ဝတ္ထုတို – ဖြိုးကျော်နှင့် သူ၏စာများ
နောက်ကျသွားသော အပြုံး (၅)
ညတစ်ညမှာ နှင်း ရုတ်တရက် ဗိုက်နာလာလို့ ထအော်လိုက်မိတယ်။ အော်လိုက်တယ် ဆိုရင်ပဲ သူ အခန်းတံခါးကို ဒုန်းခနဲ စောင့်တွန်းပြီး ပြေး၀င်လာတယ်။ သူ့ကြည့်ရတာ ဒီအချိန်ကို စောင့်နေသလိုပဲ။ နှင်းကို ပွေ့ချီပြီး လှေကားအတိုင်း ပြေးဆင်းလိုက်တာ ကားနား ရောက်တဲ့အထိပါပဲ။ စီးဖို့ ကားကိုတောင် အဆင်သင့် သူ ပြင်ထားပုံရတယ်။ ဆေးရုံကို သွားတဲ့ လမ်းတစ်လျှောက် သူ နှင်းကို ဘာစကားမှ မပြောပေမယ့် လက်တစ်ဖက်ကတော့ နှင်းရဲ့ လက်ကို မြဲမြဲပါအောင် ဆုတ်ကိုင်ထားတယ်။ ဘာရယ် မဟုတ်ပေမယ့် နှင်းရဲ့ စိတ်ထဲမှာ အားငယ်စိတ်တွေ မရှိတော့သလိုပါပဲ။ သူရဲ့ အရိုးပြိုင်းပြိုင်း ထနေတဲ့ ပုခုံးပေါ်မှာ ခေါင်းကလေး မှီရင်း ဆေးရုံက မီးဖွားခန်းထဲအထိ သူ နှင်းကို ပွေ့ချီလာခဲ့တယ်။ သူရဲ့ နွေးထွေးတဲ့ ကိုယ်ဓာတ်ကို ရတဲ့ အခိုက်အတန့်မှာ နှင်းရဲ့ နှလုံးသားကို ဦးနှောက်က တံခါးလာခေါက်တယ်။
`လောကမှာ ကို့လောက် နှင်းကို ချစ်နိုင်မယ့်သူ ဘယ်သူ ရှိဦးမှာလဲ။´
ကို မီးဖွားခန်း တံခါးကို ဖွင့်ပေးပြီး နှင်းအထဲ ၀င်သွားတာကို မမှိတ်မသုန် ကြည့်နေရစ်ခဲ့တယ်။ နှင်းမှာ နာကျင်တဲ့ ၀ေဒနာကို ခံစားနေရပေမယ့် ကိုရဲ့ နွေးထွေးလွန်းလှတဲ့ အကြည့်တွေကြောင့် နှင်းရဲ့ နှလုံးသားနဲ့အတူ မျက်နှာက အပြုံးနဲ့ ကို့ကို တစ်ချက် လှမ်းကြည့်လိုက်မိတယ်။ ဘယ်လောက်ပဲ နာကျင်နာကျင်၊ နှင်းမှာ ရင်ဆိုင်ရဲတဲ့ ခွန်အားတွေ ပိုလို့တောင် ရှိလာပါပြီ။ အရင်ကတော့ ကိုယ့်အတွက်ပဲ ဆိုတဲ့စိတ်နဲ့ ဒီရင်သွေးလေးကို ပြုစုခဲ့ပေမယ့် အခုဆိုရင် နှင်းတစ်ယောက်တည်းအတွက် ရယ်လို့ မဟုတ်တော့ပါဘူး ကိုရယ်။ ကို့အတွက် ဆိုတဲ့ စိတ်ဟာ နှင်းကို ပိုပြီး အားရှိစေသလား မသိဘူးနော်။ နှင်းလေ အရမ်းပျော်တာပဲ။ ကိုနဲ့ ချွတ်စွပ်တူတဲ့ သားလေးတစ်ယောက် ကို့ကို လက်ဆောင် ပေးနိုင်ခဲ့ပြီလေ။အခန်းတံခါး ဖွင့်လိုက်တယ် ဆိုရင်ပဲ ကိုရဲ့ မျက်နှာကို ဘွားကနဲ စမြင်ရတာပဲ။ ကို အပြင်မှာ ဘယ်လောက် ပျာယာခပ်နေမလဲ ပြောစရာတောင် မလိုလောက်ပါဘူး။ နှင်း ကိုယ်၀န်ရှိတယ်လို့ သိကတည်းက အိမ်မှာ သန့်ရှင်းရေးတွေကို နှင်း လုပ်စရာမလိုအောင် ကိုကပဲ အကုန် အပြီး လုပ်ထားလေ့ ရှိတာပါ။ အော် .. ကို့ခမျာ နှင်းရဲ့ အသိအမှတ်ပြုတဲ့ အကြည့်လေးတစ်ချက်တောင် မရရှာဘဲ မမျှော်လင့်ရှာဘဲ နေ့စဉ်နေ့တိုင်း အပင်ပန်းခံခဲ့တာပဲ။  အရင်နေ့တွေကတည်းက နှင်းပင်ပန်းနိုင်မယ့် အလုပ်မှန်သမျှ ကိုကပဲ ဦးအောင် ပျာပျာသလဲ လုပ်နေခဲ့တာလေ။ နှင်း မသိအောင်လည်း ကို့ခမျာ ခိုးလုပ်ရသေးတယ်။ ကို ပင်ပန်းခဲ့သလောက် မျက်နှာကောင်းလည်း မရခဲ့ရှာဘူးလေ။ အခု အခန်းကထွက်တော့ ကို့မျက်နှာကို တွေ့လို့ အဲဒါတွေ တွေးမိပြီး ကို့အပေါ် မတရားခဲ့မိလေခြင်း ဆိုပြီး မျက်ရည်တွေတောင် ၀ဲလာမိတယ်။ ကိုရယ် … နှင်းကို ခွင့်လွှတ်ပါနော် ဆိုတဲ့ အပြုံးနဲ့ပဲ အသိအမှတ်ပြုဖိို့ နှင်းမှာ အားရှိတော့လို့ပါ ကို။ကိုလေ နှင်းနဲ့ သားလေးကို ကြည့်ပြီး ယောက်ျားကြီးတန်မဲ့ မျက်ရည်တွေ ၀ိုင်းနေတာ တွေ့လိုက်ရတယ်။ ဒါပေမယ့် ပီတိမျက်ရည်တွေ ဆိုတာ နှင်း ရဲရဲကြီး အာမခံရဲပါတယ်။ ကို ဒီနေ့ အကြီးမားဆုံး ဆုလာဒ်ကြီး နှစ်ခု ရလိုက်တာကိုးနော်။ နှင်းတို့ရဲ့ သားလေးနဲ့ နှင်းရဲ့ အကြင်နာတွေပေါ့ ကိုရယ်။ မျက်ရည်တွေနဲ့ ပြုံးနေတဲ့ ကိုရဲ့ လက်ဖ၀ါးကို ဖမ်းဆုတ်လိုက်ပြီး `ကို နှင်းကို ခွင့်လွှတ်ပါနော်´ လို့ ပြောဖို့ ကြိုးစားနေဆဲမှာ … ။ ကို့ရဲ့ လက်ဖ၀ါးဟာ နှင်းရဲ့ လက်ကနေ လွတ်ထွက်သွားပြီး ဗုန်း ဆိုတဲ့ အသံနဲ့အတူ ကို ကြမ်းပြင်ပေါ် ခွေလဲကျသွားတော့ အသံထွက်ဖို့တောင် အားမရှိတော့တဲ့ နှင်းဟာ ရှိတဲ့အသံနဲ့ ခြစ်ကုတ်ပြီး အော် လိုက်မိတယ်။ နှင်း လက်တွန်းကုတင်ကနေ အတင်း ကုန်းရုန်းထပြီး ကို့ကို လှမ်းကြည့်တော့ ကို ဟာ နှင်းကို တစ်ချက် ပြုံးပြလိုက်တယ်။ ကိုရဲ့ မျက်လုံးတွေကတော့ မှိတ်လျက်။ ကိုရဲ့ ပင်ပန်းလွန်း အားကြီးနေတဲ့ မျက်လုံးတစ်စုံကတော့ မှိတ်လျက် …စားသောက်ဆိုင်မှာ ကိုနဲ့ နောက်ဆုံး  ဆုံပြီးကတည်းက `ဒီယောက်ျားအတွက် ဘယ်တော့မှ မျက်ရည်မကျစေရဘူး´ လို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ ကို့ကြောင့် နှင်း ဘယ်တော့မှ မျက်ရည်မကျတော့ဘူးလို့ ခပ်မာမာ သန္နိဋ္ဌာန် ချခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ ဦးနှောက်က မသိလိုက်ခင်မှာပဲ မျက်ရည်တွေက ၀ိုင်းလို့ပါ ကို။ ဒီနေ့ဟာ နှင်းရဲ့ နှလုံးသားကို အပိုင်းပိုင်း လှီးဖြတ်ပစ်ခဲ့တဲ့ နေ့တစ်နေ့ဆို မမှားနိုင်ပါဘူး။ ပထမတော့ ကိုဟာ နှင်းအတွက် ပင်ပန်းလွန်း အားကြီးလို့ ဖြစ်တာပဲလို့ ယူဆခဲ့ပေမယ့် ဆရာ၀န်တွေ လက်မှိုင်ချတဲ့ အဆင့်အထိ ရောက်သွားတော့ နှင်း ဘယ်လိုမှ နားမလည်နိုင်အောင်ပဲ။ ဒီ၀ေဒနာကို ဘယ်တုန်းကတည်းက ကြိတ်ပြီး ခံစားနေခဲ့တာလဲ ကိုရယ်။ ကို့ကို ကြည့်နေကြလို့ ယူဆရတဲ့ ပါရဂူတစ်ယောက် ရောက်လာပြီး ကို့ကို စစ်ဆေးနေပြီး ပါရဂူရဲ့ သက်ပြင်းချသံကို နှင်း ကြားလိုက်ရတယ်။ နှင်းရဲ့ ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလိုပါပဲ ကို။ `အတော်လေး ထူးဆန်းဖို့ ကောင်းပါတယ်ဗျာ။ ကျနော်ဆီကို လူနာ လာတွေ့တဲ့ အချိန်ကတည်းက ဒီလူနာရဲ့ အသည်းကင်ဆာဟာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ တကယ်ဆို အလွန်ဆုံး နေရလည်း (၂) လပေါ့´`ဒေါက်တာ ဒါဆို ကိုက ဒေါက်တာနဲ့ ပြခဲ့တာ ကြာပြီပေါ့နော်´`ကြာပြီပေါ့။ လွန်ခဲ့တဲ့ (၇) လ လောက်က ဖြစ်မယ်။ ကျနော်တောင် ဒီလူလာ ဆုံးပြီလို့ ယူဆထားတာ။ အခု ပြန်တွေ့ရတော့ အတော်တောင် အံ့ဩမိတယ်။ ဒီလို (၇) လကျော် ကြာတဲ့အထိကို ထိန်းထိန်းသိမ်းသိမ်း နေလာနိုင်တာ အတော် အံ့ဩစရာပါ။ ကဲဗျာ လူနာရှင်တွေ အနေနဲ့ နာရေးကိစ္စ စီစဉ်ထားကြပါတော့´ `ဒါဆို ဟိုးအရင် ဆေးရုံမှာ ကိုနဲ့ ဆုံတုန်းက …….. ´ သူနာပြုတွေ တားနေတဲ့ကြားက နှင်း အိမ်ကို အတင်း ပြန်လာခဲ့တယ်။ ကို့အခန်းထဲကို ပြေး၀င်သွားပြီး ကို့ကွန်ပြူတာကို ဖွင့်လိုက်တယ်။ တကယ်ဆို ကိုဟာ သူသေမှာကို ကြိုသိထားတဲ့ လူတစ်ယောက်ပဲ။ ညစဉ် တစ်ဂျောက်ဂျောက် တစ်ဂျက်ဂျက်နဲ့ ရိုက်နေတာ ဘာတွေလဲ။ နှင်းနဲ့ စကားပြောခွင့် မရလို့ ကွန်ပြူတာမှာ ရိုက်သွားတာ ဖြစ်မယ်လေ။ ဒါဆို ညစဉ် ညစဉ် ကို ငြီးတွားနေတာတွေကကော အမှန်တွေပေါ့နော်။ နှင်း ကိုယ့်ကိုယ်ကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်လို့ ရတော့မလဲ ကိုရယ်။ နှင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ မာနတွေကြောင့် ကို့ကို အထင်လွဲမှားခဲ့တယ်။ ကိုဟာ နှင်း မပင်ပန်းအောင် ဆိုပြီး အစစအရာရာ နောက်ကွယ်ကနေ အကုန် လုပ်ပေးနေတာတွေဟာ သေခါနီး လူနာရှင် တစ်ယောက်က လုပ်ပေးသွားတာတွေပါလို့ နှင်း သိလိုက်ရတဲ့ အချိန်မှာ နှင်းကိုယ်နှင်း ဒေါသထွက်လို့ မဆုံးဘူး ကိုရယ်။ အဲဒီ အရင်နေ့တွေက မှတ်ပလား မှတ်ပလားလို့ ရင်ထဲက ကြိတ်ပြီး ကြိမ်းမောင်းခဲ့တာ အခုတော့ ကိုယ့်ကိုယ်ကို ပြန်ကြိမ်းနေရပြီ ကိုရယ်။ ကို … နှင်းကို ခွင့်မလွှတ်ပါနဲ့တော့။ ကွန်ပြူတာ Desktop ပေါ်မှာ သားအတွက် စာတစ်စောင်နဲ့ နှင်းအတွက် စာတစ်စောင် စုစုပေါင်း ဖိုင်နှစ်ဖိုင် တင်ထားတာ တွေ့လိုက်ရတယ်။ ဒါနဲ့ သားအတွက် စာကို အရင် ဖွင့်ကြည့်လိုက်တော့ စာလုံးပေါင်း နှစ်သိန်းကျော်တောင် ရှိမလားပဲ။ `သား .. မင်းကို ကြီးတဲ့အထိ အဖေ မပြုစုနိုင်တော့ဘူး၊ မထိန်းကျောင်းနိုင်တော့ဘူး ဆိုတာ အဖေ သိနှင့်ပြီးသားပါ။ ဒါပေမယ့် သားရဲ့ မျက်နှာကို မမြင်ရဘဲနဲ့တော့ အဖေ ဒီလောကကြီးထဲက ထွက်မသွားနိုင်ဘူး သား။ သား တစ်မျက်နှာကို မြင်ရဖို့ အဖေ ကြိုးစားမှ ဖြစ်မယ်။ အဖေ လဲကျမသွားခင် သားရဲ့ မျက်နှာကို မြင်ရဖို့ဟာ အဖေရဲ့ အကြီးဆုံးနဲ့ တစ်ခုတည်းသော ဆန္ဒပါ။ သား ကြီးပြင်းလာတဲ့ ဘ၀လမ်း တစ်လျှောက်မှာ ပျော်စရာတွေ အများကြီးနဲ့ ကြုံရမှာ ဖြစ်သလို အခက်အခဲတွေနဲ့လည်း မလွဲမသွေ တွေ့ရဦးမှာလေ။ အဲဒီ ခရီးကြမ်းတွေကို ဖြတ်သန်းတဲ့ အခါမှာ အဖေ မင်းရဲ့ ဘေးနားမှာ အတူရှိနေရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ သားရယ်။ ဒါပေမယ့် အဖေ သိပါတယ်။ အဖေ့ကို အဲဒီ အခွင့်အရေးကောင်း ပေးမထားခဲ့ဘူး။ သား လူလားမြောက်လို့ မျက်လုံးနှစ်လုံး ဖွင့်နိုင်တဲ့အချိန်မှာ အဖေ့ကို သား မြင်ရမှာ မဟုတ်တော့ဘူး။ ဒီတော့ သားကြီးလာရင် ဘ၀မှာ ကြုံရနိုင်တဲ့ အခက်အခဲတွေနဲ့ ဖြေရှင်းနည်းတွေကို အဖေ့အတွေ့အကြုံအရ အကုန် ဒီမှာ ရေးထားခဲ့ပါတယ်။  သားရဲ့ အနားမှာ နေပြီး အကြံဉာဏ်တွေ ပေးချင်ပေမယ့် အဖေ ဒီနည်းပဲ တတ်နိုင်တော့တယ် သား။ သား ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံလာတိုင်း ဒီစာကို ဖတ်ပါ သား။ အဖေရဲ့ ဘ၀နဲ့ ရင်းပြီး ရလာတဲ့ ဖြေရှင်းနည်းတွေကို မချွင်းမချန် အောက်မှာ ရေးထားပါတယ်။ . . . သား၊ ဒီစာတွေ အများကြီး ရေးပြီးတော့ အဖေဟာ သားဘ၀တစ်လျှောက်လုံးမှာ သားရဲ့ ဘေးနားနား အမြဲ ရှိနေတယ်လို့ အဖေ ခံစားရတယ်။ အဖေ တအား ပျော်တယ် သား။ အမေ့ကိုလည်း