ပီကေ့မှတ်စု – ဖြိုးကျော်နှင့် သူ၏စာများ

မြန်မာတို့၏ အချိန်ဝေါဟာရများ
ယနေ့ခေတ်လို နာရီတွေ တွင်တွင်ကြီး မသုံးခင်ကတည်းက မြန်မာလူမျိုးတွေမှာ အချိန်နဲ့ ပတ်သက်ပြီး ဝေါဟာရတွေ ရှိနေခဲ့ပြီးသားပါ။ စက်နာရီတွေ သုံးလာတဲ့ ဒီဘက်ခေတ် ရောက်တဲ့အထိကိုပဲ ဝေါဟာရတချို့ဟာ ဆက်လက် ရှင်သန်နေဆဲပဲ။ ဥပမာ – အရုဏ်တက်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ ညနေစောင်း၊ ညချမ်း၊ သန်းခေါင်။ ဒီဝေါဟာရတွေကို ဒေသအသီးသီးမှာ သုံးစွဲနေကြတုန်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို သုံးသာ သုံးနေကြတယ်။ အဓိပ္ပါယ်သက်မှတ်ချက်ကို အတိအကျ သိလားဆိုတော့ မသိတဲ့သူက အများသား။ ဥပမာဗျာ၊ မွန်းတည့်ဆိုတာ နေ့ ၁၂ နာရီလို့ လူသိများပေမယ့် ညနေစောင်း လို့ ပြောရင် ဇဝေဇဝါ ဖြစ်ကြရတယ်။ ညနေ ၄ နာရီလား၊ ၅ နာရီလား မသိသူက ခက်များများ။ ဒါကြောင့် အများသူငါ ဗဟုသုတရအောင်၊ မှတ်တမ်းအနေနဲ့ ထိန်းသိမ်းပြီးသား ဖြစ်အောင် စက်နာရီအချိန်နဲ့ မြန်မာဝေါဟာရ တွဲပြီး တင်ပြပေးလိုက်ပါတယ်။

သတိထားရမှာ တစ်ခုက အရုဏ်တက်ချိန်ဟာ နေ့စဉ်နဲ့အမျှ အပြောင်းအလွဲ ရှိပါတယ်။ အခု တင်ပြမယ့် ဥပမာမှာ အရုဏ်တက်ချိန် နံနက် ၅ နာရီ ကို မူတည်ပြီး တွက်ချက်သွားမှာပါ။ အရုဏ်တက်ချိန်ဟာ အကြမ်းဖျင်းအားဖြင့် ၃ ရက်ကို တစ်မိနစ် အတိုးအလျော့ ရှိပါတယ်။ ဒါကြောင့် အရုဏ်အချိန်ပေါ်မူတည်ပြီး တခြားအချိန်တွေလည်း အပြောင်းအလဲ ရှိပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ စက်နာရီ မပေါ်ခင် နေနာရီကို သုံးကတည်းက ရှိနေခဲ့တဲ့ ဝေါဟာရတွေ ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် စက်နာရီနဲ့ ယှဉ်တွဲဖော်ပြတဲ့အခါမှာ အတိအကျ ရဖို့ကတော့ မလွယ်ဘူး။ အနီးစပ်ဆုံး အကြမ်းဖျင်း မှတ်သားထားရုံသက်သက်သာ တင်ပြလိုက်ပါတယ်။

နံနက် ၀၄:၃၀ – ရောင်နီပေါ်ချိန်

နံနက် ၀၅:၂၀ – ဝေလီဝေလင်း၊ ကျီးမနိုးတနိုး

နံနက် ၀၅:၂၄ – နေထွက်ချိန် နံနက် ၀၅:၃၀ – လင်းအားကြီး နံနက် ၀၅:၄၀ – နေထွက်တပြူ နံနက် ၀၆:၀၀ – မိုးစင်စင်လင်း နံနက် ၀၉:၀၀ – နေထန်းတစ်ဖျား နံနက် ၀၉:၃၀ – ဆွမ်းခံပြန် နံနက် ၁၀:၃၀ – ဆွမ်းစားချိန် နံနက် ၁၁:၀၀ – နေမွန်းလပ် နေ့ ၁၂:၀၀ – နေမွန်းတည့် နေ့ ၀၁:၀၀ – နေမွန်းတိမ်း နေ့ ဝ၁:၃၀ – နေမွန်းလွဲ ညနေ ၀၃:၃၀ – ညနေစောင်း ညနေ ၀၄:၃၀ – ညနေအေး ညနေ ၀၅:၀၀ – နေဝင်ဆည်းဆာ ညနေ ၀၅:၂၀ – နေဝင်ဖြိုးဖျ ညနေ ၀၅:၃၀ – နေဝင်ရီတရော ညနေ ၀၅:၄၀ – နွားရိုင်းသွင်းချိန် ညနေ ၀၅:၅၀ – ညီအကို မသိတသိ ညနေ ၀၆:၀၀ – နေဝင်မိုးချုပ် ညနေ ၀၆:၃၀ – ညချမ်း ည ၀၇:၃၀ – သူငယ်အိပ်စက် ည ၀၉:၀၀ – သက်ကြီးခေါင်းချ ည ၁၀:၃၀ – ညဉ့်ဦးတွန်ချိန် ည ၁၁:၀၀ – လုလင်ပြန် ည ၁၂:၀၀ – သန်းခေါင်ယံ၊ သန်းခေါင်ကြက်တွန် ည ၁၂:၃၀ – ကြယ်မြီးတောင် ည ၀၃:၀၀ – ကြက်ဦးတွန် နံနက် ၀၄:၀၀ – လင်းကြက်ဆော်ချိန် နံနက် ၀၅:၀၀ – အရုဏ်တက်

တို့စိတ်တွေ လေနေတဲ့ မေ (၃၁)
မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် သူ့ကို လွမ်းသလို၊ သူ့ကို သတိရသလို သူနဲ့ ကျောင်းနေဖက် အတန်းသူ အတန်းသား အားလုံးကလည်း ကျနော်နဲ့ ထပ်တူ သတိရကြလို့ အဲဒီ ဆုံးတဲ့နေ့ (၃၁ မေ) ပြီး နောက်တစ်ရက်မှာ သူတို့ ကဗျာတစ်ပုဒ် ဝိုင်းရေးကြတယ်။ အဲဒီကဗျာနဲ့ သူတို့ချစ်တဲ့ သူငယ်ချင်း သက်နိုင်ဦးကို ဖော်ကြူးခဲ့ကြတယ်။ အဲဒီ ကဗျာစာရွက်လေးကို သူတို့တွေ တစ်ကျောင်းလုံး ဝေငှလိုက်ကြပြီး သူငယ်ချင်းရဲ့ နောက်ဆုံးခရီးစဉ်ကို သူတို့ ဘတ်စ်ကားကြီး လေးစင်းနဲ့ လိုက်ပို့ကြပါတယ်။ (၁၂) နှစ်မြောက်တဲ့ ဒီနေ့မှာ အဲဒီ ဝေခဲ့ဖူးတဲ့ စာရွက်ကို အမှတ်တရ ပြန်ကြည့်မိပြီး သတိတရ ရှိတာနဲ့ ပို့စ် တင်ပေးလိုက်ပါတယ်။ ဒီကဗျာကို စီစဉ်တဲ့သူတွေကို ကျနော် မသိတော့ပါဘူး။ (၂၀၀၀) ခုနှစ်က မန္တလေးကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်စုလို့ပဲ သိတော့တာပါ။ သူတို့ရဲ့ ကဗျာစာသားတွေကို ဖတ်ရင်း ကျနော်လည်း တစိမ့်စိမ့် သတိရမိနေတာနဲ့ တင်လိုက်ပါတယ်ဗျာ။

