေကြသလို ကျနော် အနေနဲ့လည်း ဒီလို နေ့မျိုးမှာ အဟာရဖြစ်စေမယ့် အရာတွေနဲ့ (အနည်းဆုံး တစ်ခုခုပေါ့) ဖွယ်ဖွယ် ရာရာ စီစဉ်ပေးချင်တယ်။ ဒါကြောင့် သူများတွေ ကိုယ်ခန္ဓာကို ခွန်အားတိုးဖို့ ကြံဆောင်နေချိန်မှာ ကျနော်ကတော့ စိတ်နှလုံးကို အားပြည့် ဖွံ့ဖြိုးစေတဲ့၊ ကြည်နူး ရွှင်လန်းစေတဲ့၊ တောင့်တင်း ခိုင်မာစေတဲ့၊ ပီတိ ဖြာဝေစေတဲ့ အတွေးတွေ၊ အမြင်တွေနဲ့ ဧည့်ခံပါရစေ။ကျနော်ရဲ့ အဲဒီ ရည်ရွယ်ချင်နဲ့ပဲ ဒီနှစ် မွေးနေ့မှာ အမှတ်တရအနေနဲ့ ကျနော် ရေးခဲ့သမျှထဲက နှလုံးသား အဟာရ ဖြစ်စေမယ့် စာစဉ် (၂၄) ပုဒ်ကို ရွေးထုတ်ပြီး အီးဘွတ်အနေနဲ့ ဖန်တီးလိုက်ပါတယ်။ ဖန်တီးပြီး တကာလ ကျနော် သိထားတဲ့ မိတ်ဆွေတွေရဲ့ အီးမေးလ်တွေ ကနေ တဆင့် အဲဒီ အီးဘွတ်ကို ပညာဒါန အနေနဲ့ အခမဲ့ ဖြန့်ဝေပေးလိုက်ပါတယ်။ နောက်ပြီး ဘလော့ဂ်မှာလည်း ပို့စ်တစ်ခုအနေနဲ့ ဖော်ပြပြီး မည်သူမဆို ဖတ်ရှု မျှဝေနိုင်အောင် ဆွဲချ သိမ်းဆည်းနိုင်မယ့် လင့်ခ်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ အခု ဒီအီးဘွတ်ကို ကြိုက် နှစ်သက်မယ် ဆိုရင် တခြား မည်သူ့ကိုမဆို စီးပွားရေး အကျိုးအမြတ် အရ မဟုတ်ဘဲ အခမဲ့ ဖြန့်ဝေ သွားနိုင်ပါတယ်။ပထမဆုံးအနေနဲ့ ကျေးဇူးတင်ရမယ့်သူကတော့ ကျနော်ရဲ့ မွေးသမိခင်နဲ့ မွေးသဖခင်ပါပဲ။ အစစ အရာရာ လိုလေသေးမရှိအောင် တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကြိုးစားပြီး ဖြည့် စွမ်းပေးခဲ့တဲ့ မေမေ့ကို အထူး ကျေးဇူးတင်သလိုလည်းပဲ တွေးတတ် ခေါ်တတ်အောင် လမ်းပြပေးရင်း တရားမှတ်တတ်တဲ့ အလေ့အထလေးကို ပြုစုပေးခဲ့တဲ့ ကွယ်လွန်သူ ဖေဖေ့ ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီအသက်အရွယ်နဲ့ ကိုယ်ပိုင် လမ်းကြောင်းတစ်ခုမှာ ပိုင်ပိုင်နိုင်နိုင် လျှောက်နိုင်နေတာ ဖေဖေရဲ့ အမျှော်အမြင် ကြီးမားမှုကြောင့်ဆိုတာ ကျနော် အသက်ကြီးလာလေလေ ပိုပြီး သိလာလေလေပါ။မိဘပြီးရင် ကျနော် ကျေးဇူးတင်ရမယ့် သူတွေက သင်ဆရာတွေပါ။ မြန်မာစာ အခြေခံ ကောင်းတွေကို ပျိုးထောင်ပေးခဲ့တဲ့ ဆရာမ ဒေါ်သန်းထွေးနဲ့ အမျိုးမျိုး လှည့်တွေးတတ် အောင် သင်ပေးခဲ့တဲ့ သင်္ချာ ပါမောက္ခဟောင်း ဦးအောင်စိန် တို့ကို ဒီတစ်သက် မမေ့ပါဘူး။ မြင်ဆရာထဲက ဆိုရင်တော့ ”ပုဆိုးဝတ်တာလို့ပဲ လူတိုင်းသိတယ်။ ပုဆိုးထဲ လူဝင်တယ်လို့ ဘယ်သူမှ မတွေးမိကြဘူး” လို့ ပြောခဲ့တဲ့ ဆရာ ဦးအောင်သင်းရဲ့ စာတွေ ဖတ်ခဲ့ပြီး ပညာအများကြီး ရခဲ့တာပါ။ တခြားတခြား မြင်ဆရာတွေကတော့ အများကြီးပါ။ ကျနော် ဖတ်ဖူးသမျှ စာအုပ်တွေကို ရေးသားတဲ့ ဆရာတိုင်းဟာ ကျနော်ရဲ့ မြင်ဆရာချည်းပါပဲ။နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ရမှာက ကျနော် ဘလော့ဂ်ကို အစဉ်တစိုက် ဖတ်ရှုနေတဲ့ သူငယ်ချင်းတွေ၊ စာဖတ်သူတွေပါပဲ။ သူတို့ရဲ့ အားပေးမှု မရှိရင် ကျနော် ဒီလောက်ရေး ဖြစ်နေမှာ မဟုတ်ပါဘူး။ ဘလော့ဂ်မှာ မြင်တွေ့နေရတဲ့ နှုတ်ခွန်းဆက်သမှုတွေ၊ ကွန်းမန့် တွေဟာ ကျနော်အတွက် မရေးမဖြစ် ရေးချင်စိတ် ပေါ်လာအောင် အဓိက လှုံဆော်ပေးနေတဲ့ တွန်းအားတွေပါ။ သူတို့ရဲ့ အားပေးမှုတွေကြောင့် နေ့စဉ် မဟုတ်တောင် မပြတ် ရေးနေခဲ့မိတယ်။ အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်သူ သူငယ်ချင်းတွေကြောင့်လည်း စာတွေ ပိုဖတ်ဖြစ်လာသလို၊ ပိုလည်း တွေးဖြစ်လာတယ်။ ပိုလည်း ရေးဖြစ်လာတယ်။ ဒါကြောင့် သူတို့ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဒီထက်ဒီ အဓိပ္ပာယ် ပိုပြည့်စုံတဲ့၊ အနှစ်သာရ ပိုပြည့်ဝတဲ့ စာစုတွေကို ပိုမိုရေးသားနိုင်အောင် ကြိုးစား အားထုတ်သွားပါမယ်လို့ ကတိပြုပါတယ်။”ပီကေကပ်သော အတွေးစုများ” ကို ဒေါင်းလု ဆွဲချ ချင်ရင်တော့ ဒီမှာ ရယူနိုင်ပါတယ်။

အဲဒီ PDF ထဲမှာ ဖော်ပြထားတဲ့ ပို့စ်တွေကတော့

၁။ အရေးအကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း
၂။ Sharing critical information
၃။ ကူညီချင်စိတ်
၄။ တပါးသူအား ကူညီတတ်ခြင်း
၅။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ
၆။ အချစ်ကို နားလည်သော
၇။ အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်
၈။ မြဲမြံစွာ ဆုတ်ကိုင်ထားသော
၉။ တစ်နာရီ နှစ်ထောင်
၁၀။ ဘုရားသခင်သို့ ပေးစာ
၁၁။ ဘဝ၌ ရပ်ကြည့်မိသောအခါ
၁၂။ ကမ္ဘာကြီးကို ပြောင်းလဲကြည့်မလား
၁၃။ ပြည့်ဝနိုင်သော အချစ်
၁၄။ နှုတ်ဆိတ်နေသော အချစ်
၁၅။ ကြွက်ထောင်ချောက်
၁၆။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး
၁၇။ ခဲတံတစ်ချောင်း၏ ကိုယ်ကျင့်တရား
၁၈။ ဘဝဟူသော အိမ်
၁၉။ ဘဝဆိုတာ ….