ဂရုစိုက်ပါ။ သူ့အနေနဲ့ စိတ်ဆင်းရဲစရာတွေ အများကြီး ကြုံခဲ့ရတာပါ။ ဒီလောကမှာ သားကို အချစ်ဆုံးသူဟာ သားရဲ့ အမေပါပဲ။ အဖေ့ကို အချစ်ဆုံးသူဟာလည်း မင့်အမေပါပဲ သား။ သားအမေလောက် ချစ်နိုင်တဲ့သူ ဒီလောကမှာ မရှိပါဘူး။´ ဒီစာကို နှင်း ဆုံးအောင် မဖတ်နိုင်တော့ပဲ နှင်းအတွက် လို့ ရေးထားတဲ့ ဖိုင်ကို ဖွင့်ဖတ်လိုက်မိတော့တယ်။ `နှင်း နှင်းနဲ့ ဘ၀တစ်ခု တည်ထောင်ခွင့် ရတာ ကို့အတွက် အကြီးမားဆုံး ဆုလာဒ်တစ်ခုပါ။ ကိုဟာ တာ၀န်မကျေတဲ့ ခင်ပွန်းတစ်ယောက်ပါ နှင်း။ နှင်းကို နာကျင်မှုတွေ ပေးခဲ့တဲ့ ကို့ကို ခွင့်လွှတ်ပါနော်။ နောက်ပြီး ကို့မှာ ရောဂါရှိနေတယ် ဆိုတာ နှင်းကို မပြောခဲ့တာကိုလည်း ခွင့်လွှတ်ပေးပါ။ ကိုတို့ နှစ်ယောက်လုံးအတွက် ဆုလာဒ်ဖြစ်တဲ့ သားလေး မမွေးဖွားခင် နှင်း စိတ်ထိခိုက်မှာ စိတ်ဆင်းရဲမှာကို ကို မလိုလားလို့ပါ။ ဒါကြောင့်လည်း နှင်းကို ဖိအား မပေးဘဲ နှင်း ကျေနပ်အောင် ကို စကားမပြောဘဲ နေနေခဲ့တာပါ။ နှင်း ဒီစာကို ဖတ်နေတဲ့အချိန်မှာ နှင်း ငိုနေခဲ့မယ် ဆိုရင် ဒါ ကို့ကို ခွင့်လွှတ်တဲ့ သဘောလို့ ကို ယူဆပါတယ်။ အဲဒါကို မြင်ရင် ကို ပြုံးလိုက်မိမှာ အမှန်ပဲ။ ကို့ကို ချစ်တဲ့အတွက် ကျေးဇူးပါ နှင်း။ အခန်းထဲက လက်ဆောင်တွေလေ၊ ကို ကိုယ်တိုင် သားလေးကို မပေးနိုင်တော့တာ စိတ်မကောင်းဘူး။ နှစ်စဉ် နှစ်စဉ် နည်းနည်း နည်းနည်းစီ ကို့ကိုယ်စား သားလေးကို ပေးပေးပါလား နှင်း။ ဘယ်နေ့တွေမှာ ဘယ်ပစ္စည်းကို ပေးရမယ် ဆိုတာ ကို လက်ဆောင်ပစ္စည်းတွေရဲ့ အပေါ်မှာ အကုန်လုံး ရေးထားပါတယ်။ …. ´ နှင်း ကို့စာကို ဖတ်ပြီးပြီးချင်း ဆေးရုံကို အမြန် ပြန်သွားခဲ့တယ်။ ဆေးရုံပေါ်မှာ ကိုကတော့ သတိမရရှာသေးဘူး။ ဒါပေမယ့် ကို့ရဲ့ နှလုံးခုန်သံကိုတော့ ကြားနေရတုန်းပဲလေ။ သားလေးကို ချီပြီး ကို့ ရင်ခွင်ဘေးနားမှာ ချထားလိုက်တယ်။ `မျက်လုံး ဖွင့်ကြည့်ပါဦး ကို။ သားလေးက ကို့ရဲ့ နွေးထွေးမှု၊ ယုယမှုတွေ အများကြီး လိုအပ်ပါတယ် ကိုရယ်´ နှင်းရဲ့ အသံကို ကို ကောင်းကောင်း ကြားပုံ ရပါတယ်။ ကို သူရဲ့ မျက်လုံး အစုံကို ဖွင့်ဖို့ တအားကြိုးစားနေပုံပါပဲ။ မျက်လုံးအစုံဟာ ပွင့်မလာပေမယ့် ကိုရဲ့ အပြုံးကို မြင်လိုက်ရတဲ့ အချိန်မှာ ကိုနဲ့ သားလေးအတွက် အမှတ်တရ ဓါတ်ပုံလေးတစ်ပုံ ရိုက်ပေးနိုင်ခဲ့တယ်။ ကင်မရာရဲ့ ချက် ဆိုတဲ့ အသံရဲ့ အဆုံးမှာ ကို့မျက်၀န်းက စီးကျလာတဲ့ မျက်ရည်ပေါက်နဲ့ အတူ နှင်းရဲ့ ကမ္ဘာကြီးတစ်ခြမ်း ပြိုလဲကျသွားပါတော့တယ်။ နှင်းလို အဖြစ်ဆိုးနဲ့ အားလုံး ကင်း၀ေးနိုင်ကြပါစေ။
နောက်ကျသွားသော အပြုံး (၄)
အဲဒီနောက် သူ အိမ်ပြန်လာတာကို နှင်း မတွေ့တော့ပါဘူး။ ဒါပေမယ့် နှင်း ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ တစ်ခါတလေ နှင်းအလုပ်က ပြန်လာရင် ဘီဒို အံဆွဲတွေကို တစ်ယောက်ယောက် တို့ထိသွားတယ် ဆိုတာပါပဲ။ သူ ပစ္စည်းတစ်ခုခု လာယူသွားတာပဲ ဖြစ်မယ်။ သူ့ကို နှင်း ခေါ်လည်း မခေါ်ချင်တော့ဘူး။ ပြောချင်စိတ်လည်း မရှိတော့ဘူူး။ သူ့ကို ဖွင့်ပြောချင်တဲ့ ဟိုးအရင်က အာသာဆန္ဒတွေလည်း ဘာဆိုဘာမှ မကျန်တော့ပါဘူး။ အခုဆိုရင် နှင်း တစ်ယောက်တည်းပဲ နေတယ်။ ဆေးရုံသွားပြီး ဆေးစစ်ရင်လည်း တစ်ယောက်တည်းပါပဲ။ ဒါပေမယ့်လေ တခြား ယောက်ျားတွေ သူတို့ ဇနီးမယားတွေကို ဂရုတစိုက်နဲ့ ဆေးခန်းပြပေး ဆေးစစ်ပေးနေတာ မြင်ရတိုင်း မြင်ရတိုင်း နှင်းရဲ့ အသည်းဟာ ကွဲလို့ကို မဆုံးတော့ပါဘူး။ သူငယ်ချင်း တချို့က ဒီကလေးကို ဖျက်ချပစ်ဖို့ အကြံပေးကြတယ်။ ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ။ ဟင့်အင်း နှင်း ကလေးကို ရအောင် မွေးမယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ။ အမေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အမေတစ်ယောက်အဖြစ်နဲ့ ရအောင် နှင်း နေသွားမယ်။
တစ်ရက် နှင်း အိမ်ပြန်သွားတော့ ဧည့်ခန်းထဲက မွှန်ထူနေတဲ့ မီးခိုးတွေကြား ထိုင်နေတဲ့ သူ့ကို တွေ့လိုက်ရတယ်။ စားပွဲပေါ်မှာလည်း စာရွက်နှစ်ရွက် တင်ထားလို့။ ဘာစာရွက်တွေလဲ ဆိုတာ နှင်း အသေအချာ ကြည့်နေစရာတောင် မလိုပါဘူး။ နှင်း သိနှင့်နေပြီးပါပြီ။ အခု နှစ်ယောက်သား လျှောက်နေတဲ့ လမ်းရဲ့ ပန်းတိုင်က ဒါပဲ မဟုတ်လား။ အထီးကျန်စွာ နှစ်လကျော်ကျော် နေလာခဲ့တဲ့ နှင်းအတွက် ငြိမ်းချမ်းမှု ဆိုတာကို ကိုယ့်ရင်တွင်းမှာပဲ ရှာဖွေနေတတ်ပါပြီ။ နှင်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး `ကျမ လက်မှတ်ထိုးပေးပါ့မယ်´ လို့ပဲ ခပ်ပြတ်ပြတ် ပြောပစ်လိုက်တယ်။ သူရဲ့ မျက်လုံးတွေထဲမှာတော့ နှင်းလိုပဲ အတွေးတွေ ရှုပ်ထွေးနေတယ်။ အပေါ်၀တ် ကုတ်အင်္ကျီ ချွတ်နေတုန်းမှာ `ငါ မငိုရဘူး၊ ငါ မငိုရဘူး´ လို့ အံကြိတ်ပြီး ကိုယ့်ဖာသာ သတိပေးနေရတယ်။ ဒီမျက်ရည်တွေကို ကျခွင့် လုံး၀ မပေးနိုင်တော့ဘူး။ တကယ်တမ်း ကျပါ ဆိုရင်တောင် ကျစရာ မျက်ရည် မကျန်လောက်တော့ဘူး။ နှင်း သူ့ကို မကြည့်ပေမယ့် သူ နှင်းကို အသေအချာ စိုက်ကြည့်နေတာ သတိထားမိတယ်။ သူ့ပါးစပ်က တစ်ခုခု ပြောဖို့ တစ်ချက်တစ်ချက် ဟလာတာကိုလည်း သိပါရဲ့။ နှင်း သူဘာပြောမလဲ ဆိုတာကို သိဖို့ မလိုအပ်တော့သလို သိချင်စိတ်လည်း မရှိတာကြောင့် သူ့အပြောကို ဂရုစိုက်မနေတော့ဘဲ ထိုင်ခုံမှာ ထိုင်ပြီး နှင်း လက်မှတ်ထိုးချလိုက်တယ်။ သူ မေးလိုက်တဲ့ မေးခွန်းက `နှင်း မင်းကိုယ်၀န်ကြီးနဲ့လား´ တဲ့။ အမေဆုံးပြီးကတည်းက ဒီစကားဟာ သူရဲ့ ပထမဆုံး စကားပါ။ သူ့အသံကို ကြားလိုက်ရရင်ပဲ နှင်းရဲ့ မျက်လုံးတွေဟာ မိုးကြီး ရွာချသလို ထိန်းမနိုင်သိမ်းမရ မျက်ရည်တွေ တသွင်သွင် စီးချလာပါတော့တယ်။ မျက်ရည်တွေ ကျနေပေမယ့် နှင်းရဲ့ စိတ်ကတော့ မာဆဲပါ။
`ဟုတ်တယ်လေ။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ ရှင် ပြန်ချင် ပြန်လို့ရပြီ´
အမှောင်ထဲမှာ နှင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင် ငုတ်တုတ် ထိုင်နေကြတယ်။ တစ်ခန်းလုံးလည်း တိတ်ဆိတ်လို့ပါ။ ခဏနေတော့ သူ နှင်းဘေးနား ကပ်လာတယ်။ သူ့မျက်ရည်ကြောင့် အင်္ကျီတွေ စိုရွှဲနေတာ အနားရောက်မှ သတိထားမိတယ်။ သူရဲ့ အသံအားလုံးဟာ နှင်းရဲ့ နှလုံးသားထဲမှာတော့ ဟိုးအ၀ေးက ငြီးတွားနေတဲ့ အသံလိုလိုပဲ ထင်ယောင်နေတော့တယ်။ နှင်းတို့ နှစ်ယောက်ရဲ့ နှလုံးသားတွေ အတော်ကြီး ၀ေးကွာနေပါပေါ့လား။ သူ့ပါးစပ်က ဆောရီးပါ ဆိုတဲ့ စကားလုံးတွေ မရေမတွက်နိုင်အောင် ကြားနေရပေမယ့် တစ်လုံးမှ နှလုံးသားကိုုု ရိုက်ခတ် မလာဘူး။ သူ့ကို နှင်း ခွင့်လွှတ်နိုင်လိမ့်မယ်လို့ နဂိုက တွေးထင်ထားခဲ့ပေမယ့် တကယ်တမ်းကျ ရင်ခုန်မခုန်တော့ပါဘူး။ စားသောက်ဆိုင်က ဟိုကောင်မလေးရဲ့ အရှေ့မှာ သူ ကြည့်ခဲ့တဲ့ အေးဆေးလွန်းတဲ့ အကြည့်တွေကို နှင်း တစ်သက် အခဲမကြေဘူး။ နှင်းတို့ နှစ်ယောက်လုံး အပြန်အလှန်ပဲ အသည်းနှလုံးကို ဓားနဲ့ မွှန်းခဲ့ကြတယ် မဟုတ်လား။ နှင်းက အဟုတ်အမှန် မရည်ရွယ်ခဲ့ပေမယ့် သူကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲလေ။
ဖြေရှင်းချက် ပေးနိုင်မယ့် တစ်နေ့ကို နှင်း စောင့်မျှော်ခဲ့တာ အမှန်ပါ။ ဒါပေမယ့် အခု နှင်း သဘောပေါက်လိုက်ပါပြီ။
အတိတ်မှာ ကုန်ဆုံးသွားတဲ့ အရာတွေဟာ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ။
နှင်းရဲ့ နှလုံးသားကို နွေးထွေးစေတဲ့ ရင်သွေးလေးက လွဲလို့ တခြား ဘယ်တစ်ဦးတစ်ယောက်ကိုမှ မနွေးထွေးနိုင်တော့တာ အမှန်ပါ။ သူရဲ့ မချိပြုံးတွေကလည်း နှင်းကို မနွေးထွေးစေတဲ့အပြင် ပိုပြီးတော့တောင် အေးစက်သွားစေခဲ့တယ်။ သူ ၀ယ်လာသမျှ ဘာဆို ဘာမှ မစား မသောက်ခဲ့ဘူး။ သူ ၀ယ်ပေးသမျှ ဘာလက်ဆောင်မှလည်း လက်မခံချင်ဘူး။ ကုန်ကုန်ပြောရရင် သူ့ကို စကားပြောချင်စိတ်တောင် မရှိတော့ပါဘူး။ နှင်း လက်မှတ်ထိုးပြီးတဲ့ အချိန်အခိုက်အတန့်က စပြီး အိမ်ထောင်ရေးနဲ့ အချစ် ဆိုတာတွေကို နှင်းရဲ့ နှလုံးသားထဲက အပြီးအပိုင် ဆွဲထုတ်ပစ်လိုက်ပါပြီ။
တစ်ခါတလေ သူ အိပ်ခန်းထဲကို ၀င်လာတတ်ပါတယ်။ အဲဒီလိုဆိုရင် နှင်းက ဧည့်ခန်းဘက်ကို ထွက်သွားလိုက်တယ်။ ဒီတော့ သူ့မှာ အမေ့အခန်းမှာပဲ နေရုံ အခြား မရှိတော့ဘူးပေါ့။ ညည ဆို သူ့အခန်းဘက်က ချောင်းဆိုးသံ သဲ့သဲ့ ကြားကြားနေမိတယ်။ နှင်း မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ ဒါ သူ သပ်သပ် ဉာဏ်ဆင်တာပဲ ဖြစ်မယ်။ ဟိုးအရင်က နှင်း သူ့ကို စိတ်ကောက်ပြီဆို သူက နေမကောင်းချင်ယောင် ဆောင်တတ်တယ်။ နှင်းက နောက်ဆုံး မနေနိုင်တော့ဘဲ သူ့နဖူးကို သွားစမ်းပြီဆိုရင် နှင်းကို ဖက်ပြီး အားရပါးရ ရယ်တော့တာပဲ။ အခုလည်း အရင်လိုပဲ သူ့ကို ဂရုစိုက်အောင် ဉာဏ်ဆင်တာပဲ ဖြစ်မယ်။ ဟိုးအရင်တစ်ချိန်က သူ ဒီလိုဖြစ်ရင် နှင်း ဂရုစိုက်တယ်၊ ပြုစုတယ်ဆိုတာ နှင်းတို့ နှစ်ယောက်အကြားမှာ မေတ္တာ ဆိုတာ ရှိလို့ပါ။ အဲဒါကို သူ မေ့နေပုံရတယ်။ အခု နှင်းတို့နှစ်ယောက်ကြားမှာ ဘာများ ရှိနေသေးလို့လဲ။
(ဆက်ရန်)
နောက်ကျသွားသော အပြုံး (၃)
`ဘာကြောင့်လဲ။ ငါတို့အချစ်ဟာ လောကဓံရဲ့ ရိုက်ချက်တစ်ချက်လေးတောင် ခံနိုင်ရည် မရှိခဲ့ပါလား။´