ဇွဲကလောင်ကိုင်ဆွဲရင်း ကြိုးစားသည့် …အားပေးရင်းနှစ်သိမ့်တဲ့ မိဘတတွေဆက်လက်လို့ ကြိုးစား (၉၉ ကုန်တော့) တွေ့ကြသည်တို့တတွေသည် … ယခုတော့သဲထဲရေသွန် ကွယ်ပျောက်ပြီ။မိဘကဆွေး၊ တို့တတွေကလွမ်းမင်းထားခဲ့အလွမ်း၊ တို့ရင်မှာစွဲကျန်သည် …တစ်သက်မမေ့ပြီ …သွား၊ လာ၊ စား၊ ကစားရင်း အတူမင်းရဲ့ရုပ်ပုံတွေ၊ ရင်တွင်းကစကားတွေပြန်မြင်ယောင်ထင်ဟပ်မိတယ် ကျောင်းဆရာရယ် …မင်းကနေမကောင်း၊ ခုံနံပါတ်ခိုးထိုး (မင်းအတွက်)ဒါတွေက မင်းအတွက်စေတနာအခြင်းအရာ မသိတဲ့တို့ဆရာ‘မလာတဲ့သူ နောက်အခါဘယ်တော့မှမလာနဲ့’ တဲ့စိတ်ထဲမှာထင့် ငါ့ရင်မှာမင်းအတွက် ပူလောင်မိတယ်အဝေးတစ်နေရာ ပြေးထွက်သွားတဲ့ ………………… မင်းတို့ရင်မှာနေရာယူခဲ့တဲ့ ……………………………….. မင်းတစ်တန်းလုံးအတွက် အနစ်နာခံခဲ့တဲ့ ………………. မင်းတာဝန်ကျေခဲ့တဲ့ကျောင်းသား ………………………. မင်းမိဘတွေသိပ်ချစ်ခဲ့တဲ့ ………………………………… မင်းငါတို့အရမ်းသတိရနေတဲ့ ……………………………. မင်းအရာရာမင်းကို သတိရနေတဲ့ ငါတို့ကတော့မင်းနေရာဘယ်သူမှ မဝင်လာစေရကွာမင်းရဲ့ပုံဟန်လွယ်အိတ်ကိုဘေးလွယ်ပွင့်လင်းတဲ့စကားချိုသာတဲ့အပြုံးအားပေးတဲ့စကားတွေနဲ့ မင်းကိုသတိရနေတယ်မင်းအခုတော့ ဘဝအလင်းကို ကြိုတင်ရွေးခဲ့ပေါ့ …ဒို့မင်းအတွက်ရင်နင့်စွာ ကြေကွဲရင်း အထက်(ဘဝဂ်) မင်းပျော်ရွှင်စေဆုတောင်းပေးတဲ့ တို့တတွေလည်းမင်းနဲ့တစ်နေ့ဆုံတွေ့မှာပါဘဲသံသရာတစ်ကွေ့ ဘဝတစ်ကွေ့မှာ ခွဲခွာခဲ့တဲ့မင်းအတွက် အံကိုခဲရင်းဝေးသွားတာကို ဆွေးမိတယ် …‘စိန်’ ဟာ ‘မှန်’ မရွေးဘူးဆိုသလို‘သေခြင်း’ ဟာလည်း ‘လူ’ မရွေးပါဘူးဆိုတာ ဒို့သိပါတယ်သွားရတာတော့ သွားတာပေါ့ဒါပေမယ့် မင်းသွားတာ စောလွန်းတယ်မင်းဖျားနာတာ တို့တတွေတွေ့တော့အသည်းနှလုံးဆွဲထုတ် နှလုံးသွေးဖောက်သောက်ခံရသလိုအရိုးကြေမွ မျက်လုံးတွေပြာတောက်လာတယ်တစ်ကိုယ်လုံးတုန်လာတယ်မင်းကိုအရမ်းစိုးရိမ်ရင်းနဲ့ ကြွေခဲ့တဲ့မင်းကိုကြွေလင့်တဲ့အသည်းတွေနဲ့ ငါတို့ စိတ်ဓာတ်တွေ မခိုင်တော့ဘူးမင်းကိုလွမ်းတယ်ကွာ …. ။မင်းတစ်ယောက် ဗုဒ္ဓရဲ့အရိပ်အောက်မှာ အေးမြစေသား …ဘဝဂ်ဘုံမှာ ကောင်းရာသုဂတိလားစေသား … ။

ပထမနှဈ ကှနျပြူတာတက်ကသိုလျ

ငရဲခွေးကြီး လွတ်နေပြီ
ပုံ – အိုးဝေမဂ္ဂဇင်း စာတည်းအဖွဲ့ (၁၉၃၆)

ပုံ – ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်များ (၁၉၃၆)

၁၉၃၆ ခုနစ် ဇန္နဝါရီလထုတ် အိုးဝေမဂ္ဂဇင်းမှာ ရေးသားပုံနှိပ်ခဲ့တဲ့ ငရဲခွေးကြီး လွတ်နေပြီ ဆိုတဲ့ ပေးစာတစ်စောင်နဲ့ ပတ်သက်ပြီး မူရင်းရေးသားသူ (ညိုမြ) ရဲ့ နာမည်ကို မဖော်ထုတ်ပေးတဲ့အတွက် ၁၉၃၆ ခုနစ် ဖေဖော်ဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဦးနုကိုပါ တက္ကသိုလ်ကနေ ထုတ်ပယ်ပစ်လိုက်တယ်။ အိုးဝေမဂ္ဂဇင်းဟာ တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့က ထုတ်ဝေတဲ့ မဂ္ဂဇင်း တစ်စောင်ဖြစ်တယ်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း ဖြစ်တာကြောင့် သူ့မှာ အဓိက တာဝန်ရှိတယ်ဆိုပြီး သူတို့ကို ကျောင်းထုတ်ပစ်ခဲ့ပါတယ်။ အဲဒီလို ကျောင်းထုတ်ပစ်လိုက်လို့ ဆိုပြီး တက္ကသိုလ်ကျောင်းသားတွေ ဝိုင်းဝန်း ဆန္ဒပြရာက ဒုတိယကျောင်းသား သပိတ်ပေါ်ပေါက်လာတယ်။ အဲဒီလို မြန်မာသမိုင်းမှာ အင်မတန်မှ အရေးပါတဲ့ စာတစ်ပုဒ်ကို ရေးသားခဲ့တဲ့ နဂိုမူအတိုင်း ပြန်လည်ခံစားနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ အပျောက်မပျက် ထိန်းသိမ်းထားတဲ့ သဘောလည်း ပါပါတယ်။ အခုခေတ် လူငယ် အများစုဟာ ဒီစာကို ဖတ်ဖူးကြတော့မှာ မဟုတ်ပါဘူး။ အင်္ဂလိပ်လို မူရင်း အရေးအသားနဲ့ မျှဝေပေးလိုက်ပါတယ်။

The Hell-Hound at Large

Escaped from Awizi, a devil in the form of a black dog. Had been during his brief span on earth a base object of universal odium and execration, sentenced to Eternal Damnation for Treachery, Theft, Presumption, Intrigue, Pettifogging, Sadism, Churlishness, Vulgarity, etc. A pimping knave with avuncular pretensions to some cheap wiggling wenches from a well-known Hostel, he was also a hectic popularity-hunter, shamming interest in Games, Concerts, Associations, etc., menacing the public placed with his unwanted presence though generally welcomed everywhere as small-pox. His only distinguishing marks have been the abominable V.D. ulcers on his neck and buboes due to copulation with his own wife.Will finder please kick him back to Hell?YamaminFrom: “Oway” or The Voice of Peacock, Voice of the RUSU, Jan. 1936; Vol 5, No. 1, p. 56. Points from Letters.

အေမေန႔ အမွတ္တရ
ဒီနေ့ဟာ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ အမေနေ့ ဖြစ်ပါတယ်။ ဒီတော့ ဒီလိုနေ့မျိုးမှာ အမေနဲ့ ပတ်သက်တဲ့ ပို့စ်လေး တစ်ပုဒ်လောက် အမှတ်တရ ရေးမလား စိတ်ကူးမိပေမယ့် ခေါင်းထဲက ထွက်မလာဘူး။ ကျနော် ဟိုးအရင်ကတော့ အမေမေတ္တာနဲ့ ပတ်သက်တဲ့ ပို့စ် (၂)ပုဒ် ရေးဖူးပါတယ်။ Mom’s Love ခေါင်းစဉ်နဲ့ နိုင်ငံခြား ကဗျာ တစ်ပုဒ်ကို ပြန်ဝေမျှ ဖူးသလို အမေ့ကိုယ်စား ဆိုတဲ့ ဘာသာပြန် ပို့စ်တစ်ပုဒ်လည်း တင်ခဲ့ဖူးပါတယ်။ ကျနော် အခု အမေနေ့ အမှတ်တရ ပို့စ်တစ်ပုဒ် တင်မယ်ဆိုတော့ ဟိုး လွန်ခဲ့တဲ့ ငါးနှစ်လောက်က အမေနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို သွားသတိရတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာက အမေ ဆိုတဲ့ ဝေါဟာရ အကြောင်းပါ။ ကမ္ဘာအရပ်ရပ်က သုံးနေတဲ့ “အမေ” ဆိုတဲ့ ဝေါဟာရ အတော်များများဟာ ထူးဆန်း အံ့သြဖို့ ကောင်းလောက်အောင် လာဆင်နေပါတယ်။ ကမ္ဘာပေါ်မှာ အသံထွက်အနေနဲ့ အဆင်ဆုံး ဝေါဟာရလို့ သက်မှတ်နိုင်ပါတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာတော့ ပါဠိ ဝေါဟာရ ဖြစ်တဲ့ “မာတာ” ဆိုတဲ့ စကားလုံးနဲ့ လက်တင် ဝေါဟာရ “Mother” နဲ့ဟာ အသံထွက်အားဖြင့် လုံးဝ ချွတ်စွတ် တူနေတာကို အံ့သြဖွယ် တွေ့ရမှာပါ။ လက်တင်ဘာသာမှာ သွားတူနေတာကြောင့် လက်တင်ဘာသာကနေ ဆင်းသက်တဲ့ တခြား ဘာသာစကားတွေမှာ လာတူနေတဲ့ အပြင် ပါဠိဘာသာကနေ ဆင်းသက်တဲ့ တခြား ဘာသာစကားတွေ အားလုံးမှာလည်း အသံထွက်တူတဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ဆင်တူအများဆုံး ဝေါဟာရ အနေနဲ့ “အမေ” ဆိုတာ ပညာရှင်အားလုံး အကန့်အကွက် မရှိ သဘောတူထားကြတယ်။ ဝေါဟာရချင်းပဲ တူသလားဆိုတော့ အမေကို ချစ်ကြတာချင်းလည်း အတူတူပါပဲ။