၂၀။ သစ်သားဇလုံလေး
၂၁။ နောက် ငါးမိနစ်လောက်
၂၂။ ပြောဖို့ခက်ပါတယ်
၂၃။ အမေ့ကိုယ်စား
၂၄။ အချစ်ဆိုတာ

ပို့စ် အသစ်ရေးရန် အရှိန်ယူခြင်း …
ဘလော့ဂ်နဲ့ တစ်ဆယ့်ငါးရက်လောက် အဆက်အသွယ် ပြတ်ပြီး တကာလ အခု စာပြန်ရေးမယ်ဆိုတော့ ဘယ်ကဘယ်လို စရေးရမလဲ စဉ်းစားရ ခက်နေတယ်။ ဇန္နဝါရီလ (၂၁) ရက်နေ့ စထွက်လိုက်တဲ့ ခရီးက မနေ့ မနက်မှ ရန်ကုန် ပြန်ရောက်တော့တယ်။ ဒီ ခရီးစဉ် (၁၅) ရက် ကာလအတွင်းမှာ စာ မရေးဖြစ်ပေမယ့် စာရေးဖို့ အတွက် ကုန်ကြမ်းတွေ အတော်များများ စုဆောင်းမိပါတယ်။ ဘလော့ဂ် မရေးဖြစ်ပေမယ့် သုံးရက်ခြား တစ်ခါလောက်တော့ ဘလော့ဂ်ကို သွားကြည့်မိတယ်၊ အီးမေးလ် စစ်ဖြစ်ပါတယ်။ ကျနော် စာ လုံးဝ မရေးဖြစ်တဲ့ (၁၅) ရက်တာ ကာလအတွင်းမှာ လာရောက် လည်ပတ်သူ မပြတ် တွေ့ရတော့ အတော်လေး ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ မေးလ်လာစစ်တိုင်းလည်း ပေးထားတဲ့ ကွန်းမန့်တွေ ဖတ်ရတော့ အားတက်မိသလိုပဲ၊ လာလည်ပြီး အတွေးဗလာ ပြန်သွားရတဲ့ စာဖတ်သူတွေကိုလည်း အားနာမိတယ်။ ဒါကြောင့်လည်း အခု စာပြန်ရေးမယ် ဆိုတော့ ဘာမှ နိဒါန်း ပျိုးမနေတော့ဘဲ ပုံမှန် စာစရေးရင် ကောင်းမလား စဉ်းစားမိပြန်တော့ တစ်မျိုးကြီး ခံစားရတာနဲ့ ကျေးဇူးတင်ကြောင်း၊ အားနာကြောင်း၊ စာ စရေးတော့မှာ ဖြစ်ကြောင်း ရေးပြီး အရှိန်ယူလိုက်ဦးမယ်လို့ စိတ်ကူးမိတာကြောင့် ဒီပို့စ်ကို ရေးလိုက်ရပါတယ်။ဒီ (၁၅) ရက် ခရီးစဉ်မှာ မကွေး၊ မန္တလေးနဲ့ မုံရွာ မြို့ သုံးမြို့ကို ရောက်ဖြစ်ပြီး မန္တလေးမှာ အချိန် အကြာဆုံး နေဖြစ်ခဲ့ပါတယ်။ (၂၁) ရက်နေ့မှာ မကွေးကို သွားပြီး (၂၄) ရက်နေ့ ညကြီးမိုးချုပ် မန်းကို ပြန်ရောက်ပါတယ်။ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်စောစော မုံရွာကို သွားခဲ့ပြီး (၂) ရက်နေ့မှာ ရန်ကုန် ပြန်ဆင်းလာခဲ့တယ်။ မန်းမှာ နေနေတုန်း ကာလအတွင်း ဦးဇင်း ဦးကောဝိဒနဲ့ ဆက်သွယ်ပြီး သူရဲ့ အခမဲ့ အင်တာနက် သင်တန်း ကျောင်းလေးမှာ သွားရောက်ပြီး (၄) ရက်တာ သင်ကြားပေးနိုင်ခဲ့ပါတယ်။ စစ်ကိုင်းမှာလည်း လိုက်သင်ပေးဖို့ ဦးဇင်းကို ကတိပေးထားပေမယ့် အချိန်ကြပ်တာကြောင့် ရက်ရွှေ့ပြီး ရန်ကုန် ပြန်လာခဲ့ရတယ်။ သင်တန်း အတွေ့အကြုံကိုတော့ နောက်မှ သီးသန့် ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပြဖို့ စီစဉ်ထားပါတယ်။