လို့ တွေးမိတိုင်း ၀မ်းနည်းလို့ မဆုံးဘူး။ အိမ်ပြန်ရောက်တော့လည်း ဘာမှ လုပ်ချင်စိတ် မရှိတာနဲ့ အိပ်ယာပေါ်ပဲ လှဲနေလိုက်တယ်။ မျက်စိမှိတ်လိုက်တိုင်း ကိုရဲ့ စူးရဲလွန်းတဲ့ သူစိမ်းဆန်လွန်းတဲ့ အကြည့်တွေပဲ ပြန်ပြန် မြင်ယောင်နေမိတယ်လေ။ နှင်း အားရပါးရ ငိုချပစ်လိုက်တယ်။ ညဉ့်နက်သန်းခေါင်ကျော်မှာ အံဆွဲ အဖွင့်အပိတ် အသံကြောင့် နှင်း လန့်နိုးလာခဲ့တယ်။ မီးဖွင့်ကြည့်လိုက်တော့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ တွင်တွင်စီးနေတဲ့ ကို့ကို မြင်လိုက်ရတယ်။ သူ ပိုက်ဆံတွေ ယူပြီး အိတ်ထဲ ထည့်နေလေရဲ့။ နှင်း ဘာမှ မပြောဘဲ မတ်တပ်လေး သူ့ကို စိုက်ကြည့်နေမိတယ်။ ကို နှင်းကို တစ်ချက်လေးတောင် လှည့်မကြည့်တော့ဘဲ ပိုက်ဆံတချို့နဲ့ ဘဏ်စာရင်းစာအုပ်ကို အိတ်ထဲထည့်ပြီး အိမ်ထဲက ထွက်သွားခဲ့တယ်။ အော် … ကို တကယ်ပဲ ပြတ်သားတော့မှာပေါ့လေ။ သူက အချစ်မှာ ပြတ်သားတာ မဟုတ်ဘူး။ ငွေရေးကြေးရေးပိုင်းတောင် တယ်ပဲ ပြတ်သားတာပဲနော်။ နှင်း သူ့အပြုအမူကို ကြည့်ပြီး ရယ်ချင်စိတ် ပေါက်လာတယ်။ နှင်းဟာ ခြောက်ကပ်ကပ်ကြီး ရယ်ချလိုက်ပေမယ့် နှင်းရဲ့ မျက်၀န်းတစ်စုံကတော့ စိုစိုရွှဲလို့ပါ။
နောက်တစ်နေ့ နှင်း အလုပ်ကို ခွင့်တိုင်လိုက်တယ်။ ဒီကိစ္စမှာ ကိုနဲ့ ပြတ်သားတဲ့ အဖြေတစ်ခု ရှိဖို့ လိုတယ်လေ။ နောက်ပြီး နှင်း စိတ်မလျှော့သေးဘူး။ ကိုနဲ့ အေးအေးဆေးဆေးလေး စကားပြောချင်သေးတယ်။ ကို အထင်လွဲတာ ရှိရင်လည်း နှင်း ရှင်းပြလိုက်ချင်ပါတယ်။ ဒီလိုနဲ့ နှင်း ကို့ရဲ့ ရုံးကို လိုက်သွားခဲ့တယ်။ ရုံးရောက်တော့ ကိုရဲ့ အတွင်းရေးမှူးမလေးက နှင်းကို ဇ၀ေဇ၀ါကြီး ကြည့်ပြီး `ဆရာ့အမေ ယာဉ်တိုက်မှု ဖြစ်လို့ ဆရာ ဆေးရုံကို သွားပါတယ်´ လို့ လှမ်းပြောလိုက်တယ်။ သူ့စကားကြောင့် နှင်း ရှော့ရသွားတယ်။ နောက်မှ သတိရပြီး ဆေးရုံကို အမြန်လိုက်သွားမိတယ်။ ဆေးရုံရောက်လို့ စိတ်ဓါတ် အင်မတန် ပျက်ပြားနေတဲ့ ကို့ကို မြင်ရချိန်မှာ အမေဟာ ဒီလောကကြီးထဲမှာ မရှိရှာတော့ဘူး။ ကိုကတော့ နှင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ တစ်ချက်လေးတောင် လှည့်မကြည့်ပါဘူး။ သူ့မျက်နှာမှာလည်း ဘာခံစားချက်မှ မရှိတော့သလိုပဲ။ ဖြူဖက်ဖြူယော် ဖြစ်နေတဲ့ အမေရဲ့ မျက်နှာကို မြင်ရရင်ပဲ နှင်းရဲ့ မျက်ရည်တွေကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။ `ဘာလို့ ဒီလောက်တောင် ဖြစ်ကုန်ရတာလဲ ရှင်´ လို့ပဲ အော်ပစ်လိုက်ချင်တော့တယ်။
အသုဘအခမ်းအနား တလျှောက်လုံး နှင်းကို ကို ဘာစကားတစ်ခွန်းမှ မဟခဲ့ပါဘူး။ ဒါပေမယ့် ရံဖန်ရံခါ ဆိုသလို နာကျည်းတဲ့ အကြည့်တွေနဲ့ လှမ်းတော့ ကြည့်တတ်ပါရဲ့။ အမေ ဘယ်လိုလုပ်ပြီး ယာဉ်တိုက်မှု ဖြစ်သလဲဆိုတာ သိပ်သိချင်တာကြောင့် တခြားသူတွေကို လိုက်မေးကြည့်ရတယ်။ အဲဒီနေ့ညက အမေ ရွာပြန်မယ် ဆိုပြီး ညကြီးမိုးချုပ် ကားမှတ်တိုင်ကို လမ်းလျှောက် ထွက်သွားခဲ့တယ်။ ကိုက လှမ်းမြင်လိုက်လို့ အမေ့နောက်ကို အမီလိုက်တော့ အမေကလည်း သူ့ကို လိုက်မှန်းသိလို့ အတင်းပြေးတော့တယ်။ နောက်တော့ လမ်းဖြတ်အကူး သတိမထားမိဘဲ တစ်ဘက်က လာတဲ့ ဘက်စ်ကားကြောင့် ဆုံးခဲ့ရရှာတယ်လေ။ အင်း … အခုတော့ နှင်း နားလည်လိုက်ပါပြီလေ။ ဒါကြောင့်လည်း ကိုက နှင်းကို အဲဒီလောက် နာကျည်းနေရတာကိုး။ တကယ်လို့ နှင်းဟာ ဟိုးအရင်တစ်ရက် အမေ့ရှေ့မှာ မပျို့မအန်ခဲ့ရင် … ၊ တကယ်လို့ နှင်းနဲ့ကိုဟာ အကြီးအကျယ် ရန်မဖြစ်ခဲ့ရင် … ၊ တကယ်လို့ … ။ နှင်းဟာ သွယ်၀ိုက်သော နည်းအားဖြင့် အမေကို သတ်ခဲ့တဲ့ လူသတ်တရားခံ ဖြစ်နေပါရော့လား။ ကို့အနေနဲ့ အဲဒီလိုပဲ ယူဆနေမှာပဲနော်။
ကိုဟာ အမေအရင်နေခဲ့တဲ့ အခန်းဘက်ကို ရွှေ့သွားခဲ့တယ်။ ညတိုင်းလည်း သူ ပြန်လာရင် အရက်နံ့ကို ထောင်းနေတာပဲ။ နှင်းမှာတော့ တစ်ယောက်တည်းပဲ ကိုယ့်ဖာသာ စီရင်ချက်ချပြီး ကိုယ့်ဖာသာ ကြိုးမိန့်ပေးရမယ့်သူလို အားငယ်စိတ်များစွာ၊ အထီးကျန်မှု များစွာနဲ့ ကို့ကို ဖြေရှင်းချက် ပေးနိုင်မယ့် တစ်ရက်၊ ကိုပြန် ခွင့်လွှတ်လာမယ့် တစ်ရက်ကို စောင့်မျှော်နေခဲ့မိတယ်။ ကိုနဲ့ နှင်းတို့ရဲ့ ရင်သွေးလေး မကြာခင်မှာ မွေးဖွားလာတော့မယ် ဆိုတာကိုလည်း ကို့ကို ပြောပြချင်လိုက်တာ။ မတော်တဆ သူနဲ့ မျက်နှာချင်းဆိုင် ဆုံမိရင်တောင် သူရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေကြောင့် ပြောဖို့ ကြံရွယ်ထားတဲ့ စကားလုံးတွေက ပါးစပ်မဟခင်မှာပဲ အကုန် ပြန်၀င်သွားကြတယ်။
အခု ဖြစ်ခဲ့တာတွေ အားလုံးဟာ အကုန်လုံး နှင်းအပြစ် မဟုတ်ပေမယ့် အားလုံးအတွက် တောင်းပန်ဖို့ အဆင်သင့်ပါပဲ။ ကို အားရပါးရ ရိုက်ချင်လည်း ရိုက်ပါစေတော့။ ကို စိတ်ကျေနပ်တဲ့အထိပါ။ ဒါတွေ အားလုံး နှင်း ခံယူဖို့ အသင့်ပါ ကိုရယ်။ ဒါပေမယ့် အဲဒီလို အခွင့်အရေးလေးတောင် ကို နှင်းကို မပေးခဲ့ဘူး။ အိမ်ကြီးရဲ့ တိတ်ဆိတ်မှုဟာ ရက်တွေ လတွေ ကြာလာတာနဲ့ အမျှ ကိုဟာလည်း အိမ်ပြန်တာ နောက်ကျသတဲ့ နောက်ကျလာတယ်။ နှင်းတို့ နှစ်ယောက်ကြားမှာ ရှိတဲ့ ပြဿနာအထုံးကြီးကလည်း ရှုပ်မြဲရှုပ်ဆဲပါပဲ။ နှင်းတို့ နှစ်ယောက်ဟာ တစ်အိမ်တည်း အတူနေကြပေမယ့် လုံး၀ မမြင်ဖူး မသိဖူးကြတဲ့ သူစိမ်းတွေလိုပဲ။ နှင်းဟာ ကို့နှလုံးသားထဲက ဆူးတစ်ချောင်းများ ဖြစ်နေပြီလား ကို။
တစ်ရက် အနောက်တိုင်း စားသောက်ဆိုင်အရှေ့ကို ဖြတ်လျှောက်တော့ အမှတ်မထင် ဆိုင်ထဲမှာ ကို့ကို တွေ့လိုက်ရတယ်။ ဒါပေမယ့် ကို တစ်ယောက်တည်း မဟုတ်ဘူး။ မျက်နှာချင်းဆိုင်မှာ ကောင်မလေးတစ်ယောက်နဲ့။ နောက်ပြီး အဲဒီ ကောင်မလေးရဲ့ ဆံပင်ကို ကို က အသာအယာ ပွတ်သပ်ပေးနေလေရဲ့။ ဒါ ဘာဆိုလိုသလဲ ဆိုတာ နှင်း သိတာပေါ့။ ခြောက်ခြားသွားတဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နှင်း ကိုရှိရာကို ဦးတည်လိုက်တယ်။ ကို့အရှေ့တည့်တည့်မှာ ရပ်လိုက်ပြီး ကို့ကို ခပ်ပြင်းပြင်းလေး ကြည့်ပစ်လိုက်တယ်။ မျက်၀န်းထဲမှာတော့ မျက်ရည်တွေ ခမ်းလို့။ ကို့ကို ဘာမှ ပြောစရာ မရှိသလိုပဲ။ တကယ်တမ်းတော့ ဘာမှလည်း ပြောနေစရာ မလိုတော့ပါဘူးလေ။
(ဆက်ရန်) အပိုင်း (၄) သို့ ->
နောက်ကျသွားသော အပြုံး (၂)
->ဒီအိမ်မှာ ပြေးကြည့်လို့မှ သားအမိလေး သုံးယောက်ရှိပါတယ်။ တစ်ယောက်က တမင်သက်သက် အပြင်မှာ ထွက်စားနေတယ်ဆိုတော့ ဘယ်ကောင်းမလဲ။ ဒါကို နှင်းသိပါတယ်။ ဒါပေမယ့် နှင်းကြောင့် အမေနဲ့နှင်းအကြားမှာ ကို အနေမခက်စေချင်ဘူးလေ။ ကို့အနေနဲ့ သားကောင်းတစ်ယောက်ရဲ့ တာ၀န်နဲ့အတူ ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ချင်သေးတာ မဟုတ်လား။ ကို နေရခက်အောင် နှင်း မလုပ်ချင်လို့ မလုပ်ရက်လို့ နှင်း အပြင်မှာ ထွက်စားခဲ့တာပါ။ နှင်းမှာ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး ကို။ အခုတော့ ကိုက နှင်းကို အထင်လွဲနေပြီ ထင်တယ်။ ရပါတယ် ကိုရယ်။ ကို့သဘောအတိုင်း နှင်း ကိုတို့နဲ့အတူ နံနက်စာ စားမှာပေါ့။ ကို အနေမခက်စေပါဘူး။ နှင်း ကြိုးစားပါ့မယ်။ ကိုပြောခဲ့သလိုပဲ ကို့အတွက်ပါ။ နှင်း အိမ်မှာပဲ နံနက်စာ စားပါတော့မယ်။
နောက်တစ်နေ့ နံနက်ပေါ့။ အမေက နံနက်စာ ကြက်သားဆန်ပြုတ် စီစဉ်ပေးထားတယ်လေ။ တကယ်တော့ ဒီစားပွဲ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးယူတဲ့ စားပွဲလေးတစ်ပွဲ ဖြစ်ရမှာပါ။ ဒါပေမယ့် … ။ နှင်း အမေချက်ထားတဲ့ ဆန်ပြုတ်ကို တစ်ဇွန်း နှစ်ဇွန်းလောက် သောက်ပြီးပြီးချင်းမှာပဲ ဗိုက်ထဲမှာ အော်ဂလီဆန်သလို အီလည်လည်ကြီး ဖြစ်လာတယ်။ နှင်း ထိန်းပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ ထိန်းမရတဲ့အဆုံး အမေတို့ ရှေ့မှာပဲ ပျို့တက်လာပြီး လက်ထဲက ပန်းကန်လုံးကို ပစ်ချ၊ လက်ဆေးဘေဇင်ရှိရာ အမြန်ပြေးရတော့တယ်။ ဘေဇင်ရှေ့ ရောက်ရောက်ချင်းပဲ ထိုးအန်တော့တာပေါ့။ နှင်းလေ ကိုယ်နေမကောင်း ဖြစ်နေတာထက် ပိုပြီး စိတ်မကောင်းဖြစ်သွားမိတယ်။ ကိုနဲ့ အမေ ဘယ်လိုများ တွေးထင်သွားမလဲ။
တအောင့်နေ အမေနဲ့ ကို့ကို လှည့်ကြည့်လိုက်မိတယ်။ ကိုက မျက်စိမျက်နှာတွေ ပျက်လို့လေ။ နှင်းကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်။ နှင်း အသနားခံတဲ့ မျက်၀န်းတစ်စုံကို အမေ့ကို လှမ်းကြည့်လိုက်မိပါတယ်။ အမေရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ ဒလဟော စီးကျနေတော့တယ်လေ။ နှင်းမှာဖြင့် အသက်တောင် ၀၀ မရှုရသေးခင်မှာ ပထမဆုံး ကြားလိုက်ရတာတော့ အမေရဲ့ အော်ဟစ်ငိုယိုနေတဲ့ အသံပါပဲ။ နှင်း တကယ် မရည်ရွယ်ပါဘူး ကို။ ဒီအခြေအနေမျိုးမှာ ကို့ကို ဘယ်လိုမှ နှင်း ရှင်းပြလို့ မရတော့ဘူး ဆိုတာ နှင်းသိပါတယ်။ ဒါဟာ နှင်းရဲ့ အပြစ်ပဲ မဟုတ်လား။ ဒါပေမယ့် ဒီလိုဖြစ်အောင် နှင်း တမင် လုပ်လိုက်တာ မဟုတ်ပါဘူး ကိုရယ်။ ဒါပေမယ့်လေ ကိုက မီးဖိုချောင် တံခါး၀မှာ ခါးထောက်ပြီး နှင်းကို စူးစူးရဲရဲကြီး ကြည့်နေလေရဲ့။ နင် ဘာမှ လာရှင်းပြမနေနဲ့တော့။ ဒါ နင် အမေ့ကို လက်စားချေတာလား လို့ မေးနေသလား အောက်မေ့ရတဲ့ ကို့ရဲ့ အကြည့်တွေကို နှင်း ဘယ်လိုသတ္တိနဲ့ ရင်ဆိုင်နိုင်မလဲ ကို။