ကျနော် အဲဒီ ဆောင်းပါးကို သေချာ မစုဆောင်းလိုက်ရတော့ အခု ပြန်လိုချင်တဲ့အချိန် အခက်တွေ့ရတာပေါ့။ ဒါကြောင့် အခု တင်ပြချင်တာတောင် မူရင်း ဆောင်းပါးထဲကလို ပြည့်ပြည့်စုံစုံ မတင်ပြနိုင်တော့ပါဘူး။ ကျနော် တွေ့ရှိထားသလောက်ပဲ မျှဝေလိုက်ရပါတယ်။ အင်္ဂလိပ်တွေ သုံးတဲ့ “Mother” ဆိုတဲ့ စကားလုံးဟာ ပါဠိမှာ “မာတာ” လို့ သုံးကြောင်း တင်ပြပြီးပါပြီ။ နောက်ဆက်ပြီး တင်ပြချင်သေးတာက

mom, mommy ကို မြောက်အမေရိက နိုင်ငံ အများစု (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) မှာ သုံးပါတယ်။ ဗြိတိန်နိုင်ငံ West Midlands မှာလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးတာ တွေ့ရတယ်။

mum, mummy ကို ဗြိတိန်၊ နယ်သာလန်၊ သြစတေးလျ နဲ့ နယူးဇီလန် နိုင်ငံတွေမှာ သုံးပါတယ်။

Ma, Mam, Mammy ကို အိုင်ယာလန် နိုင်ငံမှာ သုံးပြီး ဗြိတိန် နဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း ရံဖန်ရံခါ သုံးလေ့ ရှိပါတယ်။

Maa, Amaa, Maataa ကို အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံမှာ သုံးပါတယ်။ မြန်မာနိုင်ငံမှာ တချို့ တိုင်းရင်းသား လူမျိုးစုတွေမှာ သုံးတာ တွေ့ရပါတယ်။

Mama ကို နိုင်ငံ အတော်များများမှာ သုံးပြီး အထူးသဖြင့် စပိန် ကိုလိုနီ ကျရောက်ဖူးတဲ့ နိုင်ငံတွေမှာ အများဆုံး သုံးပါတယ်။

တခြား ဘာသာစကားတွေမှာလည်း အသံထွက် တူတာ၊ ဆင်တူတာတွေ ရှိပါသေးတယ်။

mama ကို ပိုလန် နဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေမှာ သုံးတယ်။

māma ကို တရုတ်ဘာသာစကားမှာ သုံးတယ်။

máma ကို ချက်နိုင်ငံမှာ သုံးတယ်။

maman ကို ပြင်သစ်နဲ့ ပါရှန်း ဘာသာစကားမှာ သုံးတယ်။

mamma ကို အီတလီနိုင်ငံမှာ သုံးပါတယ်။

mãe ကိုတော့ ပေါ်တူဂီတွေ သုံးတယ်။

Ami ကို ပန်ဂျက် ဘာသာစကားမှာ သုံးပါတယ်။

mama ကို ဆွာဟီလီ ဘာသာစကားမှာ သုံးပါတယ်။

eema (אמא) ကို ဟီဘရူး ဘာသာစကားမှာ သုံးပါတယ်။

umma (엄마) ကိုတော့ ကိုရီးယား ဘာသာစကားမှာ သုံးပါတယ်။

Mama ကို ဂျပန်နိုင်ငံမှာတော့ အင်္ဂလိပ်တွေဆီက ငှားရမ်း သုံးစွဲပါတယ်။

တောင်အာရှ တစ်ကျောမှာ ရှိတဲ့ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ အမေကို amma (သို့) oma (သို့) ammi (သို့) ummi တို့အပြင် တခြား သံတူကြောင်းကွဲ ခေါ်ဝေါ်ကြတာတွေ အများကြီး ရှိပါတယ်။

ဘာသာစကားဆိုတာ ပင်မ ရိုးတံ တစ်ခုကနေ အများကြီး အများကြီး ဖြာဆင်းတာ ဆိုပေမယ့် နှစ်ပေါင်း ထောင်နဲ့ချီ ကြာလာတဲ့အခါမှာ ရာသီဥတု၊ အစားအသောက်၊ ရေခံမြေခံ ပေါ်မူတည်ပြီး အာတွေလျှာတွေ ကွာသွားတာကြောင့် အသံထွက် ဝေါဟာရတွေ ရွေ့လျားပြီး လာလိုက်တာ အခုဆိုရင် ဘာသာစကားပေါင်း ပင်မ (၇၃၀၀) မျိုး နဲ့ အခွဲ (၃၉၄၉၁) မျိုး ရှိသွားပါပြီ။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ဘာသာစကားတွေ တစ်ခုကနေတစ်ခု ဘယ်လိုပဲ ရွေ့လျားရွေ့လျား ဘာသာစကားရဲ့ ထက်ဝက်မကတဲ့ အရေအတွက်မှာ “အမေ” ဆိုတဲ့ အသံထွက်နဲ့ အသုံးဟာ တူနေဆဲဆိုတာ ဘာကို ဆိုလိုနိုင်ပါသလဲ။ ကျနော် ထင်တာကတော့ ဘယ်လူမျိုး၊ ဘယ်နိုင်ငံ၊ ဘယ်ဘာသာတရား နဲ့ ဘယ်ခေတ်မှာမဆို မိဘမေတ္တာ အားလုံးဟာ တူညီကြပြီး ဘယ်တော့မှ မပျောက်မပျက် မယုတ်မလျော့ ပဲ ထာဝရ တည်နေနိုင်လို့ ပဲလို့ ယူဆမိပါတော့တယ်။

Friendship “A to Z “
Acepts you as you areBelieves in “you”Calls you just to say “HI”Doesn’t give up on youEnvisions the whole of you (even the unfinished parts)Forgives your mistakesGives unconditionallyHelps youInvites you overJust “be” with youKeeps you close at heartLoves you for who you areMakes a difference in your lifeNever JudgesOffer supportPicks you upQuiets your fearsRaises your spiritsSays nice things about youTells you the truth when you need to hear itUnderstands youValues youWalks beside youX-plains thing you don’t understandYells when you won’t listen andZaps you back to reality ============================

Life is an opportunity, benefit from it. Life is a beauty, admire it. Life is a dream, realize it. Life is a challenge meet it. Life is a duty, complete it. Life is a game, play it. Life is a promise fulfill it. Life is sorrow, overcome it. Life is a song, sing it. Life is a struggle, accept it. Life is a tragedy confront it. Life is an adventure, dare it. Life is luck, make it. Life is life, fight for it.

Thanks to NNW for sharing it.

အသတ်များအား အသံထွက်၍ ရွတ်သော် …
မြန်မာစာကို ဖတ်တဲ့နေရာမှာ ပါဌ်ဆင့်နဲ့ အသတ်တွေကို အသံထွက်တဲ့ အခါမှာ အတော်ကလေး မှားကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ဖူးထားတဲ့ ဗဟုသုတလေး တချို့ကို ပြန်လည် ဖြန့်ေ၀ ပေးချင်ပါတယ်။ ဒါကို ဝေါဟာရတ္ထပကာသနီကျမ်း မှာ ဖော်ပြထားတယ် ဆိုပေမယ့် ကျနော်က ဦးထွန်းမြင့်ပြုစုထားတဲ့ ပါဠိသက် ဝေါဟာရ အဘိဓါန် စာအုပ်ထဲက မှတ်သားထားတာပါ။

က် – ဣ (အိ) ကသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ကြိုးကြာကရဝိက်၊ တောလုံးထိတ်မျှ၊ ညိတ်ညိတ်တွန်ထူး၊ …။´ `စေတသိက်၊ ဘိသိက်၊ လောကန္တရိက်၊ … ´ စသဖြင့်လည်း အတူတူပါပဲ။

ခ် – ဥ (အု) ခသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ဗလဝါမုခ်၊ ခံတွင်းနှုတ်သို့၊ အနုတ္တရည်း၊ …။ ´ ဣ (အိ) ခသတ်ကို `န´သတ် အသံအတိုင်း ဖတ်ရတယ်။ ဥပမာ ပဉ္စသိခ် မှာ ပဉ္စသိန် လို့ ဖတ်ရမယ်။

