← Back to blog

အမှန်သနားရမည့်သူ

ပီကေ့မှတ်စု

ကျွန်တော်တို့သည် နေ၏အလင်းရောင်ကို လုံးဝမမြင်ဖူးသော မျက်မမြင်အားလည်းကောင်း၊ သြကာသလောကကြီးအတွင်း၌ သဘာဝအတိုင်းရှိနေသော သာယာနာပျော်ဖွယ်ရာ အသံများကို လုံးဝမကြားခဲ့ဖူးသော နားပင်းနေသူအားလည်းကောင်း၊ ဘဝတစ်လျှောက်လုံးတွင် စကားတစ်ခွန်းတစ်လေမှ မပြောနိုင်ခဲ့ဖူးသော အ နေသူအားလည်းကောင်း၊ သနားကရုဏာဖြစ်တတ်ကြသည်။ သို့သော်လည်း ကောင်းမှုကို မသိနိုင်လောက်အောင် ဘုရားသခင်၏ မွန်မြတ်သောတရား ဓမ္မများကို မကြားနိုင်လောက်အောင် အကြင်နာအသနား ကင်းမဲ့နေသော နှလုံးသားများ၊ ကိုယ်ချင်းစာတရား လုံးဝမရှိသောစိတ်များနှင့် အကောင်းအဆိုးမှ မခွဲခြားနိုင်သည့် အသိဉာဏ်များကိုမူ သနားရစကောင်းမှန်း မသိကြပါ။Camille – Alexandre Dumas (the younger)ကင်မီလီ – မောင်ထွန်းသူ ဘာသာပြန်သည်။(စာမျက်နှာ ၃၄ မှ ကောက်နှုတ်တင်ပြသည်)

Leave a comment

Your email address will not be published. Required fields are marked *