နှင်းလေ ရှင်းပြဖို့ ပါးစပ်က ဟလိုက်ပေမယ့် တကယ်တမ်း ခံတွင်းက ဘာစကားမှ ထွက်မလာတော့ဘူး။ နှင်းရဲ့ မျက်၀န်းအစုံလည်း မျက်ရည်တွေနဲ့ ဖုံးပိတ်နေတယ်။ နှင်း ရှင်းလို့မှ မရတော့ဘဲလေ။ ကိုရဲ့ စူးရဲတဲ့ အကြည့်ကို ရင်မဆိုင်နိုင်ပေမယ့် အသနားခံဖို့ ကို့အနားကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပါတယ်။ ကိုကတော့ ကျောက်ရုပ်ကြီးအလား တံခါး၀မှာ မလှုပ်မရှက်။ အမေ အားရပါးရ ငိုကြွေးပြီး အခန်းပြင်ကို ထွက်သွားတဲ့အထိ ကို နှင်းကို စိုက်ကြည့်နေတယ်။ သူ့ မျက်၀န်းဟာ မီးဟုန်းဟုန်းတောက်နေပြီ။ အမေ့ကို သူ တစ်ချက် လှည့်ကြည့်လိုက်ပြီး အသံခပ်မာမာနဲ့ နှင်းကို စကား စပြောပါတယ်။ နှင်းတို့ အိမ်ထောင်သက်မှာ အကြီးကျယ်ဆုံး ရန်ပွဲကို ပြောပါဆိုရင် အဲဒီနေ့က ရန်ပွဲကို ပြောရတော့မှာပဲ။ နှင်း ရှင်းပြနေတာကို ကိုက ဘယ်လိုမှ လက်မခံဘဲ အတင်း စွပ်စွဲနေတော့ နှင်းရင်ထဲက မခံချင်စိတ်တွေက အလျှိုးလျှိုး ထွက်လာပြီး ပွဲက ပြင်းထန်သတဲ့ ပြင်းထန်လာတော့တယ်လေ။ ဒီပွဲဟာ ကို့အတွက် သားကောင်းတစ်ယောက်အနေနဲ့  သရုပ်ဆောင်ရတဲ့ ပွဲပဲလေ။ ကို ခွင့်မလွှတ်နိုင်တော့လည်း ဘာတတ်နိုင်မလဲ။ နှင်း တမင်လုပ်တာမှ မဟုတ်တာပဲ။ နောက်တော့ ကိုလည်း နှင်းကို ကျောခိုင်းပြီး ထမင်းစားခန်းထဲမှာ နှင်းတစ်ယောက်တည်း ငိုနေလိုက်တယ်လေ။
နှင်းလေ ချွေးမတစ်ယောက်အနေနဲ့ ဆိုတာထက် သမီးတစ်ယောက်အဖြစ်နဲ့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အမေအပေါ်မှာ ဘယ်လိုမှ မပြစ်မှားမိအောင် နေထိုင်ပြုမူခဲ့တယ်။ နောက်ဆုံး အခြေအတင် ဖြစ်လာတောင် နှင်းကပဲ လူငယ်တစ်ယောက်အနေနဲ့ လျှော့ပေးခဲ့တာပါပဲ။ ဒီတစ်ခါတော့ နှင်းကြောင့် ဖြစ်တာ ဆိုပေမယ့် နှင်း အမေချက်တာကို ရွံလို့မှ မဟုတ်ဘဲ။ တကယ့်ကို နေလို့ မကောင်းလို့ပါ။ ဒါပေမယ့် ကိုက နှင်းကို နားလည်မပေးဘူး။ အဲဒီ ရန်ဖြစ်တဲ့နေ့က စပြီး ကို အိမ်ကို သုံးရက်တိတိ ပြန်မလာဘူး။ ဖုန်းလေးတောင် ဆက်ဖော် မရဘူးလေ။ နှင်းမှာ စိတ်မကောင်းဖြစ်ရလွန်းလို့လား၊ စိတ်ပူရလွန်းလို့လား မသိဘူး။ အစားလည်း ကောင်းကောင်း စားချင်စိတ် မရှိ။ ကောင်းကောင်းလည်း အိပ်မပျော်ခဲ့ဘူး။ အမေကလည်း နှင်းနဲ့ မျက်နှာချင်း မဆိုင်ရအောင် ရှောင်ရှောင်နေတော့ အိမ်မှာ နှင်းတစ်ယောက်တည်း အထီးကျန်နေခဲ့တယ်။ နှင်းဘ၀ရဲ့ အားအငယ်ဆုံး နေ့ရက်လေးတွေပါ ကို။
နှင်း နေထိုင်မကောင်း ဖြစ်နေတာ သတိထားမိတဲ့ နှင်းရဲ့ လုပ်ဖော်ကိုင်ဖက်က နှင်းကို ဆရာ၀န်သွားပြကြည့်ဖို့ အတင်း တိုက်တွန်းတယ်။ စိတ်ဆင်းရဲလို့ ဖြစ်တာပဲလေ။ ဆရာ၀န်က ဘယ်လိုလုပ် ကုပေးနိုင်ပါ့မလဲ။ ဒါပေမယ့် အဲဒီ အမကြီးက အတင်း တိုက်တွန်းနေတာနဲ့ နောက်တစ်နေ့တော့ ဆရာ၀န်ဆီ သွားတွေ့လိုက်ပါတယ်။ ဆေးစစ်ပြီးတဲ့အဆုံး ဆရာ၀န်ဆီက ဘယ်လိုမှ မျှော်လင့်မထားတဲ့ အဖြေတစ်ခု ရလာခဲ့တယ်။ နှင်းမှာ ရင်သွေးလေး ရှိနေပြီတဲ့။ ပျော်လိုက်တာရှင်။ အရင် ရက်တွေက စိတ်ဆင်းရဲခဲ့သမျှ ဘယ်ကို ရောက်သွားမှန်းကို မသိပါဘူး။ ဒီထက် ပိုပျော်မိတာကလေ။ ဟိုတစ်နေ့ နံနက် ထမင်းစား၀ိုင်းမှာ နှင်း အန်ခဲ့ရတဲ့ အကြောင်းအရင်းကို သိလိုက်လို့ရပါပဲ။ ဒါ နှင်း တမင်လုပ်တာမဟုတ်ဘူး ဆိုတဲ့ သက်သေပဲလေ။ ဒါပေမယ့်လေ အမေဟာ အတွေ့အကြုံရှိပြီးသား လူကြီးတစ်ယောက်ပဲ။ ပျို့တယ် အန်တယ်ဆိုတာ ကိုယ်၀န်ရှိလို့ မဖြစ်နိုင်ဘူးလားလို့ သူတို့ ဘာလို့ တွေးမပေးနိုင်ကြတာလဲ။ အော် သူတို့ နှင်းကို အပြစ်ပဲ မြင်နေကြလို့လားဟင်။ ကိုကကော … ။
ရုတ်တရက် ဆေးရုံအပေါက်၀မှာ ကို့ကို မြင်လိုက်ရတယ်။ ကိုနဲ့ သုံးရက်တည်း မတွေ့ဖြစ်ကြတာပါ။ ဒါပေမယ့် ကို အတော်ကြီးကို ပိန်ချုန်းသွားတယ်။ တကယ်ဆို သူမသိအောင် လှည့်ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမယ့် ကို့ မျက်နှာကို မြင်ရတဲ့ခဏမှာ နှင်းနှလုံးသားဟာ အရည်ပျော် ကျသွားတယ်။ နှင်းရဲ့ နှုတ်ခမ်းကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘဲ ကို့နာမည်ကို ခေါ်မိလျက်သား ဖြစ်သွားတယ်။ ကိုဟာ အသံကြားတဲ့ဘက်ကို လှည့်ကြည့်ရင်း နှင်းကို မြင်သွားတော့ တခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ တစ်ချက်ကလေး ကြည့်ပြီး ပြန်လှည့်သွားတယ်လေ။ ကို့ မျက်၀န်းထဲက ထွက်ပေါ်လာတဲ့ စိတ်ပျက်နေတဲ့ အကြည့်ကိုတော့ နှင်း ရလိုက်ပါတယ်။ အဲဒီ အကြည့်ဟာ ဓားထက်ထက်တစ်ချောင်းလို နှင်းရဲ့ နှလုံးသားကို ခွဲပစ်လိုက်ပါပြီ။ ကို့ကို နောက်ထပ် လှမ်းမကြည့်ဖို့ လုံး၀ ဆုံးဖြတ်ချက်ချပြီး ဆေးရုံထဲက နှင်း ထွက်လာခဲ့တယ်။
`ကို့အတွက် နှင်းတို့မှာ ရင်သွေးလေးတစ်ယောက် ရှိနေပြီ ကိုရဲ့´
လို့ အော်ပြီး ပြောလိုက်ချင်တဲ့ နှင်းရဲ့ မဟာဆန္ဒကို မျိုသိပ်ထားရုံမှတပါး ဘာရှိဦးမလဲ။ အဲဒီလို ကို့ကို ပြောလိုက်ရင် ကိုက ပျော်လွန်းအားကြီးလို့ နှင်းကို အရင်ကလို မချီပြီး ၀ှေ့ရမ်းနေတော့မှာပဲလို့ မျက်ရည်တွေစို့နေတဲ့ကြားက စိတ်ကူးယဉ်လိုက်မိသေးရဲ့။
(ဆက်ရန်)အပိုင်း (၃) သို့ ->
နောက်ကျသွားသော အပြုံး (၁)
နှင်းတို့ အိမ်ထောင်ပြုပြီး နှစ်နှစ်ကျော်လာတဲ့အခါမှာ ကိုဟာ သူ့အမေကို နှင်းတို့နဲ့အတူ အိမ်မှာခေါ်ထားဖို့ အဆိုပြုလာတယ်။ ကို့အမေဆိုတာ နှင်းအမေပဲ မဟုတ်လား။ နှင်းဟာ ကို့လို ကံကောင်းတဲ့သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ အခုချိန် ကို့မှာ လုပ်ကျွေးစရာ အမေဆိုတာ ရှိပေမယ့် နှင်းမှာက မိဘမပြောနဲ့ ဆွေမျိုးသားချင်းတောင် မရှိတဲ့ တစ်ကောင်ကြွက်ပါ။ ဒါကြောင့်မို့လည်း ကိုဟာ နှင်းရဲ့ တစ်ခုတည်းသော ကမ္ဘာပါပဲ။ အခု ကိုက အမေ့ကို အိမ်မှာ ခေါ်ထားမယ်ဆိုတော့ နှင်းအနေနဲ့ ကန့်ကွက်စရာ မရှိတဲ့အပြင် ကိုးကွယ်စရာ အမေတစ်ယောက် ရလိုက်တာကြောင့် အင်မတန် ဝမ်းသာရပါတယ်။ စိုးရိမ်မိတာ တစ်ခုပဲ ရှိပါတယ်။ ကိုကော နှင်းကောက အလုပ်ကိုယ်စီနဲ့ မဟုတ်လား။ နှင်းအနေနဲ့ ချွေးမတစ်ယောက်ရဲ့ တာဝန်၊ သမီးတစ်ယောက်ရဲ့ ဝတ္တရား မကျေပွန်မှာကိုပဲ စိုးရိမ်နေမိတယ်။
ကို့ငယ်ဘဝကို ပြန်စဉ်းစားကြည့်ရင်လည်း အင်မတန် သနားစရာ ကောင်းလှပါတယ်ရှင်။ ကိုငယ်ငယ်ကတည်းက အဖေနဲ့အတူ မနေခဲ့ရရှာဘူး။ ဟိုးငယ်ငယ်လေးကတည်းက အမေကပဲ ပြုစုစောင့်ရှောက်ခဲ့ရတယ်။ ကိုတို့ဟာ တောသူတောင်သားတွေပါ။ ဒါပေမယ့် ကို့အမေဟာ သူ့သားကို မြို့ပေါ် ကျောင်းထားနိုင်အောင် ဆိုပြီး နည်းမျိုးစုံ ကြိုးပမ်းခဲ့တာပါ။ နောက်ဆုံး ကို အင်ဂျင်နီယာ ဘွဲ့ရတဲ့အထိပဲ ဆိုပါတော့လေ။ အမျိုးသမီးတစ်ယောက်အနေနဲ့ သားတစ်ယောက်အတွက် ဒီလို ခေတ်ကြီးမှာ အင်ဂျင်နီယာဘွဲ့ ရအောင် ဘယ်လောက် ရုန်းကန်ရမယ်၊ ဘယ်လောက် ပင်ပန်းခက်ခဲခဲ့မယ်ဆိုတာ ပြောပြနေဖို့တောင် မလိုအပ်ပါဘူး။ ဒီလို မိခင်တစ်ယောက်ကို သားတစ်ယောက်က ကျေးဇူးသိသိနဲ့ သူ့အနီးနား ထားပြီး ပြုစုလုပ်ကျွေးချင်တာ နှင်းအနေနဲ့ ဘာကြောင့် ငြင်းနေရက်ဦးမှာလဲရှင်။ ဒီနေ့ နှင်းရဲ့ကိုဟာ အမေရဲ့ ကျေးဇူးကြောင့် ရလာခဲ့တာပဲ မဟုတ်လား။
ချက်ချင်းဆိုသလိုပဲ ခေါင်းညိတ်လိုက်ပြီး အမေနေဖို့ အခန်းတစ်ခန်း အမြန် ပြင်ဆင်လိုက်တယ်။ အမေ့အတွက် ၀ရံတာ သီးသန်းပါတဲ့ အခန်းလေးကို ရည်ရွယ်ထားလိုက်တယ်။ အဲဒီအခန်းလေးက အရှေ့ဘက် မျက်နှာစာမှာမို့ အမေနံနက်စောစောဆို အာရုဏ်တက် နေရောင်ခြည်ကို တစ်၀ကြီး ခံစားခွင့် ရအောင်လို့ပါ။ နောက်ပြီး ၀ရံတာကနေ ထွက်ကြည့်လိုက်ရင် ပန်းပေါင်းစုံ စိုက်ထားတဲ့ ပန်းခြံလေးကိုလည်း မြင်ရတော့ အိပ်ယာက ထတာနဲ့ စိတ်ကြည်နူးရတာပေါ့။ နှင်း ပြင်ဆင်ထားတာကို ကိုက ကြည့်ပြီး ပြုံးစိစိလုပ်နေတယ်။ နောက်ပြီး ဘာမပြောညာမပြောနဲ့လေ နှင်းကို ဆွဲမြောက်ထည့်ပြီး လှည့်ပစ်လိုက်တာ ချာချာလည် မူးသွားတာပဲ။ အဲဒီလို သူလုပ်ပြီဆိုရင် နှင်းက ကလေးလေးတစ်ယောက်လို အမြဲပဲ ကို့ကို တောင်းပန်ရတယ်လေ။ နှင်းကို အောက်ချပေးပါတော့ ဆိုပြီးပေါ့။
ကိုက အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း၊ ဗလတောင့်တောင့်ဆိုတော့ နှင်းကို ချီရတာ ကလေးတစ်ယောက် ချီရသလောက်ပဲ သဘောထားပုံပဲ။ ကို နှင်းကို ဆွဲမြောက်ထားတဲ့ ခဏမှာ နှင်းဟာကိုရဲ့ ကလေးလေးတစ်ယောက် ဖြစ်သွားသလို ခံစားလိုက်ရတယ်။ သူဟာ နှင်းကို အချိန်မရွေး အိတ်ကပ်ထဲ ထည့်ထားလို့ ရတယ်လို့လည်း ခံစားလိုက်မိတယ်။ နှင်းဘ၀မှာ ကလေးဆိုးလို ဆိုးလို့ရတာ ဆိုးခွင့်ရှိတာလည်း ကိုတစ်ယောက်တည်း ရှိခဲ့တာပဲ မဟုတ်လား။ နှင်းတို့ အခန့်မသင့် စကားအခြေအတင် ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် မာန်မချတော့ဘူး ဆိုရင် ကိုက နှင်းကို ချီလိုက်ပြီး နှစ်ပတ်သုံးပတ် ၀ေ့ရမ်းပစ်လိုက်တယ်။ နောက်ပြီး အရှုံးပေးပြီလားလို့ မေးပြီး မဖြေမချင်း ချမပေးတော့ဘူးလေ။ အဲဒီလို လုပ်လိုက်တိုင်း နှင်းမှာ စိတ်ကောက်နေတာတောင် ဘယ်ပျောက်သွားမှန်း မသိဘူးလေ။ နှင်းက တောင်းပန်ပါတယ်ဆိုမှ သူက အောက်ကို ချပေးတာ။ နှင်းမှာလေ ကိုအဲဒီလို ၀ေ့ရမ်းလိုက်တာကိုပဲ အသည်းစွဲဖြစ်နေမိတယ်။ ကိုကလည်း ဒါကို ပိုင်ပိုင်နိုင်နိုင် အသုံးချလေ့ ရှိတယ်လေ။