ဂ် – အ ဂငယ်သတ်ကို `က´သတ် သံလိုပဲ ဖတ်ရမယ်။ `မိုးမြေအောက်ထက်၊ ဘဝဂ်တိုင်တန်း၊ သက်သေညွှန်းလျက်၊ … ။´ ဥ (အု) ဂငယ်သတ်ကို `တ´သတ်သံ ဖတ်ရတယ်။ `မဆီဆုတ်ယုတ်၊ ကလိယုဂ်ဖြင့်၊ ရုတ်ရုတ်ယောင်ခါ၊ … ။´

င် – ဣ (အိ) ငသတ်၊ ဥ (အု) ငသတ်တို့ကို `န´သတ်သံ ဖတ်ရတယ်။ ဥပမာ သိင်္ခသူ ကို သိန်ခသူ ဟု လည်းကောင်း၊ ကုင်္ကုမံ ကို ကုန်ကုမံဟု လည်းကောင်း ဖတ်ရတယ်။

စ် – ဣ (အိ) စသတ်၊ ဥ (အု) စသတ်တို့ကို `တ´သတ်သံ ဖတ်ရတယ်။ ဥပမာ အနိစ္စ ကို အနိတ်စ ဟု လည်းကောင်း၊ ပရိယာယ် ဝေဝုစ် ကို ဝေဝုတ် ဟု လည်းကောင်း ဖတ်ရတယ်။

ဇ် – ဇသတ်က `စ´သတ်နဲ့ တူတယ်။ ဥပမာ ဝိဇ္ဇာ ကို ဝိစ်ဇာ လို့ ဖတ်ရတယ်။ အို ဇ သတ်ကို `အိုက်´သံ ထွက်ရတယ်။ ဥပမာ ပရိဗိုဇ် ကို ပရိပိုက် လို့ အသံထွက်ရမယ်။

ဋ် – ဋသံလျှင်းချိတ်သတ်က `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဆဋ္ဌ – ဆဋ် ဌ (ဆတ်ဌ)၊ အဋ္ဌ – အဋ် ဌ (အတ်ဌ)၊ ဝိသိဋ္ဌ – ဝိသိဋ်ဌ (ဝိသိတ်ဌ) လို့ ဖတ်ရမယ်။

ဍ် – ဍရင်ကောက်သတ်ကလည်း `တ´သတ်နဲ့ တူတယ်။ ဥပမာ ဂုဏဝုဍ္ဎိ – ဂုဏဝုဍ်ဎိ (ဂုဏဝုတ်ဎိ) လို့ အသံ ထွက်ပါတယ်။

ထ် – ထဆင်တူးသတ်ကလည်း `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဣရိယာပုထ် ကို အိရိယာပုတ် လို့ အသံ ထွက်ပါတယ်။

ဒ် – ဒဒွေးသတ်ကလည်း `တ´ သတ်နဲ့ တူပါတယ်။ ဥပမာ ဥပဒ် ကို ဥပတ်၊ ဥပိုဒ် ကို ဥပိုတ်လို့ အသံ ထွက်ပါတယ်။

ဏ် – ဏကြီးသတ်က `န´သတ်နဲ့ တူတယ်။ အို ဏ သတ်ဖြစ်ရင်တော့ `င´ သတ်အသံနဲ့ ဖတ်ရပါတယ်။ ဥပမာ လိုဏ် ကို လိုင်၊ တုရိုဏ်တိုင် ကို တုရိုင်တိုင် လို့ ဖတ်ရပါတယ်။ ချွင်းချက်အနေနဲ့ ကြိုဏ် ကို ကြို လို့ပဲ ဖတ်ပါတယ်။

ဗ် – ဗထက်ချိုင့်သတ်က `ပ´သတ်နဲ့ တူတယ်။ ဥပမာ ဒြဗ် ဆိုတဲ့ စကားလုံးကို ဒြပ်လို့ အသံထွက်တယ်။

ဘ် – ဘကုန်းသတ်ကလည်း `ပ´သတ်နဲ့ တူတယ်။ ဥပမာ လာဘ် ကို လပ် လို့ အသံထွက်တယ်။

ယ် – အ၊ အာ ကို ယသတ်ရင် `အယ်´သံ ထွက်တယ်။ ဥပမာ ကြယ်၊ နိကာယ်။ ဥ (အု) ကို ယသတ်ရင်တော့ `န´သတ်သံ ထွက်တယ်။ ဥပမာ ယေဘုယျ – ယေဘုယ်ယ (ယေဘုန်ယ)၊ ဥယျောဇဉ် – ဥယ်ယောဇဉ် (အုန်ယောဇင်) လို့ ဖတ်တယ်။ ချွင်းချက် အနေနဲ့ ဥယျာဉ် (ဥယ်ယာဉ်) ကို အုန်ယာဉ် လို့ မဖတ်ဘဲ ဥယာဉ်လို့ပဲ ဖတ်ပါတယ်။

ရ် – ဧ (အေ) ရကောက်သတ်ကို `ည´သတ်သံ ကဲ့သို့ ဖတ်ရတယ်။ ဥပမာ ထေရ် ကို ထည် လို့ ဖတ်ရပါတယ်။ `ဥဒါယီထေရ်၊ ရှေးရိုးတည်လျက်၊ ထွက်သည်နေ့က၊ ထိုနှစ်လလျှင်၊ … ´ အို ကို ရကောက်သတ်လျှင် အသတ်သံ အထူးမထွက်။ ဥပမာ နဂိုရ် ကို နဂို လို့ပဲ ဖတ်ရမယ်။

လ် – လသတ်ဟာ `န´သတ်နဲ့ အသံတူတယ်။ ဥပမာ ပန်းမာလ် ဆိုရင် ပန်းမာန် လို့ အသံထွက်ရမယ်။ မိလ္လာ ကို မိန်လာ၊ ပုလ္လိင် ကို ပုန်းလိင် လို့ အသံထွက်ရမယ်။ အိုကို လသတ်မယ် ဆိုရင်တော့ အသတ်သံ ထွက်စရာ မလိုဘူး။ ဥပမာ ကုသိုလ် ကို ကုသို လို့ပဲ ဖတ်တယ်။

ဝ် – ဝသတ်ဟာ အသတ်သံ ထူးထူးထွေထွေ မထွက်ဘူး။ ဒါကြောင့် မြန်မာစာမှာ ဝသတ်ကို မသုံးတော့ဘူး။ ဒါပေမယ့် သြဘာစာမှာ `သောဝ်´ ဆိုတာ တွေ့ရမယ်။ သူ့ကို ဖတ်ရင် `သော´ကို အသံရှည်ရှည် ဆွဲဖတ်ရတယ်။

သ် – သသတ်ဟာ `တ´သတ်နဲ့ တူတယ်။ ဥပမာ မိဿ – မိသ်သ (မိတ်သ)၊ ဥပုသ် ကို ဥပုတ်လို့ ဖတ်ရမယ်။

ဟ် – ဟသတ်က `န´သတ်နဲ့ တူတယ်။ ဥပမာ သိဟ်ရာသီ မှာ သိန်ရာသီ၊ ဂိမှာန် – ဂိဟ်မာန် (ဂိန်မန်) လို့ ဖတ်ရမယ်။

ချွင်းချက်အနေနဲ့စကြဝဠာ – စက်ကြာဝဠာ လို့ ဖတ်တယ်။တိရစ္ဆာန် – တိရစ်ဆန်လို့ ဖတ်ရမှာပါ။ ဒါပေမယ့် တရိတ်ဆန်လို့ ဖတ်ကြတယ်။ပဋိသန္ဓေ – ပဋိတ်သဓေ လို့ ဖတ်ကြတယ်။ပရိသတ် – ပရိတ်သတ် လို့ ဖတ်တယ်။ပြာသာဒ် – ပြတ်သာဒ် လို့ ဖတ်တယ်။ဗိမာန် – ဗိတ်မှန် လို့ ဖတ်တယ်။မေတ္တာ – မစ်တာ လို့ ဖတ်တယ်။ ဧ (အေ) တသတ်ဟာ `စ´သတ် (အစ်) သံထွက်ရတယ်။ မေတ္တာ – မစ်တာ၊ ခေတ် – ခစ် လို့ အသံထွက်တယ်။ဝါကျ – ဝက်ကျ လို့ ဖတ်တယ်။သုသာန် – သုတ်သာန် လို့ ဖတ်တယ်။စကားလုံးတွေ ကျန်နေပါဦးမယ်။ ကျနော် သိသလောက် ဥပမာအနေနဲ့ ဖော်ပြလိုက်တာပါ။အသေးစိတ် သဒ္ဒါနည်း အပြည့်အစုံနဲ့ မှတ်သားချင်ရင်တော့ ဦးထွန်းမြင့် ရေးသားထားတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန် စာအုပ်မှာ လေ့လာဖတ်ရှု နိုင်ပါတယ်။

