ကျွန်တော်သင်ခဲ့ဖူးတဲ့ မျက်လှည့်ပညာကို အသုံးချပြီး အနည်းငယ် တင်ပြချင်ပါတယ်။ အောက်မှာ ဖဲချပ်ခြောက်ချပ်မြင်ရမှာပေါ့။ အဲဒီထဲမှာ ရှိတဲ့ ဖဲတစ်ချပ်ချပ်ကို စိတ်ထဲမှာမှတ်ထားပေါ့ဗျာ။ ပြီးရင် ကျွန်တော့ဆရာ ဒေးဗစ်ကော်ပါဖီး ရဲ့ မျက်လုံးကို သေချာကြည့်နေလိုက်ပါ။ စိတ်ထဲကတော့ အဲဒီဖဲချပ်ကို စဉ်းစားနေဦး။ ဒါမှ ခင်ဗျားဘာစဉ်းစားနေလဲ ဆိုတာကို ဆရာ့ မျက်လုံးကနေ လှမ်းကြည့်လို့ရမှာ။ (၅) စက္ကန့်လောက်ကြည့်ပြီးရင် အောက်က Magic ဆိုတဲ့ ခလုတ်ကလေးကို နှိပ်လိုက်ဗျ။ ခုန ဖဲချပ်တွေထဲက ခင်ဗျား မှတ်ထားတဲ့ ဖဲချပ်ကို ကျွန်တော် ဖျောက်ပြမယ်။ မယုံရင် စမ်းကြည့်ပါလား။မှတ်ချက်။ ။တစ်ချပ်တည်းပဲ မှတ်ပါ။ ကျွန်တော့ပညာက တစ်ချပ်တည်းပဲ ဖျောက်ပေးနိုင်မှာ။ အဲဒီတော့ တစ်ချပ်ကျော်ရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။