အမေဟာ နှင်းတို့နဲ့ အတူနေရတာ ပျော်နေပုံပဲ။ အင်း .. ပျော်မှာပေါ့လေ။ ကိုယ့်သားနဲ့ အတူနေရတာ ဘယ်သူ မပျော်ဘဲ ရှိမလဲ။ အရင်ဆို တောရွာမှာ ဆင်းဆင်းရဲရဲ ဖြစ်သလို နေရရှာတာပါ။ နှင်းတို့လည်း နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကြိုးစားပမ်းစား စုထားတဲ့ ငွေကလေး ရှိတော့ ဘာပဲဖြစ်ဖြစ် အမေ့ကို မျက်နှာမငယ်အောင် ထားနိုင်ပါပြီ။ တောရွာမှာလို အမေ ပင်ပန်းစရာ မလိုတော့ပါဘူး။ ဒါပေမယ့်လေ ဘ၀နဲ့စရိုက် မတူခဲ့ကြတဲ့ နှင်းတို့တတွေဟာ သဘောထားကွဲလွဲတာလေးတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါ်လာတော့တယ်။ ဘယ်လိုပဲ ပြောပြော ဘယ်လောက်ပဲ ပြောပြော နှင်းသိပ်ချစ်တဲ့ ကို့ကို လောကထဲ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပေးခဲ့တဲ့ ကျေးဇူးရှင်ပဲ။ နှင်းရဲ့ ကျေးဇူးရှင်ဆိုလည်း မမှားဘူး ဆိုတဲ့ စိတ်နဲ့ အားလုံးကို အပြုံးမပြတ် တုန့်ပြန်ခဲ့ပါတယ်။ အမေဟာ တောရွာမှာပဲ နေခဲ့ရတော့ တောစရိုက်ရွာစရိုက်တွေဟာ နှင်းတို့အိမ်အထိ ပါလာတယ်လေ။
ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်ပေါ့။ နှင်းအနေနဲ့ ဈေးကနေ အမြဲလိုလို ဧည့်ခန်းထဲ အလှဆင်ဖို့ဆိုပြီး အလှထိုးပန်းတွေ ၀ယ်၀ယ်လာတတ်တယ်။ ဘုရားခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ အိပ်ခန်းတွေပါမကျန် ပန်းအိုးထိုးတတ်တဲ့ နှင်းရဲ့ အကျင့်ကို ကိုကတော့ နားလည်ပေးပြီးသားပါ။ ဒါပေမယ့် အမေကတော့ ကြည့်လို့ရပုံ မပေါ်ဘူးလေ။ တစ်နေ့တော့ အမေက
`နင်တို့ အခုခေတ် လူငယ်တွေကလေ ပိုက်ဆံကို ရှာကြံပြီး ဖြုန်းကြတယ်။ ဘာကြောင့် ပန်းတွေ ဒီလောက် အများကြီး ၀ယ်လာရတာတုန်း။ ဘာတုန်း အဲဒါတွေကို စားမလို့လား´
လို့ ဆူတော့ နှင်းက ခပ်ပြုံးပြုံးနဲ့
`မေမေကလည်း၊ အခန်းထဲမှာ ပန်းတွေ မြင်နေရတော့ စိတ်ထဲပိုပြီး လန်းဆန်းတာပေါ့။ ပိုပြီးလည်း အေးချမ်းသလို ခံစားရတယ်လေ။´ လို့ပဲ ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် အမေကတော့ အပြောမပြတ်၊ အဆူမပြတ်ဘူး။ နောက်ဆုံး ကိုလည်း မနေနိုင်တော့ အမေကို ၀င်ရှင်းပြရတော့တယ်။
`မေမေ၊ ဒါ မြို့သူမြို့သားတွေရဲ့ ဘ၀စတိုင်ပါ။ မေမေ မကြာခင်ဘဲ တဖြည်းဖြည်းနဲ့ ယဉ်ပါးသွားမှာပါ။´
အဲဒီနောက်တော့ ဒီပန်းနဲ့ ပတ်သက်ပြီး အမေ ဘာမှ မပြောတော့ဘူး။ ဆူလည်း မဆူတော့ပါဘူး။ ဒါပေမယ့်လေ နှင်း ပန်းတွေပွေ့ပြီး ဈေးကနေ ပြန်လာတာ မြင်ရင် ဒီပန်းတွေ ဘယ်လောက်ပေးခဲ့ရသလဲလို့ အမြဲ မေးလေ့ရှိတယ်။ နှင်းက ဒီလောက်ဒီလောက် ကျပါတယ်လို့ ပြောလိုက်ရင်ပဲ အမေက နှာခေါင်းတရှုံ့ရှုံ့ ခေါင်းတခါခါနဲ့ စိတ်ပျက်တဲ့ အမူအရာပြပြီး လှည့်ထွက်သွားတော့တယ်။ တစ်ခါတလေ နှင်း စူပါမားကက်က ဈေး၀ယ်ပြီး အထုပ်အပိုးတွေနဲ့ ပြန်လာရင်လည်း အမေ အနားနား ရောက်လာတတ်ပြီး တစ်ခုချင်းစီကို လက်ညှိုးထိုး၊ ဘယ်လောက်ကျသလဲ မေးတော့တာပဲ။ နှင်းအနေနဲ့ ရိုးရိုးသားသားပဲ အမှန်အတိုင်း ပြောတော့ အဲဒီအမှန်တရားကပဲ သူ့ကို ပိုပို စိတ်ပျက်အောင် လုပ်နေမိသလိုပဲ။ အဲဒီအကြောင်း ကို့ကို ပြောပြတော့ ကိုက နှင်းနှာခေါင်းကို ဆွဲပြီး
`အရူးမလေး၊ နင်မို့လို့ အမှန်အတိုင်း ပြောပြနေတယ်။ နည်းနည်းပါးပါးလေး လျှော့လျှော့ပေါ့ပေါ့ ပြောလိုက်ပေါ့´
လို့ ကိုကပါ နှင်းကို ဆူတယ်လေ။ အမှန်တော့ ကိုက ဆူတာ မဟုတ်ပါဘူး။ နှင်းနဲ့ အမေ့ကြား ပဋိပက္ခနည်းအောင်လို့ စေတနာနဲ့ ပြောတာလို့ နှင်း နားလည်ပါတယ်။
အမေအနေနဲ့ နှင်းကို ဘယ်လိုမှ ကြည့်လို့မရတာ အမြင်မကြည်တာ တစ်ခု ရှိသေးတယ်။ အမေ အမုန်းဆုံးက သူ့သား မနက်စောစောထပြီး နံနက်စာ ပြင်ဆင်နေတာကို မြင်ရခြင်းပဲလေ။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး သူ့မိန်းမအတွက်များ ထမင်းဟင်း ချက်ပေးနေရတယ်လို့ ဆိုပြီး အတော်ကြီးကို မကျေမချမ်း ဖြစ်နေတာ။ နံနက်စာစားချိန် စားပွဲမှာ ဆုံကြတိုင်း အမေရဲ့ မျက်နှာဟာ သည်းကြီးမဲကြီး ရွာချတော့မယ့် မိုးတိမ်တောင်ကြီးလို ညိုမဲနေလေ့ရှိတယ်။ ဒါကို နှင်းအနေနဲ့ မသိကျိုးကျွံပဲ နေလိုက်ပါတယ်။ အဲဒီလို နေပြန်တော့လည်း အမေတွေနဲ့ အသံပေါင်းစုံပေးပြီး ပါးစပ်ပိတ် ဆန္ဒပြနေလေ့ ရှိတယ်လေ။ နှင်းအနေနဲ့ အလုပ်ချင်လို့ အပျင်းကြီးလို့ နံနက်စာ မချက်တာမှ မဟုတ်ဘဲ။ နှင်းက ဂိုက်ဆရာမပါ။ ကလေးတွေကို ကျူရှင်ပြတယ်လေ။ ကလေးအများစုက ညပိုင်းပဲ အားကြတော့ နှင်းအနေနဲ့ အတန်းတွေကိုလည်း ညမှာပဲ သွားပြရတယ်။ ဆယ်တန်းကလေးတွေလည်း ပါတော့ ညဉ့်နက်တဲ့အထိပဲ စာသင်ရတယ်။ ဒီတော့ နံနက်စောစော ထပြီး အစားအသောက် မလုပ်နိုင်တော့ဘူး။ ဟိုးအရင် ကိုနဲ့နှစ်ယောက်တည်း နေစဉ်က ကိုနဲ့နှစ်ဦးသဘောတူ ကျေကျေနပ်နပ် ကျေကျေလည်လည် ရှိခဲ့ပေမယ့် အခု အမေတစ်ယောက်တိုးလာပြီလေ။ နောက်ပြီး သူ့သားက မီးဖိုချောင်၀င်နေတဲ့အချိန်မှာ မိန်းမလုပ်တဲ့သူက အိပ်ယာထဲမှာဆိုတော့ အမေ့အနေနဲ့ သားကိုပဲ ပိုသနားမိမှာပေါ့။ ဒါကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် နှင်းအနေနဲ့လည်း ပင်ပန်းလွန်းတာကြောင့် နံနက်စောစောလည်း မထနိုင်တော့ အမေ ဆန္ဒပြနေတာတွေကို နားလေးချင်ယောင် ဆောင်ပြီးတော့ပဲ မသိဖာသာ နေနေလိုက်တော့တယ်။
နောက်တော့ အမေက အေးဆေး မနေနိုင်တော့ဘဲ အိမ်မှုကိစ္စတွေ ၀င်ကူလုပ်တော့တယ်။ သူက အိမ်ကိစ္စတွေ ၀င်ကူလုပ်တာ ဆိုပေမယ့် ကြာတော့ လုပ်နေပေးနေတာကိုက ရှုပ်နေသလို ဖြစ်လာတော့တယ်။ ဥပမာ ပြောရရင်ပေါ့။ အမေက အမှိုက်တွေ သန့်ရှင်းရေး လုပ်တိုင်း ပလပ်စတစ်ဗူးခွံတွေ စက္ကူဗူးခွံတွေနဲ့ ပလပ်စတစ် အိတ်ခွံတွေကို သိမ်းသိမ်းထားလေ့ရှိတယ်။ နည်းနည်း များများစားစားရလာရင် ရောင်းစားရအောင်ပေါ့။ ကြာတော့ အိမ်လည်း အမှိုက်တွေနဲ့ ဗူးခွံတွေနဲ့ ပြည့်လို့ပါပဲ။ နောက်ပြီး အမေက အစစအရာရာ သိပ်ချွေတာတယ်။ ဆပ်ပြာမှုန့်ဆိုလည်း ချွေတာပြီး သုံးလွန်းလို့ နှင်းမှာဖြင့် သူ့ကွယ်ရာမှာ ပန်းကန်တွေကို ပြန်ဆေးနေရတယ်။ တစ်နေ့က ညပိုင်း နှင်း ပန်းကန်တွေ ပြန်ဆေးနေတာကို အမေ မြင်သွားတယ်။ ဒုန်းကနဲ သူ့အိပ်ခန်းတံခါးကို ဆောင့်ပိတ်ပစ်လိုက်ပြီး သူ့အခန်းထဲမှာ အားလုံးကြားလောက်အောင် အော်ငိုနေတော့တယ်။
ကိုလည်း တော်တော် စိတ်ဆင်းရဲသွားပုံရတယ်။ နှင်းကို တစ်ညလုံး စကားမပြောတော့ဘူးလေ။  နှင်းက ဘာမှ မသိတဲ့ ကလေးလေးတစ်ယောက်လို ရူးချင်ယောင်ဆောင်ပေမယ့် ကို နှင်းကို ဥပေက္ခာပြုထားခဲ့တယ်။ နှင်း ရူးသွတ်မတတ် ခံစားရလို့ `နှင်း ဘာများမှားနေလို့လဲ´ လို့ ကို့ကို မေးလိုက်မိတယ်။ ကို နှင်းကို စူးစူးကြီး ကြည့်ပြီး
`နှင်း အမေ့ကို တစ်ခေါက်လောက်လေး စိတ်ချမ်းသာအောင် ထားပေးလို့ မရဘူးလား။ ပန်းကန်တွေ မသန့်ဘူးပဲ ထားဦး။ အဲဒီ မသန့်တာတွေ သုံးလို့ ကိုတို့ သေမသွားလောက်ပါဘူး။´
လို့ နှင်းကို ဆူပါတော့တယ်။ အဲဒီလို ဖြစ်ပြီးကတည်းက အမေဟာ နှင်းကို လုံး၀ စကားမပြောတော့ပါဘူး။ နှင်းက သူ့ကို ရွံလို့ ပန်းကန်ပြန်ဆေးပါတယ်လို့ အမေ ထင်သွားပုံရတယ်လေ။ နှင်း အမေနဲ့ မျက်နှာချင်းဆိုင်ရင် ဘယ်လောက် အနေရခက်နေမယ်ဆိုတာ စဉ်းစားတာ ကြည့်လိုက်ပါတော့ရှင်။ ဒီစစ်အေးတိုက်ပွဲကြီးအတွင်းမှာ ကို့အနေနဲ့ နေရအခက်ဆုံး ဖြစ်မယ် ထင်ပါတယ်။ အမေနဲ့ ဇနီးသည်အကြား ဘယ်သူ့ကို စိတ်ကျေနပ်အောင် ထားရပါ့ဆိုတဲ့ အတွေးကို ကို့ကို နှိပ်စက်နေမှာ အမှန်ပဲလေ။
အမေဟာ သူ့သားကို ထမင်းစားခန်းထဲမှာ နံနက်စာ မိန့်မိန့်ကြီး ထိုင်စားနေတာပဲ မြင်ချင်တဲ့သူကိုး။ ဒီတော့ ကို အေးအေးဆေးဆေး ထိုင်စားနိုင်အောင် မီးဖိုချောင် မ၀င်ရအောင် ဆိုပြီး နံနက်စာကို သူကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်တော့တယ်။ စားပွဲမှာ သူ့သားကို နံနက်စာ စားတာကို ပြုံးပြုံးလေး ထိုင်ကြည့်နေပေမယ့် နှင်းကိုတော့ `အပျင်းကြီးတဲ့မိန်းမ၊ သူများချက်ထားတာ ထိုင်စားနေတယ်။ အရှက်မရှိဘူးလား။´ ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ မကြာခဏ လှမ်းလှမ်း ကြည့်တတ်ပါတယ်။ အမေ့ကို အနှောက်အယှက် မပေးချင်တာက တစ်ကြောင်း၊ အဲဒီလို ထိုင်စားနေတာကိုပဲ ရှက်စရာကောင်းတယ်လို့ ထင်မိတာက တစ်ကြောင်းမို့ အိမ်မှာ နံနက်စာ မစားတော့ဘဲ ရုံးသွားရင်းနဲ့ပဲ လမ်းမှာ နံနက်စာကို ၀ယ်စားလိုက်တော့တယ်။ အဲဒီည အိပ်ယာ၀င်တော့ ကိုက နှင်းကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်တဲ့ မျက်နှာနဲ့ မေးလာတယ်။
`ကို့အမေ ချက်တာ မသန့်ဘူးလို့ နှင်း ယူဆလို့ နံနက်စာ အိမ်မှာ မစားတော့တာလား။´
အဲဒီလို မေးမေးပြီးချင်းပဲ အဖြေကိုတောင် မစောင့်တော့ဘူး။ ကို တစ်ဘက်ကိုလှည့်ပြီး နှင်းကို ကျောပေးထားလိုက်တော့တယ်။ ကို နှင်းကို မျက်ရည်တွေနဲ့အတူ အထီးကျန်စွာ ပစ်ထားခဲ့ပြီ။ လုံး၀လုံး၀ မတရားဘူး။ နှင်းကိုတောင် ဖြေခွင့် သူ မပေးချင်တော့ဘူးလေ။ တော်တော်လေး ကြာမှ ကိုရဲ့ သက်ပြင်းချသံနဲ့အတူ လေသံ တိုးတိုးလေးကို ကြားလိုက်ရတယ်။
`ကို့အတွက်လို့ သဘောထားပြီး အိမ်မှာပဲ နံနက်စာ စားပေးပါလား နှင်း´
နှင်း ဘယ်လို ပြန်ပြီး ငြင်းနိုင်ဦးမှာလဲ ကိုရယ်။
( ဆက်ရန် )အပိုင်း (၂) သို့ ->
သေမင်း၏ ခေါ်ရာသို့
အား … မဆွဲနဲ့၊ လွှတ် … လွှတ်
တီ တိ တီး တီ တီ …..