ငြိုးမာန်ဖွဲ့ ဒေါသ
လောကမှာ ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့ အမျှ ပိုင်ဆိုင်ချင်လာတဲ့ လောဘတွေ ဟာလည်း အတော်ကလေးကို တိုးပွားလာကြတယ်။ ပိုင်ဆိုင်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ယုံကြည်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ဒါကလည်း ပိုင်ဆိုင်မှု အတွက်ပဲလေ။ ယုံကြည်မှုဆိုတာ ကိုယ်ပိုင်ဆိုင် ထားတဲ့ အသိတရားလေ။ ကိုယ့်မှာ ရှိနေတာတွေအတွက် စိုးရိမ်တတ်လာတယ်။ ကိုယ့်မှာ မရှိရင်လည်း သောကတွေ ရောက်လာတယ်။ ကိုယ်က လိုချင်တာကိုး။ ကိုယ် မကျေနပ်တဲ့သူမှာ ရှိနေရင် သာ ဆိုးသေး။ ကိုယ် မရှိရင်၊ မရရင် သူများလည်း မရှိစေချင်ဘူး။ မရစေချင်ဘူး။ ဒါနဲ့ပဲ ကုန်းတိုက်တတ်လာကြတယ်။ စိတ်ထဲကနေ မကျေနပ်ရာက လက်တွေ့ဖျက်ဆီးဖို့ ကြိုးစားလာတယ်။ မနောကံ အကုသိုလ်ကနေ ဝစီကံကို ကူးလာတယ်။ မနာလို ဝန်တိုရာကနေ ကုန်းတိုက်လာတယ်။ ပျက်စီးအောင်လို့လေ။ဒါ ဒေါသစရိုက် ရှိတဲ့လူတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အပြုအမူတွေပါ။ နောက်တစ်ခုရှိသေးတယ်။ ငိုကြွေးခြင်းပါ။ ကိုယ် ဖြစ်ချင်တာတွေ မဖြစ်လာတဲ့ အခါမှာ ဒေါသဆိုတာ ထွက်ကြစမြဲပါ။ အဲဒီဒေါသဟာ မနောကံကနေ ဝစီကံမြောက်၊ ကာယကံမြောက် ပုံစံအမျိုးမျိုးနဲ့ အပြုအမူအဖြစ် ပြောင်းသွားတယ်။ ဆဲပစ်လိုက်တယ်။ ထ ထိုးတယ်။ ဒါ ဝစီကံမြောက် ဒေါသနဲ့၊ ကာယကံမြောက် ဒေါသတွေလေ။ လူတွေ အသိနည်းတဲ့ ကာယကံမြောက် ဒေါသတစ်မျိုးက ငိုကြွေးခြင်းပဲ။ အားမသန် မာန်လျှော့လေ။ မမျိုသိပ်နိုင်တဲ့ ဒေါသဟာ မနောကံကနေ အသွင်ပြောင်းဖို့ ကြိုးစားတဲ့နေရာမှာ ဝစီကံမြောက် မဆဲရေးဘူး။ ကုန်းမတိုက်ချင်ဘူး။ ကာယကံမြောက် ဘာမှ မလုပ်ရဲဘူး။ ဒီတော့ အဲဒီ ဒေါသတွေဟာ မျက်ရည် အဖြစ်နဲ့ အသွင်ပြောင်းသွားတယ်။ ငိုကြွေးတဲ့လူဟာ အမြဲတမ်း ပူဆွေးရတယ်။ ပူဆွေးရတာ ဒေါသကြောင့်ပေါ့။ ကိုယ်ချစ်တဲ့ ခင်တဲ့ လူတစ်ယောက် သေရင်ပဲဖြစ်ဖြစ် ကျနော်တို့ ငိုကြွေးကြတယ်။ ဒါလည်း ဒေါသရဲ့ ထွက်ပေါက်တစ်ခုလေ။ ဘာကိုမှ အပြစ်တင်လို့ မရဘဲကိုး။

