← Back to blog

ရှိခြင်း၊ မရှိခြင်း နှင့် လူ

တွေးစရာ

မရှိတာကို အရှိလုပ်တာ လူညံ့မရှိတာကို ရှိအောင် အတင်းလုပ်ယူတာ လူမိုက်မရှိတာကို မရှိဘူးလို့ သိတာ ပညာရှိမရှိတာကို ရှိအောင် ကြိုးစားတာ လူတော်မရှိတာကို အရှိမြင်တာ စိတ်ကူးယဉ်သူရှိတာကို မရှိအောင် လုပ်တာ လူဆိုးရှိတာကို မရှိဘူးလို့ ထင်တာ အရူးရှိတာကို မရှိဘူးလို့ တွေးတာ အားနေတဲ့လူရှိတာကို မရှိဘူးလို့ ငြင်းတာ လူညာရှိသလို မရှိသလိုလို မြင်တာ စိတ်မနှံ့သူရှိသလို မရှိသလိုလို ပြောတာ လူလိမ်ရှိလိုက် မရှိလိုက် ဖြစ်စေချင်တာ လူယုတ်မာရှိရှိ မရှိရှိ မြင်နိုင်တာ တွေးခေါ်သူရှိရှိ မရှိရှိ နေတတ်တာ သူတော်ကောင်းရှိခြင်းနဲ့ မရှိခြင်းကို နားလည်တာ စူးစမ်းသူရှိခြင်းနဲ့ မရှိခြင်းကို ခံစားနိုင်တာ အနုပညာသမားရှိခြင်းနဲ့ မရှိခြင်းကို မေ့နိုင်တာ တရားသမားရှိခြင်းနဲ့ မရှိခြင်းကို စဉ်းစားနေတာ ကျနော်ပေါ့ဗျာ။

Leave a comment

Your email address will not be published. Required fields are marked *