ဖုန်းမြည်သံလိုလို နားထဲ ကြားယောင်မိ၍ ကျမ ဇဝေဇဝါ ဖြစ်သွားသည်။ ကြောက်စိတ်ကြောင့် အားရပါးရ အော်နေမိရာမှ  တင်းတင်းကြပ်ကြပ် မှိတ်ထားမိသော မျက်စိကို အသာအယာ ဖွင့်ကြည့်လိုက်မိရာ မိုးစင်စင်လင်း၍ နေပေသည်။ ရုတ်တရက် မိမိ၏ ဘေးဘယ်ညာကို ဖျက်ကနဲ သတိထားကြည့်မိသည်။ အခုလေးတင် ကျမအား အတင်းဆွဲနေသော အရိပ်မဲကြီးလည်း မရှိမှန်း သိတော့မှ ကျမ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။ အော် … ကျမ နေ့ခင်းကြောင်တောင် အိပ်မက်နေတာကိုးဟု သက်ပြင်းချ၍ အခုမှ ရယ်နိုင်တော့သည်။ နောက်မှ ဖုန်းလာနေသည်ကို သတိရမိ၍ ဖုန်းရှိရာသို့ ပြေးရပါတော့သည်။ ‘ဟယ် အမေကြီး’ ဟု ရုတ်တရက် အော်လိုက်မိသော ကျမအသံကို ကြားရသောကြောင့်ဟု ထင်သည်။ မောင်လေးမှာ ဖုန်းရှိရာသို့ အတင်း ပြေးလာနေသည်။ အမေနှင့်အဖေ ခရီးထွက်သွားသည်မှာ တစ်လလောက်ရှိပြီ။ မောင်လေးမပြောနှင့် ကျမလည်း လွမ်းနေမိသည်။ ပို၍ သတိရနေသည်မှာ အဖေကြီး နေမကောင်း၍ ဖြစ်သည်။ မောင်လေးမှာ ဖုန်းကို အတင်းလုနေ၍ ကျမမှာ သူမမီအောင် ခြေဖျားထောက် ပြောနေရသည်။
မေကြီး၊ ဖေကြီး နေကောင်းလား
အင်း ……. သက်သာပါတယ်အေ၊ ဒါပေမယ့်
ဘာ ဒါပေမယ့်တုန်း မေကြီးရဲ့
ဒါပေမယ့် အခု သင်္ဘော ဆက်မထွက်ဘူးလေ၊ ရွာမှာ ကမ်းကပ်ပြီး နားနေတာ တစ်ပတ်ကျော်ပြီ
ကောင်းတာပေါ့ မေကြီးရယ်၊ ဖေကြီး အနားရတာပေါ့
အင်း နင့်အဖေလည်း ငါ နားချနေရတာ မောလှပြီကွယ်။ အခုတော့ သူလည်း နားချင်နေပုံရတယ်။ ဒါကြောင့် သင်္ဘောနောက် မလိုက်တော့ဘဲ ပြန်လာတော့မလားလို့
ကောင်းတယ် မေကြီး၊ ကျန်းမာရေးက ပိုအရေးကြီးပါတယ်
အရေးတော့ကြီးတာပေါ့ကွယ် ညီးအတွက်ကလည်း အရေးကြီးတယ်မဟုတ်လား
အိုး မေကြီးကလဲ၊ မေကြီးဖေကြီးတို့ထက် ဘာမှ ပိုအရေးမကြီးပါဘူး
အေးပါ ယောက်ျားမရခင်တော့ ဒါမျိုးတွေ ကြားရတာပါပဲ
ထားပါ မေကြီးရယ်၊ ဘယ်တော့ ပြန်လာမလဲ
ပြန်ချင်တယ် ဒါပေမယ့် နင့်အဖေ ကျန်းမာရေးက ကားကြမ်းစီးဖို့ မဖြစ်နိုင်သေးဘူး။ သူ အဲလောက် မမာသေးဘူးလေ၊ ဒါကြောင့် အနားယူဦးမယ်တဲ့
မေကြီးတို့ အခု ဘယ်မှာလဲဟင်
မော်ကျွန်းနားက တံငါရွာလေးတစ်ရွာမှာ
အင်း ရွာလေးဆိုတော့ အရေးရယ်အကြောင်းရယ် ဆေးဝါးကိရိယာ ဘယ်ရှိမလဲ မေကြီးရဲ့
အင်း လောလောဆယ် နင့်ဖေကြီးက ဆရာဝန်မတွေ့ချင်ဘူး၊ နင်တို့ကို မြင်ချင်နေတာတဲ့လေ၊ နောက်ပြီး သူ့ မြေးလေးကိုလည်း တဖွဖွ မေးနေတာ
မေကြီးတို့ အဲ့မှာ ကြာဦးမှာလားဟင်
၁၀ ရက် နှစ်ပတ်လောက်တော့ နားဦးမလားလို့၊ နင့်အဖေ နည်းနည်း မာမာချာချာ ရှိမှ ရန်ကုန် ပြန်လာမယ်
ဒါဆို သမီးတို့ အဲဒီကို လာခဲ့မယ်လေ
ကျမ အဖေက တံငါသည် အကြီးစားပေါ့။ ငါးဖမ်းသင်္ဘော အလတ်စားတစ်စီးနဲ့ ပင်လယ်ရေလတ်ပိုင်းထဲ ငါးဖမ်းထွက်လေ့ ရှိတယ်။ ပိုပြီး ကြပ်မတ်နိုင်အောင် ဆိုပြီး သင်္ဘောထွက်တိုင်း ဖေကြီးကိုယ်တိုင်ပဲ ကြီးကြပ်ပြီး ထွက်လေ့ရှိတယ်။ ဖေကြီး ရန်ကုန်မှာကတည်းက ကျန်းမာရေး မကောင်းဖြစ်နေတာ။ ငါးဖမ်းချိန်လည်း ရောက်နေတာက တစ်ကြောင်း၊ နောက်ပြီး ကျမရဲ့ မင်္ဂလာပွဲအတွက် ပိုက်ဆံများများ ရှိထားချင်တာက တစ်ကြောင်းမို့ သူ့ ကျန်းမာရေးကို ပဓာန မထားတော့ဘဲ ထုံးစံအတိုင်း ပင်လယ်ထဲ ထွက်သွားခဲ့တယ်။ ဒါပေမယ့် မေကြီးက စိတ်မချတော့ တစ်ခုခုဖြစ်ရင် ပြုစုရအောင် ဆိုပြီး မေကြီးပါ သင်္ဘောပေါ် ပါသွားလေရဲ့။ အခု ပင်လယ်ထဲတောင် မရောက်သေးဘဲ မော်ကျွန်းမှာတင် သောင်တင်နေတယ်ဆိုတော့ ဖေကြီး တော်တော်လေး မကျန်းမာလို့ ဖြစ်မယ်။ ကျမ မောင်လေး အကြီးဆုံးက အိမ်ထောင်ကျပြီး သားလေးတစ်ယောက် မွေးထားတာ (၃) လတောင် မပြည့်သေးဘူး။ ဖေကြီးက သူ့မြေးလေးကိုလည်း တအားသတိရနေပုံပဲ။ ကိုယ့်အဖေလုပ်တဲ့သူက တွေ့ချင်နေမှတော့ သူ့ကိုလည်း အားပေးရင်း၊ အနီးကပ်ပြုစုဖို့ သွားတွေ့ကြတာပေါ့ ဟုဆုံးဖြတ်လိုက်ပြီး ကျမတို့ ဖေကြီးတို့ရှိရာ မော်ကျွန်းသို့ သွားဖို့ စီစဉ်လိုက်ပါတော့သည်။ ကျမတို့ ဆိုတာ အိမ်မှာ ကျန်ခဲ့တဲ့ မောင်လေးအကြီးကောင်ရယ်၊ သူ့မိန်းမရယ်၊ တူတော်မောင် ပုစိကွေးရယ်၊ မောင်ငယ်လေးရယ်၊ ကျမရယ် စုစုပေါင်း (၅) ယောက်ပေါ့။ ကျမတို့ တစ်မိသားစုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ရှိနေရင် ဖေကြီး ပျော်ပြီး မြန်မြန် ကျန်းမာလာမှာပါ။
ဖေကြီး ကျမတို့ကို မြင်တော့ လူမမာရုပ်တောင် မပေါက်တော့ပါဘူး၊ တအားကို ပျော်နေလိုက်တာ။ သူ့မြေးလေးကိုချီပြီး ပျော်လို့ မော်လို့။ ကျမတို့ ရောက်နေတာ တစ်ပတ်လောက် ရှိရင်ပဲ ဖေကြီး တော်တော် ကျန်းမာနေပြီ။ နောက် သုံးရက်နေရင် ရန်ကုန်ကို အားလုံး ပြန်ကြမယ်လို့ ဖေကြီးက အားရပါးရ ပြောနေပါပြီ။ အကြီးကောင်ကတောင် ဖေကြီးကို စ လိုက်သေးတယ်။ ဖေကြီးကလည်း အားလုံး မပြန်လို့ ဘယ်သူက နေခဲ့မှာမို့တုန်း ဆိုတော့ မင်း ဒီမှာ ပျော်ရင် မင်းနေခဲ့ပေါ့ကွ၊ ဟား ဟား ဟား ဟု ရယ်မောလိုက်စဉ် ကျမမှာ ချက်ချင်း လိုက်မရယ်နိုင်ခဲ့ပေ။ ထို စကားလုံးများက ကျမ၏ တစ်ကိုယ်လုံးကို တက်ဖိလိုက်သလို လေးလေးပင်ပင် ခံစားလိုက်ရတော့သည်။ နောက်မှ အားရပါးရ ရယ်မောနေကြသော ဖေကြီးနှင့်မောင်လေးကို ကြည့်နေရင်း နည်းနည်း ပေါ့ပါးသွားသည်။
တတွီတွီ တဂွီဂွီ နှင့် ကျွီကျွီ ကျွတ်ကျွတ် မြည်နေသော ရေဒီယိုကို ဖေကြီး အာရုံစိုက် နားထောင်နေစဉ် ကျမ ဖေကြီးဘေးနား ဝင်ထိုင်လိုက်သည်။
ဖေကြီး ရေဒီယိုကလည်း ကြွက်ဝင်နေတာကျနေတာပဲ နားထောင်လို့လည်း မရဘဲနဲ့
အော် သမီးရယ် ဒါလေး နားထောင်စရာ ရှိတာပဲကို၊ ဒါနဲ့ သမီးကို ဗဟုသုတ ပြောရဦးမယ်၊ ဒီဘက်ပိုင်းက လူတွေက ဒါကို ရေဒီယိုလို့ မခေါ်ဘူး၊ လေဒီယိုလို့ ခေါ်တယ်
ဟင် ဘာလို့တုန်း ဖေကြီးရဲ့၊ ထူးထူးဆန်းဆန်း
သူတို့ အကြောင်းပြချက်နဲ့တော့ ဟုတ်သား သမီးရဲ့၊ အသံတွေက ရေထဲက လာတာမှ မဟုတ်ဘဲ၊ လေထဲက လာတဲ့ဟာကို လေထဲက ယူဖမ်းမှတော့ လေဒီယိုပဲ ဖြစ်သင့်တာပေါ့၊ ရေဒီယို မဖြစ်နိုင်ဘူး ဆိုပြီး သူတို့က ဇွတ်ငြင်းကြတယ် သမီးရဲ့၊ ဟား ဟား ဟား
အဟိ သူတို့ တွေးတာလည်း မမှားဘဲနော့
အေးပေါ့ သူတို့မှ RADIO ရေဒီယိုဆိုတဲ့ အသံကို ယူထားတယ်လို့မှ မသိကြဘဲကိုကွယ်
ဟော ဟော ဖေကြီး သေချာ နားထောင်၊ နေ့ခင်းပိုင်း မုန်တိုင်းရှိတယ်တဲ့နော်
ခဏ ခဏ တိတ်တိတ်လေးနေ
အိုး သမီးရယ် ပင်လယ်ထဲမှာ တစ်နာရီ မိုင် (၆၀) ဆိုတာ ဘာရှိမှာတုန်း။ ဖေကြီးတို့ အရင်က ဒီထက် ကြမ်းတာတွေတောင် ဖြတ်လာခဲ့ရတာပဲ
ဖေကြီးကတော့ ဟုတ်တာပေါ့၊ သမီးက အခု ဘယ်လေမှ မတိုက်တာတောင် မူးနောက်နေတာ။ တနေကုန် သင်္ဘောပေါ်မှာပဲဆိုတော့ ရောက်စထက်တော့ နေသားကျလာပါပြီ။
အင်း ဟုတ်တယ် သမီးတို့က အစိမ်းသက်သက်တွေဆိုတော့ မလွယ်ဘူး။ မိုင် (၆၀) နှုန်းက ဘာမှ မရှိဘူးဆိုပေမယ့် လှိုင်းတော့ တော်တော်လေး ထတယ်။ ဒီတော့ သင်္ဘောကတော့ အတော်လေး လူးလိမ့်မယ်။ လှိုင်းမူးတာ ကားမူးတာထက် ဆိုးတယ် သမီးရဲ့။ ကဲ ဖေကြီးကို ပဲ့ထိန်းဦးသာခေါင် သွားခေါ်ပေး
ဦးသာခေါင်မှာ ဖေကြီး၏ ညွှန်ကြားချက်ကြောင့် သင်္ဘောကို ကျောက်ချထားရာမှ ကမ်းနားသို့ ကပ်နိုင်သမျှ ကပ်နေလေသည်။ စိတ်တိုင်းကျပြီ ဆိုလျှင် ကမ်းပေါ်ရှိ လူနှစ်ဖက်လောက် ရှိသော သစ်ပင်၏ ပင်စည်တွင် သင်္ဘောကို အသေအချာ ကြိုးတုတ်ထားလိုက်သည်။
ကဲ သမီး၊ မေကြီးဆီသွား ဆေးသေတ္တာထဲမှာ အမူးအမော် ပျောက်ဆေးတွေ ဘာတွေ ရှိလဲ သေချာ စစ်ဆေးထားပါဦးလို့ သွားပြော၊ ပြီးရင် သမီးတို့ မောင်နှမတွေ မနက်ကတည်းက ဆေးကြိုသောက်ထားကြ၊ ကြားလား
ဟုတ် ဖေကြီး၊ အကြီးကောင်က seaman ဆိုတော့ သူက မမူးတတ်လောက်ပါဘူးနော့
အေး မလိုရင်လည်း မသောက်နဲ့ပေါ့ကွယ်။ အော် နောက်ပြီး life jacket တွေ၊ ဘောကွင်းတွေ အဆင်သင့်ရှာထား၊ ပြီးတော့ အလေးအပင် သေတ္တာတွေ၊ ပစ္စည်းတွေ၊ ဆီပေပါတွေ သင်္ဘောဝမ်းထဲ အခုကတည်းက ထည့်ထားခိုင်းလိုက်
ကဲ ဖေကြီး နားလိုက်ဦး၊ လိုအပ်တာတွေ မေကြီးကို စီစဉ်ခိုင်းလိုက်မယ်လေ နော်
အေး အေး သွား သွား
နေ့ခင်း ထမင်းစားပြီးချိန် အားလုံး ကိုယ့်အခန်းကိုယ် အနားယူနေချိန်တွင် လေသည် တဖြည်းဖြည်း ပြင်း၍ပြင်း၍ လာနေပြီ။ ထိုစဉ် တစ်ချက်လောက် ဆောင့်တိုက်လိုက်သော လေကြောင့် ကျမတို့ အိပ်နေရာမှ အားလုံး လန့်နိုးလာကြသည်။ အခန်းပြင် ထွက်ကြည့်လိုက်တော့ ဖေကြီးမှာ ခါးကြီးထောက်လျက် သူ့ လူများကို ဟိုဟာခိုင်း ဒီဟာခိုင်း ခိုင်းနေလေသည်။ တစ်ယောက်နှင့်တစ်ယောက်မှာ မဝေးကွာလှသော်လည်း လေကြောင့် တော်တော်လေး အော်ပြောမှ ကြားရတော့သည်။ ဖေကြီး ဘာတွေ ပြောနေလဲဟု နားစိုက်ထောင်နေရင်း ‘ဟ ဒီလေက တစ်နာရီ မိုင် (၆၀) ဘယ် က မတုန်းဟ’ ဟူသော အသံကို ရုတ်တရက် ကြားလိုက်ရ၍ တုန်ကနဲ ဖြစ်သွားသည်။ ထိုနောက် ဖေကြီးက ကျမကို မြင်၍ ကျမအနားသို့ လှမ်းလာနေပြီး ‘ကဲ မင်းတို့ မောင်နှမတွေ အားလုံး လာကြ’ ဟု တစ်နေရာမှာ စုရန် လက်ဟန်ပြ၍ အော်ခေါ်လိုက်သည်။
ကဲ မေကြီးရေ၊ လေက ကြည့်ရတာ ဒီထက် ဆက်ပြင်းလာနိုင်တယ်။ လိုရမယ်ရ သားတို့ သမီးတို့ကို Life Jacket တွေ ဝတ်ပေးထားလိုက်ပါလား
အင်း ဝတ်ပေးတာတော့ ဟုတ်ပါပြီ၊ တကယ်တော့ (အသက်ကယ်) အင်္ကျီက နှစ်ထည်တည်း ရှိတာ
ဒါဆိုလည်းဟာ သမီး နှစ်ယောက်ကို ဝတ်ပေးထားလိုက်ပေါ့၊ အကြီးကောင် မင်းက အတွေ့အကြုံရှိတယ်။ ညီလေးကို မင်း တာဝန်ယူပြီး သေချာစောင့်ရှောက်ထား။ ကဲ သမီးတို့ ဝတ်ထားကြ။ ဘာမှ မစိုးရိမ်နဲ့၊ ပင်လယ်ထဲဆိုတာ ဒီလိုပဲ ဖြစ်တတ်တယ်။ သမီးတို့ အတွေ့အကြုံ ရတာပေါ့ ဟုတ်လား၊ ကြောက်မနေနဲ့။ ပင်လယ်ဆိုတာ မာန်တုန်း ခဏရယ်။ စိတ်အေးအေးထား ဟုတ်လား။
ဖေကြီးက ဘယ်လိုပဲ နှစ်သိမ့်နှစ်သိမ့် ကျမကတော့ တော်တော်လေး ကြောက်နေခဲ့ပြီ။ အကြီးကောင်က သူ့မိန်းမကို နှစ်သိမ့်အားပေးရင်း အင်္ကျီ ဝတ်ပေးနေသည်။ မေကြီးကတော့ ကျမကို ဝတ်ပေးရင်း အားပေးနေရှာသည်။ ထိုနောက် ကျမတို့ ခေါင်တိုင်တုတ်တုတ် ရှိရာသို့ ကပ်ပြီး တိုင်နားမှ မခွာဘဲ တိုင်ဖက်လျက် အသေအချာ နေရာယူထားကြပါပြီ။
ဖေကြီး ပြောသလိုပါပဲ။ လေမှာ ပြင်းသည်ထက် ပိုပို၍သာ ပြင်းလာပါသည်။ လေပြင်းများမှာ အဆက်မပြတ် တိုက်နေသည့်အပြင် တစ်ချက်တစ်ချက် ဆောင့်ဆောင့် ဝင်လာသော လေရူးများက သာ၍ပင် ဆိုးနေသည်။ အရပ်တစ်မျက်နှာတည်းမှ တိုက်နေခြင်း မဟုတ်ဘဲ တောင်ဘက်က ဆောင့်တိုက်လိုက်၊ အနောက်ဘက်မှ ဆောင့်တိုက်လိုက်နှင့် ကြောက်စိတ်ကြောင့် မျက်ရည်များပင် ဖြိုင်ဖြိုင်ကျနေပြီ။ သစ်ပင်တွင် ကြိုးနှင့်တုတ်ထားသော နွားရိုင်းကြီး နှောင်ကြိုးမှ လွတ်မြောက်ရန် အလူးအလဲ ရုန်းကန်နေသကဲ့သို့ သင်္ဘောကြီးမှာလည်း မမှောက်ရုံတမယ် လူးလွန့်နေတော့သည်။ ကျမတို့အားလုံး ကြမ်းပြင်ပေါ်တွင် ကောင်းကောင်း ရပ်တည်ရာ မရတော့ပေ။ လေလှိုင်းလုံးများအပြင် ရေလှိုင်းများပင် တလိမ့်လိမ့် တက်လာပြီဖြစ်သောကြောင့် လဲကျလိုက် ပြန်ထလိုက်ဖြင့် အသက်ပင် မနည်းဝအောင် အနိုင်နိုင် ရှူနေရသည်။ တိုင်ကို လက်ဖြင့် အတင်းဖက်တွယ်ထားသောကြောင့် ထင်သည်။ လက်မောင်းနှစ်ဘက်လုံးနှင့် ရင်ဘတ်မှာ အတော်လေး နာနေပြီ။ ထိုသို့ ကိုယ့်အသက်ကို မနည်းသတိထားနေရ၍ ပတ်ဝန်းကျင်ကို သတိမထားဖြစ်ခဲ့။ သတိရ၍ ခေါင်းမေ့ကြည့်ရာ ဖေကြီးမှာ ရေထဲလေထဲ သူ့တပည့်များနှင့် အလုပ်ရှုပ်နေသည်။ ကမ်းပေါ်ကို လှမ်းကြည့်လိုက်၊ လေထဲ လွှင့်ပါလာသော သစ်တိုသစ်စကို ရှောင်လိုက်၊ တပည့်များကို အော်ပြောလိုက်နှင့် အားလုံးကို ဝါးတားတားသာ မြင်ရတော့သည်။ ထိုစဉ် လေပြင်းပြင်းတစ်ချက် ပင့်တိုက်လိုက်ရာ ဂျုန်း … ဟူသော အသံ၏ အဆုံးတွင် ဖေကြီးလည်း ကြမ်းပြင်ပေါ် ညွတ်ခွေကျသွားသည်ကို မြင်လိုက်ရ၍ ကျမ သူ့ဆီ အတင်းမရမက လေးဖက်ထောက်ကာ အရောက်သွားလိုက်သည်။ ဖေကြီး ပါးစပ်မှ ‘သွားပြီ သွားပြီ’ ဟူသော အသံသာ မရေမရာ ကြားနေရသည်။ ဖေကြီးဆီ ရောက်ဖို့ လက်တကမ်းအလိုမှာပင် ကျမ၏ တစ်ဘဝလုံးကို လွှင့်ထွက်သွားအောင် ဆောင့်တိုက်ပစ်လိုက်သော လေပြင်းကြောင့် ဖေကြီးပြောသော ‘သွားပြီ’ ၏ အဓိပ္ပာယ်ကို ကျမ နားလည်သွားတော့သည်။