ဒေါသစရိုက်ရှိတဲ့ လူတွေမှာ ထင်ရှားတဲ့ အပြုအမူ (၈) မျိုးရှိပါတယ်။(၁) ခိုက်ရန်ဖြစ်ခြင်း ဒါက မြင်သာပါတယ်။ ရင်ထဲက ဒေါသကို ကာယကံမြောက် အပြင်းထန်ဆုံး ဖွင့်ထုတ်တတ်တဲ့ လူအတော်များများမှာ မြင်ရတယ်။ ကိုယ်ထိလက်ရောက် လုပ်လိုက်ရင် ခိုက်ရန်ဖြစ်တယ်လို့ ခေါ်ရမှာပေါ့။(၂) ငြင်းခုံခြင်းကိုယ် လက်ကိုင်ထားတဲ့ (ပိုင်ဆိုင်ထားတဲ့) တရားတွေကို တခြားလူက ထိပါးလာရင် တုန့်ပြန်တက်တဲ့ ဒေါသပါ။ အသိပညာနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ယုံကြည်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ဒါဟာ ဝစီကံပါ။ စကားနဲ့ ထိုးစစ်ဆင်ကြတာပေါ့။ ဒါနဲ့မှ မကျေနပ်တော့ရင် နောက်တစ်ဆင့်တက်ပြီး ခိုက်ရန် ဖြစ်လာနိုင်တယ်။ နိုင်ငံတကာမှာ ပုံစံမျိုးစုံနဲ့ အငြင်းပွားနေကြတယ်။ လူတန်းစားပေါင်းစုံ ငြင်းခုံနေကြတယ်။ Debate လုပ်တယ်ပေါ့။ ဒါ အတ္တနဲ့လည်း သက်ဆိုင်မယ်။ ကိုယ့်ဟာမှ မှန်တယ်လို့ ယုံကြည်ထားတဲ့ အတ္တ။ ငါ့ဟာ မထိနဲ့ နည်းနည်းမှ မလျှော့ဘူးဆိုတဲ့ မာန။ အထင်ရှားဆုံးကတော့ ခက်ထန်နေတဲ့ ဒေါသပါ။(၃) ပရိဒေ၀ – ငိုကြွေးခြင်းဒါကို အပေါ်မှာ နည်းနည်း ရှင်းပြထားပါတယ်။ ငိုကြွေးခြင်းဟာ ကာယကံမြောက် ဒေါသထဲမှာ အနူးညံ့ဆုံးနဲ့ အပြစ်အကင်းဆုံးပါ။ ဒါပေမယ့် နောက်ဆုံးတော့လည်း ခံစားကြရတာ ကာယကံရှင်ပဲလေ။(၄) သောက – စိုးရိမ်ပူဆွေးခြင်း ဒီ (၂) မျိုးက ဒေါသရှိတဲ့ သူတွေနဲ့ ဆိုင်တယ်။ ဆွေမျိုးတွေ သေကြေ ပျက်စီးတာတွေ တွေ့ရတဲ့အခါ ဒေါသနဲ့ သည်းမခံနိုင်လို့ စိုးရိမ်ပူဆွေး ငိုကြွေးရတာပဲ။ စိုးရိမ်တယ် ပူဆွေးတယ် ဆိုတာ ရင်ထဲမှာ ကြိတ်မွေးထားတဲ့ အပူမီးနဲ့ တူတယ်။ ရင်ထဲမှာ လှိုက်လောင်နေတယ်။ တစ်ယောက်တည်း ပူနေတယ်။ တချို့ဆို ဘယ်လောက်ပူလဲ ဆိုတော့ မျက်နှာကြီးကို နီရဲနေအောင် ပူတယ်။ စာထဲမှာ တစ်ခါ ဖတ်ဖူးတာက ပူဆွေးသောကရောက်ပြီး ခန္ဓာကိုယ် မီးလောင်ပြီး သေသွားတယ်လေ။ ရင်ထဲက အပူတွေက အရေပြားကိုတောင် စွဲလောင်သွားတယ်။(၅) မစ္ဆရိယ – ဝန်တိုခြင်း ကိုယ့်မှာ ရှိတဲ့၊ ကိုယ်နဲ့ ဆိုင်တာတွေ တခြားလူတစ်ယောက်နဲ့ သက်ဆိုင်သွားမှာ၊ သူ့လက်ထဲ ရောက်သွားမှာကို သည်းမခံနိုင်လို့ ဖြစ်ရတဲ့ ဒေါသပါ။ ဒီလို ဖြစ်လာပြီဆိုရင် သူများလက်ထဲ ရောက်မသွားအောင် တနည်းနည်းနဲ့ ကြံစည်တော့မယ်။ ဒါဟာ ပျက်စီးခြင်းရဲ့ လမ်းစပါပဲ။ သူ အကုသိုလ် တစ်ခုခု လုပ်မိတော့မယ်လေ။(၆) မာန်ထောင်လွှားခြင်း၊ မာနကြီးခြင်းကိုယ်ပိုင်ထားတာလေးတွေ၊ ကိုယ်သိထားတာလေးတွေကို အဟုတ်လုပ်ပြီး ပြိုင်ဆိုင်ချင် လာတယ်။ ငါသာ တကော လုပ်လာတယ်။ ကိုယ့်ဟာထက် ပိုကောင်းတာ လောကမှာ မရှိဘူးလို့ နားထင် သွေးရောက်နေတယ်။ အားလုံးနဲ့ ယှဉ်လိုက်မယ် ဆိုတဲ့ ဒေါသကလေးက စိတ်မှာ ကပ်လာတယ်။ ကိုယ့်ကိုယ်ကို အဟုတ်မှတ်နေပြီ ဆိုတော့ ဘယ်သူပြိုင်လို့ ရပါတော့နိုင်ပေါ့လေ။(၇) မိမိကိုယ်ကို အထင်ကြီးပြီး သူတစ်ပါးကို အထင်သေးခြင်းဒီ (၂) ခုက လောဘနဲ့ ယှဉ်တဲ့ တရားတွေ။ ဒါပေမယ့် ဒေါသကြီးတဲ့ လူမှာမှ ထင်ရှားတာ။ လူက မာနကြီးလာရင် သူများကို လွယ်လွယ်နဲ့ အထင်သေးလာတယ်။ ကိုယ့်ဟာ အကောင်းဆုံးလို့ ထင်တဲ့လူဟာ သူများဟာတွေ အကုန်လုံး မကောင်းဘူးလို့ ထင်မှာတော့ သေချာတယ်။ ကိုယ့်ဖာသာ သိပ်အထင်ကြီးတဲ့ လူတွေဟာ တခြားလူတွေကို အထင်သေးမှာပဲ။ ဒါသေချာတယ်။ အထင်ကြီးခြင်း၊ အထင်သေးခြင်းက ပိုင်ဆိုင်မှုအပေါ် အခြေတည်ပြီး ဖြစ်လာမို့ လောဘနဲ့ ပိုဆိုင်တယ်။ ဒါပေမယ့် ဒေါသကြီးတဲ့လူတွေရဲ့ အပြုအမူက ပိုပြီး ထင်ရှားတယ်။(၈) ကုန်းတိုက်ခြင်းဝန်တိုတတ်တဲ့သူဟာ မနောကံကနေ တစ်ဆင့်တက်ပြီး ဝစီကံအနေနဲ့ ကုန်းတိုက်လာကြတယ်။ ကုန်းတိုက်တယ်ဆိုတာ ဝစီကံမြောက် ဖျက်ဆီးခြင်းပါ။ သူတပါးရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို လိုလားတဲ့အတွက် မဟုတ်မမှန်တဲ့စကား၊ အကျိုးမဲ့တဲ့စကား နဲ့ မနှစ်လိုဖွယ် စကားကို ဆိုခြင်းဟာ ကုန်းတိုက်ခြင်း မည်ပါတယ်။ ဒါကြောင့် နှုတ်ဖြင့် ဖျက်ဆီးခြင်းလို့ ခေါ်တာပါ။ ဒီလို ကုန်းတိုက်လိုက်လို့ အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အငြင်းပွားပြီး ဒေါသတွေ ဖြစ်လာတယ်။ ဒါနဲ့ ဒေါသတွေ အဆင့်ဆင့် တက်လာပြီး နောက်ဆုံး ပျက်စီးခြင်းမှာ ဆုံးပါတယ်။နောက်တစ်ခု ဆွေးနွေးချင်တာက ရန်ငြိုးတွေ အကြောင်းပါ။ ဒီ ရန်ငြိုးတွေကြောင့်လည်း ဒေါသတွေ အဆင့်ဆင့်တက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပျက်စီးရာ ပျက်စီးကြောင်းတွေ ကြံစည်လာကြတယ်။ လူတွေအတော်များများ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ငါ့ကို ရန်လာစရင်တော့ မခံဘူး ဆိုတာပါ။ တကယ်တမ်း ရန်တို့ ဒေါသတို့ ဆိုတာ ဘယ်ကနေ ဘယ်လို စသလဲ ဆိုတာကို လူအတော်များများ သတိ မထားမိကြပါဘူး။ ဒေါသတွေ တချောင်းချောင်း ထွက်နေပြီ ဆိုမှ သိကြတဲ့ လူတချို့ ရှိသလို ဒေါသကြောင့် တန်ပြန်တုံ့ပြန်ပြီးမှ သတိရတဲ့ လူတွေလည်း အများကြီးပါ။ ရန်ငြိုးတွေ ဘယ်ကဘယ်လို စမှန်း မသိလိုက်ခင်မှာပဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လက်စားချေနေကြပြီလေ။ နှစ်ဖက်လုံး ကြိုက်တဲ့ဘက်ကို မေးလိုက်ပါ။ သူကငါ့ကို ဒီလိုလုပ်လို့ ငါပြန်လုပ်တာ လို့ ဖြေကြမှာပါ။ ဒီလိုပဲ လက်စားချေနေကြရင် ဘယ်တော့မှ မပြီးတော့ပါဘူး။ရန်ငြိုးတွေ ဖြစ်ရတဲ့ အကြောင်းအရင်း (၉) ခု ရှိပါတယ်။ ဒီကိုးခုကို အခြေပြုပြီး ရန်ငြိုးတွေ ဖြစ်လာကြပါတယ်။(၁) ဒီလူဟာ ငါ့ရဲ့ အကျိုးမဲ့ကို ပြုခဲ့ဖူးတယ်။(၂) အခုလည်း လုပ်နေတုန်းပဲ။(၃) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြုတဲ့ သုံးပါး။(၄) ဒီလူဟာ ငါ့မိတ်ဆွေရဲ့ အကျိုးမဲ့ကို ပြုခဲ့ဖူးတယ်။(၅) အခုလည်း လုပ်နေတုန်းပဲ။(၆) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ မိတ်ဆွေကို အကြောင်းပြုတဲ့ သုံးပါး။(၇) ဒီလူဟာ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ပြုခဲ့ဖူးတယ်။(၈) အခုလည်း လုပ်နေတုန်းပဲ။(၉) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ ရန်သူကို အကြောင်းပြုတဲ့ သုံးပါး။ဒီရန်ငြိုးတွေကို လက်စားချေမယ့် အစား ဘယ်လို ဖြေဖျောက်လို့ရမလဲ။ ဖြေလို့ ရတဲ့နည်း (၁၀) ခု ရှိပါတယ်။ အောက်မှာ ပြထားတဲ့ (၁၀)ခုထဲက တစ်ခုခုကို နှလုံးသွင်းနိုင်ရင် ရန်ငြိုးတွေ ပြေပျောက်သွားနိုင်ပါတယ်။(၁) ရန်သူသည် ငါ့ကိုသာ ဒုက္ခပေးနိုင်သည်။ ငါ့စိတ်ကို ဒုက္ခမပေးနိုင်။ စိတ်ဆင်းရဲ ရတယ်ဆိုတာ ငါ့စိတ်ကသာ ငါ့ကို ညှင်းနေတာပဲ။ သူက ငါ့ကို စိတ်ဆင်းရဲ ပါစေလို့ လုပ်တာကို ငါမဆင်းရဲဘူး ဆိုရင် သူဘာတတ်နိုင်မှာလဲ။(၂) ချစ်ခင်သော ဆွေမျိုးတို့ကို စွန့်၍ ရဟန်းပြုနိုင်လျက် ဒေါသကို မစွန့်နိုင်လျှင် ဒေါသမက်သောငါ ဖြစ်ရာ၏။(၃) ဒေါသဆိုသည် သီလ၏ အမြစ်၊ သီလ၏ အမျိုး၊ ဟီရိသြတ္တပ္ပကို ဖျက်ချိုးတတ်တာ ငါက ဘာဖြစ်လို့ လက်ခံရမှာလဲ။(၄) ယုတ်မာတဲ့ ရန်သူကို အမျက်ထွက်လျှင် သူနဲ့ငါ ယုတ်မာမှု ပြိုင်သလို ဖြစ်မှာပေါ့။(၅) ငါစိတ်ဆိုးအောင် သူကပြုတာ ငါစိတ်ဆိုးလျှင် သူ့အလို ပြည့်သွားမှာပေါ့။(၆) ငါ၏ ဒေါသသည် ရန်သူအား ဒုက္ခ ပေးချင်မှ ပေးမည်။ ငါကတော့ စိတ်ပင်ပန်း ကြီးစွာဖြစ်မည်။(၇) ရန်သူသည် ဒေါသကြောင့် အပါယ်ခရီး လမ်းမှားနေပြီ။ အရှည်မြင်သူသည် လမ်းမှားသို့ မလိုက်။ အမြင်တိုသူသာ လမ်းမှားကို တကောက်ကောက် လိုက်၏။(၈) ရန်သူသည် ငါ့ကိုယ်၌ ရှိသော ဒေါသကို အားကိုးအားထား ပြု၍ စိတ်ဆိုး၏။ ထိုဒေါသကို ငါပယ်လိုက်လျှင် ရန်သူကျွန်မျိုး အားကိုး ပြုတ်လတ္တံ့။(၉) ငါ့အား စော်ကားသော ရုပ်နာမ် ခန္ဓာတို့သည် လွန်ကုန်ပြီ၊ ချုပ်ကုန်ပြီ။ ယခုရှိသော သူ၏ ရုပ်ခန္ဓာတို့ကို ငါအာရုံပြုလျှင် ဆန်ခိုးမမိ၊ ဖွဲခိုးမိ၊ ခုတ်ရာတပါး၊ ရှရာတခြား မသင့်လွန်းလေစွ။(၁၀) မီးခတ်နှင့်ကျောက် နှစ်ခုပေါင်းမှ မီးတောက်သည်။ မီးခတ် သက်သက်ကြောင့် မီးမတောက်။ ကျောက်၌လည်း သတ္တိထူး ရှိ၏။အထက်ပါ စာများကို တုဝဋကသုတ်မှ၎င်း၊ မှတ်သားထားသော ဒိုင်ယာရီ အဟောင်းများမှ၎င်း ထုတ်နှုတ် တင်ပြပါသည်။ စာဖတ်သူအားလုံး လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။