ဒီတစ်ခေါက် မန်း ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရတယ်။ ကျနော်အတွက် ထူးဆန်းတာပေါ့နော်။ စာဖတ်သူ အနေနဲ့ ဆိုင်ကယ်မောင်း ပြိုင်ပွဲတွေ ရုပ်သံမှာ ကြည့်ဖူးလား မသိဘူး။ မကြည့်ဖူးလည်း ကျနော် နည်းနည်း ပြောပြမယ်ဗျ။ တာထွက်တဲ့ စည်းကို နင်းပြီး ဆိုင်ကယ်တွေ တန်းစီထားကြတယ်။ အားလုံးက ပြိုင်ပွဲဝင်ဖို့ တာဆူနေကြတယ်။ ဆိုင်ကယ်စက်နှိုးပြီး လီဗာ တဗျူးဗျူး တဗျင်းဗျင်းနဲ့ မီးပွိုင့် အလွတ်ကို ခေါင်းကလေး တမော့မော့နဲ့ စောင့်မျှော်နေကြတယ်။ ဘရိတ်အုပ်လျက် လီဗာ ပုတ်နေတာ ဆိုတော့ ဆိုင်ကယ်က ကြိုးချည်လျက် ပြေးဖို့ ကြိုးစားနေတဲ့ ခွေးတစ်ကောင်လို ရှေ့တိုးနောက်ငင်နဲ့ အတင်းကို မောင်းထွက်ဖို့ အားယူနေတယ်။ ဒိုင်လူကြီး အချက်ပြလို့ မီးပွိုင့်က စိမ်းပြီး ဆိုတာနဲ့ သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင် မောင်းထွက်ကြပါတော့တယ်။ အဲဒီ မြင်ကွင်းကို မြင်ချင်ရင် ကျနော်တို့ မန်းမြို့ရဲ့ လမ်းမတွေပေါ်မှာ ကြည့်နိုင်ပါတယ်။ မီးပွိုင့်က စိမ်းမယ်မှ မကြံသေးဘူး တဗျူးဗျူး တဗျဲဗျဲနဲ့ ထွက်ဖို့ အတင်း တာဆူနေတယ်။ စိမ်းပြီ ဆိုတာနဲ့ တာလွှတ်လိုက်တဲ့ ဆိုင်ကယ်တွေလို အလုအယက် သူ့ထက်ငါ အပြိုင်အဆိုင် တိုးဝှေ့ပြီး မောင်းထွက်ကြတယ်။ ယာဉ်ကလည်း များတော့ အဓိက လမ်းစုံတွေဆိုရင် နေ့ခင်းဘက် ယာဉ်ကြော ပြတ်တယ်ရယ်လို့ မရှိပါဘူး။ မီးပွိုင့် စိမ်းရာကနေ နီဖို့ မီးဝါလည်း လင်းရော အလှူမဏ္ဍပ် ပိတ်တော့မှာမို့ အတင်း တိုးဝင်နေတဲ့ လူတွေအတိုင်း မီးဝါကို မရမက ဖြတ်မောင်းတော့တယ်။ အဲဒီအချိန် လမ်းတစ်ဘက်ကလည်း မီးနီရာကနေ စိမ်းတော့မှာမို့ ဗျူးဗျဲနေတဲ့ ဆိုင်ကယ်တွေနဲ့ လမ်းလည်ခေါင်မှာ ထိပ်တိုက်တွေ့ကြပါရော။ ဒါ မန်းမြို့မှာ နေ့စဉ်နီးပါး မြင်တွေ့နေရတဲ့ မြင်ကွင်းပါ။ ဒါပေမယ့် ထူးဆန်းတာက ဘာဖြစ်လို့လဲ မသိဘူး။ ဒီတစ်ခေါက် မန်း ပြန်ရောက်တော့ မီးပွိုင့်က မီးစိမ်းလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီဆိုတာနဲ့ ကိုယ်တော်ချော ဆိုင်ကယ်တွေက မီးအဝါကိုတောင် ဖြတ်မကူးတော့ဘဲ လမ်းထိပ်အရောက် တုန့်ခနဲ ရပ်လိုက်ကြတယ်။ အလွန် ထူးဆန်းတဲ့ မြင်ကွင်းပါတကား လို့ ကောက်ချက်ချမိတယ်။ မန်းလေးမှာ မီးဝါကို အတင်း ဖြတ်ကူးရင်း လမ်းတစ်ဘက်က ယာဉ်တွေ ခဏခဏ ပြဿနာတက်ကြတယ်။ အခုတော့ လမ်းဆုံတွေမှာ မီးပွိုင့်နဲ့ အသားကျနေတဲ့ မန်းသားတွေ မြင်ရတော့ အတော်လေး ဝမ်းသာမိပါတယ်။မြန်မာနိုင်ငံရဲ့ စက်ဘီး မြို့တော်လို့ တချိန်က တင်စားခေါ်ဝေါ်ခဲ့တဲ့ မန္တလေးမြို့ဟာ အခုဆိုရင် နောက်ထပ် ဘွဲ့တစ်ခုဖြစ်တဲ့ ဆိုင်ကယ်မြို့တော် ဆိုတဲ့ ဘွဲ့ကို ထပ်မံ ဆွတ်ခူးလိုက်သလိုပဲ မန်းမြို့ လမ်းမတွေပေါ် ဆိုင်ကယ်တွေ ပလူပျံလို့ပါပဲ။ မန်းလေး တစ်မြို့တည်းကို ဆိုင်ကယ် အစီးရေ (၃၅၀၀၀၀) သုံးသိန်းခွဲ နီးပါး ရှိမယ်လို့ ယူဆမိပါတယ်။ တကယ်တမ်း ယာဉ်အရေအတွက်နဲ့ တိုင်းတာမယ်ဆိုရင် မန်းမြို့ဟာ ရန်ကုန်ထက် ယာဉ်အစီးရေ ပိုပါတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်ရှုပ်ထွေးမှု ခဏခဏ ဖြစ်တာကြောင့် ကိုယ်ပိုင် အသိစိတ်နဲ့ပဲ လမ်းစည်းကမ်းတချို့ကို လိုက်နာဖို့ အသားကျနေပါပြီ။ အခု ဒီတစ်ခေါက် မန်းမြို့ ပြန်တော့ မန်းသားတွေအနေနဲ့ အသားကျနေတာ မြင်ရတော့ အတော်လေး ကျေနပ်မိတယ်။ စည်းကမ်းဆိုတာ ပြဌာန်းဖို့ ထားတာ မဟုတ်သလို၊ ဒါဏ်ခတ်ဖို့ ထားတာလည်း မဟုတ်ပါဘူး။ ကိုယ်ပိုင် အသိစိတ်နဲ့ လိုက်နာမှသာ စည်းကမ်းဆိုတာ အသက်ဝင်မှာပါ။ကဲဗျာ ကျနော်လည်း ရောက်တတ်ရာရာ လျှောက်ပြောနေတာ ပို့စ်တောင် အတော်ရှည်နေပြီ။ ဒါနဲ့ စကားမစပ် ကျနော် ဒီလ (၁၂) ရက်နေ့ မန်းမြို့ကို ပြန်ဖြစ်ဦးမယ်။ ဒီတစ်ခေါက်ကတော့ အဖေဆုံးတာ တစ်နှစ်ပြည့်အတွက် ဆွမ်းကပ်ဖို့ စီစဉ်စရာ ရှိလို့ပါ။ နောက်တစ်ခေါက် ပြန်ဖြစ်ရင်လည်း (၁၅) ရက်လောက်တော့ ကြာဦးမယ်ထင်တယ်။ ကျနော် ဘလော့ဂ်ကိုတော့ ခွဲမသွားချင်ဘူး။ မန်းမြို့ကနေ ပို့စ်တင်နိုင်အောင် ကြိုးစားပါ့မယ်။ ကျနော် မနက်ဖြန်ကနေ စပြီး တန်ဖိုးရှိမယ့် ပို့စ်တွေကို စပြီး တင်တော့မယ်ဆိုတဲ့အကြောင်းလေး ပြောရင်း အရှိန်ယူတာလေး ရပ်လိုက်တော့မယ်။ အတော်လေးလည်း အရှိန်ရနေပြီ။ အဟတ်