ကျမတို့ သင်္ဘောနှင့် ကြိုးချည်ထားသော လူနှစ်ဖက်လောက်ရှိသည့် သစ်ပင်ကြီး လေတိုက်၍ ကျိုးပျက်ယိုင်လဲသွားခဲ့လေပြီ။ ချည်ထားသော ကြိုးလည်း ပြေ၍ လေယူရာတိမ်း ယိမ်းထနေတော့သည်။ အထက်အောက်မှ ရိုက်ပုတ်နေကြသော ရေလှိုင်းလေလှိုင်းတို့၏ ဒဏ်ကို ဒီသင်္ဘော ဘယ်လောက်ကြာကြာ ခံနိုင်မှာတဲ့တုန်း။ နဂိုက ကျမတို့မှာ ဆန်ကောထဲ ဆီးဖြူသီးထည့်လှိမ့်သလိုသာ ရှိခဲ့ရာမှ ယခုအခါ ရေဗူးထဲ ထည့်၍ ခလောက်ခံနေရသလို။ ကျမ ဘာဆို ဘာမှ သဲသဲကွဲကွဲ မမြင်ရတော့၊ အံကျိတ်၍သာ အနားရှိ အရာတစ်ခုခုကို အတင်းအကျပ် ဖက်ထားမိသည်။ ထို ဖက်ထားသောအရာသည် မည်သည့်အရာနည်း။ ကျမ မသိတော့။ လူအများကြီးက ကျမကို ဝိုင်းရိုက်နေကြသကဲ့သို့ ကျမ တစ်ကိုယ်လုံးလည်း အတော်လေး နာကျင်နေပြီ။ ငါ သေလို့မဖြစ်ဘူး ဟူသော မာန်ကလွဲ၍ ကျမမှာ ဘာမှ မရှိတော့။ ထိုမာန်သည်ပင် တဖြည်းဖြည်းနှင့် ယုတ်လျော့နေပြီ။ ကျမ တစ်ခုတည်းသာ တွေးနေမိတော့သည်။ ကျမစိတ်ကို လွှတ်ချလိုက်လျှင် အားလုံးပြီးသွားမလား။ ဒါဆို ဒီနာကျင်မှုတွေ ဘယ်ရှိလောက်တော့မလဲဟု တွေးရင်း တင်းတင်းဖက်ထားသော လက်နှစ်ဖက်သည် သူ့အလိုလို တဖြည်းဖြည်း ပြေကျနေလေပြီ။ လွှတ်ချလိုက်သည် ဆိုလျှင်ပင် လေထဲ ဝဲကနဲဆိုသလို ရေလှိုင်း၏ ခေါ်ရာသို့ လွှင့်ပါသွားတော့သည်။ ကျမ ဘာမှ မသိချင်တော့ပါ။ ဘာမှလည်း မသိတော့ပါ။
(ဆက်ရန်)
ပြည့်ဝနိုင်သော အချစ်
–Select Language–MyanmarEnglish
သူတို့ မင်္ဂလာဆောင်ခဲ့တာ အခုဆို နှစ်နှစ်ကျော်ပါပြီ။ ကောင်လေးက စာပေပိုင်းမှာ အားသန်တော့ နက်ပေါ်မှာ စာတွေ ရေးပြီး တင်လေ့ရှိတယ်။ ဒါပေမယ့် သူ့စာကို ဖတ်ဖူးတဲ့လူက ခပ်ရှားရှားရယ်။ ဓါတ်ပုံရိုက်တဲ့ အလုပ်နဲ့လည်း အသက်မွေး ဝမ်းကျောင်းတယ်။ မင်္ဂလာပွဲတွေ လိုက်ရိုက်တာပဲ များတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးလည်း အပြန်အလှန်ပေါ့။ ကောင်မလေးက စိတ်မြန် လက်မြန်နဲ့ ဒေါသလည်း အထွက်မြန်တယ်။ ဒေါကြီးမောကြီးနဲ့ ကောင်လေးကို အမြဲ ဆက်ဆံတတ်ပေမယ့် ကောင်လေးကတော့ အမြဲလိုလို ခွင့်လွှတ်ပေးနိုင်ခဲ့တယ်။ဒီနေ့လည်း ကောင်မလေး ကမူးရှူးတိုး လုပ်ပြန်ပြီ။မ – မင်း ဘာလို့ ငါ့သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ ဓါတ်ပုံ မရိုက်ပေးနိုင်ရတာလဲ။ သူ ပိုက်ဆံပေးမယ်လို့ ငါ့ကို ကတိပေးထားတယ်။က – ငါ အဲဒီနေ့ အချိန် မရှိဘူး။မ – အန်က – ဘာဖြစ်မ – အချိန်မရဘူး ?? ဒီ ဝတ္ထုတွေ လျှော့ရေးပါလား။ ဒါဆို လိုအပ်သလောက် အချိန်တွေ ရပြီပဲ။က – ငါ …. တချိန်ချိန်မှာ တစ်ယောက်ယောက်ကတော့ ငါရဲ့ အရေးအသားတွေကို အသိအမှတ် ပြုလာမှာပါ။မ – ဟန်။ ငါ အဲဒါ ဂရုမစိုက်ဘူး။ အဲဒီပွဲကို မင်း ဓါတ်ပုံ သွားရိုက်ကို ရိုက်ပေးရမယ်။က – ဟင့်အင်းမ – တစ်ခါတည်းတောင် မရဘူးပေါ့။က – ဟင့်အင်း
ဒီထက် ဘာမှ ဆက်ညှိနှိုင်းစရာ မရှိတော့ဘူး။ ဒါနဲ့ ကောင်မလေးက နောက်ဆုံး အနေနဲ့ သတိပေးလိုက်တယ်။ “သုံးရက်အတွင်း အင်း ဆိုတဲ့ အဖြေပဲ ကြားချင်တယ်။ အဲလို မဟုတ်ရင်တော့လား ……”ပထမနေ့ … ကောင်မလေးက မီးဖိုချောင်၊ ကွန်ပြူတာ၊ ရေချိုခန်း၊ ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ DVD ဖွင့်စက် စတဲ့ ပစ္စည်းတွေ အားလုံးကို လုံး၀ ပေးမထိတော့ဘူး။ နှစ်ယောက်အိပ် ကုတင်ကလွဲလို့လေ။ သူ့ရဲ့ စာနာစိတ်ကို ပြချင်လို့ပဲ ထင်စရာရှိတယ်နော်။ ဘယ်ကလာ။ ဒီကုတင်မှာ သူလည်း အိပ်ရဦးမှာကိုး။ ဒါပေမယ့် ကောင်လေးက မှုတဲ့ပုံ မပေါ်ဘူး။ အိတ်ကပ်ထဲမှာ ပိုက်ဆံ ကျန်နေသေးတာပဲ အေးဆေးပေါ့။ဒုတိယနေ့ … ကောင်မလေးက ဖြတ်လေးဖြတ်အပြင် အိတ်ကပ်ထဲမှာ ရှိသမျှ အကုန် သိမ်းပစ်လိုက်ပြီး သတိပေးလိုက်တယ်။ ကိုယ့်ဖာသာ သူများ အကူအညီ တောင်းပေတော့။ မင်းကုသိုလ်နဲ့ မင်းပဲ။ကောင်လေး အခုတော့ တိုင်ပတ်ပြီ။ ညရောက်တော့ သူ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ရှာတော့တယ်။ ဒီကိစ္စ ရပ်တန်းက ရပ်ဖို့ပေါ့။ ကောင်မလေးကတော့ ခွင့်လွှတ်ဖို့ အစီအစဉ် မရှိ။ သူ ဘာပြောပြော ဟင့်အင်းပဲ။ သဘောမတူမချင်းပေါ့။တတိယနေ့ ည … ကုတင်ပေါ်မှာ ကောင်လေးက လှဲနေပြီး တစ်ဘက်ကို ငေးကြည့်နေတယ်။ ကောင်မလေးလည်း ကုတင်ပေါ်လှဲပြီး တခြားတစ်ဘက်ကို ငေးမောနေတယ်။က – ငါတို့ ပြောဖို့ လိုလာပြီ။မ – မင်္ဂလာဆောင် ကိစ္စ မဟုတ်ရင် မပြောနဲ့။က – အတော်လေး အရေးကြီးတဲ့ ကိစ္စ မို့ပါ။ကောင်မလေး ငြိမ်နေတယ်။က – ငါတို့ လမ်းခွဲရအောင်။ကောင်မလေး သူ့ရဲ့ နားတွေကို မယုံနိုင်အောင် ဖြစ်သွားတယ်။က – ငါ မိန်းကလေး တစ်ယောက်ကို သိကျွမ်းခဲ့တယ်။ကောင်မလေး တော်တော်ကို တင်းသွားတယ်။ သူ့ကို ရိုက်ပစ်လိုက်ချင်ပေမယ့် မြှောက်လိုက်တဲ့ လက်တွေက အတော်လေး လေးလံနေတော့ ကောင်လေးဆီ မရောက်ဘဲ သူ့ဘေးနားတင် ပြန်ကျသွားတယ်။ သူ့ကို ဘာမှ ဆက်မပြောစေချင်တော့ဘူး။ သူမရဲ့ မျက်လုံးတွေကလည်း စိုစွတ်နေပြီ။ ကောင်လေးဟာ ဓါတ်ပုံတစ်ပုံကို သူ့ ဗိုက်နားကနေ ဆွဲထုတ်လိုက်တယ်။ အတွင်းခံ အိတ်ထဲမှာ ထည့်ထားပုံပဲ။ အေးလေ။ ကောင်မလေး မနေ့က ဒီလောက် မွှေနေတာ သူ မနှိုက်ကြည့်မိတာ ဆိုလို့ အဲဒီ အိတ်ကပ်ပဲ ရှိမှာပေါ့။ ပေါ့ဆလိုက်တာ …က – တကယ်တော်တဲ့ မိန်းကလေးပါ။ကောင်မလေး မျက်ရည်တွေ ဖြိုင်ဖြိုင် ကျလာပြီ။က – စိတ်ရင်းလေးလည်း ကောင်းရှာတယ်။ကောင်မလေးရဲ့ အသည်း အစိပ်စိပ် အမွှာမွှာ ကွဲပြီ။ ကောင်လေးရဲ့ နှလုံးသားနဲ့ အနီးဆုံးမှာ တခြား မိန်းကလေးတစ်ယောက် ရောက်နေပြီလေ။က – သူက ပြောတယ်။ ငါတို့ လက်ထပ်ပြီး ကြရင် ငါ့ရဲ့ စာပေပိုင်း လိုက်စားမှုတွေကို အပြည့်အ၀ အားပေး ထောက်ပံ့မယ်တဲ့။ကောင်မလေး တော်တော် သဝန်တိုသွားတယ်။ သူလည်း ဟိုးအတိတ်ရဲ့ တချိန်က ဒီလိုပဲ ပြောခဲ့တာလေ။က – သူ ငါ့ကို တကယ် နှစ်နှစ်ကာကာ ချစ်တာပါ။”ငါကတော့ မဟုတ်လို့လား … ” လို့ ကောင်မလေး ထအော် ပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေတယ်။က – ဒါကြောင့် ငါ မလုပ်ချင်တဲ့ အလုပ်တွေကို အတင်းအကျပ် တွန်းအားပေးပြီး သူ မလုပ်ခိုင်းလောက်ဘူး။ကောင်မလေး စဉ်းစားရပြီ။ ဒါပေမယ့် ဒေါသတွေကတော့ မငြိမ်မသက်နဲ့။က – ငါ ရိုက်ပေးထားတဲ့ သူ့ရဲ့ ဓါတ်ပုံလေးကို မင်း ကြည့်ကြည့်မလား။မ – ….. !ဓါတ်ပုံကို ကောင်မလေးရဲ့ မျက်စိနား ရွှေ့ပေးလိုက်တယ်။ ဝေဝါးနေတဲ့ မျက်စိ၊ တောက်လောင်နေတဲ့ ဒေါသ အဟုန်နဲ့ ကောင်လေးရဲ့ လက်ကို ပုတ်ချ ပစ်လိုက်တယ်။ နောက်ပြီး “ဖြန်း” ဆိုတဲ့ အသံနဲ့အတူ နီးမြန်းသွားတဲ့ ပါးတစ်ဖက်။ကောင်လေး သက်ပြင်း ချလိုက်တယ်။ ကောင်မလေး ငိုနေတယ်။သူ ဓါတ်ပုံကို သူ့ အိတ်ကပ်ထဲ ပြန်ထည့်လိုက်တယ်။ကောင်လေး မီးကို ပိတ်ပြီး အိပ်ပစ်လိုက်တယ်။ ကောင်မလေး မီးကို ဖွင့်ပြီး ထ ထိုင်လိုက်တယ်။ ကောင်လေး အိပ်ပျော်သွားပြီ။ ကောင်မလေးတော့ အိပ်ချင်စိတ်ကို လုံးလုံး မရှိတော့ဘူး။ သူရဲ့ မာကျောခဲ့တဲ့ ဆက်ဆံမှုတွေကို ပြန်လည် မြင်ယောင်နေမိတယ်။သူ ထပ်ငိုပြန်တယ်။ အကြောင်းအရာ အတော်များများကို စဉ်းစားပြီးနောက် ကောင်လေးကို နှိုးလိုက်ချင်တယ်။ သူတို့နှစ်ယောက် နွေးနွေးထွေးထွေး စကားပြောကြရအောင်ပါ။ နောက်နောင် ဖိအားမပေးတော့ဘူးပေါ့။ ကောင်လေးရဲ့ ဗိုက်ကို လှမ်းကြည့်မိတယ်။ ဟိုမိန်းကလေး ဘယ်လိုပုံပါလိမ့် ဆိုတာလည်း သိချင်လာတယ်။ဓါတ်ပုံကို ဆွဲထုတ်လိုက်တယ်။ ကောင်မလေး တအားကို ငိုချင်သွားတယ်။ နောက်ပြီး ရယ်လည်း ရယ်နေတယ်။ နှပ်ချေးရွှဲရွှဲ ပြုံးဖြဲဖြဲ နဲ့ ဆိုတာ ဒါမျိုးထင်တယ်။ဓါတ်ပုံ ရိုက်ထားတာ အတော်လေး ကောင်းတယ်။ ကောင်မလေးကို ရိုက်ပေးထားတဲ့ ဓါတ်ပုံလေ။ သူ ဒူးကို ကွေးချလိုက်ပြီး ကောင်လေးရဲ့ ဗိုက်ကို အနမ်းလေးနဲ့ တန်ဆာဆင်လိုက်တယ်။သူက တလျှောက်လုံး အိပ်ချင်ယောင် ဆောင်နေတာလေ။ သူ ပြုံးနိုင်ရှာပြီပေါ့။
ဘယ်လိုချစ်မလဲ သင်ယူမှာလား။ပြီးပြည့်စုံတဲ့လူကို မရှာပါနဲ့။မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ မြင်တတ်ဖို့ပဲ သင်ယူပါ။
Translated from Loving an Imperfect PersonThey have been married for two years. He loves literature and often posts his work on the net, but nobody ever reads them. He is also into photography and he handles their wedding photos. He loves her very much. Likewise with her. She has a quick temper and always bullies him. He is a gentleman and always gives in to her.Today, she’s being willful again.Her: “Why can’t you be the photographer for my friend’s wedding? She promised she’d pay.”Him: “I don’t have time that day.”Her: “Humph!”Him: “Huh?”Her: “Don’t have time? Write less of those novels, and you will have all the time you need.”Him: “I… someone will definitely recognize my work some day.”Her: “Humph! I don’t care, you’ll have to do it for her!”Him: “No.”Her: “Just this once?”Him: “No.”Negotiation’s broken. So, she gave the final warning: “Give me a Yes within three days, or else…”First day, she “withheld” the kitchen, bathroom, computer, refrigerator, television, hi-fi… Except the double bed, to show her “benevolence”.Of course, she has to sleep on it too. He didn’t mind, as he still has some cash in his pockets.Second day, she conducted a raid and removed everything from his pockets and warned, “Seek any external help, and you bear the consequences.”He’s nervous now. That night, on the bed, he begs for mercy, hoping that she’ll end this state. She doesn’t give a damn. No way am I giving in, whatever he says. Until he agrees.Third day, night. On the bed. He’s lying on the bed, looking to one side. She’s lying on the bed, looking to the other side.Him: “We need to talk.”Her: “Unless it’s about the wedding, forget it.”Him: “It’s something very important.”She remains silent.Him:”Let’s get a divorce.”She did not believe her ears.Him: “I got to know a girl.”She’s totally angry, and wanted to hit him. But she held it down, wanting to let him finish. But her eyes already felt wet. He took a photo out from his chest. Probably from his undershirt pocket, that’s the only place she didn’t go through yesterday. How careless.Him: “She’s a nice girl.”Her tears fell.Him: “She has a good personality too.”She’s heartbroken because he puts a photo of some other girl close to his heart.Him: “She says that she’ll support me fully in my pursue for literature after we got married.”She’s very jealous because she said the same thing in the past.Him: “She loves me truly.”She wishes to sit up and scream at him “Don’t I?”Him: “So, I think she won’t force me to do something that I don’t want to do.”She’s thinking, but the rage won’t subside.Him: “Want to take a look at the photo I took for her?”Her: “…!”He brings the photo before her eyes. She’s in a total rage, hits his hand away and leaves a burning slap on his face.He sighs. She cries.He puts the photo back to his pocket. She pulls her hand back under the blanket.He turns off the light, and sleeps. She turns on the light, and sits up. He’s asleep. She lost sleep. She regrets treating him the way she treated him.She cried again, and thought about a lot of things. She wants to wake him up. She wants to have a intimate talk with him. She doesn’t want to push him anymore. She stares at his chest. She wants to see how the girl looks.She slips the photo out. She wanted to cry and she wanted to laugh.It’s a nicely taken photo. A photo he took for her. She bends down, and kissed him on his cheek.He smiled. He was just pretending to be asleep.”You learn to love, not by finding a perfect person, but by learning to see an imperfect person perfectly.“