အက္ခရာ နှစ်လုံး ဆင့်ခြင်း
မြန်မာစာပေ အရေးအသားပိုင်းကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာတော့ မကြာသေးပါဘူး။ ဒါပေမယ့် အပြောအဆိုပိုင်းတော့ ငယ်ငယ်ကတည်းက အတော်လေး စိတ်ဝင်စားလို့ စကားကြွယ်နည်း စာအုပ်တွေ တွေ့တိုင်း ဝယ်ဖတ်ဖြစ်တယ်။ သူငယ်ချင်းတွေ ကြားမှာ အမြဲ ငြင်းနေရတော့ ကိုယ်က တော်ကီကောင်းမှ သူတို့ထက် နှာတစ်ဖျား သာမယ်လေ။ ဥပမာ ဥပမေယျ တွေက ချည်ပြီး တုတ်ပြီး ပြောမှ သူငယ်ချင်းတွေက လက်ခံကြတာ ဆိုတော့ သူတို့ကို ငြင်းဖို့ဆို အချက်အလက် အတော် ရှာရတယ်။ သူတို့နဲ့ နှစ်ပေါင်း နှစ်ဆယ်နီးပါး ငြင်းလာကြတာ ဆိုတော့ တဖြည်းဖြည်းနဲ့ လက်ရည်တက်လာတာ ပေါ့ဗျာ။ ကျနော် မြန်မာစာနဲ့ ပတ်သက်ပြီး သိချင်ပေမယ့် စာအကိုးအကားနဲ့ မတွေ့လို့ လိုက်ရှာနေတဲ့ အကြောင်းအရာ တချို့ ရှိတယ်ဗျ။ အဲဒီထဲက တစ်ခုကတော့ အက္ခရာ နှစ်ထပ်ဆင့်တွေ အကြောင်းပါ။ ကမ္ဘာမှာရှိတဲ့ တိုင်းရင်းအက္ခရာ အမျိုးအစား အများကြီးထဲမှာ အက္ခရာကို နှစ်လုံးဆင့်ပြီး ရေးတတ်တဲ့ လူမျိုး မရှိသလောက် ရှားပဲ။ ဒီအက္ခရာတွေ နှစ်လုံး ဆင့်ကြတဲ့ အခါ ဘယ်လို ဥပဒေသနဲ့ ဆင့်ကြသလဲ ဆိုတာ ကျနော် လိုက်ရှာနေတာ အတော်ကြာသွားပါပြီ။ မြန်မာစာ ဌာနက ထုတ်တဲ့ စာအုပ်တွေ လက်လှမ်းမီသလောက် ဝယ်ဖတ်တာလည်း မတွေ့။ ဆောင်းပါးတွေ ကြုံရင် ဖတ်ကြည့်တာလည်း မမြင်ဖြစ်နေတယ်။ ဒါပေမယ့် ကံကောင်း ထောက်မချင်တော့ စိန္တာမဏိ ဦးချစ်မောင် ပြုစုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ မာတိကာကျမ်း မှာ သွားတွေ့တော့ ကျနော် အတော် ပျော်သွားတယ်။ ဒါကြောင့် တခြား စိတ်ဝင်တစား ရှာနေတဲ့လူရော၊ မရှာပေမယ့် မြန်မာစာကို ချစ်မြတ်နိုးတဲ့ လူရော၊ မမြတ်နိုးတတ်ပေမယ့် အသုံးချနေကြရတဲ့ လူတွေရော လေ့လာနိုင်အောင် ကျနော် နားလည်သလို စီကုံးပြီး တင်ပြပေးလိုက်ပါတယ်။မြန်မာ အက္ခရာမှာ ဗျဉ္ဇန ခေါ် ဗျည်း ၃၃ လုံး ရှိတာ လူတိုင်း သိပါတယ်။ အဲဒီ အက္ခရာတွေကို အုပ်စု ခေါ် ဝဂ် အနေနဲ့ အုပ်စု ခွဲလိုက်ရင်`က´ ဝဂ် အနေနဲ့ က၊ ခ၊ ဂ၊ ဃ၊ င`စ´ ဝဂ် အနေနဲ့ စ၊ ဆ၊ ဇ၊ ဈ၊ ည`ဋ´ ဝဂ် အနေနဲ့ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ`တ´ ဝဂ် အနေနဲ့ တ၊ ထ၊ ဒ၊ ဓ၊ န`ပ´ ဝဂ် အနေနဲ့ ပ၊ ဖ၊ ဗ၊ ဘ၊ မ* ဒါတွေကို အသံဖြစ်ပေါ်ရာ ဌာနနဲ့ မူတည်ပြီး ဌာန်ငါးပါးဆိုပြီး ထပ်ခွဲပြပါတယ်။`အ´ ဝဂ် အနေနဲ့ ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အ

အပေါ်ကဟာတွေကို ရှင်းရှင်းလင်းလင်း မြန်မာလို ခေါ်ရင် `က´ အုပ်စု၊ `စ´ အုပ်စု၊ `ဋ´ အုပ်စု၊ `တ´ အုပ်စု နဲ့ `ပ´ အုပ်စု လို့ ခေါ်လို့ရတယ်။ ကျန်တဲ့ ဗျည်း ရှစ်လုံးကတော့ တစ်လုံးနဲ့ တစ်လုံး အသံဖြစ်တဲ့နေရာ မတူကြလို့ ပါဠိလိုတော့ အဝဂ်၊ မြန်မာလိုတော့ အုပ်စုမဟုတ်သော ဗျည်းများလို့ ခေါ်တယ်။ ဒါတွေက ကျောင်းက သဒ္ဒါထဲမှာ ပျင်းနေအောင် သင်ခဲ့ရပါတယ်။အခုဆက်ပြောမှာ အဲဒီ စာအုပ်တွေထဲ မပါပါဘူး။ (ကျနော် အဲဒီနေ့က ကျောင်းမတက်တာလည်း ဖြစ်နိုင်ပါတယ်။)အဲဒီ ဗျည်း ၃၃ လုံးကို အထီး အမ ခွဲထားတယ်။ အဖို အမ ခွဲပုံက ဒီလိုပါ။ ခုန ငါးလုံးတွဲ အုပ်စုရဲ့ အစ စာလုံးတွေက အဖိုတွေ ပေါ့။ နောက် အဲဒီ အစအက္ခရာတွေရဲ့ တစ်လုံးကျော်မှာ ရှိတဲ့ အက္ခရာတွေကို အဖိုဗျည်းလို့ သက်မှတ်တယ်။ ကြားထဲမှာ ကျန်ရစ်ခဲ့တဲ့ အက္ခရာတွေကတော့ အမဗျည်းတွေပေါ့။ ဒါဆို စာရင်း ချကြည့်တာပေါ့။အဖိုဗျည်းများ – က၊ ဂ၊ င၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ စတဲ့ (၁၅) လုံး။အမဗျည်းများ – ခ၊ ဃ၊ ဆ၊ ဈ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ စတဲ့ (၁၀) လုံး။အက္ခရာ နှစ်ထပ်ဆင့် ရေးကြတဲ့အခါမှာ ဥပဒေသ တချို့ရှိတယ်။၁။ အဖို အဖိုချင်း ထပ်ရေးလို့ ရတယ်။ဥပမာ ။ သက္က၊ မဂ္ဂ၊ ကိစ္စ၊ ဝဇ္ဇ၊ ဝဏ္ဏ၊ သတ္တ၊ သဒ္ဒ၊ ပန္န၊ သိပ္ပ၊ သဗ္ဗ၊ ဓမ္မ စသဖြင့်ပေါ့။၂။ အမ အမချင်း ထပ်ရေးလေ့ မရှိဘူး။ဥပမာ ။ ခ္ခ၊ ဃ္ဃ၊ ဆ္ဆ၊ ထ္ထ၊ ဓ္ဓ၊ ဖ္ဖ၊ ဘ္ဘ စသဖြင့် ရေးလို့ မရပါဘူး။၃။ အဖိုနဲ့ အမ ထပ်လို့ ရတယ်။ ဒါပေမယ့် အဖိုက အပေါ်က၊ အမက အောက်က နေရမယ်။ဥပမာ ။ ယက္ခ၊ အဂ္ဃ၊ အစ္ဆ၊ အဇ္ဈ၊ အတ္ထ၊ ဗုဒ္ဓ၊ ပုပ္ဖ၊ လဗ္ဘတိ စသဖြင့် ရေးလို့ရတယ်။၄။ ကျန်တဲ့ ဗျည်း (၈) လုံး အတွက်က အဝဂ္ဂေါ၊ နပုံသကော တဲ့။ အဓိပ္ပါယ်က အုပ်စုမဟုတ်တဲ့ ဗျည်း (၈) လုံးက အဖိုလည်းမဟုတ်၊ အမလည်းမဟုတ်တဲ့ နပုံဗျည်းများ ဖြစ်တယ်တဲ့။ အခြောက်ဗျည်းပေါ့ဗျာ။ ဒါကြောင့် သူတို့က ဆင့်ချင်သလို ဆင့်လို့ ရသတဲ့။ဥပမာ ။ ဗြဟ္မာ နဲ့ ဂိမှာနံ ( ဂိမှာနံ မှာပါတဲ့ `မှ´ ရဲ့ မူလ စာရေးပုံက မ နဲ့ ဟ ကို အထက်အောက် ဆင့်ထားလို့ `မှ´ ဆိုတဲ့ စကားလုံး ရတာပါ။ ဒါကြောင့် `-ှ´ ကို ဟထိုးလို့ မြန်မာလို အသံထွက်ပါတယ်။ အလျင်းသင့်ရင် ပင့်ရစ်စွဲထိုး အကြောင်း ပြောပြချင်ပါသေးတယ်။)၅။ ယ၊ လ၊ သ၊ ဠ ဆိုတဲ့ အဝဂ်ဗျည်းတွေက သူ့ ဖာသာသူ ပြန်ထပ်ရလို့ အဖိုဗျည်းလို့လည်း ထည့်တွက်ကြပါသေးတယ်။ဥပမာ ။ ပေယျာလ၊ ဒုလ္လဘ၊ နမောတဿ၊ ဝိရုဠက (ဇော်ဂျီတွင် ဠကြီး နှစ်လုံးဆင့် မရှိ၍)။* ယျာ ရဲ့ မူလ ရေးသားပုံက `ယ´ အက္ခရာ နှစ်လုံးဆင့် ထားတာပါ။ ဒါကြောင့် `-ျ´ ကို ယပင့်လို့ အသံထွက်ပါတယ်။* ဿ က `သ´ အက္ခရာ နှစ်လုံးဆင့် ထားတယ်လို့ လူအများ သိပြီး ဖြစ်ပါလိမ့်မယ်။၆။ ရ၊ ဝ၊ ဟ၊ အ ဆိုတဲ့ အဝဂ်ဗျည်းတွေကတော့ အချင်းချင်း ပြန်ထပ်တာ မတွေ့ရတော့ သူတို့ကို အမ စာရင်းထဲ ထည့်တွက်ကြတယ်လေ။ဒါဆို ဗျည်း (၃၃) လုံးမှာ အဖိုဗျည်း (၁၉) လုံး နဲ့ အမဗျည်း (၁၄) လုံး ရှိတယ်လို့ ယူဆလို့လည်း ရပါတယ်။ကျနော် အခု ရေးထားတာကို အချို့လည်း စိတ်ဝင်စားလိမ့်မယ်။ အချို့လည်း စိတ်မဝင်စားလောက်ဘူး။ ဒီပို့စ်ကို တင်ရတဲ့ ကျနော်ရဲ့ အဓိက ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ နံပါတ်တစ်က မြန်မာစာကို စိတ်ဝင်စားတဲ့လူ လေ့လာမှတ်သားလို့ ရအောင်ပါ။ ဒုတိယက ဒီဥပဒေသတွေ လူသိနည်းလာပြီး မှတ်တမ်းအနေနဲ့ မပျောက်မပျက်အောင် တစ်ဖက်တစ်လမ်းက ကူညီပြီး မှတ်တမ်းတင်ပေးတဲ့ သဘောပါ။အကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။

ဘဝမှ သင်ခန်းစာ ယူခြင်း
အလှောင်အပြောင်နဲ့ နေခဲ့ရတဲ့ ကလေးဟာကြောက်ရွံ့ခြင်းကို တတ်မြောက်တယ်။အပြစ်တင်ခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာမဟုတ်တာလုပ်ဖို့ တတ်မြောက်တယ်။ယုံကြည်မှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာမမှန်တာလုပ်ဖို့ တတ်မြောက်တယ်။အစော်ကားခံ ဘဝနဲ့ နေခဲ့ရတဲ့ ကလေးဟာရိုင်းပြခြင်းကို တတ်မြောက်တယ်။မေတ္တာနဲ့ နေခဲ့ရတဲ့ ကလေးဟာချစ်ဖို့ရာ တတ်မြောက်တယ်။အားပေးသူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာယုံကြည်မှုတွေ ထားတတ်လာတယ်။အမှန်တရားနဲ့ နေခဲ့ရတဲ့ ကလေးဟာတရားမျှတခြင်းတွေ တတ်မြောက်လာတယ်။ချီးမွမ်းခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာတန်ဖိုးထား တတ်လာတယ်။မျှဝေခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာညှာတာခြင်းတွေ တတ်မြောက်လာတယ်။သုတပညာနဲ့ နေခဲ့ရတဲ့ ကလေးဟာဉာဏ်ပညာတွေ ရှိလာတယ်။သည်းခံခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာစောင့်ဆိုင်းနိုင်ခြင်းကို တတ်မြောက်လာတယ်။ပျော်ရွှင်ခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာအချစ်နဲ့ အလှကို ဖွေရှာ တွေ့မှာ ဖြစ်တယ်။Lesson From LifeA child that lives with ridicule, learns to be timid.A child that lives with criticism, learns to be condemn.A child that lives with distrust, learns to be deceitful.A child that lives with antagonism, learns to be hostile.A child that lives with affection, learns to love.A child that lives with encouragement, learns confidence.A child that lives with truth, learns justice.A child that lives with praise, learns to be appreciate.A child that lives with sharing, learns to be considerate.A child that lives with knowledge, learns wisdom.A child that lives with patience, learns to be tolerant.A child that lives with happiness, will find loves and beauty.By Ronald Russell

Fashion Image Magazine ( August 2002) မှ ကူးယူ ဖော်ပြသည်။

အကိုကြီး အယ်ဗင် ညွှန်ပေးလို့ အပေါ်က ကဗျာနဲ့ ဆင်တူ ကဗျာလေး ထပ်ပြီး သိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အားလုံးခံစားနိုင်အောင် ထပ်တင်ပေးလိုက်ပါတယ်။ အကိုကြီးရေ ကျေးဇူးပါဗျာ။

Children Learn What They Live (1998)

If children live with criticism, they learn to condemn.
If children live with hostility, they learn to fight.
If children live with fear, they learn to be apprehensive.
If children live with pity, they learn to feel sorry for themselves.
If children live with ridicule, they learn to feel shy.
If children live with jealousy, they learn to feel envy.
If children live with shame, they learn to feel guilty.
If children live with encouragement, they learn confidence.
If children live with tolerance, they learn patience.
If children live with praise, they learn appreciation.
If children live with acceptance, they learn to love.
If children live with approval, they learn to like themselves.
If children live with recognition, they learn it is good to have a goal.
If children live with sharing, they learn generosity.
If children live with honesty, they learn truthfulness.
If children live with fairness, they learn justice.
If children live with kindness and consideration, they learn respect.
If children live with security, they learn to have faith in themselves and in those about them.
If children live with friendliness, they learn the world is a nice place in which to live.

by Dorothy Law Nolte (1924 – 2005)

မေတ္တာဟူသည် …
မူကြိုကျောင်းတစ်ကျောင်းမှာရှိတဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာ ကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကိုရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ ဆိုတာပေါ်မှာ မူတည်နေတယ်။

နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။ တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့် ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာ ဘယ်လိုခံစားရလဲ လို့ ဆရာမကမေးတော့ သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး နံလည်းနံတဲ့ အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။

ဒီတော့ ဆရာမက ဒီဂိမ်း ကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။ အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ပေါ်မှာထားတဲ့ အာဃာတ အမုန်းတွေကို သားတို့ရဲ့ နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီ အာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှ မခံနိုင်ဘူးဆိုရင် သားတို့ စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ ဘဝတလျှောက်လုံး သယ်သွားမယ်ဆိုရင် ဘယ်လိုနေမလဲ။

လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘဝတလျှောက်လုံး အဲဒီ ဒုက္ခကို သယ်မသွားပါနဲ့။ ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။ မင်း မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။

မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို ချစ်တာမဟုတ်ပါဘူး။ မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။