နှုတ်ဆိတ်နေသော အချစ်
–Select Language–MyanmarEnglish
ဟိုး အစောကြီးကတည်းက ကောင်မလေးရဲ့ မိဘတွေက သူ့ ကောင်လေးနဲ့ကို လုံး၀ သဘောမတူတာပါ။ မိဘအသိုင်းအဝိုင်းရဲ့ အခြေအနေတွေ မတူကြတော့ အမြင်မတူတာတွေဟာ နောက်နောင် တစ်သက်လုံး ဒုက္ခ ရောက်စရာတွေချည်းလို့ လူကြီးတွေက အကြောင်းပြကြတယ်။မိဘတွေရဲ့ ဖိအားတွေကြောင့် သူတို့ စုံတွဲ အမြဲလိုလို စကားများကြတယ်။ ကောင်မလေးဟာ ကောင်လေးကို အသက်ထက်ဆုံး ချစ်နေလေတော့ သူ့ကောင်လေးကို ဘယ်လောက် ချစ်သလဲ ဆိုပြီး အမြဲ မေးလေ့ရှိတယ်။ဒီမေးခွန်းအတွက် ကောင်လေးမှာ ဖြေပြစရာ စကားလုံးတွေ ရှားနေတော့ တခါတလေ ကောင်မလေးက အတော်လေး စိတ်ပျက်မိတယ်။ သူ့လောက် မချစ်လို့လား ဆိုပြီးတော့လည်း တခါတခါ သံသယ ဝင်မိတော့တယ်။ နောက်ပြီး မိဘတွေ သဘောမတူလို့ ထွက်လာတဲ့ စကားလုံး အပြင်းစားတွေကြောင့်လည်း ဒေါသမှန်သမျှဟာ ကောင်လေးအပေါ်ပဲ ဖွင့်ချလိုက်တယ်။ ကောင်လေးကတော့ သူ့ချစ်သူရဲ့ ဒေါသ အားလုံးကို တိတ်ဆိတ် တည်ငြိမ်စွာနဲ့ပဲ ဘာမှ မပြောဘဲ ငြိမ်ခံနေလိုက်တယ်။
နှစ်အနည်းငယ် ကြာတော့ ကောင်လေးက နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ အခွင့်အရေး ပေါ်လာတော့ သူ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်လိုက်တယ်။ မထွက်ခွာခင်မှာ သူ ကောင်မလေးကို” စကားလုံးတွေနဲ့ ပီပြင်အောင် ပုံမဖော်တတ်ပေမယ့် အချစ်လေးအပေါ် ကို ဘယ်လောက်ချစ်သလဲဆိုတာ ကို အသိဆုံးပါ။ အချစ်လေး ခွင့်ပြုမယ်ဆိုရင် ကျန်နေသေးတဲ့ မင်းဘဝရဲ့ စက္ကန့်တိုင်းကို ကို စောင့်ရှောက်ပါရစေလား။ အချစ်ရဲ့ မိဘတွေကိုတော့ ကို သူတို့ သဘောတူတဲ့အထိ ကြိုးစားပါ့မယ်။ ကို့ကို လက်ထပ်ခွင့် ပြုပါလား။” လို့ တောင်းဆိုလိုက်တယ်။ကောင်မလေး သဘောတူလိုက်သလို၊ ကောင်လေးရဲ့ အထပ်ထပ် အခါခါ ကြိုးပမ်းမှုကြောင့် မိဘတွေကလည်း လက်ထပ်ခွင့် ပြုလိုက်တယ်။ ဒါနဲ့ သူ မထွက်ခွာခင်မှာပဲ လူကြီးချင်း စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့တယ်။ကောင်လေး အနေနဲ့ နိုင်ငံခြားမှာ ပညာဆက်ပြီး သင်နေတဲ့ အချိန်နဲ့ အတူ ကောင်မလေးကလည်း လုပ်ငန်းခွင်ဝင်ပြီး တစ်ဖက်တစ်လမ်းက ပိုက်ဆံ စုနေတော့တယ်။ သူတို့ရဲ့ ချစ်ခြင်းတွေကို ဖုန်းနဲ့ အင်တာနက်ကနေ တဆင့်ပဲ ထုတ်ဖော်ခွင့် ရကြတယ်။ လွမ်းဆွတ်ဖွယ် ခက်ခဲတဲ့ ဘဝတွေကို ဖြတ်သန်းနေရပေမယ့် နှစ်ယောက်လုံး ဇွဲမလျှော့တမ်း ကြိုးစားလာကြတယ်။တစ်နေ့ ကောင်မလေး အလုပ်ကနေ အပြန်လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး လုံး၀ သတိလစ် မေ့မျောသွားတယ်။ သူ နိုးလာတဲ့အခါ သူ့ အိပ်ရာဘေးမှာ မြင်လိုက်ရတာက သူ့ မိဘနှစ်ပါး။ သူ အတော်လေး ထိခိုက်ပြီး ဒဏ်ရာ ရနေတာကို သတိထားမိလိုက်တယ်။ သူ့ အမေ ကုတင်ဘေးမှာ အရမ်းငိုနေတာ တွေ့တော့ သူ့အမေကို ဖြေသိမ့် စကားပြောဖို့ အားယူလိုက်တယ်။ သူရဲ့ ကြိုးစားမှုနဲ့အတူ သတိထားမိလိုက်တာ သူ့ နှုတ်က ထွက်ကျလာတာ စကားလုံးတွေ မဟုတ်ဘဲ လေသံတွေပဲ ဖြစ်နေတယ်။ သူရဲ့ အသံတွေ ပျောက်ဆုံးသွားပြီ ……..သူ့ ဦးနှောက်ကို ထိခိုက်သွားတဲ့အတွက် အသံ မထွက်နိုင်တော့တာလို့ ဆရာဝန်က ရှင်းပြခဲ့တယ်။ သူ့မိဘတွေရဲ့ ဖြေသိမ့်စကားကို နားထောင်နေရင်း ဘာဆို ဘာမှကို မပြောနိုင်တော့ဘဲ ဘေးနားမှာ ပုံပုံလေး လဲနေတော့တယ်။ဆေးရုံမှာ နေနေရတဲ့ ကာလအတွင်း တိတ်တိတ်လေး ငိုနေရုံကလွဲလို့ ခိုးငိုနေရုံပဲလေ။ ကြေကွဲခြင်းဟာ သူ့ကို အဖော်ပြုနေတာပေါ့။ အိမ်ပြန်ရောက်တော့ ကြည့်ရာတာ အရာရာဟာ အရင်ကထက် ဘာမှ မပြောင်းလဲပါဘူး။ ဖုန်းမြည်သံက လွဲလို့ပေါ့။ ဖုန်းမြည်သံတိုင်းဟာ သူ့ နှလုံးသားကို ထိုးစွနေသလို စူးကနဲ အောင့်သွားလောက်အောင် ဖန်တီးနေတော့တယ်။ သူ့ကောင်လေးကို ဒီကိစ္စတွေ ဘာမှ မသိစေချင်ဘူးလေ။ စိတ်ပင်ပန်းနေရတဲ့ ဒုက္ခနဲ့ သူ့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ဒါနဲ့ သူ့ကောင်လေးဆီ စာတစ်စောင် ရေးလိုက်တယ်။ နောက်ထပ် အကြာကြီး မစောင့်ဆိုင်းချင်တော့လို့ လို့ အကြောင်းပြပြီး သူ့ကို လက်စွတ် ပြန်ပို့ပေးလိုက်တယ်။ အသည်းကွဲရှာတဲ့ ကောင်လေးခမျာ စာတွေ အထပ်ထပ်ပို့၊ ဖုန်းတွေ အခါခါ ခေါ်နေလေတော့ ကောင်မလေးခမျာလည်း ဖုန်းဘေးနား ထိုင်ငိုနေရင်း ငိုရင်းကလွဲလို့ ဘာတတ်နိုင်ဦးမှာတဲ့လဲ။အတိတ်အားလုံးကို မေ့ပျောက်နိုင်အောင်၊ အရာအားလုံးကို မေ့မေ့လျော့လျော့ ဖြစ်သွားအောင် မိဘတွေက နဂို ပတ်ဝန်းကျင်နဲ့ ဝေးရာ တစ်နေရာမှာ အခြေချဖို့ ဆုံးဖြတ်လိုက်တယ်။ပတ်ဝန်းကျင် အသစ်မှာ ကောင်မလေးဟာ လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူရင်း ဘဝအသစ်တစ်ခုကို စတင်လိုက်တယ်။ နေ့တိုင်းလိုလိုပဲ ကောင်လေးကို မေ့ပျောက်ပစ်ဖို့ သတိပေးနေရလောက်အောင် အတော်လေး စိတ်ပင်ပန်းနေတယ်။ တစ်နေ့တော့ ကောင်မလေးရဲ့ သူငယ်ချင်းတစ်ယောက် ရောက်လာပြီး ကောင်လေး ပြန်ရောက်နေကြောင်း ပြောတယ်။ ဖြစ်ပျက်ခဲ့သမျှ ကောင်လေးကို မပြောပြဖို့ တောင်းဆိုလိုက်တယ်။ အဲဒီနောက်တော့ သူ့သတင်း ဘာမှ မကြားရတော့ဘူး။တစ်နှစ်ကြာတော့ သူ့သူငယ်ချင်း စာအိတ်တစ်လုံး ယူလာပြီး သူ့ဆီ ပြန်ရောက်လာတယ်။ စာအိတ်ထဲမှာက ကောင်လေးရဲ့ မင်္ဂလာဆောင် ဖိတ်စာ။ ကောင်မလေးခမျာ မျက်ရည်တွေ စို့တက်လာပြီး စူးအောင့်နေတဲ့ ရင်ဘက်ကြီးနဲ့ သတ္တိမွေးပြီး သတို့သမီး နာမည်ကို လှမ်းဖတ်လိုက်တယ်။ အဲ … ပါးစပ်အဟောင်းသားနဲ့ တွေ့လိုက်ရတာက သူရဲ့နာမည်။ဘာတွေ ဖြစ်ကုန်တာလဲ။ သူ့ သူငယ်ချင်းကို မေးဖို့ အားယူနေတုန်းမှာပဲ သူ့အရှေ့မှာ ကောင်လေးကို တွေ့လိုက်ရတယ်။ ကောင်လေးက လက်အမူအရာနဲ့ ကောင်မလေးကို လှမ်းပြောလိုက်တယ်။”ကို တစ်နှစ်တိတိ အချိန်ယူပြီး လက်အမူအရာနဲ့ စကားပြောတတ်ဖို့ သင်ယူခဲ့တယ်။ ပေးခဲ့တဲ့ ကို့ရဲ့ ကတိတွေ မပျက်ပြယ်နိုင်သေးဘူး ဆိုတာကို သိစေချင်လို့ပါ။ မင်းရဲ့ အသံအဖြစ်နဲ့ ဘေးနားမှာ နေထိုင်ဖို့ အခွင့်အရေးလေး ကို့ကို ပေးပါလား။ မင်းကို အရမ်းချစ်တယ်။”ပြောပြီး ချက်ချင်းဆိုသလိုပဲ ကောင်မလေးကို လက်စွတ် ပြန်ဝတ်ပေးလိုက်တယ်။ အခုတော့ ကောင်မလေး ပြုံးနိုင်ရှာပြီလေ …… ။
A Silent Love
by unknown authorFrom the very Beginning, the girl’s family objected strongly on her dating this guy. Saying that it has got to do with family background & that the girl will have to suffer for the rest of her life if she were to be with him.Due to family’s pressure, the couple quarrel very often. Though the girl love the guy deeply, but she always ask him: “How deep is your love for me?”As the guy is not good with his words, this often cause the girl to be very upset. With that & the family’s pressure, the girl often vent her anger on him. As for him, he only endure it in silence.After a couple of years, the guy finally graduated & decided to further his studies in overseas. Before leaving, he proposed to the girl:”I’m not very good with words. But all I know is that I love you. If you allow me, I will take care of you for the rest of my life. As for your family, I’ll try my best to talk them round. Will you marry me?“The girl agreed, & with the guy’s determination, the family finally gave in & agreed to let them get married. So before he leave, they got engaged.The girl went out to the working society, whereas the guy was overseas, continuing his studies. They sent their love through emails & phone calls. Though it’s hard, but both never thought of giving up.One day, while the girl was on her way to work, she was knocked down by a car that lost control. When she woke up, she saw her parents beside her bed. She realised that she was badly injured. Seeing her mum crying, she wanted to comfort her. But she realized that all that could come out of her mouth was just a sigh. She has lost her voice……The doctors says that the impact on her brain has caused her to lose her voice. Listening to her parents’ comfort, but with nothing coming out from her, she broke down.During the stay in hospital, besides silence cry,…..it’s still just silence cry that accompanied her. Upon reaching home, everything seems to be the same. Except for the ringing tone of the phone. Which pierced into her heart every time it rang. She does not wish to let the guy know. & not wanting to be a burden to him, she wrote a letter to him saying that she does not wish to wait any longer.With that, she sent the ring back to him. In return, the guy sent millions & millions of reply, and countless of phone calls,.. all the girl could do, besides crying, is still crying….The parents decided to move away, hoping that she could eventually forget everything & be happy.With a new environment, the girl learn sign language & started a new life. Telling herself everyday that she must forget the guy. One day, her friend came & told her that he’s back. She asked her friend not to let him know what happened to her. Since then, there wasn’t anymore news of him.A year has passed & her friend came with an envelope, containing an invitation card for the guy’s wedding. The girl was shattered. When she open the letter, she saw her name in it instead.When she was about to ask her friend what’s going on, she saw the guy standing in front of her. He used sign language telling her”I’ve spent a year’s time to learn sign language. Just to let you know that I’ve not forgotten our promise. Let me have the chance to be your voice. I Love You.“With that, he slipped the ring back into her finger. The girl finally smiled.
အမေ့ကိုယ်စား
၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး …. ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။မူလတန်း ကျောင်းသား ဘဝတုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။“အီး ….. မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါလားဗျာ”
အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ဝယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘဝလေးကို ပျော်နေခဲ့တယ်။တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား … အခုချက်ချင်း ထွက်သွား။”အဲဒီလို ပြောသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။စုံညီပွဲပြီးတော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် … ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ …..ချစ်သားအမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ဝမ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်တော့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘဝလေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်မင်းရဲ့ အမေသူငယ်ချင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။